ရေလုပ်သားများ၏ အသံ

ငါးဖမ်းလုပ်ငန်းအတွက် စီမံလုပ်ကိုင်နိုင်မည့် မြန်မာ့ ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် အတည်ပြု ပြဋ္ဌာန်းပေးနိုင်မည့်နေ့ကို ဝေးလံသည့် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ရေလုပ်သားများက စောင့်မျှော်လျက် ရှိနေကြသည်။

JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။

ရခိုင်ပြည်နယ်မှ ရေလုပ်သားတို့ဘဝ၊ သူတို့၏ သက်မွေးမှုအလုပ်ကိုင်နှင့် သူတို့ကျေးရွာများ၏ အနာဂတ်မှာ လွန်ခဲ့သော ၁၀ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းခန့် ဖြုန်းတီးယုတ်လျော့သွားခဲ့သော ငါးသယံဇာတများကို ပြည်လည်ထိန်းသိမ်းနိုင်မှု အပေါ်တွင်သာ တည်မီလျှက်ရှိကြောင်း ရခိုင်ဒေသမမှ ရေလုပ်သားများက ကောင်းစွာသိရှိထားကြလေသည်။

သဲချောင်း ရေလုပ်ငန်းပူးတွဲ စီမံခန့်ခွဲရေးအဖွဲ့ Fishery Co-management Group (FCM) ခေါင်းဆောင်ဖြစ်သူ ဦးကျော်စိုးက ငါးမဖမ်းရဇုံအဖြစ် တရားဝင် နယ်နိမိတ်သတ်မှတ်ကာ လမ်းညွှန်သင်္ကေတများဖြင့် တားဆီး ကာကွယ်ထားသော ပင်လယ်ကကတစ် သားပေါက်နယ်မြေကို ညွှန်ပြသည်။

ကျောက်ဖြူ ရေလုပ်သားများအနေနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် သူတို့စိတ်ပိုင်းဖြတ်ထားပုံကို ပင်လယ်ငါးဖမ်း ဥပဒေသစ်ကို ရေးဆွဲနေသော အမျိုးသားလွှတ်တော်ကော်မတီဝင် နှစ်ဦးဖြစ်ကြသည့် ဦးဝင်းမြင့်နှင့် ဦးခင်မျိုးဝင်းတို့ နှစ်ဦးအား ပြောပြရန် ဦးကျော်စိုးက စိတ်အားထက်သန်လျှက်ရှိသည်။

ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတွင် သူတို့ဒေသ FCM အဖွဲ့က စိုက်ပျိုးထားခဲ့သော လမုပင် ၂၃၀,၀၀၀ ခန့်ကို ညွှန်ပြပြီး ငါးများ သားပေါက်နိုင်ရေးအတွက် ငါးမဖမ်းရ နယ်မြေပတ်ပတ်လည်တွင် လမုပင်များ စိုက်ပျိုးထားသည်ဟု သူက ပြောသည်။

သူတို့၏ ငါးသယံဇာတများကို အသုံးချလုပ်ကိုင်နိုင်ရေးနှင့် စဉ်ဆက်မပြတ် ရှင်သန်နိုင်ရေးအတွက် ကူညီလျက်ရှိသော Better Life Organization ၏ အထောက်အပံ့ဖြင့် ကျောက်ဖြူမြို့နယ်တွင် FCM အဖွဲ့ ၁၀ ဖွဲ့ ဆောင်ရွက်လျက်ရှိရာ ဦးကျော်စိုးမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

တက်လမ်း FCM စီမံကိန်းသည် အောင်မြင်စွာ ပြဋ္ဌာန်းနိုင်ခဲ့ပြီးသော ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေမှ တဆင့် ပေါက်ဖွားလာခြင်းဖြစ်သည်။ ထိုရေလုပ်ငန်းဥပဒေသည် အသေးစားရေလုပ်ငန်းလေးများ၏ မိရိုးဖလာ ငါးဖမ်း နည်းပညာများကို အသိအမှတ်ပြုထားပြီး အစိုးရ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ၎င်းတို့၏ ငါးသယံဇာတ ကာကွယ်ခွင့်ကို အသိအမှတ် ပြုထားသည်။

ပင်လယ်သယံဇာတကို ကာကွယ်သူများအဖြစ် သူတို့၏ အခန်းကဏ္ဍကို အပြည့်အဝ နားလည်သဘောပေါက်စေရန် ၎င်းတို့ ဖမ်းဆီးရရှိသော ငါးများကို FCM အဖွဲ့က စနစ်တကျ စာရင်းပြုစု မှတ်တမ်းပြုထားသည်။ ငါးများဥချသောနေရာ၊ ငါးများ ရွေ့ပြောင်းသွားလာမှုပုံစံ၊ လမုတောများ၏ ဂေဟစနစ်တည်ရှိနေပုံတို့ကို မြေပုံပြုစုရေးဆွဲထားသည်။ ဤသို့ဖြင့် ငါးအမ တစ်ကောင်သည် တစ်ရာသီတွင် ငါးဥ နှစ်သိန်းအထိ ဥချကြောင်း၊ လမုတော တစ်ဧကသည် ငါး၊ ပုစွန်ကြော့၊ ပုစွန်ဆိတ် ၂၈၀ ကီလိုဂရမ်ခန့်ကို ထောက်ပံ့ထားနိုင်ကြောင်း သိရှိရသည်။

