ရုပ်ပြဝတ္ထုများကို ဒစ်ဂျစ်တယ်အသွင်ပြောင်းနေသော ရန်ကုန်ရုပ်ပြချစ်သူများ

အရှေ့တောင်အာရှတွင် မြန်မာရုပ်ပြဝတ္ထု စာဖတ်ပရိသတ် တိုးပွားလာစေရန် ရည်မှန်းချက်ထားကာ ရုပ်ပြပညာရှင်များက ဆောင်ရွက်လျက်ရှိသည်။ သူတို့အဖွဲ့မှာ သေးငယ်သော်လည်း ယုံကြည်မှု ခိုင်မာပြတ်သားသူများ ဖြစ်ကြသည်။

ဆင်းလီ ရေးသားသည်။

အင်နီမေးရှင်းရုပ်ရှင်ကို ကိုဝေလ ပထမဆုံး အတွေ့အကြုံ ရခဲ့သည်မှာ ကလေးဘဝကဖြစ်သည်။ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးသော အင်ဒိုနီးရှား ကာတွန်းရုပ်ရှင်ကို ကြည့်ခဲ့ရခြင်းဖြစ်သည်။

“ပြောတဲ့ဘာသာစကားကို နားမလည်ပေမဲ့ ကျွန်တော်ကြည့်ပြီး သဘောကျသွားတယ်” ဟု သူကဆိုသည်။

ယင်းအတွေ့အကြုံက အင်နီမေးရှင်းကို ဆယ်စုနှစ်နှင့်ချီ၍ စွဲလမ်းလာစေပြီး ယခု အသက် ၂၇ နှစ်ရှိချိန်တွင် မြန်မာရုပ်ပြဇာတ်လမ်းများကို ပရိသတ်ထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိသော ရုပ်ပြပညာရှင် မျိုးဆက်သစ် တစ်ဦးအဖြစ် ပါဝင်လျက်ရှိသည်။ သူတို့အဖွဲ့မှာ သေးငယ်သော်လည်း ယုံကြည်မှု ခိုင်မာပြတ်သားသူများ ဖြစ်ကြသည်။

တစ်ခါက သူသည် အခန်းတစ်ခန်းလျှင် မိနစ် ၃၀ စာရှိသော အခန်းပေါင်း ၂၄ ခန်းကို နှစ်ရက်တည်း ဆက်တိုက်ကြည့်ခဲ့ဖူးသည်။ သူသည် ရုပ်ပြဇာတ်လမ်းကို ဤမျှစွဲလမ်းခဲ့ဖူးသည်။ ယခုတော့ သူသည် ရုပ်ပြရုပ်ရှင်များကို အကြည့်နည်းလာပြီး Brush Attack ဟူသော ကလောင်အမည်ဖြင့် ပုံဆွဲခြင်း၊ ဇာတ်လမ်းနှင့် ဇာတ်ကောင်များ ဖန်တီးသည့်အလုပ်ကို အချိန်ပိုပေးလာသည်။

ယခုအခါ “Myanmar Anime Release” နှင့် “Myanmar Indie Comics Showdown” စသည့် အင်နီမေးရှင်း ဖေ့စ်ဘွတ်ခ်အကောင့်များ၏ အက်မင် Administrator အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနှင့် ပြည်တွင်းနှစ်ခုစလုံးမှ ဇာတ်လမ်းများကို မြန်မာပရိသတ်အတွက် မိတ်ဆက်ပေးကာ ကိုယ်ပိုင်ဇာတ်လမ်းများ၊ သို့မဟုတ် ဇာတ်ကောင်များကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်အောင် အားပေးလျက်ရှိသည်။

“မြန်မာတွေမှာ အရည်အသွေးကောင်းတဲ့ ရုပ်ပြတွေရှိတာကို ကမ္ဘာကြီးကို ကျွန်တော်ပြချင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ဆယ်ကျော်သက်တွေကို နိုင်ငံခြားဇာတ်လမ်းသစ်တွေကို စုစည်းပြသပြီး ရုပ်ပြတွေ ဆွဲလာအောင် လှုံ့ဆော်ပေးချင်တယ်” ဟု သူက Frontier ကို ပြောသည်။

