ရခိုင်ပြည်နယ်၌ ဘူးလေးရာ ဖရုံဆင့်ခြင်း

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(အေအေ) တို့ကြား တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများပြားလာချိန်တွင် ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများသည်လည်း တိုက်ခိုက်မှုများကြား ပိတ်မိမည်ကို စိုးရိမ်ကြောင့်ကြနေရပြီး ပြည်နယ်သည် COVID-19 အတွက် ပြင်ဆင်ထားမှုမရှိကြောင်းလည်း ပြောဆိုခဲ့ကြသည်။

ဟိန်းသာနှင့်ရဲမွန်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ဧပြီ ၂၀ ရက်တွင် ကုလသမဂ္ဂမော်တော်ယာဉ်တစ်စင်း တိုက်ခိုက်ခံရပြီးနောက် ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အသက်ဘေးအတွက် စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလာခဲ့သည်။
တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး အစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ COVID-19 ရှိမရှိစစ်ဆေးရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်နှင့် အေအေတို့က တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက်ကို အပြစ်တင်ခဲ့ကြသည်။
မှန်ကန်သော ရလဒ်ထွက်စေရန်အတွက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ၄၈ နာရီအတွင်း စစ်ဆေးရမည်ဖြစ်ရာ တိုက်ခိုက်မှုကြောင့် ယင်းနမူနာများ အလဟဿဖြစ်ခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ရန်ကုန်၌ ဧပြီ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ဧပြီလအကုန်ပိုင်းတွင် ပြည်တွင်း လေကြောင်းခရီးစဉ်များပြန်လည်စတင်ပါက နမူနာများကို ရန်ကုန်သို့ လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် ဝန်ကြီးဌာနက စီစဉ်မည်ဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်ကပြောဆိုခဲ့သည်။
ယခုလောလောဆယ်မှာတော့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ရေးသာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ နောက်တစ်ကြိမ်ပို့ဆောင်မည့် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို ရန်ကုန်သို့ ဧပြီ ၂၃ ရက်တွင် ယခင်လမ်းကြောင်းအတိုင်းပို့ဆောင်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ်ရှိ အထူးရောဂါထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
သို့သော် ပို့ဆောင်နေကျလမ်းကြောင်းမှာ လုံခြုံမှုမရှိချေ။ ပိုးမွှားနှိမ်နင်းရေးကုမ္ပဏီတစ်ခုဖြစ်သည့် Competitive Pest Services ပိုင် ပုဂ္ဂလိက မော်တော်ယာဉ်တစ်စင်း ဧပြီ ၂၂ ရက်တွင် မင်းပြားမြို့နယ်ရှိ ယခင်တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှာပင် ပစ်ခတ်ခံခဲ့ရသည်။
တပ်မတော်နှင့် အေအေတို့က တစ်ဖက်နှင့်တစ်ဖက်အပြစ်တင်ခဲ့ကြသည်။ စွပ်စွဲမှုနှင့်ပတ်သက်၍ အေအေသည် ဧပြီ ၂၃ ရက်အထိ တုံ့ပြန်ဖြေရှင်းခြင်းမပြုခဲ့ချေ။

