ရခိုင်က မူဆလင်ပြဿနာ အင်န်အယ်လ်ဒီအစိုးရကိုပဲ အပြစ်မတင်ကြပါနဲ့

အင်န်အယ်လ်ဒီအစိုးရက နိုင်ငံတော်တာဝန် စယူချိန်ကတည်းက ရခိုင်ပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေတာမို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဝေဖန်မှုဟာ လျော်ကန်သင့်မြတ်မှု မရှိပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲပဲ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကောင်စီအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့် မြန်မာအစိုးရဟာ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ဆုံးဖြတ်ချက် တစ်ခုလုံးကို သဘောတူ လက်ခံပါဝင်ခြင်း မရှိကြောင်း (Dissociate) ပြုလုပ်ခဲ့တဲ့အပြင် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ဖို့ကိုလည်း လက်မခံ ပယ်ချခဲ့ပါတယ်။

ပြောရရင် လူ့အခွင့်အရေးကောင်စီရဲ့ အဲဒီ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရကို အကျပ်အတည်း ဆိုက်စေတာကလွဲပြီး ရခိုင်ပြည်နယ်ထဲက ပြဿနာတွေကို ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း ဖြေရှင်းရေးအတွက် အထောက်အကူ မဖြစ်စေနိုင်ပါဘူး။ ဒီအကြောင်း ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်တဲ့ မူဆလင် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ပြဿနာ တည်ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာစတဲ့ ပြဿနာတွေဖြစ်ကြပါတယ်။

တခါတရံ ပြဿနာကြီးတွေ၊ ပဋိပက္ခကြီးတွေ ပေါ်ပေါက်တတ်ပေမဲ့ ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခ မတိုင်မီ အခြေအနေအထိကတော့ ပြဿနာတွေ ဆိုးဆိုးရွားရွား မတက်ခဲ့ပါဘူး။ ၂၀၁၂ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ပြဿနာဟာ ပိုပြီးကြီးထွားလာပါတယ်။

နှစ်ဖက်လူမှုအသိုင်းအဝိုင်းက ပြည်သူတွေ သေကြေဒဏ်ရာရ၊ နေအိမ်တွေ မီးရှို့ခံကြရ ဖြစ်ခဲ့ပါတယ်။ ဒီထက် ပိုဆိုးတာက သိန်းဂဏန်း နီးပါးရှိတဲ့ ပြည်သူတွေ ဒုက္ခသည်စခန်းတွေကို ရောက်သွားကြတာပါ။ အဲဒီထဲမှာ အများစုကြီးဟာ မူဆလင်တွေပါ။

ပဋိပက္ခ ဖြစ်ပွားပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရဟာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူတာ၊ ဒုက္ခသည်စခန်းမှာ သွားရောက် ခိုလှုံနေရသူတွေ သူတို့နေအိမ်တွေဆီ ပြန်သွားခွင့်ပေးတာ၊ နှစ်ဖက်အသိုင်းအဝိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေနိုင်အောင် အခြေအနေ ဖန်တီးပေးတာ၊ စီးပွားရေး နောက်ကျကျန်နေရစ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတာ စတာတွေ လုပ်ရမယ့်အစား မူဆလင် အသိုင်းအဝိုင်းကို ခွဲခြားမှုတွေ စနစ်တကျ လုပ်လာတာ တွေ့မြင်ကြရပါတယ်။

မူဆလင်တွေကို သူတို့နေထိုင်ရာကနေ ဖယ်ရှားပြီး တခြားမူဆလင်ကျေးရွာတွေ အနားမှာ ဒုက္ခသည် စခန်းတွေ ထူထောင် နေရာချထားပေးပါတယ်။

ဒီနေရာတွေကို ဒုက္ခသည်စခန်းတွေလို့တောင် မခေါ်ထိုက်ပါဘူး။ အဲဒီ ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေကိုရော၊ နဂိုမူလ ကျေးရွာသားတွေကိုပါ နယ်မြေ တစ်ခု သတ်မှတ်ပြီး အဲဒီ ဧရိယာအပြင် မထွက်ရ စည်းကမ်းသတ်မှတ်၊ လုံခြုံရေးတွေ ကာရံ ပိတ်ဆို့ထားလိုက်လို့ပါပဲ။ ပြောရရင် ၂၀၁၂ ပဋိပက္ခ ပြဿနာအပြီး စစ်တွေခရိုင်ထဲက မူဆလင် အားလုံးနီးပါးလောက် အဲဒီ အကျယ်ချုပ်သဖွယ် ထားတဲ့ စခန်းတွေထဲ ရောက်သွားခဲ့တာ ဒီကနေ့ အချိန်ထိပါပဲ။

