“အင်းလေး အဓွန့်ရှည်စေချင်ရင် ဖိဖိစီးစီး လုပ်ဆောင်ရမယ်” ဒေါ်ယဉ်မျိုးစု

အိုလီဗာ ဆလိုး ရေးသားသည်။

ဓာတ်ပုံ – အန်းဝမ် 

ဒေါ်ယဉ်မျိုးစုဟာ အင်းလေးကန်ရဲ့ ထိပ်စွန် ညောင်ရွှေမြို့မှာ မွေးဖွားကြီးပြင်းခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူက အင်းလေးကန်ပေါ်နဲ့ အင်းလေးကန်အနီးဝန်းကျင်မှာ နေထိုင်တဲ့ အင်းသားတွေရဲ့ ရိုးရာအစဉ်အလာကို အားပေးမြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အင်းလေး ပရင့်ဆက် ရီဆော့ Inle Princess Resort ရဲ့ မန်နေးဂျင်း ဒါရိုက်တာတစ်ဦး ဖြစ်သလို အင်းသား ဟဲရီတိတ်ချ် ဟောက်စ် Inthar Heritage House ကို  တည်ထောင်သူလည်း ဖြစ်ပါတယ်။

Inle Princess Resort က အခုဆိုရင် နာမည်အကြီးဆုံး ဟိုတယ်တစ်ခု ဖြစ်နေပါပြီ။ ဒီလိုအနေအထား ရောက်ရှိဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့ပါသလဲ။ 

ကျွန်မရဲ့ဖခင် (ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဦးအုန်းမောင်) က ညောင်ရွှေမှာ ဧည့်ဂေဟာ အသေးလေးတစ်ခုကို ၁၉၇၆ ခုနှစ်ထဲမှာ ဖွင့်ခဲ့ပါတယ်။ အိပ်ခန်းငါးခန်းပဲပါတဲ့ အရမ်းသေးတဲ့ ဧည့်ဂေဟာလေး တစ်ခုပါ။ ကျွန်မရဲ့ အလုပ်က ဒီဒေသကိုလာတဲ့ ခရီးသွား နည်းနည်းပါးပါးကို ဖျော်ဖြေမှုအပိုင်း စီစဉ်ပေးရပါတယ်။ ကျွန်မတို့မြို့ထဲမှာ ည ၇ နာရီ နောက်ပိုင်းဆိုရင် ဘာမှလုပ်စရာမရှိပါဘူး။ ဒါကြောင့် ကျွန်မက လူတွေကို ဖျော်ဖြေပါတယ်။ အဲဒီအချိန်မှာ ယုံကြည်မှု တော်တော်လေး ရခဲ့တယ်လို့ ကျွန်မ ထင်ပါတယ်။

ကျွန်မအဖေက အဲဒီဟိုတယ်လေးကို ဖျော်ဖြေရေးလုပ်ငန်းပုံစံမျိုးနဲ့ တည်ဆောက်ခဲ့တာပါ။ သူက ကလောမှာရှိတဲ့ အမေရိကန်ကျောင်း တစ်ကျောင်းမှာ လေ့လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ညောင်ရွှေမှာ အရမ်းကို တိတ်ဆိတ် ငြိမ်သက်နေခဲ့တာပါ။ စွန့်စားသွားလာလိုတဲ့ ကမ္ဘာလှည့်ခရီးသွား အနည်းငယ်က ဒီကန်ကို လာရောက်လည်ပတ်ခဲ့ပါတယ်။ ကျွန်မအဖေက သူတို့နဲ့ အင်္ဂလိပ်လို ပြောခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ အဲဒီအချိန်က ဒီလိုလူတွေနဲ့ တွေ့ဆုံခွင့်ရတာဟာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့အတွက် ပြတင်းပေါက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

