ရုန်းကန်နေရတဲ့ ဘာသာပြန်စာပေ

တချိန်က မြန်မာနိုင်ငံတွင် ဘာသာပြန်စာပေ ခေတ်တစ်ခေတ် ရှိခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ ဘာသာစကားပိုင်း အားနည်းမှုနှင့် ငွေကြေးအကျိုးအမြတ် နည်းပါးမှုတို့ကြောင့် ဘာသာပြန် စာပေလောကမှာ ရုန်းကန်နေရဆဲ ဖြစ်သည်

သီရိဟန် ရေးသားသည်။

မြန်မာစာပေလောကမှာ ဘာသာပြန်စာပေ တစ်ခေတ်ထွန်းတောက်ခဲ့တဲ့ ကာလများ ရှိခဲ့ဖူးသည်။ ဆရာကြီးမြသန်းတင့်၊ တက်တိုး၊ မောင်ပေါ်ထွန်းစသည့် စာရေးဆရာတွေ ထွက်ပေါ်ခဲ့တဲ့အချိန် ဖြစ်သည်ဟု စာပေလောကသားများ အပါအဝင် စာဖတ်ပရိသတ်များကပါ လက်ခံထားကြသည်။ စာပေစိစစ်ရေးအဖွဲ့ဖွဲခဲ့ပြီးနောက်ပိုင်း ဘာသာပြန်စာပေ အားနည်းသွားခဲ့ပြီး ယခုကာလ စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက်ပိုင်းတွင်မူ အခြေအနေ အနည်းငယ် ပြန်ကောင်းလာသည်ဟုလည်း ပြောဆိုနေကြသည်။

လက်ရှိအချိန်တွင် လူငယ်ဘာသာပြန် စာပေသမားများ ထွက်ပေါ်လာသော်လည်း ဘာသာပြန်စာအုပ်များမှာ အရေအတွက်အားဖြင့်လည်းကောင်း၊ အရည်အသွေးအားဖြင့်လည်းကောင်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ပညာရေး စနစ်ကြောင့် ဘာသာစကားပိုင်း အားနည်းမှုများအပြင် စီးပွားရေးအရ တွက်ခြေမကိုက်မှုများကြောင့်လည်း ဘာသာပြန်စာပေမှာ အင်အား ချိနဲ့နေဆဲဖြစ်သည်။

“ဒဿနစာပေကို ဘာသာပြန်တာတော့ မရှိသလောက်ကို နည်းတယ်လို့ ပြောလို့ရတယ်” ဟု Walie Society စာအုပ်တိုက်မှ ထုတ်ဝေသူနှင့် ဒဿနဘာသာပြန် စာရေးဆရာ အောင်သူရက ပြောကြားသည်။

ယခင်ကကဲ့သို့ ဘာသာပြန်စာပေများ ပေါ်ထွက်လာမှု နည်းပါးသွားရခြင်းမှာ စာပေစိစစ်ရေးကြောင့်လည်း ပါဝင်နေသည်ဟု ရသပိုင်း ဘာသာပြန်စာရေးဆရာ မိုးသက်ဟန်က ဆိုသည်။

“စာပေစိစစ်ရေးတစ်ခေတ်က အရမ်းဆိုးခဲ့တယ်” ဟု သူကပြောရင်း သူဘာသာပြန်ဆိုထားသည့် ဂျပန်စာရေးဆရာ မူရာကာမိရဲ့ Norwegian Wood စာအုပ်ကို ညွှန်ပြခဲ့သည်။

“ဒီစာအုပ်ထဲမှာဆို စာပေစိစစ်ရေးက ဆင်ဆာဖြတ်တာ တစ်ဝက်လောက်ပါတယ်။ အဲဒီကာလက စာအုပ်ကို မထုတ်ခဲ့ဘူး။ အဲဒီအချက်က စာရေးချင်တဲ့သူတွေကို လက်တွန့်စေတယ်” လို့ သူကပြောသည်။

စာပေစိစစ်ရေးက Sex (လိင်)ကိစ္စ အကြောင်းအရာ ပါဝင်မှုများကို တင်းကျပ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာများကို ဘာသာပြန်သည့်အခါတွင်လည်း  တင်းကြပ်မှုများ ရှိခဲ့ပါသည်။

“စာပေစိစစ်ရေးက မလိုအပ်ပဲ အရမ်းတင်းကြပ်ထားတယ်” ဟု ငါတို့စာပေ စာအုပ်တိုက်မှ ထုတ်ဝေသူနှင့် စာရေးဆရာ မြေမှုန်လွင်က ပြောသည်။ အဆိုပါ အချက်တွေက ဘာသာပြန်မျိုးဆက် ပြတ်တောက်သွားစေခဲ့သည်ဟု သူက ပြောကြားသည်။ 

