မြန်မာ့ဒီမိုကရေစီ စိုးရိမ်စရာသတိပေးလက္ခဏာများရှိနေကြောင်း စစ်တမ်းတစ်ခုဖော်ပြ

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အာရှဘာရိုမီတာစစ်တမ်း(ABS)အရ ကွဲပြားစုံလင်ခြင်းကို ပိုမိုသည်းခံနိုင်မှုရှိကြောင်း ဖော်ပြထားသော်လည်း ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးစစ်တမ်းပြီးနောက် နိုင်ငံရေးအရ ကွဲပြားမှုနှင့် ဒီမိုကရေစီစနစ်က ပေးနိုင်သည့် ကောင်းကျိုးများအပေါ် အလိုမပြည့်မှု၊ မကျေနပ်မှုများပိုမိုများပြားလာကြောင်း သိရှိခဲ့ရသည်။

ဒေါက်တာ ဘရစ်ဂျတ် ဝဲ့ရှ် နှင့် မြတ်သူ

လွန်ခဲ့သော ငါးနှစ်အတွင်း အရှေ့တောင်အာရှ၌ မြန်မာလောက် နိုင်ငံရေး၊ စီပွားရေးနှင့် လူမှုရေးအပြောင်းအလဲ ပြင်းပြင်းထန်ထန်ကြီးကြီးမားမားရှိခဲ့သည့် နိုင်ငံမရှိခဲ့ချေ။ ရန်ကုန်ရှိ ကောင်းကင်အနားသတ်မျဉ်း( မိုးကုပ်စက်ဝိုင်းတွင် ကောင်းကင်၏အလင်းကိုနောက်ခံပြု၍ တွေ့မြင်ရသော တောတောင်၊ အဆောက်အအုံများ၏အနားသတ်မျဉ်း) မှစ၍ မိုဘိုင်းဖုန်းအသုံးပြုမှုအထိ၊ COVID-19 တုံ့ပြန်မှုမှ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသမှုအထိ အရာရာတိုင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာရှိနေသည်။
ပြောင်းလဲမှုများစွာရှိနေသော်လည်း နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအပြောင်းအလဲများ ထုနှင့်ဒေးနှင့်ရှိလာရေး အခွင့်အလမ်းများမှာမူ ရှားတောင့်ရှားခဲ ရှိနေဆဲဖြစ်သည်။ အာရှဘာရိုမီတာစစ်တမ်းက အဆိုပါကွက်လပ်ကို ဖြည့်နိုင်ရန် ကြိုးပမ်းနေသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခု( ပဋိပက္ခဇုန်များမပါဝင်) တို့ရှိ လူ ၁၆၂၀ ဦးတို့ကို လူချင်းတွေ့ဆုံကာ စစ်တမ်းကောက်ယူပြီးနောက် တွေ့ရှိမှုကို ဖော်ပြထားခြင်းဖြစ်သည်။
ထူးခြားစွာပင် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ကနဦးစစ်တမ်းရလဒ်များကို ယခုအစီရင်ခံစာ၌ အများပြည်သူအမြင်နှင့် နိုင်ငံရေးအပြုအမူများကို နှိုင်းယှဉ်လေ့လာတင်ပြထားသည်။ ထို့ပြင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်( ကမ္ဘောဒီးယားနှင့် စင်ကာပူတို့၌ ယခုနှစ်တွင် စစ်တမ်းကောက်ယူမည်) တို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာ၌ ရှိနေသည့် အားသာချက်များကိုလည်း လေ့လာဖော်ပြထားသည်။ နောက်ဆုံးထုတ်ပြန်သော စစ်တမ်းအရ မြန်မာနိုင်ငံ၌ မကြာခဏဝိရောဓိဆန်ပြီး ခြုံပြောလျှင် စိုးရိမ်စရာရှိသည့် ဒီမိုကရေစီအခြေအနေကိုလည်း ဖွင့်ချထားသည်။
သတင်းကောင်းဖြင့် စတင်ချင်ပါသည်။ လွှတ်တော်နှင့် တရားစီရင်ရေးမှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရဲတပ်ဖွဲ့အထိ နိုင်ငံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူ၏ယုံကြည်မှုအကြီးအကျယ်တိုးပွားလာကြောင်း သိရှိခဲ့ရသည်။ နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုပိုရှိလာခြင်းနှင့်အတူ မြန်မာရင်ဆိုင်နေရသည့် ပြဿနာများအား အစိုးရက ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းအပေါ်လည်း ပိုမိုယုံကြည်မှုရှိလာခဲ့သည်။ ABS သုတေသနပြုလုပ်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း စစ်တမ်းကောက်ယူခဲ့သည့် အရှေ့အာရှနိုင်ငံနှင့် ဒေသ ၁၄ ခုတို့တွင် မြန်မာလောက် မည်သည့်နိုင်ငံတွင်မျှ အချိန်တိုတွင်း အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုတိုးပွားလာခြင်းမရှိခဲ့ချေ။ အောက်ပါဇယားက စစ်တမ်းနှစ်ခုတွင် ယုံကြည်မှုမြင့်တက်လာပုံကိုဖော်ပြထားသည်။

