အစိုးရက မီဒီယာကို နောက်ထပ် စစ်မျက်နှာသစ် ဖွင့်ဦးမလား

ဘူးသီးတောင်မြို့နယ်မှာ လူတွေအစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ နေရာထက်မနည်း ရှိတဲ့အကြောင်း အေပီက ရေးတဲ့သတင်းကို အစိုးရက အရေးယူဖို့ ပြင်ဆင်နေတာကြောင့် ငါးလနီးပါး မီဒီယာတွေကို ပိတ်ပင်ထားတဲ့ကိစ္စဟာ ပိုပြီးအာရုံစိုက်စရာ ဖြစ်လာပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းက ထွက်ပေါ်ခဲ့တဲ့ အေပီ AP သတင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး အဲဒီ သတင်းဖော်ပြချက် မမှန်ဘူး၊ ဒါဟာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ရခိုင်ပြည်နယ် အစိုးရကနေ အေပီသတင်းဌာနကို တရားစွဲမယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

ဘယ်ပုဒ်မနဲ့ အေပီသတင်းဌာနက ဘယ်သူ့ကို တရားစွဲမယ် တိတိကျကျ မသိရသေးပေမဲ့ တကယ်လို့ အဲလို တရားစွဲခဲ့ရင် အစိုးရကနေ မီဒီယာ တစ်ခုကို နောက်ထပ် စစ်မျက်နှာ တစ်ခု ထပ်ဖွင့်သလို ဖြစ်သွားစေမှာ အမှန်ပါပဲ။ သိပ်မကြာသေးခင်တုန်းကပဲ ရဲတပ်ဖွဲ့ဟာ ရိုက်တာသတင်းထောက် နှစ်ယောက်ကို ဖမ်းဆီးပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲဆိုခဲ့လို့ ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဝေဖန်တာ ခံနေရတဲ့ အစိုးရအတွက် နောက်ထပ် ထိုးနှက်စရာ ဖြစ်လာနိုင်ပါတယ်။ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မီဒီယာအပေါ်ထားတဲ့ သဘောထားတွေ မှန်သလားဆိုတာ သုံးသပ်တင်ပြသွားပါ့မယ်။

အေပီက ထုတ်လွှင့်ခဲ့တဲ့သတင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ ပတ်ဝန်းကျင်မှာ လူတွေအစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ နေရာထက်မနည်း ရှိတဲ့အကြောင်း၊ ဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေကို မမှတ်မိအောင် မျက်နှာကို အက်စစ်လောင်းထားတာ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖျက်ဆီးထားတာမျိုးရှိကြောင်း မျက်မြင်သက်သေတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီသက်သေတွေရဲ့ ပြောပြချက်အရ တပ်မတော်ကနေ အကြမ်းဖက်သမားတွေကို တန်ပြန်နှိမ်နင်းခဲ့တဲ့ ကာလအတွင်း ဂူတာရက်ရွာသား ရာနဲ့ချီ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ သိပ်မကြာသေးခင် ကာလတုန်းက အင်းဒင်ရွာမှာ မူဆလင် ရွာသား ၁၀ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားတွေက သတ်ဖြတ်ပြီး အလောင်းတွေကို စုပြုံမြှုပ်နှံထားတဲ့ကိစ္စ ပေါ်ပေါက်ပြီး အခုနောက်ထပ် ဂူတာရက်ရွာကိစ္စ ထပ်ပေါ်လာတဲ့အတွက် အစိုးရနဲ့ တပ်မတော်ကို ခေါင်းနပန်းကြီးသွားစေတာကတော့ အမှန်ပါပဲ။