Experts blame Myanmar’s harsh censorship rules for the fall in the number of book translators in the country. (Teza Hlaing / Frontier)

Experts blame Myanmar’s harsh censorship rules for the fall in the number of book translators in the country. (Teza Hlaing / Frontier)

မူရင်းစာအုပ် အရသာကိုပေါ်အောင် ဘာသာပြန်သည့်အချိန်တွင် မူရင်းစာရေးဆရာက ရေးသားထားမှုများကို စိစစ်ရေးက ဆင်ဆာဖြတ်သည့်အခါ အခက်အခဲတွေ့ရကြောင်း မိုးသက်ဟန်က ပြောပါသည်။

“ရုပ်ရှင်တွေမှာ ကြည့်နေတာ ဘာမှမဖြစ်ပေမယ့် စာလုံးနဲ့ရေးတာကို ပိုပြီး ပြဿနာ ရှာချင်ကြတယ်။ အဲဒါကလည်း တစ်ခုပေါ့။ ဒါပေမဲ့ အစ်ကိုကတော့ ပြန်တယ်။ ဥပမာ လန်ဇာရိုတီဆိုရင် အများကြီး ဝေဖန်ခံရတယ်။ လူငယ်တွေ လက်ခံကြတာရှိတယ်။ Sex scene တွေ အရမ်းများတာကိုး“ ဟု သူကပြောသည်။ 

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကလည်း ဘာသာပြန်စာပေလောက အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်ဟု ယူဆထားကြသည်။

“ပညာရေးကြောင့် အင်္ဂလိပ်စာကို ထိထိရောက်ရောက် ဖတ်နိုင်၊ တကယ်နားလည်တဲ့ ဘာသာပြန်ဆရာကလည်း ရှိတော့ရှိနေပေမဲ့ အရေအတွက် နည်းသွားပုံရတယ်” ဟု စာရေးဆရာကြီး Gorge Orwell ၏ အက်ဆေးများကို ဘာသာပြန်သူ စာရေးဆရာ သူရိန်ဝင်းက ဆိုသည်။

ပညာရေးစနစ်မှာ လူများကို စာပေနှင့် ရင်းနှီးအောင်၊ စာပေကို ချစ်လာအောင်လုပ်သည့် ပညာရေးမဟုတ်ပဲ လူများကို စာမြင်လ ျှင် ကြောက်သွားအောင် လုပ်နေသည့် ပညာရေး ဖြစ်သည်ဟု ကိုမြေမှုန်လွင်က ပြောသည်။

“ဒီအလွတ်ကျက် အာဂုံဆောင်နေတဲ့ ပညာရေးစနစ်ကို မပြင်ပဲနဲ့တော့ စာပေလောကကို တိုးတက်အောင်လုပ်ဖို့ဆိုတာ တော့်တော့်ကို မလွယ်တာပါ။ ဘာသာပြန်တစ်ခုတည်း မဟုတ်ဘူး။ စာပေလောက တစ်ခုလုံးအတွက်” ဟု ၎င်းက ပြောသည်။

စဉ်းစားတွေးခေါ်မှု အပိုင်းတွင် အားနည်းသွားစေသည့် ပညာရေးစနစ်ဖြင့် ရှင်သန်လာသော လူငယ်များတွင် တွေးခေါ်ပြောဆို ဆွေးနွေးရန် မည်သို့မှ မဖြစ်နိုင်ခဲ့ဟု စာရေးဆရာ အောင်သူရက ပြောသည်။ အလွတ်ကျက် ဖြေဆိုရသည့် ပညာရေးကြောင့် ဘွဲ့ရပြီးနောက်ပိုင်း လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် ပုံစံဝင်ပြီး စက်ရုံတစ်ရုပ်ကဲ့သို့ ဖြစ်သွားသည့်အတွက် ထပ်မံတွေးခေါ်နိုင်မှု မရှိသည့် အနေအထား ဖြစ်လာခဲ့သည်။  

“မတွေးတတ်တော့ဘူး။ ချည်ထားတဲ့ဟာတွေပဲ အထဲမှာရှိနေတယ်။ ပြန်တုံ့ပြန်တယ်။ အဲဒါ အန္တရာယ် တအားများတယ်” ဟု အောင်သူရကပြောသည်။