rakhine_who_1.jpg

 title=

title=

ကျန်းမာရေးဝန်ထမ်းတွေ ကြောက်နေကြပြီ

ကုလသမဂ္ဂအမှတ်တံဆိပ်ပါသော မော်တော်ယာဉ် ဧပြီ ၂၀ ရက်တွင် တိုက်ခိုက်မခံရမီကတည်းက ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်နှင့် အေအေတို့ကြား ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် COVID-19 ကို မည်ကဲ့သို့ တုံ့ပြန်ရမည်နှင့်ပတ်သက်၍ အကျပ်ရိုက်ခဲ့သည်။
ယခုနှစ်အစောပိုင်းကတည်းက မြေမြှုပ်မိုင်းများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများရှိခဲ့သည်။ တပ်မတော်သည် လူဦးရေထူထပ်သော နေရာများသို့ လေကြောင်းမှတစ်ဆင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကိုနေ့စဉ်ပြုလုပ်ခဲ့သောကြောင့် မတ် ၂၃ ရက်မှစ၍ အရပ်သား ၃၂ ဦးခန့်သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာကော်မရှင်နာရုံး၏ပြောခွင့်ရှိသူက ဧပြီ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြကြောင်း ပြောခွင့်ရှိသူက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
သေဆုံးမှုနှုန်းသည် ယင်းအချိန်ကတည်းက ဆက်လက်မြင့်တက်ခဲ့သည်။ ဧပြီ ၂၂ ရက်တွင် ချင်းပြည်နယ်(တောင်ပိုင်း) ပလက်ဝမြို့နယ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သည်။ တပ်မတော်သည် WHO ဝန်ထမ်းသတ်ဖြတ်ခံခဲ့ရသည့် နေရာတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း နောက်ထပ်အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့သေးကြောင်း လွတ်လပ်သောအာရှအသံက ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်း COVID-19 ကူးစက်မှုတားဆီးရေး အစီအစဉ်များ ထိခိုက်ခဲ့ရကြောင်း မင်းပြားမြို့နယ်ကျန်းမာရေးအရာရှိ ဦးသိန်းထွန်းက Frontier သို့ ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
“ဒီလိုအခြေအနေမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေက အပြင်ကိုမထွက်ချင်ကြဘူး၊သူတို့လည်း ကြောက်နေကြတာပေါ့၊ ဒါပေမဲ့ ဒါဟာ အမျိုးသားရေးတာဝန်မို့လို့ လူနာတွေအတွက်နဲ့ COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ရမယ်လို့ ပြောထားပါတယ်” ဟု သူကပြောဆိုခဲ့သည်။
ပြည်နယ်မြောက်ပိုင်း ကျောက်တော်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံများသည်လည်း အကြောက်တရားနှင့်နေထိုင်နေရသည်။ ကျောက်တော်သည်လည်း တိုက်ပွဲဒဏ်ခံနေရသည်။
