လူ့အခွင့်အရေးအစီရင်ခံစာက တရားမျှတမှုနှင့် ကုစားမှုကို လုပ်ဆောင်နိုင်ရန်လမ်းပြပေး

နှစ်ပေါင်း ၅၀ နီးပါး ကြာရှည်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာသည် မတရား နှိပ်စက်ညှင်းပန်းမှုများကို မှတ်တမ်းတင်ရန်နှင့် နာကျင်ခံစားခံရသူများအတွက် တရားမျှတမှုကို ရှာဖွေရန် ပထမ ခြေလှမ်းပင်ဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုခဲ့ကြသည်။

“ဥပက္ခာမပြုကောင်းသော ဘဝများ” ဟူသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ (၁၉၇ဝ-၂ဝ၁၇)အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ခံခဲ့ကြရသူများက တရားမျှတမှုရရှိရန် လိုလားသော ၎င်းတို့၏ ဆန္ဒကို ဖော်ပြရေးသားထားသည်။ ထိုအစီရင်ခံစာကို မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းတင်ရေး ကွန်ယက် (ND-Burma) နှင့် ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့တို့က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဤအစီရင်ခံစာသည် သားကောင်ဖြစ်ခဲ့ရသူများ၏ ဒုက္ခခံစားခဲ့ရမှုများကို အသိအမှတ်ပြုခြင်းအပါအဝင် လူ့အခွင့်အရေး အလွဲသုံးစားပြုခဲ့မှုများအတွက် အစိုးရက ဦးဆောင်သော နစ်နာကြေးပေးရေး အစီအစဉ်တစ်ခု ထူထောင်ရန် အစပျိုးလှုပ်ရှားမှုတစ်ခု ဖြစ်လိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ထားသည်။

တိုင်းနှင့်ပြည်နယ် (၁၁) ခုတို့တွင် ပြီးခဲ့သည့် ၄၇ နှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု (၁၁၁)မှုကို စစ်ဆေးမှတ်တမ်းတင်ထားသည့် ၉၄ မျက်နှာပါ အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ခံခဲ့ကြရသော သားကောင်များ၏ ဒုက္ခကို သုံးသပ်မှုပြုလုပ်ရန် လိုအပ်ကြောင်း ပထမဆုံးတင်ပြသည့် အစီရင်ခံစာပင်ဖြစ်သည်ဟု ND-Burma and its Reparations Working Group ကပြောကြားသည်။

အောက်တိုဘာ ၁၆ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပွဲတွင် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးက အခြားနိုင်ငံများတွင် လူ့အခွင့်အရေးချိုးဖောက်ခံ သားကောင်များအား ထောက်ပံ့ပေးသော ဥပဒေများဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မြင့်မားအောင်ပြုလုပ်နိုင်ခဲ့ပုံကို ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာတော့ ဖြစ်ခဲ့ပြီးသမျှတွေကို အသိအမှတ်ပြုတာလောက်တော့ အနည်းဆုံး လုပ်ပေးသင့်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ဤအစီရင်ခံစာကို ND-Burma စတင်တည်ထောင်ခဲ့ပြီး ၁၄ နှစ်အကြာတွင်မှ ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်သည်။ ND-Burma အဖွဲ့ကို မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့ပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုများ တရားမျှတမှုကို ရှာဖွေနိုင်ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် တက်ကြွလှုပ်ရှားသူများက ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ အမျိုးသမီးများနှင့် ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် အဖွဲ့ဝင် ၁၃ ဦးပါဝင်သော ND-Burma အဖွဲ့သည် ၂ဝ၁၅ ခုနှစ်တွင် ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့ (Repatations Working Group) ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံ သားကောင်များအား ၎င်းတို့၏ဘဝ ပြန်လည်တည်ထောင်ရေးတွင် အကူအညီပေးရေးအတွက် ထောက်ခံလုပ်ဆောင်ကြရန် ဖြစ်သည်။ ထိုအဖွဲ့တွင် ND-Burma အဖွဲ့ဝင်အားလုံးအပြင် အဖိနှိပ်ခံသားကောင်များအတွက် တရားမျှတမှုရှာဖွေသော အခြား အရပ်ဖက်လူ့အဖွဲ့အစည်းများလည်း ပါဝင်ကြသည်။

