ရန်ကုန်မြို့၏ ကိုလိုနီခေတ် မိလ္လာရေပြွန်စနစ်ကို အဆင့်မြှင့်တင်ရေး

ရန်ကုန်မြို့တွင် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော ခေတ်မီမိလ္လာရေပြွန်စနစ်၏ အခြေအနေကို လေ့လာသုံးသပ်မည့် စီမံကိန်းကိုကူညီရန် ဗြိတိန်က ကမ်းလှမ်းခဲ့သည်။

ကျော်လင်းထွန်း ရေးသားသည်။

ဗြိတိသျှမြို့ပြအင်ဂျင်နီယာများသည် ထိုစဉ်က ခေတ်မီသည်ဟုဆိုသော မိလ္လာရေပြွန်စနစ်တစ်ခုကို ၁၈၈၉ ခုနှစ်က ရန်ကုန်မြို့လယ်၌ တပ်ဆင်ချိန်တွင် လူဦးရေ ၄၀,၀၀၀ အတွက်ရည်မှန်း၍ ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၁၃၀ ခန့်ကြာသောအခါ ဗြိတိသျှအင်ဂျင်နီယာများသည် ထိုမိလ္လာရေပြွန်စနစ်ကို အဆင့်မြှင့်ရေးစီမံကိန်းများနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ ယခုတစ်ကြိမ်မှာ ရန်ကုန်မြို့လယ်ပိုင်းရှိ မြို့ နယ်ခြောက်မြို့နယ်အတွင်း နေထိုင်သူဦးရေ ၃၅၀,၀၀၀ အတွက် ဆောင်ရွက်ပေးရန်ဖြစ်သည်။

ဗြိတိသျှအစိုးရ၏ ပင်လယ်ရပ်ခြား အကူအညီပေးရေး အေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန Department for International Development – DFID သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်မိလ္လာ) နှင့်ပူးတွဲ၍ စီမံကိန်းကိုဆောင်ရွက်ရန် အင်ဂျင်နီယာနှင့် အတိုင်ပင်ခံအဖွဲ့ကို အထောက်အပံံ့ပေးခဲ့သည်။

ဆိုးရွားစွာ ဝန်ပိလျက်ရှိသောစနစ်၏ အခြေအနေနှင့်ပတ်သက်သည့် လေ့လာသုံးသပ်ချက် အစီအစဉ်ကို ဇွန်လတွင်စတင်ပြီး အဆိုပါစနစ်ကို ပြင်ဆင်မည်၊ သို့မဟုတ် အစားထိုးမည်ဟူသောအချက်ကို ဆုံးဖြတ်ရာတွင် မြို့တော်စည်ပင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကူအညီပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ၂၀၁၆ ခုနှစ် သြဂုတ်က လန်ဒန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် DFID အဆင့်မြင့်အရာရှိတစ်ဦးနှင့် တွေ့ဆုံခြင်းအပါအဝင် စီမံကိန်းအတွက် အကူအညီများကို ရှာဖွေခဲ့ကြောင်း ဗြိတိသျှသံအမတ် မစ္စတာ အင်ဒရူး ပက်ထရစ်က ပြောသည်။

ဗြိတိန်နိုင်ငံက စီမံကိန်းကို အထောက်အကူပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မိလ္လာရေပြွန်စနစ်သည် ကိုလိုနီခေတ် မြို့တော်ဟောင်း၏ ရှေးဟောင်းအခြေခံအဆောက်အအုံ အမွေအနှစ်များတွင် ပါဝင်နေ၍ဖြစ်ကြောင်း မစ္စတာ ပက်ထရစ်က ပြောသည်။

အလားတူစနစ်ကို ဗြိတိသျှပါလီမန်တည်ရှိရာ လန်ဒန်မြို့ ဝက်စ်မင်စတာနယ်မြေ၌ ဆက်သုံးနေဆဲဖြစ်ကြောင်း သူက ပြောသည်။

 class=

class=

အောက်မြန်မာနိုင်ငံတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲသည် ၁၈၅၂ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီးနောက် ဒဂုံအဖြစ်စတင်တည်ထောင်ခဲ့ပြီး နာမည်ပြောင်းလာသော ရန်ကုန်မြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအချိန်အထိ အတော်ပင် ခေတ်နောက်ကျကာ တိုးတက်မှု မရှိသေးပေ။

