ရောဂါရန် သာမက ခွဲခြားဆက်ဆံမှုပါ ကြုံနေရ

COVID-19 ကူးစက်ခံရသည့် လူနာများအား ရာဇဝတ်မှုကျူးလွန်သူများဟု ခေါ်ဆိုနေကြသလို ကုသပေးနေသည့် ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများသည်လည်း ခွဲခြားဆက်ဆံမှုများ၊ ရန်လိုသည့် ဆက်ဆံမှုများကြောင့် စိတ်ပိုင်းအရ ထိခိုက်မှုများရှိနေပြီဖြစ်သည်။

ရဲမွန်

မြန်မာနိုင်ငံ၌ COVID-19 နှင့်ဆက်စပ်သော အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများသည် ပြည်တွင်းတွင် အတည်ပြုလူနာ မတွေ့ရှိမီကတည်းကရှိနေခဲ့၏။
ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်ခဲ့သည့် တရုတ်နိုင်ငံ၊ဝူဟန်မှ မြန်မာကျောင်းသား ၅၉ ဦးကို အစိုးရက ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ခေါ်ယူခဲ့ကတည်းကဖြစ်သည်။
သို့သော် မိမိနိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်လာခြင်းကို ဝမ်းသာအားရကြိုဆိုမည့်အစား ဖေ့စ်ဘွတ်ခ်အသုံးပြုသူတချို့သည် အဆိုပါကယ်ဆယ်မှုကို ဝေဖန်ခဲ့ပြီး ကျောင်းသားများကို ဝူဟန်မှာပင်ပစ်ထားခဲ့ဖို့သင့်ကြောင်းအထိပင် ရေးသားမှုအချို့ရှိခဲ့သည်။
မတ်တွင်မူ ထိုင်းနိုင်ငံမှ အလုံးအရင်းပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ ပစ်မှတ်ထားဝေဖန်ခံရပြန်သည်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတချို့က ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားများအား လက်မခံသင့်ကြောင်း ရေးသားခဲ့ကြသည်။
ယင်းအချိန်မှစ၍ အခြေအနေများများ ပိုမိုဆိုးရွားလာခဲ့သည်။ မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာဦးရေ တိုးပွားလာချိန်တွင် လူနာများနှင့် COVID-19 ကူးစက်သူလူနာများအား ရှေ့တန်းတွင် ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများသည်လည်း ခွဲခြားဆက်ဆံမှုများ၊ အမုန်းစကားပြောဆိုမှုများ၏ပစ်မှတ်ဖြစ်လာခဲ့သည်။
COVID-19 အတည်ပြုလူနာစာရင်းကို ထုတ်ပြန်ပေးနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၏ ပို့စ်များအောက်မှာပင် အမုန်းတရားအခြေခံမှတ်ချက်စကားများကို မြင်တွေ့နေရသည်။
“ဒေးဗစ်လားပေးတဲ့ ဒုက္ခတွေမပြီးသေးဘူး” ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက နာမည်ကျော် COVID-19 လူနာတစ်ဦးကို ရည်ညွှန်းရေးသားခဲ့သည်။
“ ပြည်ပက ပြန်လာတဲ့သူတွေကြောင့် ဒီမှာ( မြန်မာနိုင်ငံမှာ) ဒီဗိုင်းရပ်စ်ပျံ့တာပေါ့၊သူတို့သာ မလာရင် ဗိုင်းရပ်စ်ကူးစက်တာလည်းရှိမှာမဟုတ်ဘူး” ဟု အခြားတစ်ဦးကလည်း ရေးသားခဲ့သည်။
