လက်တွေ့ကျကျ အပစ်ရပ်ဖို့ အားနည်းချက်များ နားလည်သည်းခံဖို့လို ဟုဆို

jicm_1.jpg

နေပြည်တော် Lake View ဟိုတယ်၌ နိုဝင်ဘာ ၁၇ နှင့် ၁၈ ရက်က ပြုလုပ်ခဲ့သော JICM ပူးတွဲအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၉

တစ်နိုင်ငံလုံး အမှန်တကယ် လက်တွေ့ကျကျ အပစ်အခတ် ရပ်စဲနိုင်စေရန် နှစ်ဘက်တပ်များက အားနည်းချက် များကို အပြန်အလှန် နားလည်သည်းခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုသည်ဟု နိုဝင်ဘာ ၁၇ နှင့် ၁၈ တွင် နေပြည်တော်  Lake View ဟိုတယ်၌ ပြုလုပ်ခဲ့သော JICM ပူးတွဲအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် KNU အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

“ဒီနှစ်ရက်တာ အစည်းအဝေးမှာ Code of Conduct တွေကို ချမှတ်နိုင်ခဲ့သလို နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် Time Frame တစ်ခုလည်း ချမှတ်နိုင်ခဲ့ပါတယ်။ NCA မှာ လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးလာနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာအောင် ဆက်လက် နည်းလမ်းရှာ ကြိုးပမ်းသွားမယ်။

“အစည်းအဝေးကတော့ ပြီးပါပြီ၊ ဒါပေမယ့် ဆက်လက်လုပ်ဆောင်ရမှာက အများကြီး ဖြစ်ပါတယ်။ ဆောင်ရွက်ရာမှာ နှစ်ဘက်စလုံး ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှု ရှိမှုနဲ့တစ်ဘက်ရဲ့အားနည်းချက်တွေကို တစ်ဘက်က သည်းခံမှုတွေနဲ့ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး ရရှိလာနိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် NCA ပွဲအပြီး တစ်လအကြာတွင် ပြုလုပ်သော JICM အစည်းအဝေးသည် အောက်ခြေတပ်များအထိ အပစ်အခတ် ရပ်စဲပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ အောက်ခြေတပ်များအထိ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း Code of Conduct များကို အတည်ပြုကာ JICM အဖွဲ့က ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းချမှတ်သည့် အစည်းအဝေး ဖြစ်သည်။

“NCA လက်မှတ်ထိုးအပြီး နှစ်ဘက်တပ်တွေ လိုက်နာရမယ့် Code of Conduct တွေ လုပ်ငန်းလမ်းညွှန် တွေကို သတ်မှတ်ထားတဲ့အချိန် တစ်လအတွင်းမှာ နေ့ညမရွေးဘဲ သတ်မှတ်ထားတဲ့ အချိန်ထက် သုံးရက် စောပြီး ပြီးအောင် ရေးဆွဲနိုင်ကြတဲ့ နှစ်ဘက်တပ်များရဲ့ ခေါင်းဆောင်တွေကို အထူး ကျေးဇူးတင်ပါတယ်” ဟုလည်း ဖဒိုစောကွယ်ထူးဝင်းက ပြောခဲ့သည်။

နှစ်ရက်တာ အစည်းအဝေးက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်ခဲ့သည်ဟု UPWC (Union Peace Working Committee) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းကလည်း “NCA စာချုပ်မှာ ပါတဲ့Time Frame ကို ဒီနေ့ အစည်းအဝေးက သတ်မှတ်နိုင်ခဲ့ပါတယ်။ ရက်ပေါင်း ၉၀ ပြည့်တဲ့ ဇန်နဝါရီလမှာ နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပနိုင်ရေး ဖြစ်ပါတယ်။ တကယ်လို့သာ အခုအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြရင် မျှော်မှန်းထားတဲ့ အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲကြီးကို အချိန်ကိုက် In Time အောင်မြင်စွာ ဆောင်ရွက်နိုင်ပါမယ်” ဟု ပြောသည်။