၁၉၈၈ အရေးအခင်း ဖြစ်ပြီးတဲ့နောက်မှာတော့ ကျွန်မက ဥရောပတိုက်မှာ ဧည့်ခံကြိုဆိုရေး ဘာသာရပ်ကို လေ့လာဖို့အတွက် မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။ ၁၉၅၅ မှာ ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ကျွန်မက စိတ်ဖိစီးမှုဒဏ်ကို အချိန်အတော်ကြာကြာ ခံစားခဲ့ရပါတယ်။ ဒီနိုင်ငံထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သိဖို့အတွက် လူတွေနဲ့ ဆက်သွယ်ဖို့က အရမ်းကို ခက်ခဲခဲ့လို့ပါ။

၈၈ မျိုးဆက်တွေလည်း ပါသွားကြတယ်။ လူတွေကလည်း သူတို့မိသားစုတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ပဲ ကြိုးစားနေကြတဲ့အချိန်လေ။ အဲဒီနှစ်တွေအတွက်မှာ ကျွန်မတို့က အများနဲ့ တော်တော်လေး ကွဲပြားတဲ့ပုံစံ တစ်ခုနဲ့ ကြီးပြင်းခဲ့တာပါ။ ကျွန်မတို့ကInle Princess နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ ဖွင့်ခဲ့တာပါ။ 

ခင်ဗျားလုပ်ငန်းရဲ့ အကြီးဆုံးအခန်းကဏ္ဍက ကမ္ဘာလှည့် ခရီးသွားတွေ အရှည်သဖြင့် လာရောက်ရေးနော်။ ဒါက ဘာ့ကြောင့် အရေးကြီးတာလဲ။ 

၉ နှစ် ၁၀ နှစ်သမီးအရွယ်လောက်မှာ ကျွန်မအဖိုးအဖွားတွေနဲ့ စကားလက်ဆုံကျခဲ့တဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရှေ့နေတစ်ယောက် ဖြစ်ချင်တယ်လို့ ကျွန်မက ပြောလိုက်တော့ အဖွားက “သမီးက ဒီနိုင်ငံမှာ ရှေ့နေတစ်ယောက် ဖြစ်ချင်တာလား။ ဒီနိုင်ငံက ပိုက်ဆံရှိတဲ့သူတွေကို သမီးသိလား။ သူတို့ပိုက်ဆံ ဘယ်လိုရှာသလဲ ဆိုတာကိုကော သမီးသိသလား။ လူကောင်းတွေအတွက် ခုခံကာကွယ်ပေးတာက ပြဿနာ မရှိပေမဲ့ သမီးက အဆင်ပြေပြေ ရပ်တည်လိုတယ် ဆိုရင်တော့ အခကြေးငွေ ကောင်းကောင်းပေးမယ့် အမှုသည်တွေရဖို့ သမီးလိုအပ်တာပေါ့။ သမီးက မရိုးသား မမျှတဲ့သူတွေအတွက် ခုခံချေပပေးနေတယ် ဆိုရင်တော့ တစ်ဘက်သားခမျာ ခံစားရတော့မယ်။ သူတစ်ပါးရဲ့ မျက်ရည်ပူတွေနဲ့ သမီး ထမင်းစားရလိမ့်မယ်” လို့ ပြန်ရှင်းပြခဲ့ဖူးပါတယ်။

ဒါက ဘဝရှင်သန်နေထိုင်နည်းအတွက် ရွေးချယ်မှု တစ်ခုပါပဲ။ တစ်ခုက မဖြစ်မနေ ပိုက်ဆံရှာရမယ်။ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ ပိုက်ဆံက အရာရာတိုင်းကို ဖြေရှင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့ အမှီခို ပိုကင်းပြီး လွတ်လပ်မှုရှိဖို့အတွက် ပိုက်ဆံက လက်နက်တစ်ခု ဖြစ်နေပါတယ်။

ဒုတိယတစ်ခုက ရှင်လုပ်ရမယ့်အလုပ်ကို နှစ်သက်မြတ်နိုးတတ်ဖို့ပါပဲ။ ရှင့်မှာ ဒီအလုပ်ကို ချစ်မြတ်နိုးစိတ် ရှိရပါမယ်။ တတိယတစ်ခုကတော့ ရှင့်ဘေးမှာ နေ့စဉ်လိုလို ရှိနေတဲ့သူတွေကို နှစ်သက်သဘောကျရပါမယ်။

