သိန်းချီတဲ့ ဘင်္ဂါလီတွေ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသလဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လို့ တပ်မတော်က နယ်မြေရှင်းလင်းရေးအပြီး မြန်မာနိုင်ငံထဲကနေ ဘင်္ဂါလီတွေ ၅ သိန်းကျော် ထွက်ပြေးကြရာမှာ အကြောင်းရင်းများစွာ ရှိနေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနဲ့ သာယာကုန်းကျေးရွာကြားမှာ တစ်ဘက်နိုင်ငံကိုသွားမယ့် ဘင်္ဂါလီ တစ်သောင်းလောက် ရောက်ရှိလာပြီး အဲဒီလူတွေကို ဒေသအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့တွေ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

တကယ်တော့ အဲဒီဖြစ်ရပ်က ဘာကို ပြသလဲဆိုရင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်တာ ရပ်ဆိုင်းလိုက်ပြီး တစ်လနီးပါးကြာချိန်အထိ၊ နယ်မြေအတွင်း တိုက်ခိုက်မှုတွေ မဖြစ်ပွားတော့ဘဲ ငြိမ်သက်သွားချိန်အထိ၊ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာဝန်ကြီးတစ်ပါး ဒက္ကားမြို့ကို ရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးနေချိန်အထိ ဘင်္ဂါလီတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အလုံးအရင်းနဲ့ ထွက်ခွာနေဆဲ ဖြစ်တာ တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံထဲကနေ ဘင်္ဂါလီတွေ သိန်းနဲ့ချီ ထွက်ပြေးကြရတဲ့ကိစ္စဟာ နိုင်ငံတချို့၊ သတင်းမီဒီယာ တချို့ ပြောဆိုနေကြသလို မြန်မာလုံခြုံရေးအဖွဲ့တွေက သတ်ဖြတ်နေလို့၊ နေအိမ်တွေ မီးရှို့နေလို့ဆိုပြီး အလွယ်ပြောဆိုလို့ မရနိုင်တော့ပါဘူး။ ပြဿနာဟာ ဒီလောက် မရိုးရှင်းပါဘူး။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

ပထမ တစ်ချက်ကတော့ ARSA အကြမ်းဖက်သမားတွေ မြန်မာရဲတပ်ဖွဲ့စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ကိုင်ဆောင်ရွက်ပုံပါ။ တပ်မတော်ဘက်က ထုတ်ပြန်ချက်အရ မေလ ၂၅ ရက်ကနေ ၃၀ ရက်အထိ နယ်မြေရှင်းလင်းရေးကာလ ၅ ရက်တာအတွင်း အကြမ်းဖက်သမား အလောင်း ၃၇၀ ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်ဆင်ရေးကာလအတွင်း တစ်ရက်ကို အကြမ်းဖက်သမား ၇၄ ယောက်လောက် အသေရမိတယ်ဆိုတဲ့ သဘောပါပဲ။ ပြောရရင် အဲလောက် သေပျောက်တဲ့ စစ်ဆင်ရေးဆိုတာ ကြမ်းတမ်းတဲ့ စစ်ဆင်ရေးလို့ ပြောရင် ရနိုင်ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ကြုံရတဲ့ ကျေးရွာတွေက မူဆလင်တွေ ရွာကနေ အသက်လု ထွက်ပြေးကြရတယ်ဆိုရင်တော့ ဒါမှန်ကန်ပါတယ်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ တပ်မတာ်ဟာ စစ်ဆင်ရေးကာလ ၁၁ ရက်လောက်အတွင်း လူဦးရေ ၄-၅ သိန်းနေထိုင်မယ့် ကျေးရွာတွေကို ရှင်းလင်းရေး လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက အတော်နည်းတဲ့ အရေအတွက်လောက်ပဲ တပ်မတော်ရဲ့ စစ်ဆင်ရေးကို ရင်ဆိုင်ရစရာ ရှိပြီး အများစုကြီးကတော့ တပ်မတော်ကို စစ်ဆင်ရေးကာလ မြင်တောင် မြင်ဖူးကြမယ့်ပုံ မပေါ်ပါဘူး။

