ဟောင်ကောင်က ကာစီနိုသင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသားတွေ

ဟောင်ကောင်ရှိ ကာစီနိုသင်္ဘောတစ်စင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လွန်ခဲ့သော ခြောက်လကတည်းက အလုပ်ရှင်ထံမှ လုပ်ခလစာ မရရှိတော့သဖြင့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ရောက်ရှိနေကြသည်။

Echo Hui ရေးသားသည်။

သင်္ဘောပေါ်တွင် လေထုသည် မွန်းကျပ်နေသည်။ သဘောပေါ်ရှိ ထောင့်တိုင်းတွင် အပျက်အစီးများက စုပုံနေသေည်။ ထိုကာစီနို သင်္ဘောပေါ်တွင် ကိုမောင်ရင်မောင် ပိတ်မိနေသည်မှာ ခြောက်လရှိနေပြီဖြစ်သည်။ သူသည် ခက်ခဲကြမ်းတမ်းစွာ ရှင်သန် နေထိုင်နေရသည်။ အပြစ်မကင်းသောစိတ်ဖြင့်  သူ၏ ဇနီးကို နောက်ဆုံးအကြိမ် စကားပြောခဲ့သည်မှာ ခြောက်လတိုင်နေပြီဖြစ်သည်။ လွန်ခဲ့သော ခြောက်လကတည်းက သူ၏ အလုပ်ရှင်က သူကို လစာမပေးတော့ခြင်း ဖြစ်သည်။

အသက် ၃၈ နှစ် ရှိပြီဖြစ်သော ကိုမောင်ရင်မောင်သည် New Imperial Star ကာစီနိုသင်္ဘောပေါ်တွင် အလုပ်လုပ်ခဲ့သည်မှာ ရှစ်လရှိပြီဖြစ်သည်။ ထိုမတိုင်ခင်က အခြားကာစီနိုသင်္ဘောတစ်ခုပေါ်တွင် ခြောက်လကြာအထိ အလုပ်လုပ်ခဲ့သေးသည်။

“အလုပ်ရှင်က မြန်မာအလုပ်သမားတွေ လစာရဲ့ တစ်ချို့တစ်ဝက်ကို မြန်မာနှစ်သစ်ကူးမတိုင်မီ ပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်လည်း ဇနီးသည်ကို သကြန်မကျခင် ပြန်လာနိုင်မယ်လို့ ကတိပေးလိုက်တယ်” ဟု ကိုမောင်ရင်မောင်က ပြောသည်။

သိပ်မကြာခင်မှာပင် ကိုမောင်ရင်မောင်က သူ၏ ဇနီးထံသို့ ငွေအနည်းငယ် ပို့နိုင်ခဲ့သော်လည်း သူ့ကို အလုပ်ရှင်က လစာမပေးတော့ကြောင်းကိုလည်း ပြောပြနိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ ၁၈ ဦး၊ ယူကရိန်းနိုင်ငံမှ ၂၀ ဦးနှင့် တရုတ်ပြည်မကြီးမှ ရှစ်ဦး စုစုပေါင်း ၄၆ ဦး ပါဝင်သော သင်္ဘောာသားများ ထိုသင်္ဘောပေါ်တွင် ပိတ်မိနေသည်မှာ ခြောက်လကြာမြင့်နေပြီဖြစ်သည်။

သူတို့၏ ဒုက္ခခံစားရမှုသည် အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဟောင်ကောင် ရေကြောင်းအာဏာပိုင်များက ၎င်းတို့၏ သင်္ဘော New Imperial Star ကို ဘေးကင်းလုံခြုံရေးစနစ် အားနည်းမှုများကြောင့် တရုတ်ရေပိုင်နက်ဖြစ်သည့် Kai Tak Cruise သင်္ဘောဆိပ်၏ တစ်မိုင်ခန့်အကွာတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ထိုသင်္ဘောကို သင်္ဘောတစ်စီးတည်းသာရှိသော Arising International ကုမ္ပဏီက ပိုင်ဆိုင်ပြီး British Virgin Island တွင် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။ ဟောင်ကောင်ရေကြောင်း အာဏာပိုင်များက သင်္ဘော၏ ဘေးကင်းလုံခြုံရေးကိစ္စများအတွက် ဖြေရှင်းချက်ပေးရန် တောင်းခံခဲ့ပြီး လုပ်ငန်းများ ပြန်လည်မလည်ပတ်မီ ဒဏ်ငွေပေးဆောင်ရန် စေခိုင်းခဲ့သည်။

လောင်းကစားလုပ်ငန်း ကျဆင်းလာသဖြင့် ဘဏ္ဍာရေး အခက်အခဲ ကျရောက်နေသော ထိုကုမ္ပဏီသည် ဟောင်ကောင်အစိုးရ၏ ဒဏ်ငွေကိုလည်း မပေးဆောင်နိုင်သည့်အပြင် ၎င်း၏ဝန်ထမ်းများကို ပေးရန်ရှိသော ဒေါ်လာသိန်းနှင့်ချီသည့် လစာများကိုလည်း ပေးနိုင်ခြင်းမရှိပေ။

