လေးနှစ်ကြာပေမယ့် အဖြေမပေါ်သေးတဲ့ ပုစ္ဆာ

ပြီးခဲ့တဲ့ ၄ နှစ်က ကချင်ကျောင်းဆရာမ ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့အတွက် ဘယ်တော့မှာ လက်လျော့မှာမဟုတ်ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။

ရဲမွန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတစ်ခုမှာ လုပ်အားပေး ဆရာမအဖြစ် လုပ်ကိုင်နေတဲ့ ကချင်အမျိုးသမီးနှစ်ဦး ရက်ရက်စက်စက် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာ လေးနှစ်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျူးလွန်သူတွေကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

အသက် ၂၀ အရွယ် မရန်လုရာနဲ့ အသက် ၂၁ နှစ်အရွယ် တန်ဘောင်ခေါန်နန်စင်တို့ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ လုပ်အားပေးဆရာမတွေအဖြစ်နဲ့ ကောင်းခါးကျေးရွာမှာ ကလေးငယ်တွေကို ပညာသင်ကြားပေးနေကြတာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ဒေသတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပညာသင်ယူဖို့ အခက်အခဲဖြစ်နေကြသူတွေပါ။

ဒဏ်ရာတွေနဲ့ သေဆုံးနေကြတဲ့သူတို့ရဲ့ အဝတ်မဲ့ကိုယ်ခန္ဓာတွေကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက်အစောပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ ညဘက်က အော်သံတွေ ကြားရတယ်လို့ ရွာသူရွာသားတွေက ပြောကြားကြပြီးနောက် အဲလို တွေ့ရှိတာဖြစ်ပါတယ်။

ရဲတစ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေက တိုးတက်မှုမရှိပေမယ့် အမှန်တရားကို ဖော်ထုတ်ဖို့အတွက် KBC က စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပါတယ်။

ကျေးရွာဒေသခံတွေနဲ့ ကချင်နှစ်ခြင်းအသိုင်းအဝိုင်းကတော့ ဒီအမျိုးသမီးနှစ်ဦးကို အစိုးရစစ်တပ် တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာဖြစ်လိမ့်မယ်လို့ အမြဲသံသယရှိနေကြပါတယ်။

တပ်မတော် အမှတ် ၅၀၃ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အမှုမဖြစ်မီ နှစ်ရက်လောက်အလိုက  ကောင်းခါးကျေးရွာကနေ မီတာ ၁၀၀ လောက် ဝေးတဲ့နေရာမှာ ခေတ္တစခန်းချခဲ့ကြပါတယ်။ စစ်တပ်သုံး ခါးပတ်နဲ့ ဖိနပ်ရာတွေကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပါတယ်။ 

“အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ အဲဒါက အာဏာပိုင်တွေအပေါ်ပဲ မူတည်တယ်” ဟု KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ခလမ်ဆမ်ဆွန်က Frontier ကို ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောပါတယ်။

ဒီပြစ်မှုကို ကျေးရွာမှာ နေထိုင်တဲ့ လင်မယားက ကျူးလွန်ခဲ့တာလို့ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့က သံသယရှိတယ်လို့ KBC က ပြောပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ထိန်းချုပ်ထားတဲ့နယ်မြေထဲ ထွက်ပြေးသွားတဲ့အတွက် ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။

အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှန်တရားကို ဖော်ထုတ်လိုတယ်လို့တော့ ပြောကြားခဲ့ပေမယ့် တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးပြောကြားခဲ့ကြောင်း ခလမ်ဆမ်ဆွန်က ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံစဉ်မှာလည်း အမှုအကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသေးတယ်။ အဲဒီသတ်ဖြတ်မှုအတွက် ကေအိုင်အိုရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) မှာ တာဝန်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီဆွေးနွေးပွဲမှာ စွပ်စွဲခဲ့ပါတယ်။

အမှုမှာ တပ်မတော်သားတွေ ပါဝင်ခဲ့တယ်လို့ သံသယရှိပေမယ့် DNA စစ်ဆေးမှုတွေအရ တပ်မတော်သားတွေ မဟုတ်ဘူးဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ သတင်းစာဆရာတစ်ဦးဖြစ်သူနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဟောင်း ဦးသီဟစောက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ဆရာမနှစ်ဦး အသတ်ခံမှု နှစ်နှစ်ပြည့်အခမ်းအနားကို  တက်ရောက်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကတော့ အမှုနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖော်ထုတ်ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

အမှုဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်အကြာမှာတော့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေထံ ကျပ်သိန်း ၅၀ စီကို ရွာအနီးမှာ စခန်းချနေတဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေက ပေးအပ်ခဲ့တဲ့အချိန်မှာတော့ အမှုမှာ စစ်သားတွေ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ သံသယတွေ ပိုပြီး ပျံ့နှံ့လာပါတယ်။

တပ်မတော်က ယာယီစခန်းချထားတဲ့ ကျေးရွာတစ်ခုကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေ ချဉ်းကပ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။ ကေအိုင်အေအနေနဲ့ ရွာသူရွာသားတွေ သူတို့ကို ဖဲကြဉ်သွားစေမှာမျိုးကို လုပ်ဖို့အလားအလာမရှိဘူးလို့လည်း သူက ပြောပါတယ်။

“အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားတွေရဲ့ ထောက်ခံမှုကို လိုလားနေခဲ့ကြတာ။ အဲဒါကြောင့် ကေအိုင်အေမှာ တာဝန်ရှိလိမ့်မယ်လို့ မထင်ဘူး” လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

အရပ်သားအစိုးရ အာဏာရလာပေမယ့် အမှုကိုကျူးလွန်သူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်နိုင်ဖို့အတွက် ကချင်လူထုမှာ မျှော်လင့်ချက်တွေ ဆုံးရှုံးနေပြီလို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

သတ်ဖြတ်ခံရမှု လေးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို KBC က ကောင်းခါးကျေးရွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဝမ်းနည်းဖွယ်နှစ်ပတ်လည်နေ့အတွက် အထိမ်းအမှတ်အဖြစ် တရားမျှတမှုကို တောင်းဆိုဖို့ ကချင်လူငယ်အုပ်စုတွေကလည်း စီစဉ်ခဲ့ကြပါတယ်။

ကချင်လူထုအနေနဲ့ အမှုကို ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ဘဲ အာဏာပိုင်တွေအနေနဲ့လည်း လူသတ်ကောင်တွေကို ရှာဖွေဖို့ ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

“တရားမျှတမှုအတွက် ဒီနှစ်မှာ ပိုပြီးလုပ်ဆောင်သွားမယ်” လို့ သူက ပြောပါတယ်။

လေးနှစ်ကြာမြင့်နေပြီဖြစ်တဲ့အမှုကို စုံစမ်းစစ်ဆေးမှုမှာ တိုးတက်မှု တစ်စုံတစ်ရာရှိမရှိနဲ့ ပတ်သက်ပြီး မူဆယ်မြို့နယ် ရဲစခန်းကို မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းမရှိပါဘူး။

ခေါင်းစီးဓာတ်ပုံ- ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားတွင် သေဆုံးသူ ကချင် လုပ်အားပေးဆရာမနှစ်ဦး၏ ဆွေမျိုးများအား တွေ့ရစဉ်။ ယခုနှစ်တွင်လည်း အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.