 class=

class=

လွန်ခဲ့သော လေးနှစ်နှင့် နှိုင်းယှဉ်လျှင် ဘာသာရေးပဋိပက္ခအပေါ်ထားရှိသည့် တင်းမာမှုလည်း လျော့ကျသွားခဲ့ကြောင်း ABS က လေ့လာတွေ့ရှိခဲ့သည်။ စစ်တမ်းဖြေဆိုသူ ၅၀ ရာခိုင်နှုန်းက ဘာသာရေးပဋိပက္ခသည် များစွာအလေးအနက်ထားစရာမကောင်းကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံသားများသည်လည်း ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ကိုယ်၎င်းတို့ ဘာသာရေးနှင့်ထပ်တူမပြုဘဲ နိုင်ငံနှင့်သာ ထပ်တူပြုလာခဲ့သည်။
ဘာသာရေးသည် နိုင်ငံရေးတွင်သာမက လူမှုဘဝတွင်ပါ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေဆဲဖြစ်သော်လည်း အခန်းကဏ္ဍလျော့ကျသွားခဲ့သည်။ စစ်တမ်းဖြေဆိုသူများ၏အမြင်အတိုင်းဆိုပါက လွန်ခဲ့သော လေးနှစ်အတွင်း အမျိုးသားရေးသရုပ်သကန်အင်အားကြီးလာပြီး ဘာသာရေးအရကွဲပြားမှုအပေါ်ထားရှိသည့် အမြင်အင်အားနည်းသွားကြောင်း တွေ့ရှိခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းကိုလက်ခံမှုတိုးလာပြီး တစ်ချိန်တည်းမှာပင် တံခါးပိတ်အမျိုးသားရေးဝါဒကိုလက်ခံမှု ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ လွန်ခဲ့သောလေးနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းရလဒ်များနှင့် ကွဲပြားစွာပင် အမျိုးသားရေးဝါဒကိုလက်ခံမှု ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ အခြားနိုင်ငံများဆီမှ သင်ယူခြင်းထက် လူနေမှုဘဝကို ခုခံကာကွယ်ရန် ပိုမိုလုပ်ဆောင်သင့်မသင့်မေးမြန်းသည့်အခါ စစ်တမ်းဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက လုပ်ဆောင်သင့်သည်ဟု ဖြေဆိုခဲ့သည်။
သို့သော် မြန်မာ၌ လူအများစုသည် အမျိုးသားရေးအမြင်ကို လက်ကိုင်ထားသော်လည်း စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက မြန်မာ၌ အမျိုးသားရေးဝါဒသည် ယင်းနိုင်ငံများလောက် ပြင်းထန်ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။ မြန်မာသည် နိုင်ငံတကာတွင်ဝင်ဆန့်ခြင်းကို ဆန့်ကျင်နေကြောင်း နိုင်ငံတကာက တံဆိပ်ကပ်ထားမှုကို ABS စစ်တမ်းရလဒ်များက မေးခွန်းထုတ်နေခဲ့သည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအသွင်ကူးပြောင်းမှုကြောင့် နိုင်ငံရေးအမြင်နှင့် အပြုအမူများတွင် အရေးပါသော အပြောင်းအလဲများရှိစေခဲ့သည်။ စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသားများသည် နိုင်ငံရေးတန်းဖိုးနှုန်းစံနှင့်ပတ်သက်၍ အတော်လေးကို ရှေးရိုးစွဲအမြင်များရှိနေဆဲဖြစ်သော်လည်း လွန်ခဲ့သော လေးနှစ်အတွင်း ယင်းအမြင်များကို ကိုင်စွဲမှုလျော့ကျလာခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အပြောင်းအလဲ တစ်ပြေးညီဖြစ်နေခြင်းမဟုတ်သော်လည်း ကျားမလိင်တန်းတူညီမျှမှုနှင့် တစ်သီးပုဂ္ဂလိကဆန်မှုနှင့်ပတ်သက်၍ ပိုမိုလက်ခံလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