အစီရင်ခံစာတွင်ပါဝင်သော ဖြစ်စဉ်ပေါင်း ၁၁၁ ခုတွင် ၈၅ ခုမှာ လက်နက်ကိုင်ပဋိပက္ခ၏ သားကောင်မြေစာပင်များ ဖြစ်ကြသည်။ ၁၃ ခုမှာ မြေအသိမ်းခံကြရသူများဖြစ်ပြီး၊ ကျန် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည်။ ဖြစ်စဉ် ၉၅ ခု (၈၅ ရာခိုင်နှုန်း)တွင် ကျူးလွန်သူမှာ တပ်မတော်နှင့် အခြား အစိုးရလုံခြုံရေးတပ်ဖွဲ့များဖြစ်သည်။ ၁၃ ခုတွင် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများ ပါဝင်ပြီး၊ ကျန်ဖြစ်စဉ်များတွင် ကျူးလွန်သူ မည်သူမှန်း မသိကြရပေ။

ဖြစ်စဉ်အားလုံးနီးပါးတွင် ခံရသူ သားကောင်များမှာ ရုပ်ပိုင်း (သို့) စိတ်ပိုင်း (သို့) လူမှုရေးပိုင်း (သို့) စီးပွားရေး ထိုလေးမျိုးစလုံးတွင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရသည်ဟု ပြောပြကြသည်။ ထိုဆိုးကျိုးများ သက်သာ လျော့ပါးစေရေးအတွက် အစိုးရကသော်လည်းကောင်း၊ ကျူးလွန်ခဲ့ကြသူများကသော်လည်းကောင်း ပုံစံတစ်မျိုးမျိုးဖြင့် လုပ်ဆောင်ပေးရန် လွန်စွာ လိုလားတောင့်တလျက်ရှိကြသည်။ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ဒဏ်ကို တိုင်းရင်းသား လူမျိုးစုဒေသများ၌ ခံစားနေကြရပုံကို ထိုင်းနိုင်ငံအခြေစိုက် ‘ကချင်အမျိုးသမီးများအဖွဲ့’ အတွင်းရေးမှူးဖြစ်သူ ဆန်ထွယ်က အစီရင်ခံစာထုတ်ပြန်ပွဲတွင် ပြောကြားခဲ့သည်။ ဆင်းရဲဒုက္ခခံစားနေကြရသူများမှာ အစိုးရ၏ အကူအညီမရသလောက်ပင် ရှိနေသောကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြရကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးလိုကိစ္စများတွင် အစိုးရအနေနှင့် လုပ်ပေးနိုင်သည်များရှိကြောင်း ဆန်ထွယ်က ပြောကြားသည်။

တရားမျှတမှုရှိရေးအတွက် အားလုံးက အတောင့်တဆုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပွားမလာအောင် အဖွဲ့အစည်း ထုံးတမ်းစဉ်လာများ ပြောင်းလဲရန်ပင်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခံစားခဲ့ကြရသူ သားကောင်များအနေနှင့် စိတ်သက်သာရာရစေရေးအတွက် တရားမျှတမှုဆောင်ကြဉ်းပေးရန်လည်းကောင်း၊ နစ်နာကြေးများ၊ သိမ်းဆည်းခံမြေများ၊ ပစ္စည်းများ မှားယွင်းဖမ်းဆီးခံရသော ဆွေမျိုးသားချင်းများအား ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးများပေးရန် တောင်းဆိုကြသည်။

များစွာသော ဒုက္ခခံစားခဲ့ကြသူရသူများက တရားမျှတမှုကို ရလိုကြပါသော်လည်း လက်ရှိ ဥပဒေစနစ်အောက်တွင် ရနိုင်လိမ့်မည်ဟု ယုံကြည်မှု သိပ်မရှိကြပါဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော် ကာလတလျှောက် ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို ပထမဆုံးမြင်တွေ့လာရချိန်တွင် တရားမျှတမှုရရှိရေးအတွက် အချိန်တန်ပြီဟု အစီရင်ခံစာက ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှု တပြုံတခေါင်းမှ ခေါင်းထောင်လာလာကာစ နိုင်ငံတစ်ခု၊ ထိုလူ့အခွင့်အရေး ချိုးဖောက်မှုများကို စတင်ဖြေရှင်းရန် ကြိုးစားနေရချိန်တွင် စပ်ကူးမတ်ကူး တရားမျှတမှုအကြောင်း ပြောဆိုကြရာ၌ ယခုချိန်အထိ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများကသာ ပြောဆိုမှုများရှိနေသေးသည်။ ခံစားခဲ့ကြရသူ သားကောင်များ နစ်နာ ဆုံးရှုံးခဲ့ရသည်ကို ပြန်လည်ပြုပြင်ပေးလျော်ရေးကို လူ့မလိုင်အလွှာ အထက်ပိုင်းက လူသိရှင်ကြား ပြောဆိုဆွေးနွေးမှု မပြုလုပ်လိုကြချေ။

