မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်ခဲ့တဲ့ ကိုရိုနာ

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် သီးနှံစိုက်တောင်သူများ နှင့် ကဏန်းသမားများ၏ စီးပွားရေး ထိခိုက်နစ်နာ

ရဲမွန် – ရေးသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင်ခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို များစွာ ထိခိုက်ခဲ့သည်။ထို့အတူ အထည်ချုပ်လုပ်ငန်းသည်လည်း ကုန်ကြမ်း ဖြတ်တောက်မှုကြောင့် ထိခိုက်နေသည်။

COVID- 19 လက္ခဏာများကြောင့် စောင့်ကြည့်လူနာ ၈ ဦးအထိ ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ အစောပိုင်းက ကိုရိုနာ ဗိုင်းရပ်စ် ဖြင့် သံသယရှိလူနာများ သီးခြားစောင့်ကြည့်နေသော လူနာများသည် ရောဂါမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ COVID- 19 ရောဂါသည် SARS နှင့် MERS ဗိုင်းရပ်စ်များဆက်နွယ်နေသော ရောဂါဖြစ်ပြီး ယခုအချိန်တွင် ၎င်းအတွက် ကုသရန် သီးခြားဆေးဝါး မရှိသေးဘဲ ကာကွယ်ဆေးကိုလည်း ရှာဖွေဖန်တီးဆဲ ဖြစ်သည်။
တရုတ်နှစ်သစ်ကူးကာလ အစပိုင်းတွင် ရောဂါပြန့်နှံ့မှုကို ကာကွယ်ရန် နယ်စပ်ဝင်ပေါက် ၄ ခုကို တရုတ်ကပိတ်လိုက်ရာ ကုန်သွယ်မှုကို များစွာ ထိခိုက်စေခဲ့ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပင်လယ်စာ လုပ်ငန်းများကို အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။
တရုတ်ခရီးသွား ဝင်ရောက်မှုလည်း များစွာ လျော့ကျသွားခဲ့သည်။ ရောဂါပျံ့နှံ့မှုကို မထိန်းချုပ်နိုင်မီ ဗီဇာ ထုတ်ပေးမှုများကို တင်းကြပ်ခဲ့ပြီး လေကြောင်းလိုင်းများကလည်း ဝန်ဆောင်မှုများကို ဖျက်သိမ်းကြသောကြောင့် ဖြစ်သည်။
နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ တင်ပို့နေရသော ပို့ကုန်များဖြစ်သည့် ဖရဲသီး၊ သခွားမွှေး၊ တစ်ရှူးငှက်ပျောနှင့် ပင်လယ်စာတို့မှာ အများဆုံးထိခိုက်ခဲ့သည်။
ထိုသို့ ပို့ကုန်လျော့ကျမှုကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ လယ်ယာ နှင့် မွေးမြူရေး အလုပ်သမားများစွာ ထိခိုက်ခဲ့သည်။ အလုပ်သမားအချို့သည် အလုပ်ရှင် တရုတ်လူမျိုးများထံမှ လစာပင် မရကြပေ။
တရုတ်လုပ်ငန်းရှင်များသည် စစ်ကိုင်းတိုင်းတွင် မြေငှားပြီး ဖရဲသီးနှင့်သခွားမွှေးများ စိုက်ခင်းများကို လယ်သမားများအားစိုက်ပျိုးစေသည်။ သို့သော် ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် အလုပ်ရှင်တရုတ်များ မြန်မာနိုင်ငံကို ပြန်မလာနိုင်သေးရာ စိုက်ပျိုးရေးတောင်သူတို့အခက်တွေ့နေကြသည်။
“တရုတ်လုပ်ငန်းရှင်တွေအကုန် တရုတ်ပြည်ရုတ်တရက် ပြန်သွားတော့ အလုပ်သမားအများစု လစာ မရကြသေးဘူး”ဟု စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်တွင် တရုတ်များအတွက် ဖရဲစိုက်ပေးနေသူ ဦးဝေမောင်က ပြောသည်။
ပြန်သွားသည့် တရုတ်လုပ်ငန်းရှင်သည် သူပိုင်ဆိုင်သောထရပ်ကားနှင့် လယ်ယာသုံး စက်ကိရိယာများကိုပါ ပြန်သယ်သွားသည်ဟု ၎င်းကဆိုသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် ဖရဲသီး သခွားမွေးသီး ဧက ၁၀ ၀၀၀ ခန့်ကို ချောင်းဦးနှင့် မုံရွာတွင် စိုက်ပျိုးပြီး ဖြစ်ကြောင်း သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက ဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်တွင် အဆိုပါစိုက်ခင်းများသို့ Frontier က ရောက်ရှိသွားချိန်တွင် သစ်သီးများသည် ခူးရန် အနေအထား အသင့် ဖြစ်နေပြီ ဖြစ်သည်။
သို့သော်နယ်စပ်ပြန်ဖွင့်မည့်အချိန်ကိုမျှော်လင့်ပြီး သစ်သီးများ မခူးကြသေးရန် အသင်းက အသင်းဝင်များကို အကြံပေးထားသည်။