တိုက်ခိုက်မှုများကြောင့် ကျေးရွာများရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများကို ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးအရာရှိ ဒေါက်တာ သိန်းထွန်းဦးက ပြောဆိုခဲ့သည်။ ဒေသခံများနှင့် ကျန်းမာရေးဝန်ထမ်းများ ကျေးရွာများမှ မြို့သို့ တိမ်းရှောင်ခဲ့ကြပြီး ကျေးရွာသားများသည်လည်း ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းများ( IDP) နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြကြောင်း သူကပြောဆိုခဲ့သည်။
ထို့ပြင် လိုအပ်သော ကျန်းမာရေးပစ္စည်းများကို ထောက်ပံ့ပေးခြင်းမရှိသောကြောင့် မြို့ရှိ သီးခြားထားရှိစောင့်ကြည့်စခန်းကို ပိတ်ထားခဲ့ရကြောင်း ဒေါက်တာသိန်းထွန်းဦးကပြောဆိုခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပိုမိုခက်ခဲလာခဲ့ကြောင်း ကျောက်တော်ရှိ အစိုးရကျန်းမာရေးဝန်ထမ်း ဒေါက်တာဖြူခင်ကပြောဆိုခဲ့သည်။
“တစ်ခုခုလုပ်တော့မယ်ဆိုရင် အန္တရာယ်ကင်းပါ့မလားဆိုပြီး ဦးဆုံးတွေးနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးလို့မရဖြစ်နေတယ်” ဟု သူကပြောသည်။
တိုက်ပွဲများကြောင့် COVID-19 တုံ့ပြန်ရေးလုပ်ဆောင်မှုများ နည်းလမ်းမျိုးစုံဖြင့် နှောင့်နှေးခဲ့ရကြောင်း ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားကွန်ဂရက်စ်၏အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောဆိုခဲ့သည်။
“ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ကြောက်နေကြတယ်၊ သူတို့လည်း အပြင်ကိုမထွက်ရဲကြဘူး၊ ဒါကြောင့် ကျွန်တော်တို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပို့ဆောင်ရေးက ခက်ခဲနေတာပေါ့” ဟု သူကပြောသည်။
“ပြီးတော့ လူတွေကလည်း တစ်ဦးနဲ့တစ်ဦးကြား ခပ်ဝေးဝေးနေရမယ်၊ နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေကိုလည်း မလိုက်နာကြဘူးလေ” ဟု သူကပြောဆိုခဲ့သည်။
“အစိုးရကလည်း ဒါနဲ့ပတ်သက်ပြီး အရေးတယူဆောင်ရွက်တာမျိုးလည်းမရှိဘူး၊ ဥပဒေစိုးမိုးမှုနည်းတယ်၊ မြေပုံမြို့နယ်က သီးခြားထားရှိစောင့်ကြည့်ရေးစနစ်က ပြိုလဲသွားပြီး အဲ့ဒီမှာ ဘယ်သူမှ သီးခြားထားရှိစောင့်ကြည့်တဲ့ စည်းမျဉ်းကို မလိုက်နာကြတော့ဘူး” ဟု သူကဆက်လက်ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ပြောခွင့်ရှိသူဖြစ်သလို ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ ချမ်းသာကိုမူ ဆက်သွယ်လို့မရခဲ့ချေ။

