အစိုးရသက်တမ်း တစ်နှစ်တာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး အဆင်ပြေပါရဲ့လား

ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အဓိကပြဿနာတချို့ ကိုင်တွယ်ဖြေရှင်းမှုမှာ သိမ်မွေ့တဲ့ ကွဲလွဲချက်လေးတွေ ရှိတာကြောင့် အင်န်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်တို့ရဲ့ဆက်ဆံရေးဟာ ချောချောမွေ့မွေ့ မရှိလှပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တာဝန်ယူတာ တစ်နှစ်နီးပါး ရှိပါပြီ။ တပြိုင်နက်တည်းမှာပဲ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီ အစိုးရအဖွဲ့ တစ်ဖွဲ့နဲ့ သူ့ဖာသာသူ လွတ်လွတ်လပ်လပ် ရပ်တည်နေတဲ့ တပ်မတော် တစ်ခု တိုင်းပြည်ကို အတူစီမံခန့်ခွဲနေတာလည်း တစ်နှစ်တာ ကာလ ရှိခဲ့ပါပြီ။

ဒီတစ်နှစ်တာ အတွင်း တပ်မတော်ဟာ ဘယ်လို ရည်မှန်းချက်၊ မျှော်မှန်းချက်မျိုးနဲ့ ရပ်တည်နေသလဲ၊ အရပ်သား အစိုးရအပေါ် ဘယ်လို သဘောထားသလဲ၊ အလားတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရအဖွဲ့ကရော တပ်မတော်ကို ဘယ်လို သဘောထားသလဲ၊ တစ်နည်း တစ်နှစ်တာ လက်တွေ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဘယ်လိုရှိသလဲဆိုတာ အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

တစ်နှစ်တာအတွင်း အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဒီဆက်ဆံရေးကနေ တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာကရော အကောင်အထည် ပေါ်လာနိုင်မလား၊ နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အလားအလာတွေရော ရှိနေသေးရဲ့လားဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သိပ်မကြာခင် မတ်လ ၂၇ ရက်နေ့ဆို မြန်မာနိုင်ငံအတွက် တပ်မတော်နေ့ကို ရောက်ပါတော့မယ်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တွေကို စတင် တော်လှန်ခဲ့တဲ့နေ့ကို အထိမ်းအမှတ် ပြုထားတဲ့ အဲဒီနေ့ဟာ မြန်မာ့တပ်မတော် အတွက် အရေးကြီးပါတယ်။ လာမယ့် ၇၂ နှစ်မြောက် တပ်မတော်နေ့အတွက် ဦးတည်ချက် (၄) ရပ် ချမှတ်ထားတဲ့အကြောင်း တပ်မတော်က ကြေညာထားပါတယ်။

အဲဒီအထဲမှာ “ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ်စောင့်ရှောက်ရေး” “ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို တပ်မတော်၏ ရပ်တည်ချက်အဖြစ် မြဲမြံစွာ ခံယူလုပ်ဆောင်ရေး” “ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ချမှတ်ထားသော တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင်ဆောင်ရွက်ရေး” စတဲ့အချက်တွေ ဖော်ပြထားပါတယ်။

အဓိပ္ပာယ်ကတော့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမယ်၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် အစိုးရရဲ့ ဦးဆောင်မှုကို လက်ခံပေမဲ့ ကိုယ့်ကိုယ်ပိုင်မူကိုတော့ ဆက်ပြီး စွဲကိုင်သွားမယ်ဆိုတဲ့ သဘောပါပဲ။ ဒါတွေက ကြွေးကြော်သံတွေပါ။ တကယ့်လက်တွေ့အခြေအနေ ဘယ်လို ဖြစ်ခဲ့သလဲ ကြည့်ကြရအောင်ပါ။

