အင်န်အယ်လ်ဒီ အစိုးရရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို စမ်းလိုက်တဲ့ ဝိုင်ဘီအက်စ်

ရန်ကုန်ဘတ်စ်စနစ်ကို ပြောင်းလဲဖို့ လိုအပ်ချက်အရ ရဲရဲရင့်ရင့် ပြောင်းလဲလုပ်ကိုင်ခဲ့တာမှာ အင်န်အယ်လ်ဒီ အစိုးရရဲ့စီမံခန့်ခွဲမှု အရည်အချင်းကို မေးခွန်းထုတ်စရာတွေ ရှိလာပါတော့တယ်။

စည်သူအောင်မြင့် ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာပြီးနောက်ပိုင်း အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်မှု အောင်မြင်၊ မအောင်မြင် ဆိုတာဟာ တပ်မတော်နဲ့ ဆက်ဆံရေး ဘယ်လောက် အဆင်ပြေသလဲ၊ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဝင်တွေ  စီမံခန့်ခွဲမှုစွမ်းရည် ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ် မူတည်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်တိုင်း လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတဲ့ကိစ္စ တစ်ခုကတော့ YBS လို့ခေါ်တဲ့ ဘတ်စ်ကား ပြေးဆွဲမှု ပြဿနာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဦးဆောင် အကောင်အထည် ဖော်တဲ့သူဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်ဖြစ်နေတာ၊ ရန်ကုန်တိုင်း ဆိုတာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေကြတဲ့၊ တိုင်းပြည်ဘတ်ဂျက်ကို အများဆုံး အသုံးပြုတဲ့နေရာ ဖြစ်နေတာ စတဲ့ အခြေအနေတွေကြောင့် YBS စနစ် အကောင်အထည်ဖော်မှု ဆိုတာဟာ အင်န်အယ်လ်ဒီ အစိုးရရဲ့ စီမံခန့်ခွဲမှု အရည်အချင်းကို တိုင်းတာတဲ့ စံ၊ ပေတံ ဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

ရန်ကုန်တိုင်း အစိုးရ၊ တနည်းအားဖြင့် အင်န်အယ်လ်ဒီ အစိုးရ စီမံခန့်ခွဲမှု အရည်အချင်း ဘယ်လောက်ရှိသလဲ ဆိုတာ YBS ပြဿနာကနေ လေ့လာကြည့်ကြရအောင်ပါ။

အင်န်အယ်လ်ဒီ အစိုးရ တက်မလာခင်ထိ ရန်ကုန်မြို့တွင်း ဘတ်စ်ကားပြေးဆွဲမှုကို စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ မထသ အဖွဲ့ကြီးက စီမံခန့်ခွဲပါတယ်။ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှု၊ တလွဲစီမံခန့်ခွဲမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ဘတ်စ်ကားလိုင်း ထောင်ခွင့်ပေးတာ၊ ဘတ်စ်ကား ပြေးဆွဲချင်တဲ့သူတွေကို လိုင်းနေရာ ချပေးတာ၊ နိုင်ငံခြားကနေ ကားတင်သွင်းခွင့်ပေးတာ၊ ဘတ်စ်ကားခ သတ်မှတ်တာ၊ ဘတ်စ်ကားကို ဂက်စ်နဲ့ ပြေးဆွဲခွင့်ရအောင် ခွင့်ပြုပေးတာ စသဖြင့် နေရာပေါင်းစုံမှာ အဂတိ လိုက်စားပါတယ်။

ဘဏ္ဍာရန်ပုံငွေ ရှာဖွေသုံးစွဲရာမှာလည်း လုံးဝ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဒီလို အဂတိလိုက်စားမှု၊ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ရန်ကုန်ဘတ်စ်ကား ပြေးဆွဲမှုဟာ အတော်လေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ပျက်စီးယိုယွင်းနေတဲ့ ဘတ်စ်ကား အအိုအဟောင်းတွေကို စီးရပါတယ်၊ ကားထဲမှာ သက်သောင့်သက်သာ မဟုတ်ဘဲ ကျပ်ညပ်ပြီး စီးရပါတယ်၊ မလိုအပ်ဘဲနဲ့ အချိန်အကြာကြီးစီးမှ လိုရာ ခရီးရောက်ပါတယ်၊ ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေရဲ့ ရိုင်းပျမှုကို ခံရပြီး အညံ့ဖျင်းဆုံး ဝန်ဆောင်မှုကိုပဲ ရပါတယ်။ ဒါ့အပြင် ဒရိုင်ဘာတွေ၊ စပယ်ယာတွေရဲ့ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေကြောင့်လည်း အန္တရာယ်မကင်း၊ လုံခြုံမှုလည်း မရှိပါဘူး။

