သတင်းထောက်သုံးဦး သီပေါထောင်ပို့၊ မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်

နေပြည်တော်၊ ဇွန် ၂၈

လွန်ခဲ့သောနှစ်ရက်က တပ်မတော်က ဖမ်းဆီးထားသည့် သတင်းထောက်သုံးဦးအား သီပေါထောင်တွင် ထိန်းသိမ်းထားပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကြီးက Frontier ကို အတည်ပြုသည်။

“သူတို့ကို သီပေါထောင်မှာပဲ ထိန်းသိမ်းထားပါတယ်။ သီပေါရဲစခန်းမှာ ၁၇(၁) နဲ့ အမှုဖွင့်ထားပါတယ်။ လောလောဆယ်တော့ ဒီတစ်မှုတည်းပဲ ဖွင့်ထားပါတယ်ခင်ဗျ” ဟု ရဲအုပ်အောင်ကြီးက ဆိုသည်။

အကြမ်းဖက်သောင်းကျန်းသူနှင့် ဆက်သွယ်ပြီး ပြန်လာသည်ဟုဆိုကာ DVB သတင်းအေဂျင်စီမှ နှစ်ဦး၊ ဧရာဝတီသတင်းဌာနမှ တစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ဇွန် ၂၆ ရက်၌ နမ့်ဆန်-သီပေါကားလမ်း တစ်နေရာတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စတင်ဖမ်းဆီးသည့်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ကို လားရှိုးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အပ်နှံ ထားသည်ဟု ပါဝင်သော်လည်း နှစ်ရက်နီးပါးရှိချိန် ဇွန် ၂၈ ရက် ညနေ ၄ နာရီအထိ ထိန်းသိမ်းခံထားရသည့် နေရာကို အတိအကျ မသိရဘဲ ဖြစ်နေခဲ့သေးသည်။

ဖမ်းဆီးခံရသူများထဲတွင် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက်ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်း အေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့ ပါဝင်သည်။

၎င်းတို့သည် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားရာနယ်မြေအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ သတင်းယူရန် သွားရောက်ခြင်းသာဖြစ်သည်ဟု သက်ဆိုင်ရာသတင်းဌာနများက ထုတ်ဖော်ပြောဆိုထား သော်လည်း ၎င်းတို့မှာ ပုဒ်မ ၁၇(၁)ဖြင့် ချုပ်နှောင်ခံနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ သတင်းမီဒီယာ ဥပဒေကို ကိုးကားပြီး သတင်းရယူပိုင်ခွင့်နှင့်ပတ်သက်ခြင်းဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရန် မသင့်ကြောင်း၊ လွှတ်ပေးရန် မေတ္တာရပ်ခံပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ အမှုဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

သတင်းမီဒီယာဥပဒေ အခန်း(၃) ပုဒ်မ (၇) တွင် သတင်းမီဒီယာသမား တစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အပြင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့်သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ် စေရန်၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

သတင်း – ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.