မှောင်ခိုခေတ်သို့ သမင်လည်ပြန်

မော်လမြိုင်-ရန်ကုန် အစုန်ရထားတစ်စီးက ရန်ကုန်အဝင်မှာ ရထားရပ်ပြီး ကုန်ပစ္စည်းတွေချနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ မြန်မာနိုင်ငံရဲ့မှောင်ခိုဈေးကွက်ကြီးကို မီးမောင်းထိုးပြလိုက်သလိုဖြစ်ပြီး တပ်မတော်က ဝင်ရောက်ကူညီမှရမယ့် ပြဿနာဖြစ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က မော်လမြိုင်-ရန်ကုန် အစုန်ရထားတစ်စီးဟာ ရန်ကုန်အဝင် ရွာသာကြီးမှာ ရထားရပ်ပြီး ကုန်ပစ္စည်းတွေ ချနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ရထားပေါ်လိုက်ပါလာတဲ့ ခရီးသည် တစ်ယောက်က အဲဒီနေရာဟာ ရပ်ရမယ့် နေရာမဟုတ်ဘဲ ရထားကို မိနစ် ၃၀ လောက် ရပ်တန့်ပြီး ကုန်တွဲထဲက ကုန်ပစ္စည်းမျိုးစုံကို ကန်ချနေတာ တွေ့ရတယ်ဆိုပြီး တင်ထားတာပါ။ ဒီကိစ္စဟာ တရားမဝင် မှောင်ခိုကုန်ကူးတာမျိုး ဖြစ်နိုင်ပြီး စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ မှောင်ခိုကုန်သွယ်မှု ဘယ်လောက်ကြီးမားနေသလဲ၊ ဒီပြဿနာ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာ့မီးရထား တာဝန်ရှိသူတွေကတော့ အဲဒီနေ့ အဲဒီအချိန် ရန်ကုန်အဝင် ရွာသာကြီးမှာ ဘူတာမဟုတ်ဘဲ ကုန်ပစ္စည်းတွေချတာ ရှိခဲ့ကြောင်းဝန်ခံပြီး တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့တော့ ဆိုပါတယ်။ တကယ်တော့ မော်လမြိုင်ရထားပေါ်ကကုန်တွေ ရန်ကုန်မဝင်ခင် ကန်ချတဲ့ဖြစ်စဉ်ဟာ တာဝန်ရှိသူ ဖြေရှင်းထားတာလောက် မရိုးရှင်းပါဘူး။

ဗီဒီယိုဖိုင်ထဲမှာ မြင်ရတာ ရထားပေါ်ကနေ များပြားလှတဲ့ အထုတ်ကြီးငယ်တွေ ချနေတဲ့မြင်ကွင်းပါ။ ထူးခြားတာ တစ်ခုက အဲဒီအထုတ်တွေကို သယ်ယူဖို့ အလုပ်သမားတချို့နဲ့ ကုန်ကားကြီး နှစ်စီးက အသင့်လာရောက် စောင့်ဆိုင်းပြီး သယ်ယူသွားကြတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုကြည့်ရင် ရိုးရှင်းပါတယ်။ ရထားပျက်လို့ မတော်တဆ ရောက်လာပြီး ကုန်တွေချသွားတာ မဟုတ်ပါဘူး၊ စနစ်တကျ ကြိုတင်စောင့်ဆိုင်း ချယူသွားကြတာမျိုးပါ။ ဒီကုန်ပစ္စည်းတွေဟာ ထိုင်းနယ်စပ် မြဝတီလမ်းကြောင်းကနေတဆင့် မော်လမြိုင်မြို့ကို အကောက်ခွန်မဲ့ တင်သွင်းခဲ့တဲ့ မှောင်ခိုပစ္စည်းတွေ ဖြစ်ပုံရပါတယ်။

ရန်ကုန်ကို မှောင်ခိုတင်တဲ့သူတွေဟာ သမားရိုးကျ နည်းလမ်းအတိုင်း မော်လမြိုင်-ရန်ကုန်၊ ဒါမှမဟုတ် ဘားအံ-ရန်ကုန် ကားလမ်းအတိုင်း ကားနဲ့သယ်လို့ မရတော့ပါဘူး။ အကြောင်းကတော့ မှောင်ခိုဖမ်းဆီးရေးအဖွဲ့ဟာ မရမ်းချောင် စစ်ဆေးရေးဂိတ်မှာရော၊ ကွေ့ရှောင်လမ်းတွေမှာပါ ပိတ်ဆို့ဖမ်းဆီးနေလို့ ဖြစ်ပါတယ်။ အဲဒီ စစ်ဆေးရေးဂိတ်ဟာ အခုနောက်ပိုင်း လူစီးဘတ်စ်ကားတွေနဲ့ သယ်လာတဲ့ အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးနေပါတယ်။ ဒီအတွက် မှောင်ခိုပစ္စည်း သယ်ယူတဲ့လူတွေ ကားလမ်းကနေ သွားရခက်နေတယ်ဆိုတာ သိသာပါတယ်။