COVID-19 အတည်ပြုလူနာများ အမြန်ဆုံးကျန်းမာပါစေကြောင်း ဆုတောင်းသည့် မှတ်ချက်စကားများရှိခဲ့သလို ကူးစက်ရောဂါဖြစ်ပွားမှု အမြန်ဆုံးပြီးဆုံးပါစေကြောင်း မျှော်လင့်သည့် မှတ်ချက်စကားများလည်းရှိခဲ့သည်။
သို့သော် လူနာများအပေါ် အပြစ်တင်သည့် မှတ်ချက်စကားက အပြုသဘောဆောင်သည့် မှတ်ချက်စကားများထက် အဆများစွာပိုမိုများပြားနေခဲ့သည်။
ဝင်ငွေနည်းမိသားစုများအား နှာခေါင်းစည်းနှင့် အခြေခံလိုအပ်ချက်များ လှူဒါန်းနေသည့် အလှူရှင်များ၏ပုံများ၊ အလှူခံရရှိသည့် ပစ္စည်းများအား ဝေငှသည့် စေတနာ့ဝန်ထမ်းများ၏ပုံများနှင့် အထက်ပါမှတ်ချက်စကားများကြား ပြောင်ပြောင်ကြီးဆန့်ကျင်နေသည်။
အမုန်းစကားများ၊ ခွဲခြားဆက်ဆံမှုများကြောင့် ရောဂါကူးစက်ခံထားရပြီး လက္ခဏာများပြနေသူများသည် လူမြင်ကွင်းထွက်ပြီး ကုသမှုခံယူရန် တွန့်ဆုတ်လာနိုင်ခြေရှိရာ COVID-19 ကူးစက်မှုလျှော့ချရေးအစိုးရ၏လုပ်ဆောင်မှုများ အားနည်းသွားနိုင်သည်။
“ဖျားပြီနာပြီဆိုရင် လူနာတွေဟာ ဆေးရုံဆေးပေးခန်းကိုသွားဖို့ ကြောက်သွားနိုင်တယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောဆိုခဲ့သည်။ COVID-19 လူနာများသည်လည်း မဖြစ်ချင်ဘဲဖြစ်ရသည့် လူများသာဖြစ်ကြောင်း လူများနားလည်ရန်လိုအပ်သည်ဟု သူကပြောဆိုခဲ့သည်။
“COVID-19 အတည်ပြုလူနာတွေဟာလည်း လူသားတွေပါပဲ၊ မတော်တဆကူးစက်ခံရတာမို့ သူတို့အပေါ် ငဲ့ညှာထောက်ထားသင့်ပါတယ်၊ လူနာတွေအပေါ် ခွဲခြားဆက်ဆံတာတွေပျောက်အောင် ဝန်ကြီးဌာနက ပညာပေးအစီအစဉ်တွေ လုပ်နေပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။
လူမှုမီဒီယာများတွင် COVID-19 အတည်ပြုလူနာတချို့သည် ရာဇဝတ်မှုကျူးလွန်သူများသဖွယ် ရေးသားပြောဆိုခံခဲ့ရပြီး ဗိုင်းရပ်စ်ကိုသိသိကြီးနှင့် ပြန့်ပွားအောင် ဖြန့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
အများပြည်သူမကျေနပ်မှု၏အဓိကပစ်မှတ်တစ်ခုမှာ လူနာအမှတ် ၂၄ ဖြစ်သည်။ လူနာအမှတ် ၂၄ သည် စင်ကာပူမှပြန်လာသူဖြစ်ပြီး လူနာအမှတ် ၂၆ သို့ ဗိုင်းရပ်စ်ဆက်လက်ကူးစက်စေခဲ့သူအဖြစ် ပြောဆိုခံထားရသည်။
လူနာအမှတ် ၂၆ မှတစ်ဆင့် အင်းစိန်မြို့နယ်ရှိခရစ်ယာန်ဘာသာရေးအခမ်းအနား တက်ရောက်သူများထံသို့ ဆက်လက်ကူးစက်စေခဲ့ခြင်းဖြစ်သည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာအမှတ် ၂၄ အား Frontier က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဝေဘာဂီရှိ ဆရာဝန်များက လူနာများအနေဖြင့် သတင်းမီဒီယာသမားများနှင့် စကားပြောဆိုခြင်းမပြုရန် ညွှန်ကြားထားသည်။
စင်ကာပူမှ ပြန်လာပြီး သိသိကြီးနှင့် ဗိုင်းရပ်စ်ကူးစက်စေခဲ့သည်ဟုပြောဆိုမှုများ မတရားကြောင်း လူနာအမှတ် ၂၄ ၏သူငယ်ချင်း ကိုကျော်ဇင်က ၎င်း၏ ဖေ့စ်ဘွတ်အကောင့်မှတဆင့် ရေးသားပြောဆိုခဲ့သည်။