“စပ်ကူးမတ်ကူး တရားမျှတမှုဆိုသည်မှာ ‘လက်စားချေရေး’ မဟုတ်ပါ။ လူအများ လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ကြရသည်၊ သူတို့ကို ပြန်လည်ပေးဆပ်သင့်သည် ဆိုသည့်အချက်ကို အသိအမှတ်ပြုရန်ပင်ဖြစ်သည်။ ဖြစ်ပျက်ခဲ့သည့် အဖြစ်မှန်များကို အတည်ပြု လက်ခံထားရှိခြင်း၊ ထိုအရာမျိုးနောက်ထပ် ဘယ်တော့မှ မဖြစ်နိုင်အောင် နိုင်ငံအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းသာဖြစ်သည်။ ဥပဒေစိုးမိုးမှု ရိုသေလေးစားခြင်းနှင့် တရားမျှတမှုကို လူတိုင်းလက်လှမ်းမီစေခြင်းပင်ဖြစ်သည်။ ပြန်လည်ရင်ကြားစေ့မှု ထာဝရငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ရန် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးရန်ပင်ဖြစ်သည်” ဟု အစီရင်စာက ပြောကြားထားသည်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက်နေခဲ့ရမှုနှင့် ပြည်တွင်းစစ်တို့ကြောင့် လူ့အခွင့်အရေးနှင့် လူ့အဖွဲ့အစည်းအတွင်း အခြေခံလွတ်လပ်ခွင့်တို့ကို နားလည်မှု အားနည်းခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူအများမှာ ဆယ်စုနှစ်ပေါင်းများစွာ၊ တခါတရံ တစ်ဘဝလုံးပင် ဖိနှိပ်မှုအောက်တွင် ကြီးပြင်းနေထိုင်ခဲ့ရသည်ဖြစ်ရာ ခံစားခဲ့ရသူ သားကောင်များမှာ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြောစရာစကားလုံးပင် မသိရှိကြတော့ချေ။

“ကျွန်တော်တို့အလုပ်က လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ သူတွေ၊ သူတို့ဘဝတွေ ပြန်လည်ထူထောင်ဖို့ ဘယ်လိုအ ကူအညီတွေလိုအပ်နေတယ်ဆိုတာတွေ ပြောရဲဆိုရဲရှိလာအောင် အကူအညီပေးဖို့ ရည်ရွယ်ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

နစ်နာသူများ၏ တရားမျှတမှုရှိရေး တောင်းဆိုချက်များမှာ မျှတမှုရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ဤအချက်ကို အခွင့်ကောင်းယူ၍ အစစ်အမှန်တစ်နိုင်ငံလုံး ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ရန် အစိုးရအားတိုက်တွန်းလိုက်သည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်ဖြစ်ရန်မှာ စနစ်တကျဖြစ်ရန်လိုကြောင်း၊ ယခုအချိန်အထိ စစ်တပ်နှင့် လူထုကြား ပြန်လည်သင့်မြတ်မှု မရရှိသေးကြောင်း” နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်၏ ပြောစကားကို အစီရင်ခံစာက ကိုးကားဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူ သားကောင်များမှာ ၎င်းတို့ခံစားခဲ့ရသော ဒုက္ခဝေဒနာများအတွက် တရားမျှတမှုကို ရရှိသင့်ပါသည်ဟု အစီရင်ခံစာက ဆိုသည်။

လက်ရှိဖြစ်ပျက်နေဆဲဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရေးအတွက် ဥပဒေစိုးမိုးမှုကို လေးစားရန် လိုအပ်သည်။ တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲ၍ ပြစ်မှုကျူးလွန်သူများ အပြစ်ဒဏ်မခံရဘဲ ကင်းလွတ်နေမှုကို အဆုံးသတ်ရမည်ဟု ဆိုသည်။

