အနန ္တအမည်ဖြင့် 4G+ အင်တာနက် ဝန်ဆောင်မှု ရန်ကုန်၌ စတင်

ဒေတာအကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဟူသည့် 4G+ အင်တာနက်ဝန်ဆောင်မှုကို ananda (အနန္တ) အမည်ဖြင့် ရန်ကုန်မြို့တွင် ယနေ့ စတင်မိတ်ဆက်လိုက်သည်။

ananda 4G+ အသုံးပြုသူများသည် တစ်လလျှင် ကျပ် ၃၅,၀၀၀ ဖြင့် အကန့်အသတ်မရှိသည့် ဒေတာများကို အမြန်ဆန်ဆုံး အင်တာနက်မြန်နှုန်းဖြင့် သုံးစွဲနိုင်မည်ဟု ၎င်းက ယနေ့ကြေညာခဲ့သည်။

“ကျွန်မတို့ရဲ့ ရည်မှန်းချက်က အင်တာနက်သုံးစွဲသူတွေကို စစ်မှန်တဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝပုံစံကို ပေးစွမ်း သွားဖို့ပါ။ ananda (အနန္တ) ဆိုတဲ့ အဓိပ္ပာယ်က အဆုံးမရှိဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေ၊ အကန့်အသတ်မရှိတဲ့ ဒေတာကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို ကိုယ်စားပြုတာပါ။ ဒေတာကန့်သတ်ချက်၊ အင်တာနက်အမြန်နှုန်း ကန့်သတ်ချက်တွေ ကင်းစင်တဲ့ အင်တာနက်ကို မိမိတို့စိတ်ကြိုက် အလိုရှိသလိုသုံးစွဲပြီး ကျွန်မတို့ရဲ့ လူမှုဘဝတွေ ပိုမိုပြည့်စုံစွာ ရှင်သန်နေထိုင်လိုက်ပါ။ ဒီအင်တာနက်ထဲကနေ အသိပညာ ဗဟုသုတတွေကို ရှာဖွေပြီး အကောင်းဆုံး အသုံးချလိုက်ပါလို့ ပြောချင်ပါတယ်” ဟု ananda ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်အေးမြမြကြည်က ပြောကြားသည်။

ananda စတင်ဖြန့်ဖြူးသည့် ယနေ့မှစ၍ သုံးစွဲသူများကို ကျပ် ၃၅,၀၀၀ ကျပ်ဖြင့် mifi စက်တစ်ခု၊ 4G+ ananda ဆင်းကတ်တစ်ကတ်နှင့် ဒေတာများကို တစ်လကြာ အကန့်အသတ်မရှိ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါ mifi စက်နှင့် အင်တာနက်လိုင်းကို မိမိတို့သွားသည့်နေရာများသို့ ယူဆောင်သွားနိုင်သလို သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများနှင့်လည်း မျှဝေသုံးစွဲနိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“၃၅,၀၀၀ ကျပ်နဲ့ တစ်လအတွင်း ကြိုက်သလောက်သုံး၊ လိုင်းလုံးဝမကျစေရပါဘူး” လို့ ananda ၏ အမှုဆောင်အရာရှိချုပ် Devid Gubiani က ပြောကြားသည်။

ထို့ပြင် နေအိမ်ရုံးခန်းများတွင် စက်ပစ္စည်းအလုံး ၃၀ အထိ တပ်ဆင်အသုံးပြုနိုင်မည့် 4G+ router ကို ကျပ် ၆၅,၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ကာ ဒေတာအကန့်အသတ်မရှိ ရက်ပေါင်း ၆၀ အသုံးပြုနိုင်မည်ဟု သိရသည်။

အဆိုပါစက်များကို ananda ဆိုင်များနှင့် ရန်ကုန်မြို့အနှံ့ရှိ ၎င်းတို့၏ လက်လီဆိုင်များတွင် ဝယ်ယူနိုင်မည်ဟုလည်း သိရသည်။ ထို့ပြင် မကြာမီ မန္တလေးမြို့သို့ ဆက်လက်တိုးချဲ့သွားမည်ဟုလည်း ဆိုသည်။

အနန ္တကို ပိုင်ဆိုင်ထားသည့် Amara Communications Co., Ltd သည် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် IGE လုပ်ငန်းစု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

၂၀၁၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သော Amara Communication သည် မြို့ပြအင်ဂျင်နီယာ လုပ်ငန်း၊ တာဝါတိုင်၊ စွမ်းအင်၊ ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုစသည့် မိုဘိုင်းနည်းပညာ ဆိုင်ရာ အခြေခံအဆောက်အုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် မိုဘိုင်းဖုန်း ငွေဖြည့်ကဒ် (top-up cards) များကို ဈေးကွက်အတွင်း ဖြန့်ချိသည့် လုပ်ငန်းကိုလည်း လုပ်ဆောင်နေပြီး ၂၆၀၀ မက်ဂါဟက်ဇ် လှိုင်းပေါ်တွင် အခြေပြုသော မြန်နှုန်းမြင့် 4G+ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ကို ၂၀၁၆ ခုနှစ်က ရရှိခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.