“အမှန်က ရောဂါဖြစ်တယ်ဆိုတာ ရာဇဝတ်မှုလည်းမဟုတ်ပါဘူး။ ဘယ်သူကမှ တမင်ရောဂါအဖြစ်ခံပြီး တံတွေးနဲ့လိုက်ထွေးနေတဲ့သူတွေမှ မပါတာ။” ဟု ကိုကျော်ဇင်ကပြောဆိုခဲ့သည်။
တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသော လူနာအမှတ် (၁၀၃)ဖြစ်သူ ကိုစည်သူကတော့ ရောဂါကူးစက်ခံနေရသူများအပါအဝင် ၎င်းတို့နှင့် ဆက်စပ်သူများအပေါ် ကြောက်ရွံ့စိတ်များဖြင့် ပြစ်တင်ပြောဆိုနေများကို မနှစ်မြို့ကြောင်းနှင့် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံံရမည်ကို အမှန်ကြောက်ရွံ့ကြပါက အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာရန်သာလိုအပ်နေသည်ဟု Frontier ကို ပြောသည်။
“ကျွန်တော်တို့အားလုံးက ဆေးရုံကိုရောက်လာကတည်းက အဲဒါတွေကိုရင်ထဲခံစားပြီးရောက်လာကြရတာ။ ဒီရောဂါကိုတကယ်ကြောက်မကြောက် ကျွန်တော်မေးချင်တယ်။ ဘာလို့လည်းဆိုတော့ အခုအားလုံးကအပြင်ပြန်ထွက်နေကြပြီလေ။ ကူးတော့မှ အပြစ်တင်တာမျိုးက မဖြစ်သင့်ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ မေ ၆ ရက်အထိ COVID-19 အတည်ပြုလူနာဦးရေသည် ၁၆၁ ဦးရှိလာပြီးနောက်တွင်လည်း စွပ်စွဲမှုများဆက်လက်ရှိနေခဲ့သည်။ COVID-19 လူနာများအား ရန်လိုရိုင်းစိုင်းစွာ ပစ်မှတ်ထားပြောဆိုမှုများကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ဧပြီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်စ်၌ ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပြောဆိုခဲ့ရသည်။
လူနာများအား အပြစ်တင်နေမည့်အစား အားပေးကူညီသင့်ကြောင်း၊လူနာတချို့သည် ဗိုင်းရပ်စ်ကူးစက်ထားကြောင်း လက္ခဏာမပြသောကြောင့် လူနာတချို့အား ဗိုင်းရပ်စ်ဖြန့်သူများအဖြစ် စွပ်စွဲနေခြင်းကို ရပ်တန်းကရပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။

State Counsellor Daw Aung San Suu Kyi has a video call with three COVID-19 patients on April 28. (Myanmar State Counsellor Office Facebook)

State Counsellor Daw Aung San Suu Kyi has a video call with three COVID-19 patients on April 28. (Myanmar State Counsellor Office Facebook)

အမုန်းစကား

အာဏာပိုင်များက လူစုလူဝေးမပြုရန် ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် မတ်အကုန်ပိုင်းတွင် အင်းစိန်ရှိ ဘာသာရေးဆိုင်ရာအခမ်းအနားတစ်ခုတက်ရောက်နေသည့် ကိုးကွယ်ယုံကြည်သူတချို့ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့ပြီးနောက် ခရစ်ယာန်ဘာသာဝင်များသည်လည်း လူမှုမီဒီယာတွင် အမုန်းစကားပြောဆိုမှု၏ပစ်မှတ်များဖြစ်ခဲ့ရသည်။