ရန်ကုန်မိလ္လာရေပြွန်စနစ်ကို တပ်ဆင်ပြီးသည့်အခါ ယင်းစနစ်သည် အီဂျစ်မြို့တော်ကိုင်ရိုနှင့် ထိုစဉ်က ဗြိတိသျှကိုလိုနီအိန္ဒိယ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခုအခါ ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ကရာချိမြို့တို့ရှိ စနစ်များနှင့်အတူ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးစနစ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

မြို့တော်ဟောင်း၏ မိလ္လာရေပြွန်စနစ်ကို ဗြိတိသျှမြို့ပြအင်ဂျင်နီယာ မစ္စတာ အော့တာဗုစ် ဒိကန် ကလပ်က ဒီဇိုင်းရေးဆွဲကာ ၁၈၈၉ ခုနှစ်တွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်မှာ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ဆုံရာအနီးမှ မြို့တွင်းပိုင်းအရှေ့ဘက် ဗိုလ်တထောင်မြို့နယ်ရှိ ရေဆိုးပြုပြင်ရေးစက်ရုံသို့ လေအားသုံး၍ ပို့လွှတ်သောစနစ်ကို အသုံးပြုသောစနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းစက်ရုံမျိုးမှာ ဤတစ်ရုံသာရှိပြီး ပြုပြင်ပြီးသော ရေဆိုးများကို မြစ်အတွင်းသို့ စုပ်ထုတ်သည်။

ယခုဗြိတိသျှအဖွဲ့ကို လန်ဒန်အခြေစိုက် အခြေခံအဆောက်အအုံ စီမံကိန်းများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူအတိုင်ပင်ခံအဖွဲ့ IMC Worldwide က ဦးဆောင်သည်။ မြန်မာနိုင်ငံမှ မြို့တော်စည်ပင် အင်ဂျင်နီယာများနှင့်အတူ ပူးပေါင်းပါဝင်သူများမှာ ယူကေအခြေစိုက် ရေနှင့်မိလ္လာပြုပြင်ရေးကုမ္ပဏီ SATEC (မူလရေမိလ္လာ ပြုပြင်ရေးစနစ်ကို တည်ဆောက်ခဲ့သူ ဟျူးနှင့် လန်ကက်စတာကုမ္ပဏီနှင့် ပူးပေါင်းထား)၊ နယ်သာလန်အခြေစိုက် အင်ဂျင်နီယာရင်း အတိုင်ပင်ခံအဖွဲ့ Royal Haskoning DHV နှင့်လက်တွဲလုပ်ကိုင်မည့် မြန်မာအင်ဂျင်နီယာများ၊ ဗြိတိသျှ မြို့ပြအင်ဂျင်နီယာလုပ်ငန်း BAM Nuttall တို့ဖြစ်ကြသည်။

ရေဆိုးရှင်းလင်းရေးစနစ် အကဲဖြတ်ချက်က ရန်ကုန်မြို့ချဲ့ထွင်ရေးအတွက် အဓိကအဆိုပြုထားသော ပဏာမ စီမံကိန်းတစ်ခုဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၏ အင်ဂျင်နီယာဌာန(ရေနှင့်မိလ္လာ) ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းမင်းက ပြောသည်။

“ရန်ကုန်မြို့တော်စည်ပင်လက်အောက်က မြို့နယ်ပေါင်း ၃၃ မြို့နယ်အနက် မြို့ထဲပိုင်းမှာရှိတဲ့ ခြောက်မြို့နယ်မှာပဲ ရေဆိုးမြောင်းစနစ် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ကျန်မြို့နယ်တွေကို ဇုန် ငါးဇုန် ခွဲပါမယ်။ အဲဒီဇုန်တွေရဲ့ ရေဆိုးမြောင်းစနစ်ကို ဂျိုက်ကာ Japan’s International Aid Agency (JICA) ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ ပင်မစီမံကိန်းကြီး Master plan ပါ” ဟု သူက ပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သည် ဂျိုက်ကာနှင့်ပူးပေါင်း၍ ရန်ကုန်မြို့တွင် ရေပေးဝေရေး၊ ရေဆိုးနှင့် ရေစီးဆင်းရေးစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် စစ်တမ်းကောက်ယူရန် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်၏ ထိန်းချုပ်မှုအောက်ရှိ လူဦးရေအခြေအနေမှာ ၂၀၁၁ ခုနှစ်က ၅ ဒသမ ၁၄ သန်းရှိခဲ့ရာမှ ၂၀၄၀ ပြည့်နှစ်တွင် ၈ ဒသမ ၅၂ သန်း ရှိလာလိမ့်မည်ဟု စစ်တမ်းတွင် ခန့်မှန်းထားသည်။