မြန်မာနိုင်ငံသားများသည် ဒီမိုကရေစီအပေါ်နားလည်မှုတွင် တစ်ဦးနှင့်တစ်ဦး ကွဲပြားစွာလက်ခံထားကြသည်။ ဆယ်စုနှစ်များစွာကြာအောင်ပင် ကိုယ့်အစိုးရကို ကိုယ်တိုင်ရွေးချယ်ခွင့်မရရှိခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအပေါ် အာရုံစိုက်ခဲ့ကြသည်။ ယနေ့တွင်မူ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ဒီမိုကရေစီစနစ်က ထုတ်ပေးနိုင်သည့် သိသာထင်ရှားသော ခံစားခွင့်များအပေါ် ပိုမိုအာရုံစိုက်နေကြသည်။
အထူးသဖြင့် စစ်တမ်းဖြေဆိုသူထက်ဝက်ခန့်က ဗဟိုအစိုးရနှင့် ပြည်နယ်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များရှိ စနစ်တကျဖြင့် အကျင့်ပျက်ခြစားနေမှုများနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်။ ယင်းသို့ စိုးရိမ်ကြောင်း ပြောဆိုမှုသည် စစ်တမ်းကောက်ယူသည့် အရှေ့တောင်အာရှနိုင်ငံများတွင် ဦးရေအများဆုံးဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ၌ လူမှုမီဒီယာအသုံးပြုမှုတွင်ကျယ်လာခြင်းကလည်း နိုင်ငံသားများ နိုင်ငံရေးတွင် ကွဲပြားသောနည်းလမ်းဖြင့်ပါဝင်လာရန် အားပေးနေသည်။ မြန်မာနိုင်ငံသားလေးပုံတစ်ပုံသည် အင်တာနက်နှင့် လူမှုမီဒီယာ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သတင်းများကို ဖတ်ရှုခွင့်ရနေကြသည်။ ရုပ်မြင်သံကြားသည် အဓိကသတင်းအရင်းအမြစ်ဖြစ်နေဆဲဖြစ်သော်လည်း လူမှုမီဒီယာကို မြို့ပြနေသူများနှင့် လူငယ်များအပါအဝင် နိုင်ငံတစ်ဝန်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြောင်း ABS စစ်တမ်းအရ သိရှိခဲ့ရသည်။
သို့သော် ယင်းသို့ အပြောင်းအလဲရှိသော်လည်း လူမှုမီဒီယာကို ပိုမိုကျယ်ပြန့်စွာ ထိထိရောက်ရောက်အသုံးပြုမှုနှင့် အင်တာနက်ကို နိုင်ငံရေးတွင် ပါဝင်သည် အထိ အသုံးပြုမှု စသည့်အဆင့်သို့မရောက်မရှိသေးချေ။ အင်တာနက်နှင့် လူမှုမီဒီယာတို့အပေါ် ယုံကြည်မှုတွင် စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံ၌ အနည်းဆုံးဖြစ်နေသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးကွဲပြားမှု အထူးသဖြင့် အချင်းချင်းဆက်နွှယ်နေသည့် နယ်ပယ်သုံးခုတို့တွင် ပိုမိုကြီးမားစွာရှိနေကြောင်း စစ်တမ်းအရသိခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် စစ်တမ်းဖြေဆိုသူအများစုက အနာဂတ်ကိုမျှော်ကြည့်ပြီး နိုင်ငံရေးအပြောင်းအလဲကို လိုချင်ခဲ့ကြသည်။ အားလုံးဝေမျှခံစားရမည့် ဒီမိုကရေစီနည်းကျ အနာဂတ်ကို အားလုံးကို တက်ညီလက်ညီမျှော်မှန်းခဲ့ကြသည်။
သို့သော် စစ်တမ်းနှစ်ခုကိုပြုလုပ်ခဲ့ပြီးနောက် စစ်တမ်းဖြေဆိုသူများ မျှော်လင့်ထားသည့် နိုင်ငံရေးအနာဂတ်တွင် ပြောင်ပြောင်ကြီးဆန့်ကျင်နေကြောင်း ထင်ရှားလာခဲ့သည်။ စနစ်တကျပြောင်းလဲမှုနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံက အဓိကပြောင်းလဲမှုကိုလိုချင်ကြောင်း ပြောဆိုခဲ့ပြီး သုံးပုံတစ်ပုံကမူ သာမန်အပြောင်းအလဲကိုလိုချင်ကြောင်း ပြောဆိုခဲ့ကာ လေးပုံတစ်ပုံနီးပါးကမူ အပြောင်းအလဲလုံးဝမလိုချင်ကြောင်း ဖြေဆိုခဲ့ကြသည်။