ရခိုင်ပြည်နယ် စစ်တွေမြို့ထဲက မူဆလင်တွေကို သီးသန့်ထားတဲ့ အောင်မင်္ဂလာ ရပ်ကွက်ကို ရောက်သွားတဲ့ ဘီလျံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်ကတောင် အဲဒီရပ်ကွက်ဟာ သူငယ်ငယ်က နေခဲ့ရတဲ့ဂျူးတွေကို ခွဲခြားထားတဲ့ ဂက်တိုလို စခန်းမျိုးကို ပြန်ရောက်သွားသလို ခံစားရတယ် ဆိုပြီးတောင် ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ သူ အစိုးရအဖွဲ့ တာဝန်ယူပြီး ၆ လကျော်အကြာ ၂၀၁၆ အောက်တိုဘာ ၉ ရက်မှာ ဒေသခံမူဆလင်တွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ တခြားစခန်းနှစ်ခုကို အကြမ်းဖက် ဝင်ရောက် စီးနင်းတိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်၊ လက်နက်တွေ ယူဆောင်သွားပြီး အကြမ်းဖက် ပုန်ကန်မှု တစ်ရပ်ကို စတင်လိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီရခိုင်ပြည်နယ်က ကြာရှည်ပြီး ရှုပ်ထွေးခက်ခဲတဲ့ ပြဿနာကို မရှောင်လွဲှခဲ့ပါဘူး။ ရွေးကောက်ပွဲနိုင်၊ အစိုးရဖွဲ့ပြီးတာနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာကော်မတီ တစ်ရပ် ဖွဲ့ပြီး သူကိုယ်တိုင် ဦးဆောင်တာဝန်ယူခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပပျောက်ရေး၊ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား သဟဇာတ ဖြစ်ရေးနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ အဲဒီလုပ်ငန်းစဉ်တွေကို အထောက်အကူ ဖြစ်စေမယ့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စတာတွေ အကောင်အထည်ဖော်ဖို့ ပြင်ဆင်သလို၊ စပြီးလည်း လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ သူ အစိုးရအဖွဲ့ တာဝန်ယူပြီး ၆ လကျော်အကြာ ၂၀၁၆ အောက်တိုဘာ ၉ ရက်မှာ ဒေသခံမူဆလင်တွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ တခြားစခန်းနှစ်ခုကို အကြမ်းဖက် ဝင်ရောက် စီးနင်းတိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်၊ လက်နက်တွေ ယူဆောင်သွားပြီး အကြမ်းဖက် ပုန်ကန်မှု တစ်ရပ်ကို စတင်လိုက်ကြပါတယ်။

အခုလို အကြမ်းဖက် ပုန်ကန်မှုလုပ်ရင် တည်ဆဲအစိုးရတစ်ရပ်က ဘာတွေလုပ်မလဲဆိုတာ မေးခွန်း မဟုတ်ပါဘူး။ အကြမ်းဖက်သူတွေကို လိုက်လံဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ စီရင်ဖို့၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရဖို့၊ နယ်မြေ ပြန်ပြီး တည်ငြိမ်ဖို့ လုပ်ရမှာပါပဲ။

လက်တွေ့မှာလည်း မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အဲလို နယ်မြေရှင်းလင်းစဉ်မှာ သတ်ဖြတ်မှုတွေရှိတယ်၊ မုဒိန်းကျင့်မှုတွေရှိတယ်၊ နေအိမ်တွေကို မီးရှို့တယ်စသဖြင့် စွပ်စွဲမှုတွေ ပေါ်ပေါက်လာတာပါပဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အစိုးရဘက်ကနေ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းစေလွှတ်ခဲ့သလို၊ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကလည်း သီးခြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအတွက် နောက်ပိုင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကနေ လူသတ်မှု၊ မုဒိန်းမှု၊ မီးရှို့မှု ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲတိုင်တန်းတဲ့အတွက် အမှု ၁၈ မှု ဖွင့်လှစ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ဘက်က အခြေအနေကို ကြည့်မယ်ဆိုရင် မူဆလင်အသိုင်းအဝိုင်းအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ ခံနေရတယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ဒေသခံကျေးရွာသားတွေဟာ မူဆလင်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း ခံနေရပြန်ပါတယ်။

၂၀၁၆ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်တပ်ဖွဲ့စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မူဆလင် အကြမ်းဖက်သမားတွေလို့ ယူဆရသူတွေရဲ့ သတ်ဖြတ်မှုကြောင့် ရွာသား ၂၃ ယောက် သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

အဲဒီထဲမှာ သတင်းမီဒီယာသမားတွေကို လက်ခံတွေ့ဆုံပြီး မေးမြန်းသမျှတွေကို ဖြေကြားပေးခဲ့တဲ့ ငါးခူရကျေးရွာက ကျေးရွာစာကြည့်တိုက် တာဝန်ခံ ရှူနာမျာနဲ့ တင်းမေကျေးရွာအုပ်စု ရပ်ကွက်သုံးခု တာဝန်ခံ ဟာမက်ဒူလာတို့နှစ်ယောက် သတ်ဖြတ်ခံရမှုဟာ ထင်ရှားပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၅ ယောက်ရှိပြီး ၅ ယောက်ကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒီလိုကြာရှည် ရှုပ်ထွေးတဲ့ ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန် တိုင်းပြည်ထဲက တပ်မတော်ခေါင်းဆောင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေကတော့ အဲဒီက မူဆလင်တွေကို ဘင်္ဂါလီတွေလို့ ခေါ်ဝေါ်ပြီး တရားမဝင် ခိုးဝင်လာသူတွေအဖြစ် သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်က ပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရည်ညွှန်းပြီး “ဒုက္ခသည်တွေကို အကြောင်းပြုပြီး နိုင်ငံရေး စွက်ဖက်မှုတွေကို တွေ့မြင်ရမှာဖြစ်တယ်” “ ဘာသာရေးနဲ့ လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိတယ်” ဆိုတဲ့ အထိ ပြောဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲလိုအခြေအနေ အကျပ်အတည်းတွေအောက်မှာ ခက်ခက်ခဲခဲ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို အပြစ်တင်နေမယ့်အစား၊ ဖိအားမျိုးစုံ ပေးနေမယ့်အစား မစ္စတာကိုဖီအာနန် ခေါင်းဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်တွေကို အားပေးကူညီဖို့ပဲ ဖြစ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.