ထို့ပြင် ၎င်းက လက်နက်ကိုင်ရသည့် ပြဿနာအားလုံးသည် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့သော ကြောင့်သာ ဖြစ်သည်ဟု တိုင်းရင်းသား အားလုံးက ထပ်ကာတလဲလဲ ပြောထားသည့်အတွက် နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာစေဖို့ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြောသည်။

“လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးက လက်နက်ကိုင်ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အပြင် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို အဲ့ဒီမှာပဲ လုပ်လို့ရမယ်၊ အဲ့ဒီလို လုပ်လို့ရမှသာ ကျွန်တော်တို့ အားလုံး တောင်းဆိုနေတဲ့ တစ်မျိုးသားလုံး သင့်မြတ်ရေး၊ ပြန်လည်စည်းရုံးရေး၊ ပြန်လည်ရင်ကြားစေ့ရေးကိုဆောင် ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ NCA စာချုပ်ပါ စည်းကမ်းအတိုင်း တောက်လျှောက်လုပ်နေတဲ့အတွက် ဒီကနေ့ ဆွေးနွေးပွဲဟာ အောင်မြင်တဲ့ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်” ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ပြည်သူ့လွှတ်တော် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် UPWC အဖွဲ့ဝင်လည်း ဖြစ်သည့် မြစ်ကြီးနားမြို့နယ် အမတ် ဦးသိန်းဇော်က “တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ ခိုင်ခိုင်မာမာ ရပ်စဲနိုင်ဖို့က အထူးလိုအပ်ပါတယ်။ ဒုတိယ အချက်အနေနဲ့အာမခံချက်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖော်ဆောင်နိုင်ဖို့အတွက် ဒီနေ့ကျွန်တော်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့တယ်။ ရှေ့ဆက် ဆောင်ရွက်ရမယ့် လမ်းကြောင်းတွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်။

“မပြီးဆုံးသေးတဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ မဖြစ်ပွားအောင် ကြိုးပမ်းသွားကြဖို့ လိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်သင့်သူတွေ အားလုံး ပါဝင်လာပြီး ထာဝရ ငြိမ်းချမ်းရေး ရလာအောင် အားလုံးက စည်းစည်းလုံးလုံးနဲ့ အခုလို ချစ်ချစ်ခင်ခင် ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းပါတယ်” ဟု ယနေ့ အစည်းအဝေးတွင် ပြောသည်။

JICM ၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကလည်း “ဒီနေ့အစည်းအဝေးမှာ အောက်ခြေရှိ တပ်များ လိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေ ကျင့်ဝတ်ဆိုင်ရာ အချက်အလက်တွေ လိုက်နာဖို့သဘောတူခဲ့ကြပါတယ်။ နောက်တစ်ချက်ကတော့ ဒီကော်မတီရဲ့ လုပ်ငန်းလမ်းညွှန် အဆင့်ဆင့်ကို ချမှတ်နိုင်ခဲ့ပါတယ်။ တက်ရောက် လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့သဘောတူထားတဲ့ လုပ်ငန်းလမ်းညွှန်တွေအတိုင်း ရှေ့ဆက်သွားမှာပါ။

“ဒီသဘောတူညီချက်တွေကို ပြည်နယ်နဲ့ တိုင်းအဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အမြန်ဆုံး ဖြန့်ဝေ ပြီးတော့ အောက်ခြေတပ်တွေအထိ ရောက်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ဒီ နှစ်ဘက်တပ်များ လိုက်နာ ရမယ့် စည်းကမ်းများနဲ့လုပ်ငန်းလမ်းညွှန်(Code of Conduct) တွေက နှစ်ဘက်ခေါင်းဆောင်တွေ အပြန်ပြန် အလှန်လှန် အချိန်ယူ ဆွေးနွေးထားတာဖြစ်လို့ ခိုင်မာမှု ရှိပါတယ်။ တစ်ဘက်ဘက်က ချိုးဖောက်လာရင်လည်း အသေးအဖွဲ အဆင့်ဆိုရင် အသေးအဖွဲ အဆင့်နဲ့ထိုက်တန်သလို ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် အရေးယူ ဆောင်ရွက်ဖို့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်” ဟု မီဒီယာကို ရှင်းပြသည်။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.