 class=

class=

ဒုတိယအချက်မှာ နိုင်ငံရေးနယ်ပယ်ရှိ တပ်မတော်၏အခန်းကဏ္ဍဖြစ်သည်။ အစဉ်အလာသမားများကြားတွင် နိုင်ငံရေးနယ်ပယ်ရှိ တပ်မတော်၏အခန်းကဏ္ဍကို အားကြိုးမာန်တက်ထောက်ခံမှုများရှိနေကြောင်း ABS က တွေ့ရှိခဲ့သည်။ ထောက်ခံသူများသည် အထူးသဖြင့် အစဉ်အလာတန်ဖိုးနှုန်းစံများကို လက်ခံထားသည့် ဘာသာတရားကိုင်းရှိုင်းသူများ၊ ဗမာများနှင့် အမျိုးသားများဖြစ်ကြသည်။
ထို့ပြင် လူငယ်လူရွယ်များကြား တပ်မတော်အပေါ် ထောက်ခံမှုရှိလာနေပြီး ၎င်းတို့သည် တိုင်းရင်းသားပဋိပက္ခဖြေရှင်းရေးတွင် တပ်မတော်က ပိုမိုပါဝင်ရန် လိုလားနေကြသည်။ အကြီးအကျယ်ကွဲပြားမှုသုံးခုအနက် တပ်မတော်၏နိုင်ငံရေးအခန်းကဏ္ဍသည် အပြင်းထန်ဆုံးဖြစ်ပြီး နှစ်ဖက်စလုံးတွင် ခိုင်မာပြင်းထန်သော ခံယူချက်များရှိနေသည်ကို တွေ့ရှိခဲ့သည်။
တတိယကွဲပြားမှုသည် တိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်သက်ဆိုင်နေသည်။ ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလူနည်းစုဝင်များအား လုပ်ပိုင်ခွင့်ပိုမိုပေးခြင်းဖြင့် အားပေးကူညီရန် ပြောဆိုမှုအကြီးအကျယ်ရှိခဲ့သည်။ ABS စစ်တမ်းအရ တိုင်းရင်းသားပဋိပက္ခသည် စိုးရိမ်စရာကိစ္စအဖြစ်ထင်မြင်ခံလာရပြီး ငြိမ်းချမ်းရေးဖြစ်စဉ် မတိုးတက်ဘဲရှိနေလာပြီးနောက် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ အများပြည်သူ အမြင်ကွဲပြားလာခဲ့သည်။
ပြည်နယ်လွှတ်တော်များက ပြည်နယ်တွင်းမှ ဝန်ကြီးချုပ်များကိုသာ ဦးစားပေးရွေးချယ်ခြင်းကို ပိုမိုအားပေးမှုရှိနေသော်လည်း စစ်တမ်းဖြေဆိုသူ ထက်ဝက်ခန့်ကလည်း တိုင်းရင်းသားလူနည်းစုဝင်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုပေးအပ်သင့်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲမှု၊ တပ်မတော်နှင့် တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမှုတို့နှင့်ပတ်သက်၍ အမြင်များအကြီးအကျယ်ကွဲပြားမှုတု့ိသည် အချင်းချင်းချိတ်ဆက်နေပြီး အပြန်အလှန်အားဖြည့်နေကာ လူတချို့သည် ကွဲပြားသော ကိစ္စရပ်များတွင် တူညီသော ဘက်တစ်ဘက်တည်း၌ ရပ်တည်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် မြန်မာ၌လည်း နိုင်ငံရေးအရ သဘောထားရပ်တည်မှုကွဲပြားသော လူ့အဖွဲ့အစည်းရှိနေကြောင်း ပြောဆိုရန် စောလွန်းနေသေးသော်လည်း လက်ရှိဖြစ်ပျက်နေမှုများအရ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှ နိုင်ငံရေးအကွဲအပြဲကြီးမားလာပြီး ဒီမိုကရေစီစနစ်ပိုမိုအသားကျရေးအတွက် အတားအဆီးအခက်အခဲများရှိလာနိုင်ကြောင်းလည်း တွေ့မြင်လာရသည်။
ယင်းမှာစိုးရိမ်စရာဖြစ်သည်။ သို့သော် အခြားတွေ့ရှိမှုများကြောင့်လည်း စိုးရိမ်ပူပန်စရာရှိလာပြန်သည်။ နိုင်ငံသားအများစုသည် မတူကွဲပြားမှုကို သည်းခံပြီး အုပ်စုတိုင်းအဖွဲ့အစည်းတိုင်း ပါဝင်ခွင့်ရရှိစေရမည်ဆိုသည့် အမြင်ကို လက်မခံသည့် ရှေးရိုးစွဲတန်ဖိုးနှုန်းစံများကို လက်ခံထားသလို နိုင်ငံရေးတွင် အဓိပါ္ပယ်ရှိရှိဖြင့် မည်ကဲ့သို့ပါဝင်ရမည်ကို သိရှိနားလည်သည့် နိုင်ငံရေးသုတနည်းပါးလျက်ရှိနေကြောင်းလည်း တွေ့ရှိခဲ့သည်။
အထူးသဖြင့် ကျေးလက်ဒေသများတွင် နိုင်ငံရေးသုတ နည်းပါးနေသည်။ မြန်မာအများစုသည် ဒီမိုကရေစနစ် မည်ကဲ့သို့ လည်ပတ်သည်ကို နားမလည်ကြဘဲ အထူးသဖြင့် အပြန်အလှန်ထိန်းကြပ်မှုရှိသည့် စနစ်ကို ထောက်ခံမှုနည်းနေဆဲဖြစ်သည်။
ဒီမိုကရေစီစနစ်အပေါ် အားပေးထောက်ခံမှုရှိနေသော်လည်း ပြင်းပြင်းထန်ထန်အားပေးထောက်ခံမှုမှာမူ ကျဆင်းနေသည်။ လွန်ခဲ့သော လေးနှစ်တွင်ရှိခဲ့သည့် ရလဒ်များနှင့် ဆန့်ကျင်ဘက်ပင် မြန်မာသည် စစ်တမ်းကောက်ယူခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအနက် ဒီမိုကရေစီစနစ်အပေါ် အားပေးမှုအနည်းဆုံးရှိနေခဲ့သည်။
ပိုမိုစိုးရိမ်စရာရှိသည်မှာ မြန်မာနိုင်ငံသားအများစုသည် ဒီမိုကရေစီစနစ်နှင့် မည်ကဲ့သို့ လည်ပတ်သည်တို့အပေါ် အဆိုးမြင်နေပြီး ဒီမိုကရေစီစနစ်နှင့် စီးပွားရေးအရတိုးတက်မှုမရှိခြင်း၊ ပြဿနာများ၊ အဆိုးမြင်လူမှုတန်ဖိုးနှုန်းစံများနှင့် အစီအစဉ်မကျမှုတို့ကို တွဲလျက်မှတ်ယူနေကြခြင်းဖြစ်ကြောင်း ABS စစ်တမ်းက လေ့လာတွေ့ရှိခဲ့သည်။ အထူးသဖြင့် အများစုက ဘဝတူနိုင်ငံသားများသည် ဒီမိုကရေစီစနစ်အတွက်ပြင်ဆင်မှုမရှိကြောင်း မှတ်ယူနေကြခြင်းဖြစ်သည်။