နောက် စားဝတ်နေရေးအတွက် တောထဲ တောင်ထဲ ဝင်တာ၊ ချောင်းထဲ မြောင်းထဲသွား၊ ပင်လယ်ထဲ သွားတာမျိုးလည်း မလုပ်နိုင်ပါဘူး။ ဒီအတွက် အလုပ်အကိုင်မရှိ၊ စားစရာမရှိ ဆင်းရဲ မွဲတေ ရိက္ခာ ပြတ်လတ် ကုန်ပါတယ်။ အဲလို အခြေအနေမျိုး တစ်ဘက်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ လုံခြုံတယ်၊ ရိက္ခာလည်း ထောက်ပံ့ပေးတယ်၊ ကံကောင်းရင် တတိယနိုင်ငံကိုတောင် သွားခွင့်ရနိုင်တယ်လို့ သတင်းစကားတွေ ရချိန်မှာ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာကြတော့တာပါပဲ။

နောက်ပြဿနာ တစ်ခုက မောင်တောခရိုင်ဘက်က မူဆလင်ရွာသားတွေ ကြောက်လန့်ပြီး ကြိုတင် ထွက်ပြေးကြတာပါ။ သြဂုတ်လ ၂၅ ရက် ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှုကိုကြည့်ရင် နယ်မြေဒေသ ပိုကျယ်ပြန့်တာ တွေ့နိုင်ပါတယ်။ နေရာအနှံ့အပြားမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်တာမို့ ဝင်ရောက်တိုက်ခိုက်တဲ့ လူတွေ ထောင်နဲ့ချီ ပါဝင်သလို အဲဒီလူတွေ နေထိုင်ရာ ကျေးရွာတွေလည်း အရေအတွက်များပါတယ်။

ARSA အကြမ်းဖက်သမားတွေ အပါအဝင် သူတို့နေထိုင်ရာရွာက ရွာသားတွေအားလုံး နားလည်ထားတာက သူတို့တိုက်ခိုက်မှု ပြီးတာနဲ့ တပ်မတော်ရဲ့ တန်ပြန်နှိမ်နင်းမှုလာမယ်၊ လာရင် သူတို့ရွာတွေ မသက်သာဘူး ဆိုတာပါ။ ၂၀၁၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းတွေကို ARSA အဖွဲ့က ဝင်တိုက်ပြီးနောက်ပိုင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းပုံကို သူတို့ သိထားကြပြီ ဖြစ်လို့ပါပဲ။ ဒါကြောင့် ARSA အဖွဲ့ တိုက်ခိုက်မှု လုပ်တဲ့ညမှာပဲ ရွာအတော်များများက ရွာသားတွေ သူတို့ရွာတွေကနေ တစ်ဘက်နိုင်ငံ ထွက်ခွာမယ့်ခရီး စနေကြပြီလို့ မှန်းဆနိုင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်က ARSA အဖွဲ့ရဲ့ ရည်ရွယ်ချက်ပါ။ သူတို့အဖွဲ့ဟာ ရွာသားတွေကို စည်းရုံးပြီး မီးကျိုးမောင်းပျက် သေနတ်တွေ၊ ဓားတွေ၊ လှံတွေ၊ လေးဂွတွေလောက်နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်လို့ မနိုင်ဘူးဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီအတွက် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ရဲစခန်းတွေကို တပြိုင်နက်တည်း တိုက်မယ်၊ ပြီးရင် ထွက်ပြေးမယ်၊ တပြိုင်နက်တည်း မူဆလင်ကျေးရွာသား များနိုင်သမျှ များများ တစ်ဘက်နိုင်ငံကို ထွက်ပြေးကြဖို့ပါပဲ။