rakhine_idps_1.jpg

 title=

title=

ထိခိုက်နစ်နာမှုတွေရှိနေတဲ့ ပြည်နယ်

ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်သူတစ်ဦးရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ပဋိပက္ခထူပြောနေသည့် ပြည်နယ်ဖြစ်သောကြောင့် ကူးစက်ရောဂါဖြစ်ပွားပါက အကြီးအကျယ်ထိခိုက်နစ်နာနိုင်ခြေများနေကာ ဆိုးရွားသော အကျိုးဆက်ကြီးများရှိလာနိုင်ပေသည်။
၂၀၁၂ ခုနှစ်ကတည်းက လူမျိုးရေးအခြေခံအကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် ရိုဟင်ဂျာအများစုအပါအဝင် လူ ၁၃၀၀၀၀ ဦးနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာကတည်းက အေအေနှင့် တပ်မတော်တို့ကြား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူနောက်ထပ် ၆၀၀၀၀ တို့အပါအဝင် လူ ၂၀၀၀၀၀ ခန့်သည် ပြည်နယ်တွင်းရှိ အခြေခံလိုအပ်ချက်ဖြည့်ဆည်းနိုင်မှုနည်းပါးသော IDP စခန်းများတွင် နေထိုင်လျက်ရှိနေသည်။
လက်နက်ကိုင်ပဋိပက္ခကြောင့် လူ ၁၀၀၀၀၀ ခန့်အထိ ထိခိုက်နစ်နာခဲ့ရသော်လည်း ၎င်းတို့သည် ခိုလှုံရေးစခန်းများအပြင်ဘက်တွင် နေထိုင်လျက်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားကွန်ဂရက်စ်က ပြောဆိုခဲ့သည်။
IDP စခန်းများရှိ အခြေအနေများကွာခြားသော်လည်း နေထိုင်သူများသည် အစားအစာလုံလောက်စွာမရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမခံယူရခြင်းနှင့် ခိုလှုံစရာနေရာကောင်းကောင်းမရှိခြင်း အစရှိသည့် အခက်အခဲများနှင့် ကြုံနေရသည်။ ယင်းကဲ့သို့ အကျပ်အတည်းမျိုးစုံနှင့် ကြုံနေရသည့် ရွှေ့ပြောင်းများကြားတွင် COVID-19 ကူးစက်ဖြစ်ပွားနိုင်ခြေလည်းရှိနေကြောင်း စိုးရိမ်စရာလည်းရှိနေပြန်သည်။
ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်များအပြင် ရခိုင်တိုင်းရင်းသားများစွာသည် မြန်မာနိုင်ငံရှိ အခြားနေရာများနှင့် ပြည်ပတို့တွင်လည်း အလုပ်လုပ်ကိုင်လျက်ရှိနေသည်။ ဒေသတွင်း COVID-19 ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ယင်းရွှေ့ပြောင်းများအနက် အများစုသည် ဧပြီလလယ်တွင်ကျရောက်သည့် သင်္ကြန်အားလပ်ရက်များမတိုင်မီတွင် နေရပ်သို့ပြန်လာခဲ့ကြသည်။
ရခိုင်ပြည်နယ်၌ နေအိမ်မှာပင် သီးခြားနေထိုင်ရသူ ၃၀၀၀ ဦးအပါအဝင် လူ ၄၀၀၀ ခန့်ကို သီးခြားထားရှိစောင့်ကြည့်နေကြောင်း ရခိုင်ပြည်နယ်ရှိ အထူးရောဂါထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းပိုင်ကပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်ရှိ လူ ၃၇ ဦးကို COVID-19 ရှိမရှိစစ်ဆေးသို့မဟုတ် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၃၃ ဦး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဦးစိုးဝင်းပိုင်ကပြောဆိုခဲ့သည်။ လေးဦးသည် COVID-19 ကူးစက်ခံထားရကြောင်း သံသယရှိသော်လည်း စစ်ဆေးရခြင်းမရှိဘဲ ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် အမ်းမြို့နယ်များရှိဆေးရုံများတွင်ရှိနေကြောင်း သူကပြောသည်။
သို့သော် COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပြီးဖြစ်သူများကိုလည်း ပြန်လည်စစ်ဆေးရလေ့ရှိပြီး ယင်းနှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို လေယာဉ်ခရီးစဉ်ပြန်စပါက ရန်ကုန်သို့ပို့ဆောင်ရန်လိုအပ်သည်။
သို့သော် ရခိုင်ပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးအားနည်းစေသည့် အချက်များတွင် ကျန်းမာရေးဝန်ထမ်းများ၏လုံခြုံမှုအပြင် အခြားကိစ္စရပ်များလည်း ပါဝင်နေပြန်သည်။