 class=

class=

မြန်မာ၌ အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ခေတ်မီအောင် ပြုပြင်ပြောင်းလဲခြင်းများကြောင့် ဒီမိုကရေစီတည်ဆောက်ရေးတွင် အရေးပါသည်ဟု မှတ်ယူခံရသည့် ကွန်ရက်နှင့် ယုံကြည်မှုများ ယိုယွင်းသွားခဲ့ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းရှိ အဖွဲ့ဝင်များကို ချည်နှောင်ထားသည့် လူမှုအရင်းအနှီးနှင့် ယုံကြည်မှုတို့ကျဆင်းသွားခဲ့ကြောင်း လေ့လာမှုကဖော်ပြထားသည်။
နိုင်ငံသားများက နိုင်ငံရေးအပေါ်သက်ရောက်မှုရှိသည် ဆိုသည့် အမြင်လည်း အကြီးအကျယ်လျော့ကျသွားခဲ့သည်။ မြန်မာနိုင်ငံသားများစွာသည် ၎င်းတို့က နိုင်ငံရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနိုင်သည်ဆိုသည့်အချက်ကို မယုံကြည်ကြတော့ချေ။
ရွေးကောက်ပွဲမှမဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် နိုင်ငံရေးနယ်ပယ်တွင် ပါဝင်မှုလည်း နည်းပါးနေဆဲဖြစ်သည်။ ရွေးကောက်ပွဲပြင်ပ နိုင်ငံရေးတွင် မြန်မာနိုင်ငံံသားများပါဝင်မှုနည်းသွားသည့် နယ်ပယ်တစ်ခုမှာ ဒေသဆိုင်ရာပြဿနာများကိုဝိုင်းဝန်းဖြေရှင်းမှုဖြစ်ပြီး ယင်းနယ်ပယ်တွင်ပါဝင်မှုသည်လည်း သိသာထင်ရှားစွာကျဆင်းသွားခဲ့သည်။
မြန်မာနိုင်ငံသားများ၏နိုင်ငံရေးအမြင်နှင့် အပြုအမူအပေါ် အကြီးအကျယ်သြဇာသက်ရောက်သည့် နယ်ပယ်မှာ မြန်မာနိုင်ငံသားများ၏စိုးရိမ်မှုရှိနေသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ယင်းမှာ စီးပွားရေးဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်းက စီးပွားရေး?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.