ရှမ်းပြည်နယ် စီးပွားရေးကို ကျယ်ပြန့်သော မူးယစ်ဆေးကုန်သွယ်မှုက ကြီးစိုးထား

ရှမ်းပြည်နယ်တွင် တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုက လွန်စွာကျယ်ပြန့်လာပြီး အမြတ်အစွန်း များပြားလှသောကြောင့် ပြည်နယ်၏ တရားဝင်စီးပွားရေးလုပ်ငန်းများမှာ သေးသိမ်နေလျက်ရှိသည့်ပြင် ပြည်တွင်းပဋိပက္ခအဆုံးသတ်ရေး ကြိုးပမ်းမှုများကိုလည်း အဟန့်အတားဖြစ်လျက်ရှိသည်ဟု နိုင်ငံတကာဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်သည့် International Crisis Group (ICG) က သတိပေးလိုက်သည်။

အိုက်စ် ‘ICE’ ဟု လူများ ခေါ်ဝေါ်နေကြသော Crystal methamphetamine ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ အဓိကအများဆုံး ထုတ်လုပ်ရာနေရာဖြစ်လာနေသော ရှမ်းပြည်နယ်၏ မူးယစ်ဆေးလုပ်ငန်းကို အဓိကရေးသားတင်ပြထားသော ထိုအစီရင်ခံစာတွင် မူးယစ်ဆေးကုန်သွယ်မှုလုပ်ငန်းသညf ရှမ်းပြည်နယ်တွင်း ပဋိပက္ခများ၏ ရောဂါလက္ခဏာ တစိတ်တပိုင်းဖြစ်သည့်အပြင် ထိုပဋိပက္ခများ ထာဝရပြီးဆုံးရေးအတွက်လည်း အတားအဆီးကြီးဖြစ်နေသည်ဟု ICG က ရေးသားထားသည်။

စာမျက်နှာ ၃၆ မျက်နှာရှိသော Fire and ICE: Conflict and Drugs in Myanmar’s Shan State ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာကို ဘရပ်ဆဲလ်အခြေစိုက်အဖွဲ့က ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်၏ မူးယစ်ဆေးကုန်သွယ်မှုသည် နိုင်ငံရေးနှင့် ဆက်နွယ်နေသော ပြည်နယ်၏ စီးပွားရေးတွင် အဓိကနေရာ၌ ရှိနေရာ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခများ ဖြေရှင်းရေးကြိုးပမ်းမှုကို အကြီးအကျယ် ရှုတ်ထွေး ခက်ခဲစေလျက်ရှိပြီး ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု မျှော်လင့်ချက် အလားအလာကောင်းများကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

ရှမ်းပြည်နယ်၏ မူးယစ်ဆေးကုန်သွယ်မှုသည် တပ်မတော်၏ မဟာမိတ်ဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များအပါအဝင် အရောင်အသွေးမျိုးစုံ လက်နက်ကိုင်သောင်းကျန်းသူများအတွက် အကျိုးအမြတ်ဝင်ငွေများကို ဖန်တီးပေးလျက်ရှိသည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော အခြေအနေတွင် ပြည်သူ့စစ်အဖွဲ့များနှင့် ၎င်းတို့၏ လှုပ်ရှားမှုများမှ ရရှိသော အကျိုးအမြတ်များအပေါ် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသော မြန်မာ့တပ်မတော်ကသာလျှင် ဤသို့သော ပြည်သူ့စစ်အဖွဲ့များ ရှိနေခြင်းက မှန်ကန်ကြောင်း၊ ရှိသင့် ရှိထိုက်ကြောင်း ကာကွယ်ပြောဆိုနိုင်ပါသည်။ သို့ဖြစ်ရာ “စစ်တပ်အတွက် ဤလက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရန် မက်လုံး သိပ်မရှိလှပေ” ဟု ICG အစီရင်ခံစာက ရေးသားထားသည်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးထုတ်လုပ်မှုတွင် အဆင့် ၃ ဆင့်ရှိနေသည်။ ၁၉၅ဝ ပြည့်လွန်မှ ၁၉၉ဝ ပြည့်လွန်အထိ ဘိန်းနှင့် ဘိန်းဖြူ ထုတ်လုပ်မှုတွင် (မြန်မာနိုင်ငံသည်) ကမ္ဘာပေါ်တွင် ထုတ်လုပ်သောနိုင်ငံဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်မှ အာဖဂန်နစ္စတန်က နေရာယူသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ‘ရာဘ’ခေါ် မက်တာဖက်သမင်း (methamphetamine) ထုတ်လုပ်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် အလွန် စွဲလမ်းစေတတ်သော meth အခဲများကို ၂ဝ၁ဝ ပြည့်လွန်နှစ်များတွင် စတင်ထုတ်လုပ်လာခဲ့သည်။

