ရင်းနှီးမြှုပ်နှံသူများက SolarHome တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံထည့်ဝင်

ဧရာဝတီတိုင်းဒေသကြီးရှိ အိမ်ထောင်စု ၄,၀၀၀ ကျော်အား ဆိုလာစွမ်းအင်စနစ် တပ်ဆင်ပေးနိုင်ခဲ့သည့် Solar Home ကုမ္ပဏီကို အား မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အကျိုးတူ ရင်းနှီးမြှပ်နှံသူများက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း တိုးမြှင့် ရင်းနှီးမြှပ်နှံလိုက်သည်။

ထိုရင်းနှီးမြှပ်နှံသူများတွင် ယခင်ကနဦး စတင်တည်ထောင်ခဲ့မှုတွင် ရင်းနှီးမြှပ်နှံခဲ့သည့် Beenext ကုမ္ပဏီလည်း ပြန်လည် ပါဝင်လာသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် Impact –oriented Family ကုမ္ပဏီ၊ လုပ်ငန်းအောင်မြင်မှု ရရှိနေသည့် ကုမ္ပဏီများကို အဓိကရည်ရွယ်၍ ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့် X Capital Ventures၊ စင်ကာပူလေကြောင်းလိုင်း၊ DBS ဘဏ်နှင့် စင်ကာပူတယ်လီကွန်းတို့၏ ဥက္ကဋ္ဌဟောင်းဖြစ်သည့် Mr. Koh Boon Hwee တို့ ပါဝင်ရင်းနှီး မြှပ်နှံလာကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“Solar Home ကုမ္ပဏီမှာ နောက်တစ်ကြိမ် ရင်းနှီးမြှပ်နှံနိုင်တဲ့ အခွင့်အရေးရလာတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံဟာ စိတ်လှုပ်ရှားစရာ ဈေးကွက်တစ်ခုဖြစ်ပြီး Solar Home ဟာလည်း ဆိုလာစွမ်းအင်ကို သင့်တင့်သည့် လစဉ်ငွေပေးချေမှုပုံစံနဲ့ အကောင်အထည်ဖော်တဲ့ ကြီးမားတဲ့ စွန့်စားမှုကို စတင်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါ တယ်။ Solar Home ဟာ စိန်ခေါ်မှုတွေ အများကြီးထဲကမှ အောင်မြင်မှုတစ်ခုကို လျင်လျင်မြန်မြန်ရောက်ရှိလာပြီး အချိန်တိုလေးအတွင်း ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေ ယူဆောင်လာနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု Beenext ၏ မန်နေဂျင်းဒါရိုက်တာ Dirk Van Quaquebeke က ပြောကြားသည်။

Solar Home သည် လက်ရှိတွင် ပြည်တွင်း၌ ရုံးခွဲ ခုနစ်ခု ဖွင့်လှစ်ထားပြီး အရောင်းဝန်ထမ်းနှင့် အင်ဂျင်နီယာအဖွဲ့သား ၁၅၀ ကျော်ဖြင့် လုပ်ငန်းများ လုပ်ဆောင်နေသည်။

“ကျွန်တော်တို့မှာ လျှပ်စစ်မီးလိုအပ်နေတဲ့ အိမ်ထောင်စု ရှစ်သန်းခန့်ရှိနေတဲ့ မြန်မာဈေးကွက် ရှိနေပါတယ်။၂၀၁၈ နှစ်အကုန်မှာ အိမ်ထောင်စု လေးသောင်းကျော်ကို လူတိုင်းတတ်နိုင်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ယူဆောင် ပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်” ဟု Solar Home ၏ အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Ted Martynov က ပြောကြားသည်။

ယခုအခါ Solar Home ၏ ရင်းနှီးမြှပ်နှံငွေသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းအထိ တိုးမြင့်လာပြီဖြစ်ကာ ဖွံ့ဖြိုးစ ဈေးကွက် နယ်မြေသစ်များတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်လျက်ရှိသည့် Forum Capital က အဓိက ရင်းနှီးမြှပ်နှံထားသည်။ Solar Home သည် ၎င်း၏ ပထမဆုံးရင်းနှီးမြှပ်နှံမှုကို အွန်လိုင်းမှ ငွေကြေးပံ့ပိုးမှုများ လုပ်ဆောင်သည့် Kiva ထံမှ ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင်ရရှိခဲ့ပြီးနောက် Uberis Capital ထံမှ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၆၂၅,၀၀၀ ကိုလည်း ရရှိခဲ့သည်ဟုဆိုသည်။

“အရှေ့တောင်အာရှက လျှပ်စစ်မီးမရရှိသေးတဲ့ အိမ်ထောင်စုတွေအတွက် ရေရှည်အကျိုးပြု Pay As You Go ငွေပေးချေမှုပုံစံကို စတင်မိတ်ဆက်နိုင်တဲ့ ကုမ္ပဏီအနေနဲ့ ဒီရင်းနှီးမြှပ်နှံမှုတွေကနေ ကျွန်တော်တို့ရဲ့ လက်ကားရောင်းချမှုတွေ၊ သုံးစွဲသူတွေအတွက် ကုန်ပစ္စည်းကောင်းတွင် ပံ့ပိုးပေးခြင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုလုပ်ခဲ့တဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်း အကောင်အထည် ဖော်နိုင်ပေးဖို့အတွက် စိတ်အားထက်သန်နေပါတယ်” ဟု Ted က ပြောကြားသည်။

စင်ကာပူအခြေစိုက် Solar Home သည် အရှေ့တောင်အာရှမှ ကျေးလက်နေအိမ်ထောင်စုများအတွက် သန့်ရှင်းသော ဆိုလာစွမ်းအင် အိမ်သုံးစနစ်ထုတ်ကုန်များကို သင့်တင့်သောနှုန်းထား ငွေပေးချေမှု(Pay As You Go – သင့်သလောက် ပေး၍ အပိုင်ဝယ်ယူခြင်း) ပုံစံဖြင့် ဝန်ဆောင်မှု ပေးနေသည်။ IFC-World Bank  အသိအမှတ်ပြုထားသည့် ဆိုလာစွမ်းအင်ထုတ်ကုန်များကို နေအိမ်များတွင် တပ်ဆင်ပေးနေပြီး သုံးစွဲသူများမှာ လစဉ်ငွေပေးချေ၍ အပိုင်ရရှိခြင်း အစီအစဉ်ဖြင့် ပစ္စည်းပိုင်ဆိုင်မှု ရရှိကြသည်။

အရှေ့တောင်အာရှဒေသရှိ လျှပ်စစ်မီး မရရှိသေးကြသည့် အိမ်ထောင်စုပေါင်း ၂၇ သန်းအား အလင်းရောင် ပံ့ပိုးပေးခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာကြစေရန် Solar Home က ရည်ရွယ်ထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.