လက်ရှိအချိန်ထိ တပ်မတော်ဟာ ရွေးကောက်ခံအစိုးရနဲ့ ကင်းလွတ်တဲ့ သီးခြားအဖွဲ့အစည်း ပုံသဏ္ဍာန်အတိုင်း ဆက်တည်ရှိနေပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အသက် ၆၀ ပြည့်ခဲ့ပြီ ဖြစ်ပေမဲ့လည်း တခြား အရပ်ဘက်အရာရှိ၊ ဝန်ထမ်းတွေလို အငြိမ်းစားမယူဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အာဏာကို ဆက်ပြီးချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

ဒါဟာလည်း တပ်မတော်အတွင်း ၁၉၇၃ ခုနှစ်ကတည်းက ထုတ်ပြန်ထားတဲ့ ဥပဒေအရ၊ ဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာပါတဲ့အတိုင်း တပ်မတော်အရေးအရာတွေကို တပ်မတော်ကပဲ စိတ်ကြိုက် စီမံခန့်ခွဲ ဆောင်ရွက်နေပါတယ်။

တပ်မတော်အတွက် လိုအပ်တဲ့ အသုံးစရိတ် ဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုပေးရတယ်ဆိုပေမဲ့ ဘယ်နေရာမှာ ဘယ်လို သုံးစွဲတယ်ဆိုတာ အစိုးရအပါအဝင် အမတ်တွေ မသိနိုင်သလို ပြည်သူလူထုလည်း သိခွင့်မရှိပါဘူး။ ယုတ်စွအဆုံး တပ်မတော်မှာ တပ်ဖွဲ့ဝင်အင်အား ဘယ်လောက်ရှိတယ် ဆိုတာကိုတောင် သိနိုင်တဲ့အနေအထား မရှိပါဘူး။

တစ်နှစ်တာကာလအတွင်း အင်န်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်ဘက် ထင်သာမြင်သာ သဘောထား ကွဲလွဲတာလို့ မှတ်ယူနိုင်မယ့် ပြဿနာ တစ်ခုကတော့ အင်န်အယ်လ်ဒီ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံလိုက်ရခြင်းပါ။ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဲဒီလုပ်ကြံမှုမှာ ပါဝင်သူ ၄ ယောက်အနက် ၃ ယောက်ဟာ တပ်မတော်အရာရှိဟောင်းတွေ ဖြစ်နေတာပါ။ အဲဒီ လူတွေဟာ တပ်မတော်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော်ပိုင် ကုမ္ပဏီကြီးတွေနဲ့ပတ်သက်လို့ကတော့ အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တပ်မတော်ပိုင်အဖြစ်ကနေ သာမန်ကုမ္ပဏီပုံစံ ပြောင်းပါတယ်။ လက်ရှိအချိန်ထိ တပ်မတော်ပိုင် ကုမ္ပဏီ ဖြစ်နေဆဲ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို ကုမ္ပဏီမျိုးကလည်း ဥပဒေ ဘောင်ဝင်အောင် အခုနှစ်အတွင်း အခွန်ကျပ်ငွေ သန်းနဲ့ချီ ပေးဆောင်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကိုယ်တိုင် အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေတဆင့် ဖွဲ့စည်းပုံပြင်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဆိုတဲ့မူကို ဆက်ကိုင်စွဲတာမို့ တပ်မတော်နဲ့ ထူးထူးခြားခြား သဘောထားကွဲတာမျိုးတော့ မရှိသေးပါဘူး။

တပ်မတော်ဘက်ကတော့ သူ့ဖာသာသူ ငြိမ်းချမ်းရေး မူ ၆ ချက် ချမှတ်ထားပြီး အဲဒီမူကို ကိုင်စွဲပြီးမှသာ အစိုးရရဲ့ ဦးဆောင်မှု ခံယူမယ်ဆိုတဲ့သဘော ပြောဆိုထားပါတယ်။ လက်ရှိ UWSA အပါအဝင် အဖွဲ့တချို့က NCA စာချုပ်ကို လက်မခံဘဲ တခြားဆွေးနွေးမှု ပုံစံသစ် တစ်ခု တောင်းဆိုနေတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က လက်ခံလိုဖွယ် မရှိပါဘူး။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရတာ ပို အခက်အခဲ တွေ့ပါလိမ့်မယ်။