Myanmar health officers operate a thermal scanner to check the temperatures of people entering Myanmar at Muse in northern Shan State on January 31. (AFP)

Myanmar health officers operate a thermal scanner to check the temperatures of people entering Myanmar at Muse in northern Shan State on January 31. (AFP)

သခွားမွှေး ဧက ၃၀ စိုက်ပျိုးထားသော ဦးစိုးကျော်ဌေး က
နယ်စပ်ကုန်သွယ်ရေး ပိတ်ချိန်ကြာလာသည်နှင့်အမျှ သူ၏သစ်သီးများ ဆုံးရှုံးမည်ကို စိုးရိမ်နေသည်။
“သခွားမွှေးတွေက ဆွတ်လို့ရကာနီးပြီ ။ ဒါပေမယ့် ရောင်းမရမှာ ပူနေရတယ်” ဟု သူက ပြောသည်။
သူ၏ သခွားမွှေးများသည်လည်း တရုတ်နိုင်ငံကိုတင်ပို့ရန် မူဆယ်တွင်ပိတ်မိနေသော တန်နှင့်ချီသည့်ဖရဲသီးများ၏ ကံကြမ္မာအတိုင်း ဖြစ်လာမည်ကို စိုးရိမ်နေသည်။
တရုတ်ပြည်မှ ဝယ်လက် မရှိသော်လည်း မူဆယ်တွင် ဖရဲကားများက စည်ကားနေဆဲဖြစ်ကြောင်း
မူဆယ်မြို့မှ ကုန်သည် ဦးဝင်းအောင်ခန့်က ပြောသည်။
တရုတ်က နယ်စပ်ကုန်သွယ်မှုကို ဖေဖော်ဝါရီလ ၂၃ ရက်အထိ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သောကြောင့် ပြည်တွင်း ဈေးကွက်သို့သာ ရောင်းချနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့ ဆွေးနွေးလျှက် ရှိသည်။