ဒီအတွက် ပြည်ထောင်စု အစိုးရဟာ အခုကိစ္စ ဖြစ်စဉ်အမှန် စုံစမ်းစစ်ဆေးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ ညွှန်ကြားချက်နဲ့အညီ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဂူတာရက် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေပါဝင်တဲ့ ၁၇ ယောက်အဖွဲ့ အဲဒီဂူတာရက် ကျေးရွာတွေဆီ စေလွှတ်ခဲ့ပါတယ်။ စေလွှတ်ပြီးနောက် သတင်းထုတ်ပြန်ခဲ့တာကတော့ အေပီသတင်း မှန်ကန်မှု မရှိပါဘူးဆိုတာပါပဲ။ ဒါပေမဲ့ သတင်းကို လုံးလုံးကြီး ငြင်းလိုက်တာမျိုးတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၇ ရက်နေ့တုန်းက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းချိန် ဂူတာရက်ရွာမှာ အကြမ်းဖက်သမားတွေ အပါအဝင် ရွာသား ၅၀၀ လောက်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တဲ့အကြောင်း၊ အဲဒီ တိုက်ပွဲအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက် ဒဏ်ရာရပြီး အကြမ်းဖက်သမားအလောင်း ၁၉ လောင်း ရတဲ့အကြောင်း၊ အဲဒီ အလောင်းတွေကိုတော့ စနစ်တကျ မြှုပ်နှံသြင်္ဂိုဟ်ခဲ့တာရှိကြောင်း ရှင်းလင်းပါတယ်။ လူသေအလောင်းတွေ မြှုပ်ထားတာတွေ ရှိတယ်၊ ဒါပေမဲ့ အစုလိုက်အပြုံလိုက် သတ်ထားတာ မဟုတ်ဘူး၊ တိုက်ပွဲမှာ သေလို့ မြှုပ်ထားတာဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။

မူဆလင် တစ်သိန်းလောက်ကို ပိတ်လှောင်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲ သတင်းသမားတွေ ဝင်ခွင့် မရပါဘူး။ ခွင့်ပြုချက် ရှိမှ၊ ခွင့်ပြုတဲ့နေရာတချို့ သွားလေ့လာခွင့် ရနိုင်ပါတယ်။ သိပ်မကြာသေးခင်ကာလတုန်းက စစ်တွေမြို့လယ်ခေါင်မှာ ရုပ်သံသတင်းရိုက်ကူးတဲ့ ဂျာမန်ရုပ်သံအဖွဲ့ကို ဒေသခံတွေက ရန်မူလို့ ရဲက သူတို့ကို အကာအကွယ်ပေးပြီး ရန်ကုန်ပြန်ပို့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ ခုလို သတင်းထုတ်ပြန်ပြီးတာ ရက်သတ္တပတ် ကျော်လာချိန်အထိ အစိုးရနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေဟာ အေပီအပါအဝင် သတင်းမီဒီယာတွေကို ဂူတာရက် ကျေးရွာကို သွားရောက်ဖို့ ခွင်ပြုတာမျိုး မရှိသေးသလို အရင် လူအစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရတဲ့ အင်းဒင်ရွာဘက်ကိုလည်း သွားခွင့်မပေးသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ  အာဆာ ARSA အကြမ်းဖက် သမားတွေက ရဲတပ်ဖွဲ့စခန်းတွေနဲ့ ရဲကင်းစခန်းတွေကို ဝင်တိုက်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ဝန်ထမ်းတချို့ သေကြေဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်း အဲဒီအကြမ်းဖက်သမားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်ပြီး နှိမ်နင်းတဲ့အခါ ၅ ရက်အတွင်း အကြမ်းဖက်သမားအလောင်း ၃၇၀ ကျော် ရတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ သေဆုံးမှု မရှိပါဘူး။

ပြောရရင် အဲဒီတိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က လုံလောက်တဲ့ သတင်းထုတ်ပြန်မှုတွေ လုပ်ထားတာ မတွေ့ရပါဘူး။ ဖြစ်စဉ် ဖြစ်ပွားပြီးတာ ၅ လကျော်ကြာတဲ့ ဒီကနေ့အချိန်ထိ မလုပ်တာပါ။ တကယ်ဆို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ကာလအတွင်း ဘယ်ကျေးရွာတွေမှာ ဘယ်သူတွေနဲ့ ဘယ်လို တိုက်ပွဲ ဖြစ်ပွားတယ်၊ အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်သမား ဘယ်နှစ်ယောက် သေဆုံးတယ်၊ အဲဒီ သေဆုံးသူတွေကို ဘယ်နေရာတွေမှာ ဘယ်ပုံဘယ်နည်း မြှုပ်နှံထားတယ်၊ ဘယ်နေရာတွေမှာတော့ အကြမ်းဖက်သမား၊ ဒါမှမဟုတ် သံသယရှိသူဘယ်လောက်ကို ဖမ်းဆီးရမိထားတယ်၊ သူတို့တွေကို ဘယ်မှာ ချုပ်နှောင်ထားတယ် အစရှိဖြင့် ထုတ်ပြန်ထားဖို့ သင့်ပါတယ်။ ဒါဆိုရင် အခု အေပီသတင်းဌာနက ထုတ်ပြန်သလို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာတွေ ရှာတွေ့တယ်ဆိုတဲ့ ပြဿနာမျိုးကိုလည်း ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။