အထင်ရှားဆုံး မြန်မာရုပ်ပြပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် Brush Attack ဖန်တီးရေးဆွဲသော ဒီဇိုင်းတစ်ခု။ ဓာတ်ပုံ - ပံ့ပိုး

အထင်ရှားဆုံး မြန်မာရုပ်ပြပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် Brush Attack ဖန်တီးရေးဆွဲသော ဒီဇိုင်းတစ်ခု။ ဓာတ်ပုံ – ပံ့ပိုး

ဝေလသည် “Amalon” ဟူသောခေါင်းစဉ်ဖြင့် ပထမဆုံး ရုပ်ပြဇာတ်လမ်းတွဲများကို ထုတ်ဝေလျက်ရှိသည်။ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် ဇာတ်ကောင်များဖြင့် ဖော်ပြထားသော မြန်မာစရိုက်လက္ခဏာများနှင့် ဂျပန်စတိုင်ရုပ်ပုံများကို ရောမွှေသရုပ်ဖော်ထားသော ခေတ်ရှေ့ပြေးဇာတ်လမ်း Futuristic Story တစ်ခုဖြစ်သည်။ ဇာတ်လမ်းမှာ ဂိမ်းကစားသည့် ကျောင်းသူကလေး အုပ်စုတစ်စုသည် virtual world ဟုခေါ်သော ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ကမ္ဘာလောကအတွင်းသို့ ဝင်လာပြီး မိမိတို့နေ့စဉ်ဘဝမှ ကျော်လွန်ဖောက်ထွက်ကာ အဗာတာများ avatars နှင့်တွေ့ဆုံသော အခန်းများဖြစ်သည်။

“အဓိကဇာတ်ကောင်ရဲ့ ကျောင်းဝတ်စုံက ထူးခြားတဲ့အမျိုးသားဟန် အစိမ်းနဲ့အဖြူကို ဂျပန်နိုင်ငံက သင်္ဘောသားဝတ်စုံမှာပါတဲ့ သွင်ပြင်လက္ခဏာတချို့နဲ့ ရောစပ်ထားတဲ့ဝတ်စုံပါ” ဟု သူကဆိုသည်။

ဂျပန်ရုပ်ပြစာအုပ်၊ အင်နီမေးရှင်းနှင့် ဗီဒီယိုဂိမ်းများတွင် မကြာခဏ ပါဝင်လေ့ရှိသော နီယိုတိုကျိုမြို့ကို အတုယူကာ ဇာတ်လမ်းကို နယူးရန်ကုန် ခေတ်ရှေ့ပြေးမြို့တော်တွင် ဇာတ်အိမ်တည်ထားသည်။ နယူူးရန်ကုန်ကို သရုပ်ဖော်တင်ပြရာတွင် ရွှေတိဂုံဘုရားအပါအဝင် စီးပွားရေးမြို့တော်၏ ထင်ရှားသော အမှတ်အသား အများအပြားကို ဖော်ညွှန်းထားသည်။

“ကျွန်တော့်လက်ရာတွေကတဆင့် ကျွန်တော်တို့ နေရာဒေသတွေရဲ့သမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒေသတစ်ခုကို အခြေပြု တင်ဆက်မှုတွေက စာဖတ်ပရိသတ်တွေ တိုးပွားလာအောင် ဆွဲဆောင်နိုင်ပါတယ်” ဟု သူက ဆိုသည်။

ဇာတ်ကားကို မြန်မာနိုင်ငံတွင် အကြီးဆုံး စတူဒီယိုဖြစ်သော White Merak Comics Studio က ဒစ်ဂျစ်တယ်ပုံစံဖြင့် ဖြန့်ချိခဲ့ပြီး မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံများ ဖွံ့ဖြိုးလာပြီဖြစ်သည့်အတွက် ပညာသားပါသော ဖြေရှင်းနည်းဖြစ်သည့် ဖုန်းဘီလ်မှ ငွေပေးချေမှုကို အသုံးပြုကာ အန်းဒရွိုက် အက်ပလီကေးရှင်းမှတဆင့် ရောင်းချသည်။