ရေလုပ်သားများ၏ ပြောရေးဆိုခွင့် မြှင့်တင်ရေး

ရေလုပ်ငန်းဖြင့် အသက်မွေးကြသော တံငါရွာလေးများ၏ အနာဂတ် သာယာလှပရေး အတွက် ရေလုပ်သားများ၏ စွမ်းရည်မြှင့်တင်ပေးရန် “ပိုမိုကောင်းမွန်သော ဘဝအဖွဲ့” Better Life Organization ( BLO) က ဖွင့်လှစ်သော အလုပ်ရုံဆွေးနွေးပွဲများတွင် ပြည်ထောင်စု လွှတ်တော်နှင့် ရခိုင်ပြည်နယ်လွှတ်တော်များမှ အမတ်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ပူးတွဲလုပ်ကိုင်ရေးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလအတွင်းက နောက်ဆုံးပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကော်မတီဝင် ၆ ဦးကို ရခိုင် ရေလုပ်သားများက ၎င်းတို့၏ စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်မည့် ရေလုပ်ငန်းတွင် ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ လမုပင်တောတွေကို ကာကွယ်ချင်ပါတယ်။ ဒါပေမယ့် ငါးမဖမ်းရ တားမြစ်ထားတဲ့ သုံးလအတွင်း ရေလုပ်သားမိသားစုတွေ ဆုံးရှုံးသွားတဲ့ ဝင်ငွေအတွက် အစိုးရက ထောက်ပံ့ကြေးဖို့ လိုပါတယ်။ ငါးတွေ သားပေါက်ဖို့အတွက် လမုတောတွေရဲ့ အရေးပါပုံကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့မှာ ထမင်းဟင်းချက်ဖို့ ထင်းလိုပါတယ်။ မီးဖိုချောင်အတွက် အစားထိုးလောင်စာရမှသာ ကျွန်တော်တို့မှာ စည်းကမ်းဥပဒေကို လိုက်နာနိုင်ကြမှာပါ” ဟု ကိုကျော်စိုးက ပြောသည်။ ငါးမဖမ်းရ တားမြစ်ထားသော ရာသီအတွင်း ရေလုပ်သား မိသားစုများ စားဝတ်နေရေးအတွက် အစားထိုးအသက်မွေးမှု အလုပ်များ လုပ်ကိုင်နိုင်ရန် အရင်းအနှီးများ ထုတ်ချေးနိုင်ရန် အစိုးရဖွံ့ဖြိုးရေး ရံပုံငွေမှ ထောက်ပံ့ပေးရေးကို ရေလုပ်သားမိသားစုများကိုယ်စား FCM က ကြားဝင် ပန်ကြားပေးခဲ့သည်။

img_3778.jpg

 title=

title=

ရေလုပ်သားများက ကမ်းရိုးတန်းဒေသတွင် ငါးဖမ်းပိုက်များဖြင့် ဝန်းခတ်ကာရံထားသည့် သက်သေ အထောက်အထားများကို သီးသံငါးဖမ်းလုပ်ငန်းစုက တင်ပြခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ငါးဖမ်းလုပ်ငန်း၏ ရေရှည်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်နေမှုကို ဥပဒေကြောင်းအရ ဟန့်တားနိုင်မည့် နည်းလမ်းကို ၎င်းတို့က လိုလားနေသည်။ ရေလုပ်သားတို့၏ ငါးဖမ်းပိုက်များကို ပျက်စီးစေသော ကမ်းရိုးတန်းတစ်လျှောက် လုပ်ကိုင်နေသည့် ငါးဖမ်းစက်လှေများကိုလည်း ဦးကျော်ဝင်းက အရေးယူပေးစေချင်သည်။

“ကျွန်တော်တို့ ကမ်းရိုးတန်းနဲ့ သန္တာကျောက်တန်းတွေအတွက် ကမ်းလွန်ကာကွယ်ရေးဇုံ နှစ်မိုင် (၃ ဒသမ ၂ ကီလိုမီတာ) ကို စောင့်ကြည့်ကာကွယ်ချင်တယ်”ဟု သူက ပြောသည်။

ထိုကဲ့သို့ ကာကွယ်ရေးဇုံကို စောင့်ကြပ်ကြည့်ရှုရန်အတွက် အစိုးရ၊ ဒေသအာဏာပိုင်များ၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု BLO အဖွဲ့ မန်နေဂျာ ဒေါက်တာဝင်းထွဋ်က ပြောသည်။