ဒါကြောင့် ဒီရွေးချယ်မှုက လူ၊ အလုပ်ကို ချစ်မြတ်နိုးစိတ်နဲ့ အမြတ်အစွန်းဖြစ်ပြီး လူကတော့ အရေးကြီးဆုံးပါ။ ရှင်ကသာ ရှင်နဲ့ အလုပ်လုပ်နေတဲ့သူတွေကို နှစ်သက်သဘောမကျဘူးဆိုရင် ရှင်က ပိုက်ဆံ၊ ဒါမှမဟုတ် အလုပ်ကို ချစ်မြတ်နိုးစိတ်တစ်ခုအတွက် အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ပျော်တော့ ဘယ်ပျော်နိုင်ပါ့မလဲ။

အဲဒီအချိန်မှာပဲ ဒီအလုပ်က အရမ်းပျင်းဖို့ ကောင်းတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိ ဒီအလုပ်နဲ့ပဲ ရပ်တည်ရှင်သန်နေတုန်းပါ။ မြန်မာ့ဆိုရိုးစကားတွေထဲမှာ “ခန္ဓာကိုယ်သာ အသေခံလိုက်ပါ၊ စိတ်ဓာတ်နဲ့ ဝိညာဉ်ကိုတော့ ဘယ်တော့မှ မသေစေနဲ့” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ကျွန်မအထင်တော့ ဒါက ကျွန်မဘိုးဘွားတွေရဲ့ အဖြစ်အပျက် ဖြစ်ပုံရပါတယ်။

လူသိပိုများတဲ့ ခင်ဗျားရဲ့ လုပ်ငန်းစီမံချက်တစ်ခုက ဗမာကြောင်တွေကို ပြန်လည်ဖော်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကို ဘာ့ကြောင့် အာရုံစိုက်ခဲ့တာလဲ။

အဲဒီစီမံချက်ကို ကမ္ဘာတစ်လွှားက တိရစ္ဆာန်တွေကို ပြန်လည်ဖော်ထုတ်ပေးရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ စူးစမ်းရှာဖွေနေသူတစ်ဦးနဲ့ ကျွန်မတို့ တွေ့ဖြစ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်မတို့ဆီကို ကြောင်ရှစ်ကောင်လောက် ရောက်လာတဲ့အချိန်ဖြစ်လို့ သားဖောက်တဲ့ အစီအစဉ်တစ်ခုအတွက် ရေပေါ်မှာ အိမ်တစ်လုံး ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကြောင်ထီးတွေက ကြောင်မတွေဆီ ရေကူးလာခဲ့ကြလို့ ကျွန်မတို့ဆီမှာ ကြောင် ရှစ်ကောင်ကနေ ၃၅ ကောင်အထိ မြန်မြန်ဆန်ဆန်ကြီး တိုးသွားခဲ့ပါတယ်။

ဒါကြောင့် ကြောင်တွေအတွက် ပိုကြီးတဲ့ အိမ်တစ်လုံး လိုအပ်ခဲ့လို့ သူတို့အတွက် ပိုကျယ်တဲ့ အိမ်တစ်လုံး ထပ်ဆောက်ခဲ့ပါတယ်။ ဒါလည်းပြီးရော ဒီလုပ်ငန်းစဉ်အတွက် ကမ္ဘာလှည့် ခရီးသွားတွေ ပိုလိုအပ်တယ်ဆိုတာကို ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။ အိမ်အသစ်တစ်လုံးကို သစ်သားတွေနဲ့ ဆောက်ခဲ့မိတဲ့အတွက်လည်း စိတ်မသက်မသာ ဖြစ်ခဲ့ရတာကြောင့် အဲဒါကို တခြားနေရာမှာ ပြန်သုံးပြီး ကျွန်မဘိုးဘွားတွေရဲ့အိမ်ပုံစံမျိုးနဲ့ နောက်ထပ်အိမ်သစ် တစ်လုံး ဆောက်ခဲ့ပါတယ်။