“တခြား ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် ဖုန်းငွေဖြည့်ကတ်နဲ့ ငွေချေတာက ကလေးတွေအတွက် လွယ်ကူမှုှ ရှိနိုင်ပါတယ်” ဟု ၂၀၁၆ ခုနှစ်၊ စက်တင်ဘာမှာ စတင်တည်ထောင်ခဲ့သည့် White Merak ၏ နည်းပညာ အရာရှိချုပ် အသက် ၂၉ နှစ်ရှိ ကိုနေဦးလင်းက ဆိုသည်။

အရှေ့တောင်အာရှတွင် အန်းဒရွိုက်အက်ပလီကေးရှင်း၏ ကွန်ပျူတာ မောင်းနှင်မှု ပရိုဂရမ်စနစ် Operating System ကို လူသိများ၍လည်းကောင်း၊ အင်တာနက်နှင့် ပြည်တွင်းဥပဒေများက မပေးသော ဉာဏပစ္စည်း ပိုင်ဆိုင်မှုကို ယင်းစနစ်က ပေး၍လည်းကောင်း ငွေပေးချေမှု ပလက်ဖောင်းအဖြစ် အန်းဒရွိုက် အက်ပလီကေးရှင်းကို အသုံးပြုကြောင်း သူက ဆိုသည်။

ကုမ္ပဏီက ပစ်မှတ်ထားသောဈေးကွက်မှာ အရှေ့တောင်အာရှဒေသမှ အသက် ၁၃ နှစ်မှ ၂၅ နှစ် အတွင်းရှိသူများ ဖြစ်ကြောင်း White Merak ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ကိုအောင်ရဲကျော်က ပြောသည်။

“မှတ်ပုံတင်အသုံးပြုတဲ့ အရေအတွက်ကိုကြည့်ပြီး ကျွန်တော်တို့ တော်တော်လေး အားရကျေနပ်ပါတယ်။ ဒါပေမဲ့ အခကြေးငွေပေးကြည့်တဲ့ အရေအတွက်ကတော့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို မပြည့်သေးပါဘူး။ ဒီလိုအရည်အသွေးမီတဲ့ ပစ္စည်းအတွက်ဆိုရင်  ပိုက်ဆံပေးဖို့လိုတယ်ဆိုတာ လူတွေကို ပညာပေးဖို့ လိုနေပါသေးတယ်” ဟု သူက ဆိုသည်။

ကမ္ဘာ့ရုပ်ပြ ထုတ်လုပ်မှုလုပ်ငန်းက အွန်လိုင်းဗီဒီယိုများနှင့် ဆိုရှယ်မီဒီယာများတို့ ယှဉ်ပြိုင်နေရကြောင်းနှင့် ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် တင်ဆက်မှုအသစ်များ တင်ပြနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သူက ဆိုသည်။

“ဂိမ်းတွေ၊ ကာတွန်းတွေနဲ့ အင်နီမေးရှင်းတွေနဲ့ အရွယ်ရောက်လာကြတဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့အတွက် ရိုးရိုးရုပ်ပြ ဇာတ်ဝင်ခန်းတွေအပြင် သေနတ်ပစ်တာတွေနဲ့ ဖောက်ခွဲတာတွေလို ပရိသတ်စိတ်ကြိုက် ဖန်တီးနိုင်တဲ့ interactive elements တွေပါတဲ့ ရုပ်ပုံဇာတ်လမ်းတွေကို ထပ်ဖြည့်ပေးပါတယ်” ဟု သူက ဆိုသည်။

အထင်ရှားဆုံးမြန်မာရုပ်ပြပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် Brush Attack ဖန်တီးရေးဆွဲသော ဒီဇိုင်းတစ်ခု။ ဓာတ်ပုံ - ပံ့ပိုး

အထင်ရှားဆုံးမြန်မာရုပ်ပြပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် Brush Attack ဖန်တီးရေးဆွဲသော ဒီဇိုင်းတစ်ခု။ ဓာတ်ပုံ – ပံ့ပိုး

