အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍများတွင် ဝင်ရောက်နေရာယူနိုင်ခဲ့သည့် ကုမ္ပဏီများ၏  လုပ်ငန်းရှင်သူဌေးအချို့အကြောင်း တစေ့တစောင်းကို ဖော်ပြအပ်ပါသည်။

ဂျာရတ် ဒေါင်းနင်း ရေးသား ပုံဖော်သည်။

typeof=

ဦးဇော်ဇော်

အသက် – ၄၈

အဓိက လုပ်ငန်း – မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group

အဓိက လုပ်ငန်းအမျိုးအစားများ – ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ

ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။

ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ ရာဘာစိုက်ခင်းတို့က သိသာထင်ရှားလာသော လုပ်ငန်းများဖြစ်ပါသည်။

typeof=

 

ဦးစတီဗင် လော (ဦးထွန်းမြင့်နိုင်)

အသက် – ၅၇

အဓိက လုပ်ငန်း – အေးရှားဝေါ ကုမ္ပဏီ Asia World Company

အဓိက လုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ လေယာဉ်ကွင်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ၊ စွမ်းအင်၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ

ဦးစတီဗင်လောသည် မြန်မာနိုင်ငံသမိုင်း၌ အင်အားအတောင့်တင်းဆုံး မူးယစ်ဆေးဝါး ကုန်ကူးသူ လော်စစ်ဟန်၏သား ဖြစ်သည်။ ၎င်းတို့သားအဖနှစ်ဦးသည် အေးရှားဝေါ ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ရာ ဘိန်းစိုက်ပျိုးရောင်းချမှုကို ဖုံးကွယ်ရန် တည်ထောင်ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဦးစတီဗင်လောက  အဖေဖြစ်သူ၏ ဘိန်းအင်ပါယာလုပ်ငန်းကို စွန့်ခွာပြီး တရားဝင်လုပ်ငန်းများဘက်သို့ ကူးပြောင်းခဲ့သည်။ အေးရှားဝေါသည် နေပြည်တော် တည်ဆောက်ခြင်းတွင် အဓိက ပါဝင်ခဲ့ပြီး အထူးသဖြင့် နေပြည်တော် လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်း၌ ပါဝင်ခဲ့သည်။ စစ်တပ်နှင့် နီးစပ်ခဲ့သည့် ဦးစတီဗင်လောကို အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းခဲ့သည်။

အေးရှားဝေါသည် ရန်ကုန်မြို့၏ အကြီးဆုံးဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုကို ကိုင်တွယ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုစီမံကိန်းလုပ်ငန်း၌လည်း ပါဝင်နေသည်။ ဦးစတီဗင်လောသည် စင်ကာပူနိုင်ငံမှာလည်း ကုမ္ပဏီများစွာ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း စင်ကာပူကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှုအတွက်လည်း အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ ၎င်းသည် မကွေး ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ပါသည်။

typeof=

ဦးတေဇ

အသက် – ၅၁

အဓိက လုပ်ငန်း – ထူး ဂရု(ပ်) Htoo Group

အဓိက လုပ်ငန်းအမျိုးအစားများ – လေကြောင်းလိုင်း၊ ဟိုတယ်၊ ကျွန်းသစ်၊ တွင်းထွက် သတ္တုပစ္စည်းများ၊ ဘဏ်၊ ဘောလုံး၊ ဖျော်ဖြေရေးလုပ်ငန်းများ

ထင်ရှားသော လုပ်ငန်းများ – Air Bagan၊ AGD Bank၊ Yangon United Football Club၊ Bagan Entertainment

ဦးတေဇသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး လုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများမှာလည်း ပါဝင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူလည်းဖြစ်ကာ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်မဟုတ်သော နည်းများနှင့် တည်ဆောက်ခဲ့သည် ဆိုသည်။ ထို့နောက် ၎င်းက ယခင် စစ်အစိုးရ အဓိကခေါင်းဆောင်ဟောင်း ဦးသန်းရွှေ ပြောသမျှကို လိုက်လံ လုပ်ဆောင်နိုင်သောကြောင့် နိုင်ငံရေးအရ အခွင့်အလမ်းသာမှုကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းကို “မြန်မာစစ်အစိုးရအတွက် လက်နက်မှောင်ခိုရောင်းဝယ်သူနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ကိုင်တုတ်တစ်ဦး”အဖြစ် သတ်မှတ်ခဲ့သည်။

၎င်းက ထူး ဂရု(ပ်) ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဝေးလံသောဒေသများမှ ကျွန်းသစ် ထုတ်လုပ်ရောင်းချခြင်းကို အဓိက လုပ်ဆောင်ခဲ့သည်။ ထို့နောက် ယင်းကုမ္ပဏီက နေပြည်တော်မြို့ရှိ ဝန်ကြီးဌာနအဆောက်အအုံများကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကုမ္ပဏီ၏  ထင်ရှားသော လုပ်ငန်းများမှာ  အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် Asia Green Development Bank၊ ကန်တော်ကြီး ပဲ့လေ့စ်ဟိုတယ် Kandawgyi Palace Hotel၊ အဲပုဂံလေကြောင်းလိုင်း Air Bagan နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း Yangon United Football Club တို့ဖြစ်ကြသည်။

typeof=

ဦးသိမ်းဝေ(ဆာ့ချ် ပန်း)