တစ်ဘက်မှာတော့ ဘတ်စ်ကား ပြေးဆွဲမှုစနစ်ထဲမှာ ဘတ်စ်ကား ဒရိုင်ဘာတွေ၊ စပယ်ယာတွေဟာ တစ်စုံတစ်ရာ လခစားအဖြစ် အလုပ်လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ဘတ်စ်ကားပိုင်ရှင်ထံ တစ်နေ့ကို သတ်မှတ်ငွေကြေး ဘယ်လောက်ပေးရမယ်ဆိုတဲ့ အုံနာကြေး သတ်မှတ်တဲ့စနစ် ကျင့်သုံးတာကြောင့် ကိုယ့်အတွက် လုပ်ခဝင်ငွေ ရအောင်၊ သတ်မှတ်အုံနာကြေးထက် ပိုပြီး ဝင်ငွေရအောင် ကြိုးစား ရှာရပါတော့တယ်။

ဒီအတွက် ဘတ်စ်ကားမှာ ခရီးသည် ပိုရအောင် တစ်စီးနဲ့ တစ်စီး အလုအယက်နည်းတွေနဲ့ လုပ်ကြပါတော့တယ်။ ဘတ်စ်ကား မှတ်တိုင်တွေမှာ ခရီးသည်တွေကို အကြာကြီး စောင့်ပြီးတင်တာ၊ မှတ်တိုင်ကို အရင်ဝင်မှ ခရီးသည် ရမှာမို့ မှတ်တိုင်အဝင်ဦးအောင် ကားတွေ တစ်စီးနဲ့ တစ်စီး အပြိုင်မောင်းတာ၊ အပြိုင်မောင်းရင်း တစ်စီးနဲ့ တစ်စီး ပဋိပက္ခဖြစ်ပြီး တုတ်ဆွဲဓားဆွဲ သတ်ကြဖြတ်ကြတာမျိုးအထိ ဖြစ်ပျက်ခဲ့ပါတယ်။

ပြောရရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ စေတနာကောင်းပါလျက်၊ ဦးတည်ချက် မှန်ပါလျက်၊ ပြည်သူတွေထောက်ခံအားပေး ကူညီမှုကို ရနေပါလျက်နဲ့ စီမံခန့်ခွဲမှု အရည်အချင်း အားနည်းတာကြောင့် အပြောင်းအလဲ မအောင်မမြင် ဖြစ်ရတာပါ။

တစ်ဘက်မှာလည်း အုံနာကြေးကြေဖို့၊ ငွေများများရဖို့ ဖိအားများပြီး ခရီးသည်တွေကို သည်းမခံနိုင်၊ ရိုင်းပျစော်ကားတာမျိုးတွေကိုလည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစနစ်အောက်မှာ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတွေ၊ စပယ်ယာတွေကို ပုံစံအမျိုးမျိုးနဲ့ အရေးယူခဲ့တယ် ဆိုပေမဲ့ မုန့်လုံးစက္ကူကပ်ရင်း ဒုံရင်းဒုံရင်း အခြေအနေကိုပဲ ပြန်ပြန်ရောက်သွားတာ အင်န်အယ်လ်ဒီ အစိုးရ တက်လာသည် အထိပါပဲ။

အင်န်အယ်လ်ဒီ အစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီပြဿနာကို ကိုင်တွယ်ဖို့ ကြိုးစားပါတယ်။ ပြဿနာရဲ့ အတိမ်အနက်၊ ဒီစနစ်ဆိုးကြောင့် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေရသလဲ ဆိုတာကိုလည်း သိပုံရပါတယ်။ ဒီစနစ်ဆိုးမှာ အဓိက ပြဿနာဟာ ဘတ်စ်ကားတွေကို လိုင်းအလိုက် ပုဂ္ဂလိက တစ်ယောက်တည်း၊ ကုမ္ပဏီ တစ်ခုထဲက ပိုင်တာ မဟုတ်သလို၊ တစ်ဦးချင်းပိုင်တွေရော၊ ကုမ္ပဏီပိုင်တွေကပါ အုံနာကြေးစနစ် ကျင့်သုံးတာကြောင့် ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေ ခုလို ပြုမူနေကြတာတွေကိုပါ သူ သိရှိထားပါတယ်။ ဒီလိုနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်ဘတ်စ်ကား စနစ်ကို တော်လှန်ပြောင်းလဲပစ်ဖို့ လုပ်ပါတော့တယ်။