ဒါကို ဘဏ္ဍာရေးအရ အမှီအခိုကင်းဖို့အတွက် “ဘာကြောင့် ဒါကို စားသောက်ဆိုင် တစ်ဆိုင်အဖြစ် မပြောင်းနိုင်ရမှာလဲ” လို့ ကျွန်မ အတွေးပေါ်ခဲ့ပါတယ်။ တကယ်လို့ ဒါကသာ ဘိုးဘွားတွေရဲ့အိမ်တစ်လုံးဖြစ်မယ်ဆိုရင် ဒီနေရာကို အရမ်းကောင်းတဲ့ ချက်နည်းပြုတ်နည်းတွေ ဖြည့်စွက်ရမှာပေါ့။

ဒါ့ကြောင့် ကျွန်မတို့က ဘိုးဘွားတွေရဲ့ ချက်နည်းပြုတ်နည်းတချို့ကို ပြင်ဆင်အသုံးပြုခဲ့သလို စားသောက်ဆိုင် တစ်ဆိုင်လည်းဖွင့်ခဲ့ပါတယ်။ လူတွေအများစုက ဗမာ့ဟင်းလျာတွေနဲ့ပတ်သက်ပြီး သိပ်မသိကြသေးပါဘူး။ တကယ်တော့ အရမ်းကောင်းတဲ့ ဗမာအစားအစာတွေ၊ ရှမ်းအစားအစာတွေ ရှိပါတယ်။

ခုဆိုရင် ကျွန်မတို့ဆီမှာ ဒီစားသောက်ဆိုင်ရယ်၊ ကြောင်တွေရယ်၊ ဟိုတယ်ရယ်၊ ငါးပြတိုက်တစ်ခုရယ်အပြင် သဘာဝအတိုင်း စိုက်တဲ့ ဓာတ်မြေသြဇာလွတ် ဟင်းသီးဟင်းရွက်တွေ ရနိုင်တဲ့ ဥယျာဉ်တစ်ခုရယ်လို့ ရှိနေပါပြီ။

typeof=

အင်းလေးကန်က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်လာတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဒေသတွင်း အပြုအမူတွေကြောင့် စိုးရိမ်ဖွယ်ကောင်းတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီစိန်ခေါ်ချက်တွေကို တိုက်ဖျက်ဖို့အတွက်  ခင်ဗျား ဘာတွေ ဆောင်ရွက်နေလဲ။ 

အင်းလေးမှာ ရေနဲ့ပတ်သက်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ရေဆိုးရေညစ် စီမံခန့်ခွဲရေးစနစ်က အရမ်းဆိုးသလို အညစ်အကြေး စီမံခန့်ခွဲရေးစနစ်ကလည်း အရမ်းဆိုးပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ စိန်ခေါ်ချက်တွေလည်း တစ်ပုံတစ်ပင် ရှိနေပါသေးတယ်။

ကျွန်မအထင်တော့ ဒီကန်က တိမ်ကောစ ပြုနေပြီဖြစ်လို့ ဒီကန်ကိုကယ်တင်ချင်တယ်ဆိုရင် ကျွန်မတို့က အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေ ပြုလုပ်ရမှာပါ။

ဒါကြောင့် ကျွန်မတို့က ရေဆိုးရေညစ်ကို ပြန်လည်သန့်စင်အသုံးပြုတဲ့စနစ် တစ်ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်က အကုန်အကျ သက်သာပြီး ထိရောက်မှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူတွေက ဒီနည်းကို အတုယူ အသုံးပြုနိုင်မှာပါ။ ရှင်က အပြောင်းအလဲတွေ တကယ် လုပ်ချင်တယ်ဆိုရင်တော့ တစ်ဦးတစ်ယောက်တည်းနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ဒါက လူတိုင်းရဲ့အလုပ်တစ်ခု ဖြစ်ရပါမယ်။