အခြားတစ်ဘက်မှာတော့ ရထားနဲ့သယ်နိုင်ပါသေးတယ်။ ရထားကုန်တွဲက တန်ဆာလက်ခံသူတွေဟာ လာအပ်တဲ့ကုန်ပစ္စည်းတွေ အခွန်ဆောင်ထားသလား၊ ဆောင်မထားဘူးလား စသဖြင့် စစ်ဆေးလေ့မရှိပါဘူး။ သူတို့လုပ်ငန်းစဉ်ထဲလည်း မပါပါဘူး။ ဒီအတွက် မော်လမြိုင်မှာ ရထားကုန်တွဲထဲ မှောင်ခိုပစ္စည်းတွေ တန်ဆာခဆောင်ပြီး ထည့်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရထား ရန်ကုန်ဘူတာကြီးကို ဆိုက်ရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ရန်ကုန်ဘူတာကြီးမှာ ကုန်တွဲတွေက ပါလာတဲ့ပစ္စည်းတွေကို စစ်ဆေးတာတွေ ရှိတတ်ပြီး မှောင်ခိုဆိုရင် ဖမ်းတဲ့ ဆီးတဲ့ သာဓကလည်း ရှိပါတယ်။ ဒါကြောင့် မှောင်ခိုပစ္စည်းသယ်တဲ့သူတွေ အသုံးပြုတဲ့နည်းကတော့ ပစ္စည်းတွေကို မော်လမြိုင်ကနေ ရထားနဲ့သယ်၊ ရန်ကုန်ဘူတာကြီး မရောက်ခင် တိုးကြောင်ကလေး ပတ်ဝန်းကျင်လောက်မှာ ရထားပေါ်ကနေ နည်းနာတစ်ခုခုသုံးပြီး ချတဲ့နည်းပါပဲ။

တကယ်တော့ မော်လမြိုင်ဘက်ကနေ ရန်ကုန်ကို မှောင်ခိုကုန်ပစ္စည်းတွေ သယ်တဲ့ဆီမှာ ရထားပေါ်ကနေ ကန်ချတဲ့နည်းသုံးတာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ အစိုးရခေတ်ကတည်းက လုပ်ခဲ့တာမျိုးပါ။ အဲဒီအချိန်က မှောင်ခိုပစ္စည်းအမျိုးမျိုးကို အဖမ်းအဆီးတွေ အများကြီး ရှိနေတဲ့ကြားက ရထားနဲ့ရအောင် သယ်တာပါ။

နယ်စပ်မှာ အဲလိုတရားမဝင် မှောင်ခိုကုန်ကူးနေသူတွေဟာ နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တွေ ဖြစ်နေတာကြောင့် အကောက်ခွန်၊ ဒါမှမဟုတ် အစိုးရဘက်က ဘာမှကိုင်တွယ်ဖြေရှင်းလို့ မရပါဘူး။ ဒီပြဿနာဟာ တိုင်းပြည်စီးပွားရေးရဲ့ အရေးကြီးပြဿနာအဖြစ် တပ်မတော်ခေါင်းဆောင်တွေ ကိုယ်တိုင်လက်ခံပြီး အစိုးရကို ကူညီမှသာ အထိုက်အလျောက် ပြေလည်နိုင်မယ် ဖြစ်ကြောင်းပါ။

မော်လမြိုင် မုတ္တမဘူတာဘက်ခြမ်းမှာ ရထားပေါ်ကို မှောင်ခိုပစ္စည်းတွေ ရောက်အောင် နည်းအမျိုးမျိုး သုံးကြပါတယ်။ ညဘက် တွဲစောင့်နဲ့ပေါင်းပြီး ရထားပေါ်တက်၊ ကြိုတင်ဖွက်ထားတာ၊ လူတွေ တွဲပေါ်တက်တော့မှ ဖုံးကွယ်၊ ဖွက်ပြီးတင်တာ၊ ရထားထွက်ကာစ အရှိန်မပြင်းခင် ရထားလမ်းဘေးမှာ ကြိုတင်လာစောင့်နေကြသူတွေက အထုပ်ကလေးတွေခွဲပြီး ရထားပေါ်ကလူတွေကို ကမ်းပေးတာ၊ အဲဒီနည်းတွေနဲ့ ရထားပေါ် တင်ကြပါတယ်။