တစ်ဂရမ်ချင်းဆိုပါက မက်တာဖက်တမင်းအခဲမှာ ဘိန်းဖြူထက်ပင် ပို၍တန်ဘိုးကြီးမားသည်။ မဲခေါင်မူးယစ်ဆေးဝါး ကုန်သွယ်မှုတန်ဘိုးမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ဘီလျံ ၄ဝ ကျော်ရှိပြီး ဆက်လက်မြင့်တက်လျက်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရားမဝင်ဓါတ်ခွဲခန်းများတွင် ထုတ်လုပ်သော စိတ်ကြွဆေးပမာဏမှာ အလွန်များပြားပြီး အများအပြား ဖမ်းဆီးရမိခြင်းများလည်းရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။ ဖမ်းဆီးရမိမှုများအနက် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးနိုင်မှုမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်ပြီး ယာဘဆေးပြား သန်း ၃ဝ၊ မက်တာဖက်တမင်းအခဲ ၁,၇၅ဝ ကီလိုဂရမ်၊ ဘိန်းဖြူ ကီလိုဂရမ် ၅ဝဝ ကျော်နှင့် ကဖိန်းအမှုန့် ကီလိုဂရမ် ၂ဝဝ တို့ကို ကိုဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့မှာ ကာလတန်ဘိုးအားဖြင့် ဒေါ်လာ ၅၄ သန်းခန့် တန်ကြေးရှိကြောင်း အာဏာပိုင်တို့က ခန့်မှန်းခဲ့သည်။

မက်တာဖက်တမင်းပုံဆောင်ခဲအများစု အစပြုရာဒေသမှာ ရှမ်းပြည်နယ်ဟု ယုံကြည်ရပြီး အခြားသော ဖမ်းဆီးရမှုများအနေဖြင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလက သြစတြေးလျတွင် ၁ ဒသမ ၂ တန်၊ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက အင်ဒိုနီးရှားတွင် ၁ ဒသမ ၆ တန်နှင့် ၂ဝ၁၈ ခုနှစ်၊ မေလက မလေးရှားတွင် ၁ ဒသမ ၂ တန် အသီးသီး ဖမ်းဆီးနိုင်ခဲ့သည်။

ကြီးမားသည့်ဖမ်းဆီးနိုင်မှုများကို အောင်ပွဲများအဖြစ် တင်ပြလေ့ရှိသည်ဟု ICG ကပြောသည်။ သို့သော်လည်း ထိုသို့ စံချိန်တင် ဖမ်းမိမှုများမှာ ရေပေါ်ပေါ်နေသည့် ရေခဲတုံး၏ ပမာဏသာဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အမှန်တကယ် အောင်မြင်မှုထက် ပြဿနာအတိုင်းအတာ၏ အထောက်အထားသာဖြစ်သည်။ ကြီးမားသည့် ဖမ်းဆီးနိုင်မှုများရှိသော်လည်း မက်တာဖက်တမင်းအခဲ၏ ဈေးနှုန်းများမှာ တည်ငြိမ်နေဆဲဖြစ်ကာ ဖမ်းဆီးနိုင်သည့်ပမာဏမှာ စုစုပေါင်းပမာဏ၏ သေးငယ်သည့် အစိတ်အပိုင်းသာဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယာဘကို ပြည်တွင်းအတွက်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ ထုတ်လုပ်ခြင်းဖြစ်ပြီး မက်တာဖက်တမင်းအခဲကို အဓိကအားဖြင့် ပြည်ပဈေးကွက်အတွက် ထုတ်လုပ်ခြင်းဖြစ်သည်။ သို့သော် ယခုအခါ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရလာနေပြီဖြစ်သည်။ ရှမ်းပြည်နယ်တွင် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် မှောင်ခိုရောင်းဝယ်မှုမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူထုကျန်းမာရေးနှင့် နိုင်ငံရေးအပါအဝင် ရှုပ်ထွေးသည့် ပေါ်လစီရေးရာ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်သည်။

အစိုးရအနေဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ခြစားမှုနှိမ်နင်းရေးကို နှစ်ဆတိုးလုပ်ဆောင်သင့်ပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် အဓိကပါဝင်ပတ်သက်သူများကို အာရုံစိုက်ကိုင်တွယ်သင့်ကြောင်း အစီရင်ခံစာက အကြံပြုတိုက်တွန်းထားသည်။

သေးငယ်သည့် ပြစ်မှုများကို ကျူးလွန်သူများအတွက် အပြစ်ပေးမှုများအစား ပညာရေးနှင့် လူမှုရေး၊ ကျန်းမာရေးထိခိုက်မှု လျော့နည်းရေးပေါ်လစီတို့ဖြင့် အစားထိုးသင့်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် တပ်မတော်ကိုလည်း တိုက်တွန်းခဲ့ပြီး ပြည်သူ့စစ်နှင့် အခြားသော စစ်တပ်တစ်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းကာ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအတွက် ကျယ်ပြန့်သည့် ဖြေရှင်းရေးကိုသာ လိုက်လံဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.