တရုတ်နှစ်သစ်ကူးအပြီးတွင် တရုတ်နိုင်ငံက နယ်စပ်ကို ပိတ်လိုက်သောကြောင့် တစ်ရက်လျှင်အမေရိကန်ဒေါ်လာ ၁၀ သန်း ရရှိလေ့ ရှိသောနယ်စပ်ကုန်သွယ်ရေးသည် ကန်ဒေါ်လာ ၁ သန်းအထိ ကျဆင်းသွားခဲ့ရကြောင်းကုန်သွယ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။
“ပြဿနာက တရုတ်နိုင်ငံက ဝယ်သူ မရှိတော့တာဘဲ”ဟု ဦးမင်းမင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် Frontier ကို ပြောသည်။
“ဝယ်လက်တွေက နယ်စပ်ဝင်ပေါက်နားက ပြည်နယ်တွေက လူတွေပဲ။ ဒါပေမဲ့ ရောဂါပျံ့နှံ့မှုကြောင့် သူတို့ ဝယ်ထားတဲ့ ပစ္စည်းကို တခြားပြည်နယ်တွေဆီ ဖြန့်လို့ မရတော့ဘူး။ အဲ့ဒီမှာကျွန်တော်တို့ ကုန်သွယ်မှု ဝင်ငွေကျတာပဲ။”ဟု သူကဆက်ပြောသည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်ထားသောအခါ သစ်သီးနှင့် ပင်လယ်စာ စသည့် ပုပ်သိုးပျက်ဆီးသွားနိုင်သောကုန်စည်များကို ထုတ်လုပ်တင်ပို့သူများမှာ အထိအနာဆုံးဖြစ်သည်။
ဗိုင်းရပ်စ် မဖြစ်ပွားခင်က ဖရဲသီး တစ်တန်ကို တရုတ်ယွမ်ငွေ ၄၀၀၀( မြန်မာကျပ် ၈၃၀ ၀၀၀)ခန့် ရရှိပြီး တစ်ရက်လျှင် ဖရဲ နှင့်သခွားမွှေး ထရပ်ကား အစီး ၆၀၀ ခန့် တရုတ်ဈေးကွက်ကို ရောင်းချရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဌ ဦးနိုင်ဝင်းက ပြောသည်။
ဗိုင်းရပ်စ်ဖြစ်ပွားအပြီးတွင် ဝယ်လက်မရှိသောကြောင့်ကုန်သည်များသည် ၎င်းတို့၏ ကုန်များကို စုပုံထားကြရတော့သည်။
သစ်သီးဝလံအသင်း နှင့် ရန်ကုန်တိုင်း အစိုးရသည် ဖရဲသီးနှင့် သခွားမွှေး တင်ပို့သူများကို ကူညီရန် ရန်ကုန်တွင် ရောင်းချနိုင်မည့် နည်းလမ်းများကို ဆွေးနွေးနေသည်။
တိုင်းအစိုးရသည် သစ်သီးဝလံအသင်းဝင်များကို အထူးဈေးရောင်းပွဲတော်များနှင့် ဒညင်းကုန်း လက်ကားဈေးတွင် ရောင်းချနိုင်ရန် အကူအညီ ပေးဖို့ ကြိုးစားနေကြောင်း ဥက္ကဌ ဦးနိုင်ဝင်းကပြောသည်။
ယင်းဈေးကြီးသည် ရန်ကုန်တွင် အကြီးဆုံး ဟင်းသီးဟင်းရွက်၊သစ်သီးနှင့်ပန်းမန်လက်ကားဈေး ဖြစ်သည်။
“ကျွန်တော်တို့က ဖရဲသီးတွေကို သွေးချင်းများရဲ့ ပွဲတော်မှာ ရောင်းတယ်။ ဒညင်းကုန်းဈေးမှာလည်း ရောင်းနိုင်အောင် ဆွေးနွေးနေပါတယ်။ ဒါက ကျွန်တော်တို့အတွက် အများကြီးအထောက်အကူ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

Chinese buyers jostle to buy Myanmar watermelons at the border town of Muse on November 19, 2019, before the coronavirus outbreak hit border trade. (Hkun Lat | Frontier)

Chinese buyers jostle to buy Myanmar watermelons at the border town of Muse on November 19, 2019, before the coronavirus outbreak hit border trade. (Hkun Lat | Frontier)

မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းသည် သစ်သီးများကိုအတခြားနိုင်ငံများသို့ တင်ပို့ရန် စိတ်ဆန္ဒ ရှိနေသည်။
သို့သော် အခြားအာရှနိုင်ငံများသည် သွင်းကုန်နှင့် ပတ်သက်ပြီး စံနှုန်းအများအပြား သတ်မှတ်ထားကြသည်။ ၎င်းတို့ထံ ရောင်းချရန် စီစဉ်ခြင်းသည် ရှည်လျားထွေပြားသော ဆွေးနွေးမှုများ လိုအပ်ပြီး အကုန်အကျလည်း များနိုင်သည်ဟု ညွှန်ချုပ် ဦးမင်းမင်းက ဆိုသည်။
“သင်္ဘောနဲ့ပို့ရင်လည်း အကုန်အကျ အရမ်းများနိုင်တယ်။ ဒီတော့ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တရုတ်အစိုးရက ထိန်းချုပ်နိုင်တဲ့ အချိန်ရောက်အောင် စောင့်ဖို့ပဲရှိတယ်” ဟု ၎င်းက ဆိုသည်။
ကိုရိုးနားဗိုင်းရပ်စ်၏ ရိုက်ခတ်မှုသည် သစ်သီးများတွင်သာ ရပ်တန့်မနေပါ။ ကဏန်း တင်ပို့မှုကိုလည်း ထိခိုက်စေသည်။ ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှ ကဏန်း ကုန်သည်များသည် ပြီးခဲ့သော လမှစပြီး တရုတ်ပြည်သို့ ကဏန်း တင်ပို့မှုကို ရပ်ဆိုင်းခဲ့ရပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်မည့် အခွင့်အလမ်းကိုသာ ရှာဖွေနေရသည်။
ကဏန်းဖမ်း အလုပ်သမား ထောင်ပေါင်းများစွာလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြကြောင်း လပွတ္တာ ကဏန်း လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ကိုပြည်ဟိန်းကျော်က Frontier ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြောသည်။
ပုံမှန်အားဖြင့် လပွတ္တာကုန်သည်များသည် ရန်ကုန်ကုန်သည်များမှ တဆင့် မူဆယ်သို့ ပို့ဆောင်သည်။ နယ်စပ်ကုန်သွယ်ရေးမပိတ်ခင်က ကဏန်း တစ်ကီလိုဂရမ်ကို ကျပ် ၂၀ ၀၀၀ ဖြင့် ဈေးပေါက်သော်လည်း ယခုတွင် ကျပ် ၅၀၀၀ အထိ ထိုးကျသွားခဲ့သည်။
“ ပြည်တွင်း ဈေးကွက်ကို ရောင်းနေပေမယ့် တရုတ်ကို တင်ပို့တာထက်တော့ ဈေးရတာအရမ်းနည်းတယ်။ ကဏန်း ဖမ်းတဲ့သူတွေလည်း အလုပ်အကိုင် မရှိတော့တော့ ဒုက္ခရောက်နေကြတယ်” ဟု ကိုပြည်ဟိန်းကျော်က ပြောသည်။
ဝန်ကြီးဌာနသည် ကဏန်းလုပ်ငန်းရှင်များကိုလည်း ကူညီရန် အဖြေရှာနေကြောင်း ညွှန်ချုပ်ဦးမင်းမင်းက ပြောသည်။
တရုတ်ကုမ္ပဏီများအပေါ်အားကိုးနေရသော ကမ္ဘာပေါ်မှ စီးပွားရေးလုပ်ငန်းကြီးများရောလုပ်ငန်းအသေးပါ ကုန်ကြမ်းပြတ်တောက်မှုကိုခံနေရရာ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းလည်း ခံစားနေရသည်။
ကုန်ကြမ်း ရရှိနိုင်မှုနည်းပါးလာမှုက အထည်ချုပ်စက်ရုံအချို့၏ထုတ်လုပ်မှုကို နှေးကွေးစေသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးက ဖေဖော်ဝါရီလ ၁၃ ရက်တွင် 7 Days News Daily ကို ပြောကြားသည်။
စက်ရုံများကထုတ်လုပ်သောအထည် ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ကုန်ကြမ်းရရှိနေခြင်းဖြစ်သည်။
အထည်ချုပ်စက်ရုံအချို့သည် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကတည်းက အထည်ကုန်ကြမ်းရရှိရန် ခက်ခဲသောကြောင့် အလုပ်ချိန်များကို လျှော့ချခဲ့သည်ဟု ထိုသတင်းက ဆိုသည်။
အထည်ချုပ် လုပ်ငန်းတွင် အလုပ်သမား ၅၀၀ ၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ပို့ကုန်ဝင်ငွေ ရှာဖွေပေးသော ကဏ္ဍ ဖြစ်သည်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄ ဒဿမ ၆ ဘီလျံ ဝင်ငွေ ရခဲ့သည်။

A Myanmar health officer checks the temperature of a motorist entering Myanmar at Muse on January 31. (AFP)

A Myanmar health officer checks the temperature of a motorist entering Myanmar at Muse on January 31. (AFP)