အဲဒီမော်လမြိုင်ရထား ရန်ကုန်ကိုမရောက်ခင် တိုးကြောင်ကလေး၊ သင်္ဃန်းကျွန်းဘူတာလောက်ရောက်ရင် ရထားပေါ်မှာ ထုပ်ပိုးထားတဲ့ အထုပ်တွေကို ကြိုတင်ချိန်းချက်ထားတဲ့ နေရာတွေမှာ ကန်ချ၊ အောက်ကနေ ကြိုတင်စောင့်ဆိုင်းနေသူတွေက လိုက်လံကောက်ယူ၊ နောက်ဆုံး ရန်ကုန်မြို့တွင်း လွယ်လွယ်ကူကူ ပို့လိုက်ကြတော့တာပါပဲ။

အဲဒီအချိန်ကတည်းက မော်လမြိုင်ကနေ ရန်ကုန်ကို မှောင်ခိုပို့ရာလမ်းကြောင်းမှာ မီးရထားဝန်ထမ်းတွေ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ရထားတွဲထဲ ညဘက်မှောင်ခိုပစ္စည်းတွေ ဖွက်ဖို့ ခွင့်ပေးရတာ၊ မှောင်ခိုပစ္စည်း တင်ဖို့ ရထားအရှိန်လျှော့ပေးရတာ၊ ရန်ကုန်အဝင်မှာ ရထားကို မဆိုစလောက် ခုတ်မောင်းပြီး ညမှောင်မှောင်မှာ ပစ္စည်းတွေကို ချစေတာ စသဖြင့် ဖြစ်ပါတယ်။

အခု ရွာသာကြီးမှာ ဖြစ်ခဲ့တဲ့ပြဿနာဟာ အဲလိုပြဿနာမျိုးဖြစ်ပြီး အရင်မှောင်ခိုခေတ်ကို သတိတရ ဖြစ်စေပါတယ်။ ဒီ ဖြစ်ရပ်ကိုကြည့်ရင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းတွေ ရန်ကုန်ကို နည်းအမျိုးမျိုးနဲ့ ဝင်ရောက်နေဆဲပဲဆိုတာ သိနိုင်ပါတယ်။

တကယ်တော့ နယ်စပ်တွေကနေ တင်သွင်းလာတဲ့ တရားမဝင် အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေကို တားဆီးဖို့ဆိုတာ မွန်ပြည်နယ်က မရမ်းချောင်ဂိတ်၊ ရှမ်းပြည်နယ် မူဆယ်လမ်းက ရေပူမှာ စစ်ဆေးရေးဂိတ်တွေ ထားရုံနဲ့ မလုံလောက်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာ တစ်လတည်းမှာကိုပဲ အဲဒီ ၂ ဂိတ်အပါအဝင် တခြားနေရာတွေကနေ မှောင်ခိုကုန်ပစ္စည်း ကျပ်ငွေ ၂ ဒသမ ၈ ဘီလျံကျော်ဖိုး ဖမ်းဆီးမိခဲ့တာကြည့်ရင် မှောင်ခိုကုန်သွယ်ရေး ဘယ်လောက် အားကောင်းနေသေးလဲဆိုတာ မှန်းဆနိုင်ပါတယ်။

အဓိကလုပ်ဖို့လိုတာက နယ်စပ်တွေမှာကတည်းက ကြပ်ကြပ်မတ်မတ် ပိတ်ဆို့ဖို့ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းဘက် နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်း ထုတ်ပြန်မှုတွေကို နှိုင်းယှဉ်ကြည့်ရင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှုပမာဏ ဘယ်လောက်များနေတယ်ဆိုတာ အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ မြန်မာ့စီးပွားရေး ကျဆင်းနေတာနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အဘက်ဘက်က ဝေဖန်ခံနေရချိန်မှာ ဒီလိုပြဿနာမျိုးဟာ မြွေပူရာကင်းမှောင့်ဆိုသလို အခြေအနေကို ပိုဆိုးစေပါတယ်။

ဒါပေမဲ့ နယ်စပ်မှာ အဲလိုတရားမဝင် မှောင်ခိုကုန်ကူးနေသူတွေဟာ နယ်ခြားစောင့်တပ်ဖွဲ့အပါအဝင် လက်နက်ကိုင်တွေ ဖြစ်နေတာကြောင့် အကောက်ခွန်၊ ဒါမှမဟုတ် အစိုးရဘက်က ဘာမှကိုင်တွယ်ဖြေရှင်းလို့ မရပါဘူး။ ဒီပြဿနာဟာ တိုင်းပြည်စီးပွားရေးရဲ့ အရေးကြီးပြဿနာအဖြစ် တပ်မတော်ခေါင်းဆောင်တွေ ကိုယ်တိုင်လက်ခံပြီး အစိုးရကို ကူညီမှသာ အထိုက်အလျောက် ပြေလည်နိုင်မယ် ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.