ဘာသာရေးအခမ်းအနားကျင်းပပြီးနောက် လူ ၆၅ ဦးရောဂါကူးစက်ခံခဲ့ရသည်။ ယင်းကို အင်းစိန်အစုလိုက်အပြုံလိုက်ကူးစက်မှုအဖြစ် သိကြသည်။ တစ်ချိန်တည်းမှာပင် မရန်းကုန်း၌ ပြုလုပ်ခဲ့သည့် အခြားခရစ်ယာန်ဘာသာဆိုင်ရာစုဝေးမှုတစ်ခုကြောင့်လည်း COVID-19 ကူးစက်သူများရှိခဲ့သည်။
အင်းစိန်ရှိ ဘာသာရေးအခမ်းအနားကိုဦးဆောင်ခဲ့သည့် ဘာသာရေးဆရာ စောဒေးဗစ်လားသည်လည်း ရောဂါကူးစက်ခံခဲ့ရသော်လည်း ယခုအချိန်တွင် ပြန်လည်ကျန်းမာလာပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားသည့် လူစုလူဝေးမပြုရန် ပိတ်ပင်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် စောဒေးဗစ်လားသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် တရားစွဲဆိုခံရဖွယ်ရှိနေသည်။ ဘာသာရေးအခမ်းအနားနှစ်ခုနှင့်ဆက်စပ်၍ အခြားလူသုံးဦးသည်လည်း အလားတူ တရားစွဲဆိုခံရဖွယ်ရှိနေသည်။
ခရစ်ယာန်ဘာသာဝင်များအား ပစ်မှတ်ထားသည့် အမုန်းစကားများကြောင့် သမ္မတရုံးကပင် ညွှန်ကြားချက်တစ်ခုကိုထုတ်ပြန်ခဲ့ရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် အစိုးရဝန်ထမ်းများအား အမုန်းစကားပြောဆိုမှုပုံစံအားလုံးကို တားဆီးရှုတ်ချရန် ညွှန်ကြားရမည်ဖြစ်ကြောင်း သမ္မတရုံးက ဧပြီ ၂၁ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နိုင်ငံသားများအနေဖြင့် လေးစားစွာဆက်ဆံခံရခွင့်ရှိပြီး သရုပ်သကန်နှင့် ပုဂ္ဂလိကကြင်အင်လက္ခဏာများအပေါ်အခြေခံ၍ အကြမ်းဖက်ခြင်း၊ ခြောက်လှန့်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့မရှိဘဲ အသက်ရှင်နေထိုင်ခွင့်ရှိနေကြောင်း ညွှန်ကြားချက်တွင်ဖော်ပြထားသည်။
COVID-19 ကူးစက်ခံထားရသည့် လူနာများအား အပြစ်မတင်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာသာထွန်းကျော်က ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
COVID-19 ကူးစက်ခံရသူများအား ကြင်နာစွာဆက်ဆံရန် အရေးကြီးကြောင်း သူကပြောသည်။
COVID-19 ကြောင့်ဖြစ်လာသည့် အကြောက်တရားနှင့် စိုးရိမ်မှုများနှင့်ပတ်သက်၍ ဥပမာပေးရလျှင် ဧပြီ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ဒေသခံတချို့သည် ချင်းပြည်နယ်၊တီးတိန်မြို့နယ်မှ COVID-19 အတည်ပြုလူနာသုံးဦးအား ကလေး၌ ကုသမှုခံယူရန်ရွှေ့ပြောင်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြသည်။
ကလေးမြို့၌ ပိုမိုကောင်းမွန်သော ကုသမှုခံယူရနိုင်သောကြောင့် လူနာများကို ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းရန် စီစဉ်ရခြင်းဖြစ်သည်။ သို့သော် အဆိုပါလူနာများမှတစ်ဆင့် အခြားလူများကို ကူးစက်သွားနိုင်ခြေရှိနေကြောင်း ကလေးမြို့ခံများက ကန့်ကွက်ပြောဆိုခဲ့ပြီးနောက် လူနာများအား ရွှေ့ပြောင်းရန် အစီအစဉ်ကို ရုတ်သိမ်းလိုက်ရသည်။
