သမိုင်းမှတ်တိုင်စိုက်ထူလိုက်သော MEGA

ဤကြော်ငြာဆောင်းပါးကို MEGA LIfesciences က စီစဉ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

ဇွန်လ ၉ ရက်နေ့သည် MEGA Lifesciences ကုမ္ပဏီအတွက် နေ့ထူးနေ့မြတ်တစ်ခုဟု ဆိုနိုင်ပါသည်။ ထိုနေ့တွင် ကုမ္ပဏီ၏ ဖြန့်ချိရေးလက်ခွဲဖြစ်သော Maxxcare Ltd က ရန်ကုန်ဖြန့်ချိရေးစင်တာကို ဖွင့်လှစ်လိုက်သည်။ လုံးဝဥဿုံ ခေတ်မီဆန်းပြားလှသော ရန်ကုန်ဖြန့်ချိရေးစင်တာဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာ အစိုးရအရာရှိကြီးများနှင့် ကုမ္ပဏီကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။

ဖြန့်ချိရေးစင်တာဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် MEGA ၏ ၂၃ နှစ်ကြာ ခရီးဝယ် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် စတင်အခြေချခဲ့ သည့် ဆေးဝါးကုမ္ပဏီသည် မြန်မာ့စီးပွားရေးနှင့် လူထုကျန်းမာရေးတွင် အရေးပါသော ကဏ္ဌတစ်ခုကို ထူထောင်နိုင်ခဲ့သည်။

မြန်မာကျပ်ငွေ ၁၈.၈ ဘီလျံအထိ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းများ အလွယ်တကူရရှိစေရေးအတွက် MEGA ၏ ရေရှည်မျှော်မှန်းသောရည်ရွယ်ချက်ကို ထင်ဟပ်လျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ အဓိဌာန်တစ်ရပ်ဖြစ်တဲ့ မြန်မာပြည်သူလူထုထံကို ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းများဖြန့်ဝေရေး အကောင်းဆုံး ဝန်ဆောင်မှုပေးရန် ဟူသောအချက်ကို ဒီဖြန့်ချိရေးစင်တာအသစ်ဖွင့််လှစ်လိုက်ခြင်းဖြင့် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်” ဟု MEGA Lifesciences Group ၏ CEO နှင့် Chief Coach ဖြစ်သူ မစ္စတာ Vivek Dhawan က ပြောကြားခဲ့သည်။

MEGA Lifesciences သည် မြန်မာနိုင်ငံတွင် ဖြန့်ချိရေးလုပ်ငန်းကို ပထမဆုံးတည်ထောင်သော နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံတဝှမ်းရှိ ရုံးခွဲ ၈ ခုတွင် ကုမ္ပဏီဝန်ထမ်းစုစုပေါင်း ၁,၆၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။

၉ မီတာမြင့်ပြီး အဆင့်ခြောက်ဆင့်ပါဝင်သည့် စင်များတပ်ဆင်ထားသည့် သိုလှောင်ရုံ။

၉ မီတာမြင့်ပြီး အဆင့်ခြောက်ဆင့်ပါဝင်သည့် စင်များတပ်ဆင်ထားသည့် သိုလှောင်ရုံ။

ဖြန့်ချိရေးစင်တာဖွင့်လှစ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဆေးဝါးဖြန့်ချိရေးအပိုင်းအား အဆင့်မြှင့်တင် သွားနိုင်ရုံသာမက စားသုံးသူတို့အတွက်လည်း အကျိုးများစွာဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ ရန်ကုန်မြို့၏ မြောက်ပိုင်းတွင်ရှိသည့် ၁၁ ဧက ကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်ထားရာ မြန်မာနိုင်ငံရှိ အကြီးမားဆုံး ကုန်လှောင်ရုံများတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။ ယခုလက်ရှိအချိန်တွင် ကုန်လှောင်ရုံအကျယ်အဝန်းမှာ ၁၂၀,၀၀၀ စတုရန်းပေရှိပြီး နောက်လာမည့် ၅ နှစ်အတွင်း၂၀၀,၀၀၀ စတုရန်းပေအထိ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်သည်။ ဆေးဝါးထုတ်ကုန်များကို လေအေးပေးစက် တပ်ဆင်ထားသော ကုန်လှောင်ရုံများတွင် သိုလှောင်ထားရှိမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးထိုးဆေး (Vaccines), အင်ဆူလင် insulin နှင့် ၂ – ၃ ဒီဂရီ Celsius အကြား တည်ငြိမ်သော အပူချိန်လိုအပ်သောအခြားဆေးဝါးများအတွက် အအေးခန်းများ (Cold Chain Storage Facility) များလည်း တည်ဆောက်ထားရှိမည်ဖြစ်သည်။

အရေးပေါ် မီးသတ်စနစ်။

အရေးပေါ် မီးသတ်စနစ်။

ဖြန့်ချိရေးစင်တာတွင် တစ်နှစ်လျှင် လျှပ်စစ် ၆၀၀,၀၀၀ Kilowatt hours per year ထုတ်လုပ်နိုင်သော နေစွမ်းအင်သုံး 400 – Kilowatt rooftop solar plant ကို အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားရှိမည်ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုခန့်မှန်း ၁၁,၃၄၀ တန်ကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ဟာ စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ အနာဂတ်မှာ ဖွံ့ဖြိုးမှုအခြေအနေကောင်းတွေ ရရှိနိုင်အောင် ဒီအဆောက်အဦးတွေကို သေချာဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပါတယ်” ဟု MEGA Lifesciences Ltd and Maxxcare Ltd နဲ့ ဥက္ကဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Girish Wadhwa က ပြောကြားခဲ့သည်။

ဤကြော်ငြာဆောင်းပါးကို MEGA LIfesciences က စီစဉ် တင်ဆက်ထားခြင်းဖြစ်ပါသည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.