တစ်ဖက်နိုင်ငံထဲ ထွက်ပြေးသူ များလာလေလေ၊ ကမ္ဘာက အာရုံစိုက်တဲ့ ပြဿနာကြီး ဖြစ်လေလေ၊ မြန်မာအစိုးရကို ဝိုင်းပြီး ဖိအားပေးလေလေ၊ သူတို့ရည်ရွယ်ချက် အောင်မြင်လေလေဆိုတဲ့ သဘောမျိုး ထားပုံရပါတယ်။ ဒါကြောင့်လည်း တိုက်ခိုက်မှုတွေ မရှိတော့တဲ့ နောက်ပိုင်းကာလအထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်းကနေ ကျန်နေခဲ့တဲ့ ကျေးရွာတွေဆီ၊ ကျေးရွာသားတွေဆီ နည်းနာပေါင်းစုံသုံးပြီး အဲဒီဘက်အခြမ်းမှာ အခြေအနေကောင်းတယ်၊ လာရောက်ပူးပေါင်းကြဖို့ ခေါ်ယူတာ တွေ့နိုင်ပါတယ်။

နောက်ပြဿနာ တစ်ခုက ဆင်းရဲမွဲတေမှုပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခ ပြဿနာ ဖြစ်ပြီဆိုတာနဲ့ အာဏာပိုင်တွေက ညမထွက်ရ အမိန့်ထုတ်ပါတယ်။ ဒါပေမဲ့ မူဆလင်တွေအတွက်ဆို ည မထွက်ရ သက်သက် မကပါဘူး။ နဂိုကတည်းကမှ မြို့နယ်ကျော် သွားလို့မရတဲ့သူတွေဟာ အဲလိုကာလမျိုးဆို တစ်ရွာကနေ တစ်ရွာ သွားဖို့ဝေးလို့၊ ရွာပြင်တောင် မထွက်ရဲကြပါဘူး။ ရွာပြင်ထွက်ရင် မသင်္ကာမှုနဲ့ လုံခြုံရေးနဲ့ အာဏာပိုင်တွေက ဖမ်းဆီးပါလိမ့်မယ်။ အဲလို ဖမ်းဆီးခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိပါတယ်။

နောက် စားဝတ်နေရေးအတွက် တောထဲ တောင်ထဲ ဝင်တာ၊ ချောင်းထဲ မြောင်းထဲသွား၊ ပင်လယ်ထဲ သွားတာမျိုးလည်း မလုပ်နိုင်ပါဘူး။ ဒီအတွက် အလုပ်အကိုင်မရှိ၊ စားစရာမရှိ ဆင်းရဲ မွဲတေ ရိက္ခာ ပြတ်လတ် ကုန်ပါတယ်။ အဲလို အခြေအနေမျိုး တစ်ဘက်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ လုံခြုံတယ်၊ ရိက္ခာလည်း ထောက်ပံ့ပေးတယ်၊ ကံကောင်းရင် တတိယနိုင်ငံကိုတောင် သွားခွင့်ရနိုင်တယ်လို့ သတင်းစကားတွေ ရချိန်မှာ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ခွာကြတော့တာပါပဲ။

နောက်ထပ် ပြဿနာက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်ခြံဝိုင်း၊ ကိုယ့်လယ်ကိုယ့်ယာ၊ ဆိတ်၊ကျွဲနွားတိရစ္ဆာန် အပိုင်နဲ့ နေထိုင်ကြသူတွေပါ။ သူတို့တွေကတော့ ဒီမြေ၊ ဒီရေကို မစွန့်လွှတ်ချင်ကြပါဘူး။ တတ်နိုင်သမျှ ထွက်မပြေးချင်ကြပါဘူး။ ဒါပေမဲ့ သူတို့နေတဲ့ရွာက လူများစု တစ်ဘက်နိုင်ငံကို ထွက်ခွာတော့မယ်ဆိုတဲ့အခါ သူတို့သာ မနေဘဲ ကျန်ခဲ့ရင် လူနည်းစု ဖြစ်မှာမို့ မနေရဲတော့ဘဲ မလိုက်ချင် လိုက်ချင်နဲ့ ကိုယ့်ပိုင်ဆိုင်သမျှ စွန့်လွှတ်ပြီး ထွက်ခွာကြသူတွေပါ။

အဲဒီလို လူတွေလည်း မနည်းပါဘူး။ ဒီလိုနည်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ဘင်္ဂါလီ မူဆလင်တွေ သိန်းနဲ့ချီ ထွက်ပြေးရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မီဒီယာတချို့ စွပ်စွဲကြသလို တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်တာ တစ်ခုတည်းကြောင့် မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.