Experts blame Myanmar’s harsh censorship rules for the fall in the number of book translators in the country. (Teza Hlaing / Frontier)

Experts blame Myanmar’s harsh censorship rules for the fall in the number of book translators in the country. (Teza Hlaing / Frontier)

ဒဿနိကပိုင်းဆိုင်ရာများကို ဘာသာပြန်သည့်အခါ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှာ ဘာသာစကားပိုင်း၊ Concept ပိုင်းနှင့် Institution ပိုင်း ဖြစ်သည်ဟု အောင်သူရကဆိုသည်။

“အရင် ကျွန်တော်တို့ရဲ့ ဒဿနသမိုင်းကြောင်းမှာ ဘာမှမရှိခဲ့ဘူး။ ကျွန်တော်တို့က အလွတ်လုပ်နေရတာ။ ဒါဟာ Concept ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုပဲ” ဟု သူကပြောသည်။

ဘာသာပြန်စာရေးဆရာများအတွက် အသက်မွေးဝမ်းကြောင်းအနေဖြင့် ရပ်တည်နိုင်ရေးမှာလည်း စိန်ခေါ်မှုဖြစ်သည်။ ယခင် ဘာသာပြန်စာပေ ခေတ်ကောင်းစဉ်ကကဲ့သို့ ဘာသာပြန ်စာရေးဆရာအလုပ်တစ်မျိုးတည်းဖြင့် ရပ်တည် မရနိုင်တော့ကြောင်း သူရိန်ဝင်းက ပြောသည်။

“ဘာသာပြန်စာရေးဆရာ အလုပ်အပြင် နိုင်ငံခြားသတင်းဌာနတွေနဲ့ သတင်းလိုက် ဘာသာပြန်နေတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ ဘာသာပြန်စာရေးဆရာများ ပျောက်သွားသည့် အကြောင်းအရင်းများထဲတွင်  အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် ရပ်တည်နိုင်ရန် ခက်ခဲသည့်အချက်ကလည်း အဓိကဖြစ်သည်။

“အသက်မွေးဝမ်းကြောင်းအနေနဲ့လုံလောက်တဲ့ ဝင်ငွေမရှိဘူး” ဟု မြေမှုန်လွင်က ဆိုသည်။

ဒဿနစာပေတိုက်အနေဖြင့်လည်း ဆက်လက်ရပ်တည်ရန် ရုန်းကန်နေရသည့် အကြောင်းများ ရှိသည်ဟု Walie Society မှ ထုတ်ဝေသူ စာရေးဆရာ အောင်သူရက ဆိုသည်။

“အကျိုးအမြတ်က ရကိုမရတာ။ အခု အကုန်ပြန်စိုက်နေရတာ”  ဟု သူက ဆိုသည်။ “အုပ်ရေ ၅၀၀ ကို သုံးနှစ် ရောင်းနေရတယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဆိုကာ ယခင်က ရှိခဲ့သော်လည်း ယခုအခါ လှုပ်ရှားမှုများ မတွေ့ရသလောက် ဖြစ်သွားသည်ဟု ဘာသာပြန်စာပေအသိုင်းအဝိုင်းနှင့် နီးစပ်သော စာဖတ်သူတစ်ဦးဖြစ်သည့် ကိုဖိုးလက ပြောသည်။ “နိုင်ငံတကာမှာ ကောင်းတဲ့စာအုပ်တွေကို မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီးက မူချပြီးတော့ ဘာသာပြန်ဆိုခဲ့တာတွေ ရှိတယ်” ဟု သူကပြောသည်။ ထိုအသင်းကြီး ပြန်လည် အားကောင်းလာရန် အစိုးရက ထောက်ပံ့ပေးသင့်သည်ဟုလည်း သူကပြောသည်။

“အစိုးရဘက်က အကူအညီဆိုတဲ့နေရာမှာ တကယ်တမ်းက ဒါတွေက အစိုးရက လုပ်ရမယ့် အလုပ်တွေ၊ သူတို့ မလုပ်နိုင်လို့ ကျွန်တော်တို့က ဝင်လုပ်နေရတာ”   ဟု မြေမှုန်လွင်က ပြောသည်။

မကြာမီက ကျင်းပခဲ့သည့် ရသတံတား ဘာသာပြန်စာပေပွဲတော် Link the worlds (Translation Festival) ၏ ရည်ရွယ်ချက်မှာလည်း ဘာသာပြန်စာပေအသင်းနှင့် အလားတူ ပုံစံမျိုးဖြစ်သည်ဟု သူကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.