သို့ရာတွင် ခံရသူသားကောင်များ၏ လောလောဆယ် လိုအပ်ချက်များကို ဖြေရှင်းပေးရန်အစိုးရတွင် တာဝန်ရှိနေသည်။ ဤအစီရင်ခံစာပါတွေ့ရှိချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ၁၄ နှစ်ကြာ လေ့လာစောင့်ကြည့် မှတ်တမ်းတင်ခဲ့သော အတွေ့အကြုံများအရ ချိုးဖောက်ခံရသူ သားကောင်များ မိသားစုများ၏ ဘဝပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးရန် ကျယ်ပြန့်သော အစီအစဉ်တစ်ရပ်ရှိရန် လိုအပ်လျက်ရှိပြီး စစ်မှန်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအစီအစဉ် လိုအပ်နေပြီဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစုအပြုံလိုက် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုများရှိခဲ့ကြောင်း အသိအမှတ်ပြုပြီး ခံခဲ့ရသူသားကောင်များအတွက် ပြန်လည်ထူထောင်ရေးကို အစိုးရအစီအစဉ်တစ်ရပ် ပါဝင်မည့် ဥပဒေတစ်ခုပြဋ္ဌာန်းပေးရန် အစီရင်ခံစာက တိုက်တွန်းသည်။ ပြင်ဆင်ကုစားရေး၊ နစ်နာကြေးပေးရေး ပြဿနာများကို ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးရန်၊ ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းခံရသူများသာမက လူ့အခွင့်အရေးချိုးဖောက်ခံရသူအားလုံး ပါဝင်အောင် ဆွေးနွေးမှုကို ကျယ်ပြန့်စွာပြုလုပ်ရန် အစီရင်ခံစာက ထောက်ခံတိုက်တွန်းထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည်ဟု စွပ်စွဲမှုများရှိနေသော ဒေသများဆီသို့ သတင်းမီဒီယာများ၊ လူ့အခွင့်အရေး စောင့်ကြည့်သူများနှင့် လူသားချင်း စာနာသောအကူအညီများကို အဟန့်အတားမရှိ သွားနိုင်ခွင့်ပေးရန်နှင့် ချိုးဖောက်သူများကို စောင့်ကြည့်မှတ်တမ်းတင်နေသော ကွင်းဆင်းအလုပ်သမားများအား တားဆီးနှောင့်ယှက်ခြင်း၊ စောင့်ကြည့်ခြင်းတို့ အဆုံးသတ်ရန်တို့ကို အစီရင်ခံစာက ထောက်ခံတင်ပြထားသည်။

နိုင်ငံတကာလူ့အခွင့်အရေးစံညွှန်းနှင့် ကိုက်ညီသော စစ်ဖက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ အသုံးပြုရန်နှင့် ကျူးလွန်သော စစ်သားများအား စစ်ဖက်ခုံရုံးတွင် မစစ်ဆေးဘဲ၊ အရပ်ဖက်ဆိုင်ရာခုံရုံးတွင် စစ်ဆေးအပြစ်ပေးရန် အစီရင်ခံစာက တင်ပြထားသည်။

အရင်စစ်အစိုးရအဖွဲ့ဝင်များအား လွတ်ငြိမ်းချမ်းသာခွင့်ပေးထားသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၄၄၅ ကို ပယ်ဖျက်ရန်လည်း အစီရင်ခံစာက ထောက်ခံတင်ပြထားသည်။

နှိပ်စက်ညှင်းပန်းမှုကို ဆန့်ကျင်သော သဘောတူညီချက်နှင့် အရပ်ဖက်နှင့် နိုင်ငံရေးရပိုင်ခွင့်ဆိုင်ရာ နိုင်ငံတက ာသဘောတူညီချက်ကို လက်မှတ်ထိုးရန် အစိုးရအား တိုက်တွန်းထားသည်။

မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစစ်အမှန်လွတ်လပ်ပြီး ထိရောက်လာစေရန်အတွက် ပြုပြင်နိုင်စေရန် အလို့ငှာ ပဲရစ်အခြေခံ မူဝါဒများနှင့်အညီ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်း ဥပဒေကို ပြင်ဆင်ရန်ကိုလည်း အစီရင်ခံစာက ထောက်ခံအကြံပြုထားသည်။

တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကို ထင်ဟပ်ပြီး ကျူးလွန်ခဲ့သော မတရားမှုများ ပါဝင်စေနိုင်ရန် တိုင်းရင်းသားများနှင့် ညှိနှိုင်းတိုင်ပင်၍ ကျောင်းသုံးစာအုပ်များကို ပြင်ဆင်ပြဋ္ဌာန်းရန် အကြံပြုသည့် အစီရင်ခံစာတွင် ‘ဆရာဝန်၊ စာရေးဆရာ၊ တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မသီတာ (စမ်းချောင်း)’၏ ပြောစကားကို ထုတ်နှုတ် ထည့်သွင်းဖော်ပြထားသည်။

“အရေးကြီးဆုံးကတော့ လူတွေရဲ့ နာကျင်ခံစားရမှု ဝေဒနာတွေကို အသိအမှတ်ပြုဖို့ပါပဲ၊ အနာမသိရင် ဘယ်လိုလုပ် ဆေးရှိနိုင်မှာလဲ။”

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.