White Merak က ထုတ်ဝေသော ရုပ်ပြအများစုကို အလွတ်တန်း လုပ်နေသော ကိုဝေလမှအပ အချိန်ပြည့် ပုံဆွဲဆရာ ရှစ်ဦးဖြင့် စတူဒီယိုမှာပင် ဖန်တီးခြင်းဖြစ်သည်။

White Merak ၏ ဇာတ်လမ်းများကို မြန်မာ့သမိုင်းနှင့် ကျေးလက်ပုံပြင်များမှ ရယူထားသည်။

“Rage of Universes”  ဇာတ်လမ်းတွဲများမှာ ၁၁ ရာစုက ပေါ်ပေါက်ခဲ့သော သထုံပြည်ကို အုပ်စိုးခဲ့သည့် မနူဟာဘုရင်အကြောင်း သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကို ပြန်လည်အသက်သွင်းထားခြင်းဖြစ်သည်။ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ဇာတ်လမ်းမှာ ၁၁ ရာစုနှင့် ၁၂ ရာစုတွင် ပေါ်ပေါက်ခဲ့သော ပုဂံမင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သည့် ကျန်စစ်သားမင်းကြီး၏ “လူသိနည်းသော” စိတ်ကူးယဉ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။

Merak သည်လစဉ် ဒစ်ဂျစ်တယ်ရုပ်ပြဇာတ်ကား သုံးကား၊ သို့မဟုတ် လေးကား ထုတ်ဝေလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုမှ မာဘယ်စတူဒီယို Marvel Studios နှင့် ဒီစီ ကောမစ် DC Comics တို့ကို အတုယူလျက် “(ဝါသနာရှင်များ)အတွက် ရသ တစ်ခုဆောင်ကြဉ်းပေးရန်” convey a [fan] culture ဇာတ်လမ်းအမျိုးမျိုးကို အပြန်အလှန် ချိတ်ဆက်နိုင်သော ကမ္ဘာတစ်ခု ဖန်တီးပေးမည့် စီမံကိန်းများလည်း ရှိနေသည်။

Merak စတူဒီယိုသည် လူငယ်များက ကိုယ်ပိုင်ဇာတ်လမ်းများနှင့် ဇာတ်ကောင်များ ဖန်တီးလာအောင် အားပေးရန်နှင့် ရုပ်ပြပညာရှင် တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရသော ဘဝအရသာကို ခံစားနိုင်စေရန် ကိုဝေလ ဆောင်ရွက်နေသော ရေပန်းစားလျက်ရှိသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများကဲ့သို့သော ပေ့ချ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တစ်ဦးချင်း ဆောင်ရွက်နေသော ပုံဆွဲပညာရှင်များက သူတို့၏လက်ရာများကို မျှဝေနိုင်ရန်နှင့် အခြားသုံးစွဲသူများနှင့် အပြန်အလှန် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများကို Myanmar Indie Comics Showdown ကဲ့သို့သော ဖေ့စ်ဘွတ်ခ်ပေ့ချ်များက ဖန်တီးပေးကြောင်း ဝေလက ပြောသည်။

“ဒီပေ့ချ်မှာ သူတို့ရဲ့အသိပညာတွေ၊ ကျွမ်းကျင်မှုတွေကို ဖလှယ်နိုင်ပြီး အနုပညာလက်ရာတွေအကြောင်း ဆွေးနွေးနိုင်ပါ တယ်။ အသက်သိပ်ငယ်လွန်းတဲ့ လူငယ်ပညာရှင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ရုပ်ပြတွေ ဆွဲရတာ တကယ့်ကို ရူးသွပ်ကြပါတယ်။ သူူတို့လက်ရာတွေကို ကျွန်တော်တို့ နှစ်သက်တန်ဖိုးထားတယ်ဆိုတာ သိစေချင်ပါတယ်” ဟု သူက ဆိုသည်။