မြို့တော်၏ ရေဆိုးသန့်စင်ရေးစနစ်ကို အဆင့်မြှင့်တင်မည့် မူဘောင်တစ်ရပ်ကို ထူထောင်ရန်လိုအပ်ကြောင်း လေ့လာချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရေတိုအစီအမံများ၌ ပြည်ပမှကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများကို ဖိတ်ခေါ်ရေးနှင့် ရေဆိုးသန့်စင်ရေးဥပဒေ ပြဋ္ဌာန်းရေးစသည့် အချက်တို့ပါဝင်သည်။ ရေရှည်ဆောင်ရွက်ရန် ထောက်ခံတင်ပြချက်များ၌ ရန်ကုန်မြို့တော်စည်ပင်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဂျပန်အစိုးရချေးငွေကို အသုံးပြုရေးနှင့် ရေဆိုးသန့်စင်ရေးစနစ် အသုံးပြုသော ဧရိယာချဲ့ထွင်ရေးစသည့် အချက်တို့ ပါဝင်သည်။

မြို့တော်၏ ရေဆိုးသန့်စင်ရေးစနစ်ကို မြို့တော်၏ ဗဟိုအချက်အချာ၊ တောင်၊ မြောက်၊ အရှေ့နှင့် အနောက်ဟူ၍ ပိုင်းခြားပြီး ဇုန်လေးခုခွဲခြားရန်လည်း အကြံပြုတင်ပြထားသည်။

ဤသို့အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးစီးချိန်အထိ ရန်ကုန်မြို့တော်နေ ပြည်သူအများစုသည် သူတို့ခြံထဲရှိ မိလ္လာကန်ထဲမှ အညစ်အကြေးများကို စွန့်ထုတ်ပစ်ရန် မိလ္လာကားများကိုသာ မှီခိုနေရဦးမည်ဖြစ်ပေသည်။

 class=

class=

ဤစနစ်တွင် တစ်ကြိမ်ခေါ်လျှင် နေအိမ်များက ကျပ် ၂၅,၀၀၀ ပေးရသော ရန်ကုန်မြို့တော်စည်ပင်မှ ထရပ်ကားများ၊ သို့မဟုတ် ကျပ် ၁၀၀,၀၀၀ ကျသင့်သည့် ပုဂ္ဂလိကပိုင် ထရပ်ကားများ ပါဝင်သည်။

အကယ်၍ မိလ္လာကန်များ ပြည့်လျှံလာပါက ရေဆိုးများက “ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်” ကို ထိခိုက်စေနိုင်ကြောင်း ဦးသိန်းမင်းက ပြောသည်။

မြို့စွန်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်သော မိလ္လာပြွန်စနစ်ကို တပ်ဆင်နိုင်ပါက ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သူက ပြောသည်။

အသက် ၅၆ နှစ်အရွယ် ဒေါ်စန်းစန်းသည် တောင်ဒဂုံမြို့နယ်၌ အိမ်ငှားနေသူဖြစ်သည်။ သ့ူတိုက်ရှိ မိလ္လာကန်မှာ အရည်အသွေး ညံ့ဖျင်းကြောင်းနှင့် သူသာ ပိုင်ရှင်ဖြစ်ပါက အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မကတော့ ရန်ကုန်မြို့တော်စည်ပင်က အိမ်တွေကိုလာပြီး ကြည့်စေချင်တယ်။ အရည်အသွေး ပိုကောင်းတဲ့ကန်တွေ လိုအပ်တဲ့အကြောင်း အကြံပေးစေချင်တယ်။ ပြီးတော့ လူတွေကို လမ်းညွှန်မှုတွေ ပေးစေချင်တယ်” ဟု သူက Frontier ကို ပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့၏မိလ္လာစနစ်မှာ ၁၈၈၉ ခုနှစ် တပ်ဆင်စဉ်က ခေတ်မီစနစ်တစ်ခု ဖြစ်ခဲ့သော်လည်း လူဦးရေ ၄၀,၀၀၀ အတွက်သာ ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.