ပထမ လုပ်တာကတော့ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးထားတဲ့ မထသ အဖွဲ့ကြီးကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ လို့ခေါ်တဲ့ YRTA အဖွဲ့ကို ဖွဲ့စည်း၊ တာဝန်တွေ၊ ရန်ပုံငွေတွေ အားလုံးကို လွဲှပြောင်းရယူပါတယ်။ ဒီလွဲှပြောင်းမှုကတော့ အောင်မြင်မှုရပါတယ်။

နောက် ပြဿနာ တစ်ခုကတော့ ယာဉ်လိုင်း အရေအတွက် ဖောင်းပွနေတာကို ပြန်ပြီး စီစဉ်တာပါ။ နဂိုက လိုင်းပေါင်း ရာနဲ့ချီ ရှိနေတဲ့ လိုင်းတွေနေရာမှာ လိုင်းပေါင်း ၆၀ ပြန်သတ်မှတ်ပါတယ်။ အခုနောက်ပိုင်း လိုင်း ၈၀ အထိ တိုးလာပါတယ်။ ဒီလို ကားလိုင်းတွေပြောင်းဖို့ လုပ်တာကိုတော့ အင်န်အယ်လ်ဒီ ပါတီဝင်တွေ၊ ပြည်သူတွေ အုန်းအုန်းကျွက်ကျွက်နဲ့ အစိုးရကို အများကြီး အကူအညီပေးတာ တွေ့ရပါတယ်။ ဒါကတော့ ထိုက်သင့်သလောက်ပဲ အောင်မြင်ပါတယ်။

တကယ့်အဓိက အရေးအကြီးဆုံးကတော့ ဘတ်စ်ကား ဒရိုင်ဘာတွေနဲ့ စပယ်ယာတွေ စည်းကမ်းဖောက်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကိစ္စ၊ အဲဒီ ပြဿနာရဲ့ အရင်းခံဖြစ်တဲ့ ဘတ်စ်ကားကို အုံနာကြေးစနစ်ကနေ လခစားစနစ် ပြောင်းလဲဖို့ လုပ်တဲ့ကိစ္စပါ။ ဒီပြဿနာမှာတော့ ဘတ်စ်ကား တစ်စီးချင်း၊ နှစ်စီးချင်းစီ ပိုင်သူတွေ၊ ကုမ္ပဏီတွေကိုယ်တိုင် လိုက်ပါဆောင်ရွက်ဖို့ စိတ်မပါကြပါဘူး။

ဒီကိစ္စကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အောင်မြင်အောင် စီမံခန့်ခွဲမှု မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီလို မလုပ်နိုင်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အရင် မထသ ခေတ်ဟောင်းတုန်းကလိုပဲ ဘတ်စ်ကား ဒရိုင်ဘာနဲ့ စပယ်ယာတွေဟာ အုံနာကြေးကြေဖို့၊ ကိုယ့်ဝင်ငွေရဖို့ ခရီးသည်ရအောင် တွန်းတွန်းတိုက်တိုက်ရှာရင်း စည်းကမ်းတွေ ချိုးဖောက်မြဲ ချိုးဖောက်ဆိုတဲ့ အနေအထား ပြန်ရောက်သွားရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်ဘတ်စ်ကားစနစ် အပြောင်းအလဲကို သုံးသပ်ရင် စီမံခန့်ခွဲမှု အာဏာဟာ မထသ လက်ထဲကနေ YRTA လက်ထဲ ရောက်လာတာကလွဲရင် ပြည်သူတွေအတွက် ဘာမှ ထူးပြီး မခံစားရသလို ဖြစ်သွားစေတာ ဖြစ်ပါတယ်။ ပြောရရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ စေတနာကောင်းပါလျက်၊ ဦးတည်ချက် မှန်ပါလျက်၊ ပြည်သူတွေထောက်ခံအားပေး ကူညီမှုကို ရနေပါလျက်နဲ့ စီမံခန့်ခွဲမှု အရည်အချင်း အားနည်းတာကြောင့် အပြောင်းအလဲ မအောင်မမြင် ဖြစ်ရတာပါ။

ဒီအတွက် စီမံခန့်ခွဲမှုမှာ ဘာပြဿနာတွေ ပေါ်နေသလဲ၊ အဲဒီ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဘာတွေပြင်ရမလဲ၊ ဘယ်သူတွေရဲ့အားကို ယူရမလဲ စသဖြင့် စနစ်တကျ သုံးသပ်ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ စီမံခန့်ခွဲမှု အရည်အသွေးနိမ့်နေရင် အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ YBS ပြဿနာတင်မက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာကိုလည်း အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.