အသက် ၂၀ ရှိ ကိုသန့်မြတ်ထူးသည် လုပ်ငန်းဆိုင်ရာ အသိုက်အဝန်းကပေးသော အကောင်းဆုံး ရုပ်ပြဆု Best Comics Award ကို ဇူလိုင်လက ရရှိခဲ့သည်။ ကိုယ်ပိုင်လေ့လာမှုဖြင့် တတ်မြောက်ခဲ့သော ထိုရုပ်ပြပညာရှင်သည် အခြားပြည်တွင်း ထုတ်ဝေသူများထံ၌ လက်ထောက်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

“ကျွန်တော့်ငယ်ဘဝကို ပြန်ကြည့်မယ်ဆိုရင် အချိန်အတော်များများကို ရုပ်ပြတွေ ဖန်တီးနေရတာနဲ့ ပျော်နေခဲ့တယ်။ ဒါပေမဲ့ အခုခေတ်ကျတော့ ကျွန်တော်တို့နိုင်ငံမှာ ရုပ်ပြတွေက အရင်တုံးကလောက် ရေပန်းမစားတော့ဘူး။ လူအများစုက ဆိုရှယ်မီဒီယာနဲ့ မိုဘိုင်းဂိမ်းတွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်” ဟု သူက ဆိုသည်။

ရုပ်ပြဆိုသည်မှာ ကလေးများအတွက်သာ ဖြစ်သည်ဟု မြန်မာနိုင်ငံက လူများက ယုံကြည်နေကြသော်လည်း လူကြီးပရိသတ်ကို ဆွဲဆောင်နိုင်သည့် ရုပ်ပြများ ဖန်တီးရန်ဆန္ဒရှိကြောင်း သူက ဆိုသည်။

“အခွင့်သာရင်တော့ ကျွန်တော်က အချိန်ပြည့် ရုပ်ပြပညာရှင် ဖြစ်ချင်ပါတယ်။ ကျွန်တော့်ဘဝရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမယ်ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်လာလာ အချိန်ပိုင်း ရုပ်ပြဆွဲသူအဖြစ်ကိုတော့ ကျွန်တော် စွန့်လွှတ်မှာ မဟုတ်ပါဘူး” ဟု လောလောဆယ်တွင် ဘန်ကောက်ရှိ အာရှနည်းပညာသိပ္ပံ Asian Institute of Technology တွင် မက်ထရွန်းနစ် အင်ဂျင်နီယာပညာ သင်ယူနေသူ ဝါသနာအိုးက ဆိုသည်။

ရုပ်ပြများရေးဆွဲရန် စိတ်ဝင်စားသူများအတွက် အခြားစိန်ခေါ်မှုတစ်ခုမှာ ယင်းလုပ်ငန်းကို ဘဝအာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် မိဘများက မရှုမြင်ခြင်းပင် ဖြစ်သည်။

“လူငယ်အများစုကြီးက ရုပ်ပြစာအုပ်တွေ ရေးဆွဲဖန်တီးဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါပေမဲ့ ဒီမှာက ကလေးတွေရဲ့အနာဂတ်ကို မိဘတွေကပဲ ဆုံးဖြတ်နေကြတယ်” ဟု ကိုအောင်ရဲကျော်က ပြောသည်။

မိဘအများစုက သူတို့ကလေးတွေကို ပန်းချီပညာရှင်ဖြစ်မယ့်အစား ဆရာဝန်တွေ၊ ဒါမှမဟုတ် အင်ဂျင်နီယာတွေ ဖြစ်စေချင်ကြတယ်။  “ဒါကြောင့်လည်း ကျွန်တော်တို့က ဆုတွေ ဖလားတွေ ပေးကြတာပါ။ သူတို့ရဲ့ဖန်တီးမှုကြောင့် သူတို့တတွေဟာ အရေးပါသူတွေ ဖြစ်လာတော့မယ်ဆိုတာကို ပန်းချီပညာရှင် ကလေးတွေရဲ့မိဘတွေကို ကျွန်တော်တို့က သက်သေပြချင်တယ်” ဟု သူတို့ ဆောင်ရွက်နေသော ပြိုင်ပွဲများကို ရည်ညွှန်း၍ သူက ဆိုသည်။