လက်ရှိအခြေအနေ မြန်မာနိုင်ငံထဲမှာ ရခိုင်ပြည်နယ်ဟာ သတင်းရယူဖို့ အခက်ခဲဆုံးနေရာ တစ်ခု ဖြစ်လာနေပါတယ်။ ဘူးသီးတောင် မောင်တော ပါတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို အစိုးရနဲ့ လုံခြုံရေး အဖွဲ့တွေရဲ့ စီစဉ်ပေးမှုနဲ့ပဲ သတင်းသမားတွေ သွားရောက်ခွင့် ရကြပါတယ်။ သွားတဲ့နေရာမှာလည်း လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ပေးတဲ့နေရာရောက်၊ ပြပေးတဲ့နေရာကြည့်၊ ခွင့်ပြုသူတွေကိုမေး ဆိုတဲ့ အခြေအနေမျိုးထက် မပိုပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းသွားယူသူ တချို့တော့ ရှိပါတယ်။ အဲဒီထဲက တချို့ဆိုရင် လက်နက်ကိုင်တွေ၊ ရွာသားတွေရဲ့ အကြီးအကျယ် ရန်မူခံရတာမျိုးတောင် ရှိခဲ့ပါတယ်။ ဒီလောက်လားဆိုတော့ မကပါဘူး။ မြို့တော် စစ်တွေလို နေရာမှာတောင် သတင်းယူလို့ လွယ်တာ မဟုတ်ပါဘူး။ မူဆလင် တစ်သိန်းလောက်ကို ပိတ်လှောင်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲ သတင်းသမားတွေ ဝင်ခွင့် မရပါဘူး။ ခွင့်ပြုချက် ရှိမှ၊ ခွင့်ပြုတဲ့နေရာတချို့ သွားလေ့လာခွင့် ရနိုင်ပါတယ်။ သိပ်မကြာသေးခင်ကာလတုန်းက စစ်တွေမြို့လယ်ခေါင်မှာ ရုပ်သံသတင်းရိုက်ကူးတဲ့ ဂျာမန်ရုပ်သံအဖွဲ့ကို ဒေသခံတွေက ရန်မူလို့ ရဲက သူတို့ကို အကာအကွယ်ပေးပြီး ရန်ကုန်ပြန်ပို့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်က ပဋိပက္ခပြဿနာတွေ ဖြေရှင်းရေးမှာ လွတ်လပ်စွာ သတင်းရယူ ဖော်ပြခွင့်ရှိရေးကလည်း အရေးကြီး တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ တကယ်လို့ အေပီသတင်းဌာနဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရတဲ့ အဲဒီသတင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ဂူတာပြင်ကျေးရွာဆီ သွားခွင့်ရခဲ့ရင် မှန်တယ်၊ မှားတယ် တိတိကျကျ အတည်ပြုနိုင်မှာ အသေအချာပါပဲ။ သွားခွင့်မရလို့ အခုလို ပြဿနာ ပေါ်ရတာပါ။

အရင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အကြံပေး ကော်မရှင်ကရော၊ အဲဒါကို အကောင်အထည်ဖော်မယ့် အဖွဲ့နဲ့ပတ်သက်ပြီး အကြံပေးမယ့် မစ္စတာ ဆူရာကီယက်ဆာသီရာထိုင်း ဦးဆောင်တဲ့ အဖွဲ့ကပါ ဒီ အချက်ကို ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဒီအကြံပေးချက်ကို တပ်မတော်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေဘက်က စနစ်တကျ အကောင်အထည်မဖော်ရင် အခု အေပီသတင်းက ဖော်ထုတ်ရေးသားတဲ့ကိစ္စမျိုး နောက်ထပ် ကြုံရနိုင်ဖွယ် ရှိနေသေးကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.