လူနာတချို့အတွက်မူ ပြင်းပြင်းထန်ထန်ဝေဖန်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရသည်။ မြန်မာနိုင်ငံရှိ တတိယမြောက် COVID-19 အတည်ပြုလူနာက ၎င်းနှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည့် သတင်းမှားများကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ပင် စဉ်းစားမိခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု စုံစမ်းဖော်ထုတ်သတင်းရေးသားမှုကို ဦးစားပေးသည့် မော်ကွန်းမဂ္ဂဇင်းက ဧပြီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
“ဒီလိုတွေ ဝေဖန်ပြောဆိုခံနေရတော့ မနက်မိုးလင်းလာမှာတောင် ကြောက်လာတယ်၊ မနိုးတဲ့အိပ်ချင်းနဲ့ပဲအိပ်လိုက်ချင်တော့တယ်” ဟု သူကပြောဆိုခဲ့သည်။

ကျန်းမာရေးဝန်ထမ်းတွေ ခွဲခြားဆက်ဆံခံရ

COVID-19 အတည်ပြုလူနာများအား ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများသည်လည်း ရန်လိုရိုင်းစိုင်းမှုများနှင့် ကြုံတွေ့နေရပြီး နေ့စဉ်ဘဝများပင် ထိခိုက်နေရသည်။
နေအိမ်သို့ပြန်လာသည့် ဆရာဝန်များနှင့် သူနာပြုများကို အိမ်နီးချင်းများနှင့် ရပ်ကွက်နေသူများက ဝိုင်းဝန်းဝေဖန်ပြောဆိုခဲ့ကြသည်။
COVID-19 အတည်ပြုလူနာတစ်ဦးနှင့် အနီးကပ်ထိတွေ့ခဲ့ပြီးနောက် ၂၁ သီးခြားနေထိုင်ခဲ့ရပြီး ရောဂါလက္ခဏာမပြသဖြင့် စောင့်ကြည့်ခံရမှုကင်းလွတ်ခွင့်ရခဲ့သူများပင်လျှင် ပစ်မှတ်ထားခံရကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောဆိုခဲ့သည်။
တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီး၌ COVID-19 အတည်ပြုလူနာများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့သည့် ရန်ကုန်သားဆရာဝန်တစ်ဦးက ရပ်ကွက်နေများသည် ၎င်းထံမှ ရောဂါကူးစက်မည်ကိုစိုးရိမ်သည့်အတွက် ရာဇဝတ်မှုကျူးလွန်သူတစ်ဦးကဲ့သို့ ၎င်းနှင့် ၎င်း၏မိသားစုဝင်များကို ဆက်ဆံနေကြသည်ဟု ရင်ဖွင့်သည်။
အိမ်ပြန်လာသည့် ကျန်းမာရေးဝန်ထမ်းများသည် လမ်းတွင်တားဆီးခံရပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပုံနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရလေ့ရှိကြောင်း သူကပြောဆိုခဲ့သည်။ “သူတို့မှာ အဲ့ဒီလိုလုပ်ခွင့်မရှိဘူးလေ၊ အဲ့ဒီနဲ့ပတ်သက်ပြီး သူတို့နဲ့အမြဲအခြေအတင်ပြောနေရတယ်” ဟု အမည်မဖော်လိုသည့် ဆရာဝန်ကပြောဆိုခဲ့သည်။