အစိုးရနဲ့ တပ်မတော် သဘောထားကွဲလွဲမှုကို ထင်ထင်ရှားရှား တွေ့နိုင်တာက ရခိုင်ပြည်နယ်က ပဋိပက္ခပြဿနာ ချဉ်းကပ်ကိုင်တွယ် ဖြေရှင်းပုံမှာပါ။ ရခိုင်ပြည်နယ်က ပြဿနာနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ သူ အစိုးရတာဝန် မရခင်ကတည်းက အကြမ်းဖျင်း မူသဘောထား ရှိခဲ့ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ရအောင်လုပ်မယ်၊ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်၊ နောက်ဆုံး အကောင်အထည်ဖော်ရ ခက်ခဲတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြန်သုံးသပ်တာလုပ်ပြီး လက်တွေ့ကျတဲ့ ဥပဒေပြင်ဆင်ချက်နဲ့ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းမယ် ဆိုတဲ့ မူမျိုးပါ။

ဒါပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ စစ်ဆေးရမယ်၊ ဥပဒေအရ နိုင်ငံသား မဖြစ်သူတွေကို သီးသန့်စခန်းတွေထဲမှာ စုစည်းထား၊ ကူညီချင်တဲ့နိုင်ငံတွေ အကူအညီပေးကြ၊ သူတို့ကို လက်ခံတဲ့နိုင်ငံကို ပို့ပေးမယ်ဆိုပြီး အယူအဆ ပြင်းထန်တဲ့ သဘောထား ရှိနေတာပါ။

တစ်နှစ်တာကာလအတွင်း အင်န်အယ်လ်ဒီအစိုးရနဲ့ တပ်မတော်ဘက် ထင်သာမြင်သာ သဘောထား ကွဲလွဲတာလို့ မှတ်ယူနိုင်မယ့် ပြဿနာ တစ်ခုကတော့ အင်န်အယ်လ်ဒီ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံလိုက်ရခြင်းပါ။ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အဲဒီလုပ်ကြံမှုမှာ ပါဝင်သူ ၄ ယောက်အနက် ၃ ယောက်ဟာ တပ်မတော်အရာရှိဟောင်းတွေ ဖြစ်နေတာပါ။ အဲဒီ လူတွေဟာ တပ်မတော်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

ဒီပြဿနာဖြေရှင်းမှုနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီဘက်က ကျေနပ်မှု မရှိပါဘူး။ အင်န်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကဆိုရင် ဦးကိုနီလုပ်ကြံခံရမှုအတွက် ပြည်ထဲရေးဝန်ကြီးရဲ့ သတင်းစာ ရှင်းလင်းပွဲကို “မီးလောင်ရာ ယပ်ခပ်တဲ့ သတင်းစာရှင်းလင်းပွဲ ” ဆိုပြီးတောင် ဝေဖန်ခဲ့ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ရရင် အင်န်အယ်လ်ဒီ အစိုးရသက်တမ်း တစ်နှစ်တာကာလ တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း သီးခြား ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တပ်မတော်နဲ့ သဘောထားကွဲလွဲပြီး နောက်ကြောင်းပြန်အခြေအနေ ပြန်ရောက်မသွားရလေအောင် ရင်ဆိုင်ရတဲ့ ပြဿနာတိုင်းမှာ သတိကြီးကြီးထားပြီး ကိုင်တွယ်နေတာ တွေ့မြင်ကြရပါတယ်။ ဒီကနေ့ထိတော့ တပ်မတော်ကို ခေါင်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ နောက်ကြောင်းပြန်လှည့်ချင်တဲ့ သဘောထားနဲ့ လုပ်ကိုင်ဆောင်ရွက်တာမျိုး မတွေ့ရပေမဲ့၊ တကယ့် ဒီမိုကရေစီတိုင်းပြည်တွေလို ရွေးကောက်ခံအစိုးရရဲ့ လက်အောက်မှာ နေလိုစိတ်ကိုလည်း အလျဉ်းဖော်ပြခြင်း မရှိသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.