ကျွန်မက ရေနဲ့ပတ်သက်တဲ့ တိရစ္ဆာန်တွေအကြောင်းကိုလည်း လေ့လာသင်ယူခဲ့ပါသေးတယ်။ ဒီကန်မှာ ရှားပါးငါးမျိုးစိတ်တွေ အများကြီး ရှိပါတယ်။ ဒီကန်ကို ရောက်ဖူးတဲ့ သိပ္ပံပညာရှင်တစ်ဦးနဲ့ ဟိုမှာ တွေ့ခဲ့ပြီး သူက ကျွန်မတို့ဆီမှာ တန်ကြေးကြီးတဲ့ ငါးတွေအများကြီး ရှိတယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းပြသခဲ့ဖူးပါတယ်။ ကျွန်မ နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒါတွေကို ဘယ်လိုချက်ရလဲ ဆိုတာလောက်ပဲ သိခဲ့ရလို့ပါ။

ဒါတော့ ဘယ်လိုချက်ရမလဲ ကျွန်မတို့ သိပေမဲ့ သူတို့က ဘယ်လိုမျိုးစိတ်တွေလဲ ဆိုတာကိုကော ကျွန်မတို့ သိကြရဲ့လား။ နောက်မျိုးဆက်အတွက်ကော ဘယ်လိုလုပ်ကြမလဲ။ ဒီငါးတွေ ရှိခဲ့တယ် ဆိုတာကိုတောင် သူတို့ သိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေကို ဝေမ ျှပေးဖို့အတွက် ဒီငါးပြတိုက်ကို ကျွန်မတို့ တည်ဆောက်ခဲ့တာပါ။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းတွေက ခင်ဗျား လုပ်နေတဲ့ လုပ်ငန်းအတွက် ဘယ်လောက်များ အရေးကြီးပါသလဲ။

ကျွန်မက ကျောင်းတွေနဲ့ ပတ်သက်ပြီး အရူးအမူး ဖြစ်တတ်တဲ့သူပါ။ ကျောင်းတွေပဲ ဆောက်ချင်နေမိပါတယ်။ ဒီနိုင်ငံကို ရှင် လေ့လာကြည့်မယ်ဆိုရင် ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်သွားတဲ့သူတွေ အများကြီးပါ။ အဲဒီပမာဏက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ် ဆိုပါစို့။ သူတို့ ဘယ်နေရာတွေ ရောက်ကုန်ကြပြီလဲ။

သူတို့က ထိုင်းနယ်စပ်ကို သွားပြီး တစ်လကို ဒေါ်လာ ရာဂဏန်းရဖို့အရေး အလုပ်လုပ်နေရတဲ့ ဈေးပေါတဲ့ လုပ်သားတွေ ဖြစ်နေကြပြီလား။ လူငယ်တွေ ဒီမှာ မရှိကြတော့ဘူး။ ရှင်က အပြောင်းအလဲတစ်ခု လုပ်ချင်တယ်ဆိုရင် လူငယ်တွေကို အာရုံစိုက်ရပါမယ်။ ဒီလူငယ်တွေ ဒီမှာပဲ ရှိနေအောင် အားပေးထောက်ကူမယ့် အရာတစ်ခုခု ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ကျွန်မ နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကျောင်း သင်တန်းပုံစံမျိုးတွေနဲ့ ကြိုးစားနေတာပါ။

ဒါကြောင့် ကျွန်မတို့က Inle Heritage မှာ ကျောင်းတစ်ကျောင်း ဖွင့်ခဲ့တာ ဖြစ်သလို ကျောင်းသား ၈၀ လောက် ဘွဲ့ရသွားကြပါပြီ။ ဒီနှစ်ထဲမှာ နောက်ထပ် ၄၂ ယောက်လည်း ကျောင်းပြီးဦးမှာပါ။ ပုံမှန်ဆိုရင် သူတို့သာ ကောင်းကောင်းလေ့လာတယ်၊ စာမေးပွဲလည်း အောင်တယ်ဆိုရင် ကျွန်မတို့က အလုပ်အကိုင်ပြပွဲ တစ်ပွဲ ကျင်းပဖို့ တောင်းဆိုပြီး သူတို့ကို အလုပ်ခန့်နိုင်ဖို့အတွက် နိုင်ငံအနှံ့က ဟိုတယ်လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပေးမှာ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်စိတ်ဓာတ်ကို ဖော်ဆောင်ပေးတဲ့သူတွေရဲ့ အကြံဉာဏ်ကို ကျွန်မအရမ်းသဘောကျပါတယ်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.