အေအေ၏လှုပ်ရှားမှု အားနည်းသွားစေရန်လုပ်ဆောင်မှုအဖြစ် အစိုးရသည် ဆက်သွယ်ရေးကုမ္ပဏီများအား ဝန်ဆောင်မှုများကိုရပ်ဆိုင်းထားရန် ၂၀၁၉ ခုနှစ် ဇွန်တွင် ညွှန်ကြားခဲ့သောကြောင့် ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ရှစ်ခုသည် မိုဘိုင်းဖုန်းအင်တာနက်မရရှိဘဲနေထိုင်နေခဲ့ရသည်။ ယမန်နှစ် စက်တင်ဘာတွင် မြို့နယ်လေးမြို့နယ်၌ ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့သော်လည်း ဖေဖော်ဝါရီတွင် ပိတ်ပင်ချက် ပြန်လည်ချမှတ်ခဲ့သည်။
အင်တာနက်ဝန်ဆောင်မှုရပ်ဆိုင်းထားခြင်းကြောင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပညာပေးသတင်းများဖြန့်ချိရန် အခက်အခဲရှိခဲ့သည်။
“အစိုးရရဲ့ညွှန်ကြားချက်တွေ၊ အမိန့်တွေကို အချိန်နဲ့တစ်ပြေးညီမရရှိဘူးလေ၊ ရောဂါနဲ့ပတ်သက်ပြီး အခြားပြည်နယ်တွေ၊တိုင်းဒေသကြီးတွေမှာ ဘာတွေဖြစ်နေလဲ မသိရဘူး” ဟု မြေပုံမြို့တွင် လုပ်ကိုင်နေသည့် အစိုးရသူနာပြု စောအယာခိုင်ကပြောဆိုခဲ့သည်။
“ဒါပေမဲ့ မိသားစုဝင်တွေနဲ့ ဗီဒီယိုကောမခေါ်နိုင်တာကြောင့် ပိုဆိုးသွားတာပေါ့” ဟု သူကပြောသည်။
ယင်းကြောင့် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ရှစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများသည် COVID-19 နှင့်ပတ်သက်သော လက်ကမ်းစာစောင်များကိုဖြန့်ချိခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းတို့ကိုပြုလုပ်ကာ ပညာပေးရေးလုပ်ငန်းကိုလုပ်ဆောင်နေရသည်။
COVID-19 ဖြစ်ပွားလာပါက ရခိုင်ပြည်နယ်တွင် ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဝန်ထမ်းလုံလောက်ခြင်းမရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက Frontier ကိုပြောဆိုခဲ့သည်။
COVID-19 လူနာများကိုကုသရေးအတွက် ကုတင် ၂၀၀ နှင့်အထက် ဆေးရုံများပေါ်ပေါက်လာသည်အထိ ဆေးရုံများကို အဆင့်မြှင့်တင်မည့် အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်တွေနှင့် ကျောက်ဖြူတို့ရှိ ဆေးရုံနှစ်ရုံသာ အဆင့်မီခဲ့သည်။
ယင်းဆေးရုံနှစ်ရုံသည် COVID-19 လူနာများကို လက်ခံရန် အသင့်ရှိနေသော်လည်း ယင်းဆေးရုံနှစ်ရုံကို ချဲ့ထွင်ရန်လိုအပ်သေးကြောင်း စစ်တွေရှိ အမည်မဖော်လိုသည့် ကျန်းမာရေးအရာရှိတစ်ဦးက Frontier သို့ပြောဆိုခဲ့သည်။
“စစ်တွေအထွေထွေဆေးရုံကြီးက COVID-19 လူနာ ၂၀ ကို သီးခြားဆောင်မှာထားရှိကုသပေးနိုင်ပါတယ်၊ ဒါပေမဲ့ အထူးကြပ်မတ်ကုသဆောင်မှာတော့ လူနာခြောက်ဦးပဲ လက်ခံနိုင်မှာပါ ၊ ဒါကို တိုးချဲ့ဖို့လိုအပ်ပါမယ်” ဟု သူကပြောဆိုခဲ့သည်။
မင်းပြားမြို့နယ်ရှိ ဆေးရုံတွင် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း နှင့် N95 နှာခေါင်းစည်းများ လုံလောက်စွာမရှိသောကြောင့် အစိုးရအနေဖြင့် ဝန်ထမ်းများနှင့် လူနာများ လုံခြုံမှုရှိရေးအတွက် နောက်ထပ်ထောက်ပံ့ပေးမည်ဟု မျှော်လင့်ပါကြောင်း သိန်းထွန်းကပြောဆိုခဲ့သည်။
ပြည်နယ်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရည်အသွေးမမီသည့်အကြောင်းကို ပြည်နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများကပြောဆိုခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်မှုလျှော့ချရေးအတွက် တားမြစ်ကန့်သတ်ချက်များသက်ရောက်ရေးလုပ်ဆောင်မှုမရှိခြင်းကြောင့် ပြည်နယ်တွင်းနေထိုင်သူများသည် ကူးစက်မှုလျှော့ချရေးနည်းလမ်းများကို လိုက်နာခြင်းမရှိသည့်အချက်ကလည်း စိုးရိမ်စရာရှိနေပြန်သည်။
ကြိုတင်ပြင်ဆင်မှုမရှိခြင်းနှင့် ကျန

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.