Arising International ၏ ပိုင်ရှင်ဖြစ်သူ Mr Wong က ထိုပြသနာကို ဖြေရှင်းရန် ရင်းနှီးမြုပ်နှံသူ အသစ်တစ်ဦးကို ရှာဖွေရန် ကြိုးစားလျှက်ရှိကြောင်း ပြောကြားသည်။ သို့သော် တရုတ်ပြည်တွင် စီးပွားရေး ကျဆင်းနေသောကြောင့် ငွေကြေးရှာဖွေရသည်မှာ ခက်ခဲနေသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်က အလုပ်သမားတွေကို လစာပေးဖို့ ငွေကို ကြိုးစားရှာနေပါတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာထက် ပိုမိုခဲယဉ်းနေပါတယ်” ဟု ၎င်းက Frontier ကို ပြောကြားသည်။

လက်ရှိတွင်မူ လောင်းကစား သင်္ဘောပေါ်ရှိ လစာမရရှိသေးသော အလုပ်သမားများ၏ ဘဝသည် ခက်ခဲ ကြမ်းတမ်းနေသည်။

“ကျွန်တော်မှာ ငွေလည်းမရှိပါဘူး။ အစားအစာကိုတော့ တစ်နေ့ သုံးကြိမ်ကျွေးပါတယ်။ ကျွန်တော်တို့က ထောင်ကျနေသလိုပါပဲ။ အပြင်ထွက်လို့ မရဘူး။ အပြင်ထွက်လို့ ရမယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ငွေတစ်ပြားမှ မရှိဘူး” ဟု ကိုမောင်ရင်မောင်က ပြောသည်။

ကိုမောင်ရင်မောင်၏ ဘဏ္ဍာရေးအခြေအနေသည် ထိုအလုပ်ကို ရရှိနိုင်ရန်အတွက် အလုပ်ရှာဖွေပေးသော ပွဲစားများနှင့် မြန်မာအာဏာပိုင်များကို ငွေကြေးများ ပေးရခြင်းကြောင့် ပိုမိုဆိုရွားလျှက်ရှိသည်။ အလုပ်ရှာပေးသော အေဂျင်စီကို ပေးရန်ရှိသည့် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကို အကြေဆပ်နိုင်ရန်အတွက် အချိန်ကိုးလ ကြာမြင့်ခဲ့သည်။ ထို့ပြင် လောင်းကစား သင်္ဘောပေါ်တွင် အလုပ်လုပ်နိုင်ရန် ကျွမ်းကျင်သ င်တန်းကြေးကြေရန်အတွက် နောက်ထပ်နှစ်လကြာအောင် အလုပ်လုပ်ခဲ့ရသည်။

ကိုမောင်ရင်မောင် အသက် ၁၇ နှစ် အရွယ်တွင် သင်္ဘောသားဖြစ်သည့် သူ၏ဖခင်သည် ဂျပန် ကမ်းရိုးတန်းအလွန်တွင် သင်္ဘောမြုတ်ပြီး သေဆုံးသွားခဲ့သည်။ ထိုသို့ သူ၏ ဖခင် သင်္ဘောသားအဖြစ် သေဆုံးသွားခဲ့သော်လည်း သူသည် ထိုအလုပ်ကိုပင် ရွေးချယ်ခဲ့သည်။ “ကျွန်တော် ငယ်ငယ်တုန်းက ငွေအတော်များများ သုံးနိုင်ခဲ့တာကို မှတ်မိတယ်။ ကျွန်တော်ရဲ့ သားကိုလည်း ဒီလို ထားနိုင်ချင်တယ်လေ” ဟု ကိုမောင်ရင်မောင်က ပြောသည်။

ကိုမောင်ရင်မောင်တစ်ယောက် သင်္ဘောသား စတင်လုပ်ကိုင်စဉ်က ငွေကြေးအမြောက်အများ ရရှိလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ထိုအလုပ်ကြောင့် သူ၏ ရှိစုမဲ့စု အကုန်ကုန်သွားခဲ့ရသည်။ ပွဲစားတစ်ဦးက သူ့ကို မလေးရှားကမ်းလွန်တွင် ငါးဖမ်းသော သင်္ဘောတစ်စီးပေါ်တွင် တစ်လလျှင် ဒေါ်လာ ၁၀၀ သာ ရရှိသော အလုပ်ဖြင့် မိတ်ဆက်ပေးခဲ့သည်။ အလုပ်ကန်ထရိုက်ကာလ မကြည့်သေးခင်မှာပင် ထွက်ခဲ့သဖြင့် အေဂျင်စီကို သူ ဒေါ်လာ ၁,၀၀၀ ပေးလျော်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ကျေနပ်စရာကောင်းသော အလုပ်ကို မရှာဖွေနိုင်သဖြင့် ကိုမောင်ရင်မောင်သည် သင်္ဘော ပြန်တက်ရန်ကိုသာ ဆုံးဖြတ်ခဲ့သည်။ ယခုတကြိမ်တွင်မူ ဟောင်ကောင်တွင် ဖြစ်သည်။