အသက် – ၆၃

အဓိက လုပ်ငန်း – အက်စ်ပီအေ မြန်မာ Serge Pun & Associates (SPA Myanmar)

အဓိက လုပ်ငန်းအမျိုးအစားများ – အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်၊ စုပေါင်းရင်းနှီးမြုပ်နှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ကော်ဖီ လုပ်ငန်းများ

ထင်ရှားသော လုပ်ငန်းများ – ရိုးမဘဏ် Yoma Bank၊ အက်ဖ်အမ်အိုင် လေကြောင်း FMI Air၊ စတား စီးတီး Star City၊ မစ်ဆူဘီရှိ မော်တော်ယာဉ် Mitsubishi Motors၊ ကေအက်ဖ်စီ KFC

ဦးသိမ်းဝေ(Serge Pun) သည် မြန်မာနိုင်ငံမှ ပေကျင်းသို့ ၁၉၆၅ ခုနှစ်ဝန်းကျင်က ထွက်ခွာသွားခဲ့ပြီးနောက် ဟောင်ကောင်သို့ ပြောင်းရွှေ့ကာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၃၄ နှစ်အကြာမှာ ပထမဆုံးအဖြစ် မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလက ဖေဖာ့ဘ်စ် Forbes မဂ္ဂဇင်းက ၎င်းကို “ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပေးသူ”ဟု သတ်မှတ်ခဲ့သည်။ တရုတ် လုပ်ငန်းရှင်တစ်ဦးအဖြစ် မြန်မာနှင့် တရုတ်စီးပွားရေး နှစ်ခုစလုံးမှာ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာမူ အမေရိကန်စီးပွားရေး၏  ပိတ်ဆို့အရေးယူမှု စာရင်း၌ မပါဝင်ခဲ့ချေ။

အက်ဖ်အမ်အိုင် First Myanmar Investement နှင့် စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင်ထားသော Yoma Strategic တို့ကြားမှ ခွဲထွက်လာသည့် အက်စ်ပီအေ မြန်မာ SPA Myanmar သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍနှင့် ငွေကြေးကဏ္ဍတို့တွင် အဓိကလုပ်ကိုင်သူ ဖြစ်သည်။ ထို့နောက် လေကြောင်းလိုင်း၊ စိုက်ပျိုးရေးနှင့် အခြား စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ပြီး တစ်ခါတရံ နိုင်ငံခြား ပါတနာများနှင့်လည်း တွဲဖက်လုပ်ကိုင်လေ့ရှိသည်။

typeof=

ဦးမိုက်ကယ်မိုးမြင့်

အသက် – ၆၃

အဓိကလုပ်ငန်း – MPRL E&P

အဓိက လုပ်ငန်းအမျိုးအစားများ – ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း

ဦးမိုက်ကယ်မိုးမြင့်သည် မြန်မာနိုင်ငံ၏ “အအောင်မြင်ဆုံးနဲ့ တရားနည်းလမ်း အကျဆုံး စီးပွားရေးလုပ်ငန်းရှင်”တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ၎င်းအကြား အငြင်းပွားမှုကို ဖော်ပြခဲ့သည့် အမေရိကန်သံရုံးမှ ပေါက်ကြားသောသတင်းက ဆိုသည်။ ထို့နောက် ၎င်းကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။ ဦးမိုက်ကယ်မိုးမြင့်သည် ခရိုနီများနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက သဘောကျခဲ့ကြသည်။

typeof=

ဦးချစ်ခိုင်

အသက် – ၆၈

အဓိကလုပ်ငန်း – အေဒင် ဂရု(ပ်) Eden Group

အဓိက လုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ ဘဏ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ ဆန်၊ စွမ်းအင်၊ ကျောက်မီးသွေး၊ လောင်စာဆီ

ထင်ရှားသော လုပ်ငန်းများ – မက်ပ်ကို MAPCO၊ မြန်မာ့ရှေ့ဆောင်ဘဏ် Myanma Apex Bank၊ ဟီတန် ဟိုတယ် Hilton Hotel၊ ဖူဂျီ ကော်ဖီဟောက်စ် Fuji Coffee House

ဦးချစ်ခိုင်၏ စီးပွားရေးအင်ပါယာသည် ၁၉၉၀ ပြည့်နှစ်များမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စတင်ခဲ့သည်။ ၎င်း၏ အေဒင်ဂရု(ပ်)သည် ဟိုတယ်၊ ဘဏ်နှင့် စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်များမှာ အကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ အခြားမြန်မာ လုပ်ငန်းရှင်များနည်းတူ အေဒင်ဂရု(ပ်)သည် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သည်။ အခြားလုပ်ငန်းရှင်များကဲ့သို့ ၎င်းသည်လည်း စစ်တပ်နှင့် ဆက်သွယ်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံရသူများ စာရင်းမှာ ပါဝင်ခဲ့သည်။

၎င်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဦးချစ်ခိုင်သည် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌလည်းဖြစ်ကာ ဆင်းရဲသော လယ်သမားများ၏ ကလေးများအတွက် တက္ကသိုလ် ပညာသင်ဆုများ ပေးအပ်လေ့ရှိပြီး မြန်မာ့ရှေ့ဆောင်ဘဏ်မှတစ်ဆင့် လယ်သမားများ ခေတ်မီလယ်ထွန်ပစ္စည်းများ သုံးနိုင်စေရေးအတွက် အသေးစားချေးငွေများ ထုတ်ချေးပေးလေ့ရှိသည်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.