မြန်မာမှာ ဆေးခြောက်စိုက်ဖို့ မျှော်လင့်နေတဲ့တရုတ်

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဆေးဝါးနှင့် စက်မှုလုပ်ငန်းတွင် အသုံးပြုမည့်ဆေးခြောက် (Medical Hemp) ကိုမြန်မာပြည်တွင်လာစိုက်ဖို့ မျှော်လင့်နေကြသည်။ သို့သော် မြန်မာပြည်၏ မူးယစ်ဥပဒေကို ပြင်ဆင်မပေးသမျှ ဆေးခြောက် စိုက်နိုင်ဦးမည် မဟုတ်ပေ။

ဟိန်းသာ

လွန်ခဲ့သည့် နှစ်ဧပြီလ က မန္တလေးတိုင်းအတွင်း Medical Hemp လာရောက်စိုက်ပျိုးသည့် အမေရိကန်နိုင်ငံ စိုက်ပျိုးရေး ကုမ္မဏီ III M Nutraceutical Company ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
III M သည် မန္တလေးတိုင်းဒေသကြီးအစိုးရကို ခွင့်ပြုချက်တောင်း၍ Medical Memp မှ တဆင့် CBD Oill စမ်းသပ် ထုတ်လုပ်ရန် မန်းတိုင်းအစိုးရက နေရာချပေးသော မြို့သာ စက်မှု ဥယျာဉ်အတွင်း စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စမ်းသပ်စိုက်ပျိုးမှုအောင် မြင်ပါက ဧက ပေါင်းအမြောက်အများကို စီးပွားဖြစ်စိုက်ရန် ရည်ရွယ်ချက်လည်း III M တွင် ရှိနေသည်။
သို့သော် မြန်မာနိုင်ငံ၏ မူးယစ်ဥပဒေ အရ Cannabis ဆေးခြောက်မှာ တရားမဝင်ဖြစ်သည်။ မူးယစ်စေေ သာ Marijuana နှင့် မူးယစ်မှုမရှိသော Hemp ဟူ၍ ခွဲခြားသတ်မှတ်ထားခြင်း မရှိဘဲ ဆေးခြောက် သည်တရား မဝင်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေ သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေ သောဆေးဝါးများ ဥပဒေ ကို ၁၉၉၃ တွင်ပြဌာန်းခဲ့သည်။ ဥပဒေကို ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဆေးခြောက်နှင့်ပတ်သတ်၍ တရားမဝင် အဖြစ်သာ လက်ခံထားသည်။
ရဲတပ်ဖွဲ့က III M ကုမ္မဏီကို Hemp များစိုက်ပျိုးသည့် မြို့သာစက်မှုဥယျာဉ်အတွင်းကို ဝင်ရောက်ဖမ်းဆီးရာ စိုက်ပျိုးရေးပညာရှင် ဂျပန်လူမျိုး အမေရိကန်နိုင်ငံသား Mr John Fredric Todoroki,နှင့်အတူ ရုံးအကူ ဖြစ်သည့် ကိုရှိန်းလတ်နှင့် အသက် ၂၁ နှစ်အရွယ်မရွန်းလဲ့မြတ်နိုး တို့ိကိုပါ ဖမ်းဆီးခဲ့သည်။ (မရွှန်းလဲ့မြတ်နိုးသည် ဖေဖော်ဝါရီလအတွင်း တရားရှင်ပြန်လွတ်လာပြီဖြစ်သည်။)၎င်းတို့ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မမျိုးစုံတပ်၍ ထောင်ဒဏ် ၁၅နှစ် မှ တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်အထိပေးနိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ထို Hemp စိုက်ခင်းကို တရားဝင်ခွင့်ပြုပေးခဲ့သည့် မန္တလေးတိုင်းအစိုးရက ထိုကိစ္စကို ကြားဝင် ဖြေရှင်းပေးခဲ့ခြင်းမရှိခဲ့ပေ။
မြင်းခြံတရားရုံးက ပြီးခဲ့သည့် ဇူလိုင်လတွင် ကျန်းမာရေးဆိုးဝါးနေသည့် အမေရိကန်နိုင်ငံသား Mr Johnကို ကျပ်သန်း၃၀၀ဖြင့် အာမခံပေးခဲ့သည်။ သို့သော် နိုဝင်ဘာလမှစ၍ လက်ရှိအချိန်ထိ ဆက်သွယ် မရတော့ကြောင်း ၎င်း၏ အမှုကို လိုက်ပါဆောင်ရွက် နေသည့် ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။ ထိုအခြေအနေမှစတင်၍ ပြည်တွင်းတွင် Hemp စိုက်မှုကြောင့် ဖမ်းဆီးခံရသည်မှာ မတရားကြောင်း ပြောဆိုဝေဖန်မှုများရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခေတ်ပညာတက်အချို့က မူးယစ်ဆေး မဟုတ်သည့်Hemp စိုက်ပျိုးသည့် အတွက် သေဒဏ်အထိပေးနိုင် သော ပြစ်မှုများ ရင်ဆိုင်ရခြင်း အပေါ် ဝေဖန်လာကြသည်။
” စီးပွားရေးအတွက်စိုက်ဖို့ခွင့်ပြုတဲ့ နိုင်ငံတွေရှိနေချိန်မှာ ကျွန်တော်တို့ဆီမှာက တစ်သက်တစ်ကျွန်းလောက် ထောင်ချချင်နေတယ်။ သူတို့ ရာဇဝတ်မှု ကျူးလွန်နေတာ မှ မဟုတ်တာ ” လို့ မြင်းခြံမြို့နယ် ပါဝင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်ကပြောသည်။
နိုင်ငံများစွာတွင် ဆေးခြောက်ပင်ဝယ်လိုအားက ကြီးမားသည်။
ဆေးခြောက်ပင် Cannabis မှနေ၍ နာတာရှည် နာကျင်မှုရောဂါအပါအဝင် ဆေးဝါးများထုတ်နိုင်သည်။ စက္ကူ၊ အဝတ်အထည်၊ ဆောက်လုပ်ရေးပစ္စည်း၊ ကျန်းမာရေးအစားအစာ စသဖြင့် အမျိုးစုံထုတ်လုပ်နိုင်ပေသည်။Cannabis အမျိုးအစားများတွင် မူးယစ်ဓာတ်ပါဝင်သော ