လုပ်ခကို အရင်မြှင့်မလား၊ ထုတ်လုပ်မှုကို နောက်မှမြှင့်မလား

အနိမ့်ဆုံးလစာတိုးပေးရန် အမျိုးသားအနိမ့်ဆုံးလစာ သတ်မှတ်ရေးကော်မတီ၏ ဇန်နဝါရီ ၂ ရက် ဆုံးဖြတ်ချက်ကို အများစု၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းကဏ္ဍက ဘဝင်မကျခဲ့ပေ။

အင်ဒရူး သွမ်မဆင် ရေးသားသည်။

အနိမ့်ဆုံး နေ့တွက်လုပ်ခသစ် ကျပ် ၄,၈၀၀သည် အထူးသဖြင့် စက်ရုံများတည်ရှိရာ မြို့ပြဒေသများတွင် တစစမြင့်တက်နေသော လူနေမှုစရိတ်ကို ကာမိမည်မဟုတ်ဟု အလုပ်သမားသမဂ္ဂ အရာရှိများက ယုံကြည်ကာ လုပ်ခကို ကျပ် ၅,၆၀၀ မှ ၆,၆၀၀ အထိ တိုးပေးရန် တိုက်တွန်းခဲ့သည်။

သို့ရာတွင် မြေတန်ဖိုးမြင့်မားမှု၊ လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှုနှင့် လုပ်အား၏ ထုတ်လုပ်မှုစွမ်းအား ကျဆင်းမှုစသည့် အခြားစိန်ခေါ်မှုများကို သူတို့လည်း ရင်ဆိုင်နေရသည့်အတွက် တိုးပေးသောလစာမှာ များလွန်းကြောင်း အလုပ်ရှင်များက တုံ့ပြန်ပြောကြားသည်။

လုပ်သားအင်အား အမြောက်အမြားဖြင့် လုပ်ဆောင်နေရသော လက်ခစား အထည်ချုပ်လုပ်ငန်းတွင် နိမ့်ကျသောလုပ်ခသည် ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အား ဖြစ်နေသည့်အတွက် လုပ်ခတိုးပေးရခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထိခိုက်စေနိုင်သည်။

လုပ်ခ ၂၅ ရာခိုင်နှုန်း တိုးပေးသည့်အတွက် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထိခိုက်ကျဆင်းမှုရှိ မရှိမှာ နောင်လာမည့် နှစ်အနည်းငယ်အတွင်း သိလာမည်ဖြစ်သည်။ ယင်းအခြေအနေမှာ လုပ်သားအင်အားစု၏ ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးတက်မှုသည် လစာတိုးမြှင်ပေးမှုနှင့်အညီ လိုက်ပါတိုးတက်မှုရှိ မရှိ ဆိုသည့်အပေါ် များစွာမူတည်နေသည်။

အထည်ချုပ်လုပ်ငန်း အကြီးအကျယ် ဆောင်ရွက်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်သားများအား လုပ်ခအနည်းဆုံးပေးရာ မြန်မာနိုင်ငံသည် ဒေသတွင်း၌ ဒုတိယအနည်းဆံုံး နေရာတွင်ရှိသည်။ မြန်မာနိုင်ငံ၌ လုပ်ခအနည်းငယ် နိမ့်ကျသော်လည်း မြန်မာနိုင်ငံအတွင်းသို့ လက်ခစား အထည်ချုပ်လုပ်ငန်းများ နည်းနည်းချင်းသာ ဝင်လာသည့် အဓိကအကြောင်းရင်းမှာ မြန်မာလုပ်သားများ၏ ကုန်ထုတ်လုပ်မှုစွမ်းရည် နိမ့်ကျမှုဖြစ်သည်။မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်မှာ ဒေသတွင်းရှှိ အခြားဒေသအားလုံးထက် အတော်နိမ့်ကျလျက်ရှိကြောင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုစင်တာ၏ ၂၀၁၇ ခုနှစ် လေ့လာချက် အစီရင်ခံစာတွင် တွေ့ရသည်။

မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့၏ အထည်ချုပ်လုပ်ငန်းကဏ္ဍများသည် ကုန်ထုတ်လုပ်မှု စွမ်းအားခြောက်ဆခန့် ပိုမိုထုတ်လုပ်နိုင်ပြီး ကမ္ဘောဒီးယားနှင့် လာအိုတို့က နှစ်ဆမှ သုံးဆအထိ ပိုမိုထုတ်လုပ်နိုင်သည်။ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လုပ်ခလစာ အထိုက်အလျောက် နည်းသော်လည်း အခြားနိုင်ငံများတွင် ဆက်လက်လုပ်ကိုင်ပါက ကုမ္ပဏီများအတွက် ပိုမိုအကျိုးအမြတ် ရှိမည့်သဘောရှိသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခသည် မြင့်တက်လာလျက်ရှိရာ မြန်မာနိုင်ငံတွင် ဆောင်ရွက်ပါက ပိုမိုမြတ်စွန်းနိုင်သည့် အနေအထားသို့ ရောက်နေသဖြင့် တရုတ်နိုင်ငံမှ စက်ရုံများသည် မြန်မာနိုင်ငံသို့ တစစရွှေ့ပြောင်းလာနေကြပြီဖြစ်သည်။

အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ပေးခြင်းနှင့် အတူယှဉ်တွဲပါလာသည့် အန္တရာယ်မှာ လုပ်ခကို ထူးထူးခြားခြား မြှင့်တင်ပေးလိုက်သည့်တိုင် ကုန်ထုတ်လုပ်မှု မြင့်တက်လာမည်ဟု အာမခံချက်မပေးနိုင်ခြင်းဖြစ်သည်။ ယင်းအခြေအနေက အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်လိုအပ်သည့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှု အားသာချက်ကို ကျဆင်းစေသည်။

ကုန်ထုတ်လုပ်သူများက မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း မပြုတော့ဘဲ နေနိုင်သည်။ သို့မဟုတ် ထိုင်းနိုင်ငံကဲ့သို့ ကုန်ထုတ်စွမ်းအား မြင့်မားသည့် အိမ်နီးချင်းနိုင်ငံ၊ သို့မဟုတ် လုပ်ခသက်သာသော နိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွှေ့သွားနိုင်သည်။ လုပ်ခနိမ့်ကျပြီး ကုန်ထုတ်စွမ်းအား မြင့်မားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ် ကုန်ထုတ်လုပ်သူများကို အထူးတလည် ဆွဲဆောင်နိုင်သည်။

အထည်ချုပ်လုပ်ငန်းတွင် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှု အားသာချက်ကို ထိန်းထားနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးရမည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသည် ကုန်ထုတ်လုပ်မှု ရည်မှန်းချက်များ ပြည့်မီစေရန် အလုပ်သမားများအား ငွေကြေးမက်လုံးများပေးကာ ကုန်ထုတ်လုပ်မှုနှင့် အလုပ်ခွင်ဝင်ရောက်မှု မြင့်တက်စေရေးအတွက်  ဆုကြေးပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိသည်။

အနိမ့်ဆုံးလစာ တိုးမြှင့်ပေးရန်နှင့် ဆုကြေးငွေစနစ်ကို ထိန်းထားနိုင်ရန် အကြီးစားစက်ရုံကြီးများတွင် ဝင်ငွေအလုံအလောက်ရှိသော်လည်း အဓိကအားဖြင့် လက်ခွဲကန်ထရိုက်၊ သို့မဟုတ် အလွန်နိမ့်ကျသော လက်ခစားအလုပ်ကို ရထားသော  ပြည်တွင်းထုတ်လုပ်သူ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုင်ဆိုင်ထားသော စက်ရုံများမှာမူ ထိုသို့မဟုတ်ပေ။

အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မှုကြောင့် အများဆုံး ထိခိုက်နိုင်သည်မှာ ထိုကဲ့သို့သော အသေးစားစက်ရုံကလေးများ ဖြစ်သည်။ ကုန်ထုတ်လုပ်မှု ရည်မှန်းချက်များ ပြည့်မီအောင် ဖြည့်ဆည်းရာတွင် လုပ်ခကုန်ကျစရိတ်ကို ထိန်းထားနိုင်ရေးအတွက် အသေးစားစက်ရုံများသည် အလုပ်သမားများအား ပေးထားသည့်မက်လုံးများကို မဖြစ်မနေ လျှော့ချရတော့မည်ဖြစ်ပေသည်။ အကျိုးဆက်အားဖြင့် ကုန်ထုတ်လုပ်မှု ကျဆင်းလာနိုင်ပြီး ဒေသတွင်း၌ မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထပ်မံကျဆင်းစေမည်ဖြစ်သည်။  

typeof=

လူနေမှုကုန်ကျစရိတ် မြင့်တက်မှုမရှိဟု ပြောရန်ခက်ခဲသော်လည်း ကုန်ထုတ်လုပ်မှု မမြင့်တက်ဘဲ အနိမ့်ဆုံးလစာ တိုးမြှင့်ရေးမှာ ရေရှည်ဖြေရှင်းမှု မဖြစ်နိုင်ချေ။ ထိုသို့ဆောင်ရွက်မည့်အစား မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုကုန်ကျစရိတ်ကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မည့်အဆင့်ထိ ရောက်ရှိအောင် အလေးပေးဆောင်ရွက်ရန် လိုပေသည်။

မြန်မာအစိုးရသည် အခွန်သက်သာခွင့်များပေးခြင်းနှင့် အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်း လည်ပတ်စရိတ် သက်သာစေမည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို နှစ်ဆထိမြှင့်တင်မည့် စီမံကိန်းကို မကြာသေးမီက ကြေညာခဲ့သည်။

ယင်းကြေညာချက်မှာ အထည်ချုပ်စက်ရုံ လည်ပတ်မှုတွင် ကြုံတွေ့နေရသည့် အကြီးမားဆုံး အခက်အခဲကို ဖြေရှင်းနိုင်မည့် ကြေညာချက်တစ်ခုဖြစ်သည်။ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုကလည်း စက်ရုံပိုင်ရှင်များအတွက် အဓိကဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေရန်နှင့် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်မှု လွယ်ကူစေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုမှာ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အောင်မြင်မှုရထားသော နည်းလမ်းဖြစ်ပြီး ဒေသအလိုက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးသော စနစ်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းအလိုက် နေထိုင်မှုကုန်ကျစရိတ် အမျိုးမျိုးကိုလိုက်၍ သတ်မှတ်ပေးခြင်းဖြစ်သည်။

နေထိုင်မှုစရိတ် အလွန်မြင့်မားသော ရန်ကုန်တွင် အနိမ့်ဆုံးလုပ်ခ ကျပ် ၄,၈၀၀ သည် အချိန်ပိုများစွာ မဆင်းပါက မိသားစုကိုထောက်ပံ့ရန် မလွယ်ကူပေ။ သို့ရာတွင် နေထိုင်စားသောက် စရိတ်သက်သာသော ပုသိမ်ကဲ့သို့သော မြို့မျိုးတွင် အနိမ့်ဆုံးလုပ်ခသည် သုံးစွဲ၍လုံလောက်နိုင်ပေမည်။  လိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ပြီးစီးပါက ဒေသဆိုင်ရာအလိုက် အနိမ့်ဆုံးလုပ်ခသည် မြို့ငယ်ကလေးများရှိ စက်မှုဇုန်များသို့ အထည်ချုပ်စက်ရုံများ ရောက်ရှိအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အနိမ့်ဆုံးလုပ်ခကို တိုးမြှင့်ပေးပါက မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ထိခိုက်နိုင်ခြင်းရှိမရှိ ပြောရန်စောလွန်းပါသေးသည်။ သို့ရာတွင် လျှော့ချထားသော ကုန်ကျစရိတ်နှင့် တိုးတက်လာသော ကုန်ထုတ်လုပ်မှုတို့နှင့်အတူ အထည်ချုပ်လုပ်ငန်းသည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှုအတွက် ခိုင်မာသော မောင်းနှင်မှု ယန္တရားတစ်ခု ဖြစ်လာနိုင်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.