ရုပ်ပုံများကို သူစတင်ရေးဆွဲစဉ်က သူ့မိဘများသည် ရုပ်ပြစာအုပ်များအကြောင်း မသိကြသော်လည်း ဂျပန်ကဲ့သို့သောနေရာများတွင် ယင်းလုပ်ငန်းများ ရေပန်းစားနေကြောင်း သူတို့သိသောအခါ ပိုမိုထောက်ပံ့လာကြကြောင်း ကိုအောင်ရဲကျော်က ပြောပြသည်။

“သူတို့က ကျွန်တော့်ကို (ဂျပန်နိုင်ငံ) သွားစေချင်တယ်။ ကျွန်တော့်အိပ်မက်က နံမည်ကြီး ပုံဆွဲပညာရှင် ဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ ပြည်တွင်းရုပ်ပြတွေ ပိုပြီးဖွံ့ဖြိုးလာအောင်၊ ဂျပန်ရုပ်ပြတွေ ကမ္ဘာမှာ လူကြိုက်များသလို ဒီမှာဖြစ်လာအောင်လည်း အကူအညီ ပေးချင်ပါတယ်” ဟု သူကဆိုသည်။

သူငယ်ငယ်က ကာတွန်းစာအုပ်များကို လူကြိုက်များခဲ့သော်လည်း ယခုအခါ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်း သူက ပြောသည်။

“စီးပွားရေးကလည်း ကျဆင်းလာတယ်။ ပြီးတော့ ဆင်ဆာအဖြတ်ခံရတယ်။ ကာတွန်းအမျိုးအစားနဲ့ ဇာတ်လမ်းတွေကလည်း အမျိုးမျိုး ကွဲပြားနေပြီး ကိုယ်ပိုင်ဖန်တီးမှုတွေ နည်းလာတယ်” ဟု သူကဆိုသည်။

ပြည်တွင်းထုတ် ရုပ်ပြများနှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားထုတ်များကို ပိုမိုနှစ်သက်ရခြင်းမှာ ယင်းအချက်သည် လည်း တစ်ချက်အဖြစ် ပါဝင်ကြောင်း ကိုဝေလက ပြောသည်။

“ရိုးရိုးသားသား ပြောရရင် ပြည်တွင်းရုပ်ပြအများစုက အချစ်ဇာတ်လမ်းတွေပါ။ တောင်ကိုးရီးယားက ဒရာမာဇာတ်ကားတွေလို မိန်းကလေးနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်တာတွေကို အခြေခံထားပါတယ်” ဟု သူက ဆိုသည်။

အသတ်အပုတ်အက်ရှင်၊ ထိတ်လန့်စရာ၊ သို့မဟုတ် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအချို့ကို သူသဘောကျသော်လည်း “နိုင်ငံခြားမှ ရုပ်ပြများကို ပုံတူကူးယူ” ထားကြောင်း သူက ပြောသည်။

သို့ရာတွင် ကံဆိုးသော မုဆိုးတစ်ယောက်အကြောင်း ဖော်ပြသည့် တွတ်ပီနှင့် စုံထောက်ဟာသ အာဖျံကွီး ဇာတ်လမ်းပေါင်းချုပ်နှစ်ခုကို သဘောကျကြောင်း သူက ပြောသည်။

“တောရဲ့ကြောက်စရာကောင်းပုံနဲ့ ဘယ်လိုရှင်သန် ရပ်တည်ရတယ်ဆိုတာကို လေ့လာသိရှိရလို့ တွတ်ပီကို ကျွန်တော်ကြိုက်တယ်” ဟု သူက ဆိုသည်။

ယခုတော့ သူ၏ရည်မှန်းချက်မှာ နိုင်ငံအတွင်းရှိ စာဖတ်သူ မျိုးဆက်သစ်များ၏ စိတ်ဓာတ်ကို လှုံ့ဆော်အားပေးနိုင်မည့် ရုပ်ပြဇာတ်လမ်းများ ဖန်တီးရန်ပင်ဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရုပ်ပြပညာရှင် မျိုးဆက်သစ်သင်တန်းတစ်ခုတွင် သင်ကြားပြသနေသော ကိုဝေလ(ဝဲစွန်)။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.