ဥပဒေမူဘောင်

ဒေသခံရေလုပ်သားများသည် မိမိတို့၏ အနာဂတ်အပေါ် သက်ရောက်မှုရှိသည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရာတွင် ပါဝင်နိုင်ရန် မည်သို့ စွမ်းဆောင်လာနိုင်ခဲ့ကြပါသနည်း။ BLO အတွက် အကြံပေးအဖြစ် ဆောင်ရွက်နေသော နိုင်ငံတကာ စေတနာ့ ဝန်ထမ်း သုတေသနအဖွဲ (GJU World fish) မှ Mr Rick Gregory ကမူ ရေလုပ်သားများ ဤသို့ စွမ်းဆောင်လာနိုင်ခြင်းသည် BLO က ပြဋ္ဌာန်းပေးခဲ့သော ဥပဒေမူဘောင်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ FCM အဖွဲ့တိုင်း၊ အဖွဲ့တိုင်းသည် ၎င်းတို့ကိုယ်ပိုင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အန္တရာယ် ကျရောက်နေသော ငါးနှင့် လမုတောများ၏ ဂေဟစနစ် ကာကွယ်ရေး၊ တရားဝင် ငါးဖမ်းကိရိယာ အသုံးပြုမှု အပါအဝင် ငါးမဖမ်းရ ရာသီအတွက် ၎င်းတို့၏ တာဝန်ခံမှု အထောက်အထားများကို တင်ပြကြရသည်။ ဤသို့ တင်ပြနိုင်သော အဖွဲ့များကိုသာလျှင် ၎င်းတို့၏ ငါးသယံဇာတကို တရားဝင်စီမံလုပ်ကိုင်ခွင့် ထုတ်ပေးနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင် အသိအမှတ် ပြုပေးသည်။

“ဒီအချက်ဟာ ငါးလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှုအတွက် အခြေခံပါပဲ”ဟု Gregory က ပြောသည်။ လွှတ်တော်ဥပဒေ ရေးဆွဲရေးကော်မတီက ထိုကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရေးနည်းလမ်းကို အသုံးပြုလိုက်ခြင်းသည် မြန်မာနိုင်ငံ၌ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင် အခြေခံ ပြုပြင်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်နေကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းရာမှာ တံခါးပိတ် နောက်ကွယ်မှာသာ ရေးဆွဲပြဋ္ဌာန်းလေ့ ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီကော်မတီကတော့ လူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အသံနားထောင်၊ လူထုနဲ့ ဆွေးနွေးညှိနှိုင်းလာကြတာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံ ဒီမိုကရေစီမူဝါဒတွေကို လက်တွေ့ ကျင့်သုံးနေကြတာပါပဲ။ အလွန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” ဟု ၎င်းကပြောသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေသည် ဒေသခံ ငါးလုပ်ငန်းအသင်းအဖွဲ့များအတွက် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်သည်။ တရားဝင်ငါးဖမ်းခြင်းကိုသာ ခွင့်ပြုပြီး ငါးသယံဇာတကို ကာကွယ်ရန်လိုအပ်ပုံကို ဒေသခံတို့ကို ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်းဖြင့် ကမ်းရိုးတန်းငါးဖမ်းလုပ်ငန်းကို ပူးတွဲစီမံခန့်ခွဲကြရန်ဖြစ်သည်။

ဒေသခံတို့ စားရေရိက္ခာဖူလုံပြီး ဆင်းရဲမွဲတေမှုလျော့ချနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအား ကုလသမဂ္ဂ အေဂျင်စီများနှင့် ညှိနှိုင်း၍ တရားဝင်မှတ်ပုံတင်ထားသော အသင်းဝင်များကို အနာဂတ်ဘဝ စိတ်ချလုံခြုံစေရေးအတွက် ငွေကြေးထောက်ပံ့မှုများကို လုပ်ဆောင်ပေးရန်ကိုလည်း ထိုဥပဒေမူကြမ်းက ထောက်ခံအကြံပြုထားသည်။

ဤနည်းအားဖြင့် ကိုကျော်စိုးနှင့်အတူ ရေလုပ်ငန်းဖြင့် အသက်မွေးကြသော ရခိုင်မိသားစုအားလုံး သာယာစိုပြေပြီး ငါးလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းအပေါ် မှီခိုနေကြရသည့် အသေးစား ရေလုပ်သား လေးသန်း၏ဘဝ သက်သာရာရကြမည် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် LIFT အဖွဲ့၏ အထောက်အပံ့ဖြင့် တက်လမ်းစီမံချက်အဖြစ် ငါး လုပ်ငန်းပူးတွဲ စီမံခန့်ခွဲမှုစမ်းသပ်စီမံကိန်းကို BLO အဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့သည်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.