လူ့အခွင့်အရေးအတွက် မင်တစ်စက်

လူ့အခွင့်အရေး ကြေညာစာတမ်းပါ အင်္ဂလိပ် အက္ခရာလေးတွေကို အရေပြားပေါ်မှာ တက်တူးထိုးပေးတဲ့ ပရောဂျက်အတွက် ဒက်(ချ်)တက်တူးပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်လာခဲ့ကြပါတယ်

သတင်းနှင့် ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

တက်တူးထိုးစက် တချက်ချက် မြည်သံနဲ့အတူ တခါတရံမှာ သွေးစက်လေးတွေလည်း စို့လာပါတယ်။ ဝမ်းသာအားရ စကားပြောသံတွေကိုလည်း ဒတ်(ချ်) တက်တူးအနုပညာရှင် ဆန်ဒါဗန်ဘတ်စ်ဆဲလ်ရဲ့ ဘေးပတ်လည်မှာ ကြားနေရပါတယ်။ သူကတော့ Pansodan Scene ပြခန်းရဲ့ အလယ်မှာ ထိုင်နေပါတယ်။

လူ့အခွင့်အရေး တက်တူး (Human Rights Tattoo) ဆိုတဲ့ ပရောဂျက်ကို လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်နဲ့အတူ ပါဝင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒီပရောဂျက်က ရန်ကုန်မြို့လယ်မှာရှိတဲ့ ပြခန်းကို လာပြီးတော့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါဝင်တဲ့ အက္ခရာလေးတွေကို သူတို့ရဲ့ အရေပြားပေါ်မှာ တက်တူးထိုးကြဖို့ လူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

 “သင့်အရေပြားပေါ်က တစ်စင်တီမိတာ ပတ်လည်လောက်ကို လူ့အခွင့်အရေးအတွက် မပေးချင်ဘူးလားလို့” လို့ နံရံမှာ ကပ်ထားတဲ့ ပရောဂျက်ဆောင်ပုဒ်ကို ကိုးကားပြီး ဗန်ဘတ်စ်ဆဲလ်က ပြောပါတယ်။

သူ့ရဲ့အဖွဲ့ဝင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စတီဗင်ညာဂါ့တစ်ယောက် နိုင်ရိုဘီမှာ အသတ်ခံရပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ သူက ဒီပရောဂျက်ကို စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗန်ဘတ်စ်ဆဲလ်နဲ့ သူ့တက်တူးပရောဂျက်အဖွဲ့ဟာ နိုင်ငံပေါင်းများစွာကို လှည့်လှည်သွားလာ ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အာရှမှာ သူတို့ ပထမဆုံးလာရောက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုလာရောက်ခွင့်ရရှိခဲ့တာက အိပ်မက်ပဲလို့ ပရောဂျက်ရဲ့ သတင်းပြန်ကြားရေးမန်နေဂျာ မစ္စနီကီဗန်ရော့ဂျ်က ပြောပါတယ်။

“ကျွန်မတို့ ပရဂ်မြို့က ပွဲတော်တစ်ခုမှာ ဒီရုပ်ရှင်ပွဲတော်က ဒါရိုက်တာနဲ့ တွေ့ခဲ့ပါတယ်။ သူက ကျွန်မတို့ကို ဖိတ်ခေါ်ချင်တယ်ဆိုတာကို ပြောပါတယ်” လို့ သူကပြောပါတယ်။ “ဒါက အစပဲလေ။”

A woman at the Human Rights Tattoo event in Yangon's Pansodan Scene gallery. (Victoria Milko / Frontier)

A woman at the Human Rights Tattoo event in Yangon’s Pansodan Scene gallery. (Victoria Milko / Frontier)

ဇွန် ၁၈ နဲ့ ၁၉ ရက်တွေက ပြုလုပ်တဲ့ ဒီပွဲမှာ အရင်လာရောက်သူ ၁၂၀ ဦးကို တက်တူးတွေ ထိုးပေးခဲ့ပါတယ်။ တက်တူးအထိုးခံသူတွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့  ဘယ်နေရာမှာ တက်တူးအထိုးခံချင်တယ်ဆိုတာ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် စာလုံးပုံစံကတော့ အကန့်အသတ်ရှိပါတယ်။ ဒါကိုတော့ တမင်သက်သက် ဒီလိုဖြစ်အောင် ဆုံးဖြတ်ထားကြတာလို့ ဗန်ဘတ်စ်ဆဲလ်ကပြောပါတယ်။

