ရန်ကုန်စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်က ဟိုတယ်ဖွင့်မည်

ရန်ကုန်၊ သြဂုတ် ၂

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းကာ အခန်းပေါင်း ၃၉၀ ပါဝင်သည့် ဇိမ်ခံဟိုတယ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါဟိုတယ်အား The Okura Prestige Hotel ဟု အမည်ပေးမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု Hotel Okura Co., Ltd ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်အား စီမံခန့်ခွဲလည်ပတ်ရန်အတွက် ဂျပန်နိုင်ငံမှ Fujita Corp.၊Tokyo Tatemono Co.,၊ Japan Overseas Infrastructure Investment Corp. for Transport & Urban Development နှင့် မြန်မာနိုင်ငံမှ Ayeyar Hinthar Holdings Co. ၏ လုပ်ငန်းခွဲဖြစ်သည့် Yangon Technical & Trading Co., တို့ ပူးပေါင်းထားသည့် လုပ်ငန်းစုနှင့် ယခုလအတွင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် Hotel Okura က မျှော်မှန်းထားသည်။

“ဒီလို ဖွံ့ဖြိုးရေးစီမံကိန်းကြီးမှာ Hotel Okura အနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိတာဖြစ်ပါတယ်” ဟု Hotel Okura Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Toshihiro Ogita က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

“The Okura Prestige Hotel အပါအဝင် နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဟိုတယ် သုံးလုံးကနေ ငါးလုံးအထိ ထပ်မံဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

တပ်မတော်စစ်သမိုင်းပြတိုက်အား ရန်ကုန်မှ နေပြည်တော်သို့ ၂၀၁၂ ခုနှစ်၊ မတ်လတွင် ရွှေ့ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.