ထိုလောင်းကစားသင်္ဘောပေါ်တွင် သင်္ဘောသားများကို တစ်လလျှင် ဒေါ်လာ ၁,၅၀၀ မှ ၂,၅၀၀ ပေးရန် ကတိပေးထားသော်လည်း မြန်မာအလုပ်သမားများကို တစ်လလျှင် ဒေါ်လာ ၄၅၀ သာ ပေးလေသည်။ ထိုပမာဏသည် ဟောင်ကောင်တွင် ပြဋ္ဌာန်းထားသော အနိမ့်ဆုံးလစာထက် နည်းပါးနေပါသည်။

ရန်ကုန်မြစ်အတွင်းက သင်္ဘောတစ်စင်း။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြစ်အတွင်းက သင်္ဘောတစ်စင်း။ ဓာတ်ပုံ- အန်းဝမ်

“ဟောင်ကောင်မှာ သင်္ဘောသားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာတွေအတွက် တရားဥပဒေအရ အကာအကွယ်တွေ မရှိပါဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောကြားသည်။ သူသည် အမျိုးသားလွှတ်တော်၏ ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာ ကော်မတီတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ထိုအလုပ်တွင် လစာအနှိမ်ခံရမည်ကို သိသော်လည်း အလုပ်အတွေ့အကြုံများ များလာပါက နေရာကောင်း ရလာနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ထိုအလုပ်ကို ကိုမောင်ရင်မောင်က လက်ခံခဲ့သည်။

“မြန်မာနိုင်ငံမှာက သင်္ဘောသားဆိုရင် ဒေါ်လာများများ ရလိမ့်မယ်ပဲ ထင်ကြတာ။ တကယ့် လက်တွေ့ အခြေ အနေကို သူတို့မသိဘူး” ဟု ၎င်းကပြောသည်။

ဟောင်ကောင်တွင် သောင်တင်နေသော မြန်မာအလုပ်သမားများ၏ ကြိုးစားရုန်းကန် နေထိုင်နေရမှုသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် အခြားသော အာရှဒေသတစ်ချို့တွင် မြန်မာအလုပ်သမား အများအပြားကို လိုအပ်နေသောအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို သင်္ဘောပေါ်မှ မြန်မာအလုပ်သမားတစ်ချို့သည် အိမ်ပြန်ချင်နေကြသည်။ သို့သော် သူတို့ လစာများ မရရှိပဲလည်း ဟောင်ကောင်မှ မပြန်လိုကြပေ။ တစ်ချို့ကမူ သင်္ဘောပေါ်တွင် အလုပ်လုပ်ရန် လိုအပ်သော စာရွက်စာတမ်းများ ၎င်းတို့ထံတွင် မရှိသဖြင့် မြန်မာသင်္ဘောသားအလုပ်အကိုင်ထိန်းချုပ်ရေးဌာနက ၎င်းတို့အား နာမည်ပျက်စာရင်းထဲ ထည့်သွင်းမည်ကို စိုးရိမ်နေကြသည်။

ကိုမောင်ရင်မောင်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။ “ကန်ထရိုက်စာချုပ်ကာလတစ်ခုကို ပြီးဆုံးအောင် မလုပ်ပဲ မြန်မာနိုင်ငံကို ပြန်ရင် နောက်ထပ် သင်္ဘောလိုက်ဖို့ ခက်ပါတယ်။ အလုပ်ရှာဖွေရေး အေဂျင်စီတွေက ခင်ဗျားအပေါ် ယုံကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ရွှေ့ပြောင်းလုပ်သားများအရေးကို လွှတ်တော်တွင် ထုတ်ဖော်ဆွေးနွေးရန် ကတိပြုထားသော ဦးဥက္ကာမင်းက လောင်းကစားသင်္ဘောမှ မြန်မာအလုပ်သမားများကိုယ်စား ဟောင်ကောင် အာဏာပိုင်များထံသို့ အသနားခံစာ တင်ထားသည်။

“ဟောင်ကောင်အစိုးရနဲ့ တခြားနိုင်ငံတကာ NGO တွေအနေနဲ့ ဒီမြန်မာအလုပ်သမားတွေကို လူသားချင်း စာနာတဲ့အနေနဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးဥက္ကာမင်းက ပြောသည်။

ဧပြီ ၁၂ ရက်နေ့တွင် အလုပ်သမားများသည် ဟောင်ကောင်အစိုးရထံ အသနားခံခဲ့ပြီး ၎င်းတို့ကို လစာများ မပေးမှုအတွက် တရားစွဲဆိုပေးရန် တောင်းဆိုခဲ့သည်။ ထိုလုပ်ငန်းစဉ် အောင်မြင်ပါက ထိုသင်္ဘောကို အစိုးရကသိမ်းယူပြီး လေလံပစ် ရောင်းချကာ အလုပ်သမားများ၏ လစာများကို ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

အိစံ ကူညီရေးသားသည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြစ်တွင်းရှိ သင်္ဘောတစ်စီး၏ ပဲ့ထိန်းခန်း။ ဓါတ်ပုံ-အန်းဝမ်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.