“အရမ်းကို အနုပညာမြောက်တာမျိုးလဲ မဖြစ်စေချင်ဘူး” လို့ သူက Frontier ကို ပြောပါတယ်။ “ကျွန်တော်တို့က ဒါကို လွယ်လွယ်ကူကူ ဖတ်လို့ရတာမျိုး၊ ကြေညာစာတမ်းလိုပဲ အများနဲ့ သက်ဆိုင်တာမျိုး ဖြစ်စေချင်တယ်” လို့ သူကပြောပါတယ်။

အခန်းထဲက စင်မြင့်ပေါ်မှာတော့ တက်တူးအနုပညာရှင်တွေဖြစ်တဲ့ ကိုအောင်၊ ကကြီးနဲ့ Hledan Ink Tattoo က ကိုမှန်ကြီးတို့ ထိုင်နေကြပါတယ်။ တက်တူးအထိုးခံဖို့ လက်မောင်းတွေ ဆန့်တန်းပြီး စောင့်ဆိုင်းနေကြသူတွေကို သူတို့က တက်တူးထိုးပေးနေကြပါတယ်။

“သူတို့ ထိုးပေးနေတာ အရမ်းမြန်တာပဲ။ လူတွေအများကြီးကို တက်တူး ထိုးပေးနေကြတာ” လို့ ဗန်ရော့ဂျ်ကပြောပါတယ်။ “သူတို့နဲ့ အလုပ်တွဲလုပ်ရတာ ကျွန်မတို့ အတော်ပျော်ရွှင်မိပါတယ်” လို့ သူကပြောပါတယ်။

တက်တူးက သူတို့အတွက် ဘယ်လိုအဓိပ္ဗါယ်ဆောင်သလဲဆိုတာကို တက်တူးထိုးလိုသူတွေအနေနဲ့ ကတ်ပေါ်မှာ ဖြည့်စွက်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ တုံ့ပြန်ချက်တွေကို အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားမှာ ဖြစ်ပါတယ်။

ရူပါမိုမိုကတော့ သူအတွက် “e” ဆိုတဲ့ စာလုံးလေးကို ရွေးချယ်ခဲ့ခြင်းက ရိုးရှင်းပါတယ်လို့ဆိုပါတယ်။

“တက်တူးထိုးရတာ သဘောကျတယ်လေ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုယ်စားပြုတဲ့ တစ်ခုခု လိုချင်နေတယ်။ ဒီစာလုံးလေးက ဒါကို ကိုယ်စားပြုနေတာပဲ” လို့ သူကပြောပါတယ်။

Victoria Milko / Frontier

ဗန်ရော့ဂျ်ကတော့ စားပွဲမှာ ထိုင်ရင်း တက်တူးထိုးနေကြသူတွေ၊ တက်တူးထိုးဖို့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက စာလုံး ရွေးချယ်နေကြသူတွေ၊ မိမိကိုယ်မိမိ ဓာတ်ပုံရိုက်ကူးနေကြသူတွေနဲ့ ပြည့်နေတဲ့ အခန်းကို ကြည့်နေပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက် သူတို့အကြောင်းတွေကို ပြောကြားနေကြပါတယ်။ ဒီတက်တူးတွေဟာ သူတို့အတွက်သာမက သူတို့ သူငယ်ချင်တွေ၊ သူတို့ တွေ့ဆုံခဲ့တဲ့ လူတွေအတွက် ကိုယ်ပိုင်သင်္ကေတလေးတွေ ဖြစ်ပါတယ်။ သူတို့အမှန်တကယ် ယုံကြည်နေတာကို ကိုယ်စားပြုနေပါတယ်” လို့ သူကပြောပါတယ်။

လူ့အခွင့်အရေးကြေညာစာတမ်းမှာ အက္ခရာပေါင်း ၆၇၇၃ ခု ပါဝင်ပါတယ်။ Human Rights Tattoo အဖွဲ့က လူပေါင်း ၂၉၅၉ ဦးကို တက်တူး ထိုးပေးခဲ့ပါတယ်။

ထိုးပြီးသား တက်တူးတွေရဲ့ပုံတွေကို Human Rights Tattoo ရဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.