ကိုရိုနာဗိုင်းရပ်စ်ကြောင့်အမြင်သာဆုံးထိခိုက်သည်မှာ ခရီးသွားကဏ္ဍဖြစ်ပြီး ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လာရောက်မည့် ခရီးသွားများက လက်မှတ်နှင့် ဟိုတယ် ကြိုတင်မှာယူမှုများကို ဖျက်သိမ်းခဲ့သောကြောင့် ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်လာသော ခရီးသွား ဧည့်သည်များအနက် ၂၆ ရာခိုင်နှုန်းသည် တရုတ်ခရီးသွားများဖြစ်ပြီး ခရီးသည် ၃၄၄,၂၆၈ ဦးဖြစ်သည်။ ထိုပမာဏဖြင့် ယခင်က အများဆုံး ဝင်ရောက်နေသော ထိုင်းနိုင်ငံ၏ နေရာကို အစားထိုး ရယူခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှု လျော့ကျရခြင်းမှာ နှစ်နိုင်ငံအကြား လေယာဉ်ခရီးစဉ် ပျံသန်းမှုများ လျှော့ချလိုက်ခြင်းနှင့် တရုတ်ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို ယာယီ ရပ်ဆိုင်းလိုက်ခြင်းကြောင့်လည်း ဖြစ်သည်။ ရောဂါပျံ့နှံ့နေချိန်တွင် တရုတ်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှု အနည်းဆုံး ဖြစ်စေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွားကုမ္ပဏီများကို ညွှန်ကြားခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်းချုပ်၏ အကြံပေး ပုဂ္ဂိုလ် ဦးသက်လွင်တိုးက ပြောကြားရာတွင် အနောက်နိုင်ငံများမှ ခရီးသွားများမှာ ဆက်လက်လာနေဆဲ ဖြစ်သော်လည်း ဒေသတွင်း နိုင်ငံများမှ ခရီးသွား အရေအတွက်သည် လျော့ကျသွားခဲ့သည်ဟု ဆိုသည်။
သူက ရောဂါပျံ့နှံ့မှုကို ကာကွယ်ရန် ပိုမိုကောင်းမွန်စွာ မလုပ်ဆောင်ခြင်းကြောင့် အစိုးရကို ဝေဖန်သည်။
“ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက်တွေ ထုတ်ပြန်နေတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ ခရီးသွား ဝန်ကြီးဌာနကလည်း ခရီးသွားတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်” ဟု ဦးသက်လွင်တိုးက Frontier ကို ဖေဖော်ဝါရီ ၁၂ ရက်က ပြောသည်။
“ကျန်းမာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ မရှိသေးဘူးလို့ ကြေညာတယ်။ ဒါပေမဲ့ ခရီးသွားတွေက မယုံကြဘူး။”ဟု သူကဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းကမူ တရုတ်နိုင်ငံသားများက နယ်စပ်ဂိတ်များမှ ဝင်ရောက်နေခြင်းက စိုးရိမ်စရာ ဖြစ်သည်ဟု ဆိုသည်။ တရုတ် အာဏာပိုင်တွေက ၎င်းတို့၏ နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းသို့ ကုန်းလမ်းမှ မဝင်ရောက်ကြရန် ညွှန်ကြားထားသည်။
“လေကြောင်းကို သိပ်မပူဘူး” ဟု ဒေါက်တာအောင်ထွန်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်ကို ဖေဖော်ဝါရီ ၁၁ ရက်က ပြောကြားရာတွင် ဝန်ကြီးဌာနသည် coronavirus ကာကွယ်ရေးနှင့် ကုသရေးအတွက် အရေးပေါ် ရန်ပုံငွေ ကျပ် သန်း ၃၀၀ သီးခြားဖယ်ထားသည်ဟု ဆိုသည်။
Coronavirus ကို စစ်ဆေးနိုင်သော ဓါတ်ခွဲခန်း ပါဝင်သည့် အခြေခံအဆောက်အအုံကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း တွင် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖွင့်လှစ်မည်ဟု ဝန်ကြီးက ဆိုသည်။
ဝန်ကြီးဌာနသည် ရန်ကုန်၊မန္တလေး နှင့် နေပြည်တော် အထွေထွေ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ဆေးဘက်ဆိုင်ရာ ပါမောက္ခများ ပါဝင်သော ကုသရေး စီမံခန့်ခွဲမှု ကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့သည်။
ဝန်ကြီးဌာနသည် ရောဂါကူးစက်ခံရသူများကို HIV ရောဂါသည်များအား ကုသသည့် antiretroviral ဆေးဝါးများဖြင့် WHO က အကြံဉာဏ်ပေးပါက ကုသရန် အဆင်သင့် ဖြစ်နေပြီဟု ဝန်ကြီးက ပြောသည်။

– Additional reporting by Hein Thar

ဦးကိုကို ဘာသာပြန်ဆိုသည်။

ခေါင်းစီးဓာတ်ပုံ-ခွန်လတ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.