ဆရာဝန်များနှင့် သူနာပြုများသည် ရောဂါကူးစက်မခံရစေရန် အတတ်နိုင်ဆုံးသတိထားပြုမူနေသည်ကို လူများနားလည်ရန်လိုအပ်ကြောင်း ဆရာဝန်ကပြောဆိုသည်။ “ကျွန်တော်တို့ဆီကနေ တခြားလူတွေကို မကူးပါဘူး” ဟု သူကပြောဆိုခဲ့သည်။
ခွဲခြားဆက်ဆံမှုများနှင့် ကိုယ်ထိလက်ရောက်ရန်လိုမှုများကြောင့် ရန်ကုန်ရှိ ကျန်းမာရေးဝန်ထမ်းတချို့သည် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရကြောင်း မြန်မာပုဂ္ဂလိကဆေးရုံများအသင်း၏ဥက္ကဋ္ဌ ဒေါက်တာ ထင်ပေါ်က ပြောသည်။
“လူတွေက ရောဂါအကြောင်းကိုသိပ်မသိကြသလို ကျန်းမာရေးဝန်ထမ်းတွေဟာ အများပြည်သူအတွက် အန္တရာယ်မဖြစ်စေဖို့အတွက် အလုပ်ခွင်ကထွက်ခွာခါနီးမှာ ဘယ်လိုအဆင့်တွေကို လုပ်ဆောင်ရတယ်ဆိုတာကိုလည်း နားမလည်ကြဘူး” ဟု ဒေါက်တာ ထင်ပေါ်ကပြောဆိုခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများ၏ ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန် အစိုးရက ရှင်းလင်းပြောဆိုသင့်ကြောင်း သူကပြောဆိုခဲ့သည်။
ဒေါက်တာ ထင်ပေါ်၏ပြောဆိုမှုကို သုတေသနပြုမှုများကလည်း ထောက်ခံနေသည်။ အများပြည်သူသည် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ များစွာနားလည်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရလည်းသိရှိခဲ့ပြီးဖြစ်သည်။
မတ်လတွင် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ လူ ၅၉၇ ဦးတို့အား စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ များစွာသိရှိမှုမရှိကြောင်း စစ်တမ်းဖြေဆိုသူ ၈၇ ရာခိုင်နှုန်းက ဖြေဆိုခဲ့သည်။
စစ်တမ်းဖြေဆိုသူထက်ဝက်ခန့်ကသာ မကြာခဏလက်ဆေးခြင်းနှင့် လူစုလူဝေးကိုရှောင်ကြည်ခြင်းဖြင့်သာ ရောဂါကူးစက်မှုမရှိအောင် ရှောင်ရှားနိုင်မည်ကို နားလည်ထားကြောင်း ပြောဆိုခဲ့သည်။
စစ်တမ်းဖြေဆိုသူ ၁၁ ရာခိုင်နှုန်းကသာ လူစုလူဝေးရှောင်ကြည်ပြီး တစ်ဦးနှင့်တစ်ဦးကြား ခပ်ဝေးဝေးနေခြင်းဖြင့်သာ ကူးစက်မှုကို ရှောင်ရှားနိုင်မည်ဆိုသည့် သတိပေးချက်ကိုလက်ခံထားကြောင်း တွေ့ရှိခဲ့သည်။
ကူးစက်ရောဂါအကြောင်း အများပြည်သူ သိရှိနားလည်မှု၊ ရောဂါအပေါ်ထားရှိသည့် အမြင်၊ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာမှုတို့တွင် အားနည်းနေဆဲဖြစ်ကြောင်း စစ်တမ်းတွင် ကောက်ချက်ထားသည်။
မီဒီယာများက ရောဂါနှင့်ပတ်သက်၍ ပိုမိုဖော်ပြလာခြင်း၊ အများပြည်သူအား ပညာပေးသည့် လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခြင်းတို့ကြောင့် ကူးစက်ရောဂါနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာခဲ့သော်လည်း ဆရာဝန်များနှင့် သူနာပြုများသည် ခွဲခြားဆက်ဆံခံနေရဆဲဖြစ်ကြောင်း ကျန်းမာရေးအရာရှိများကပြော?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.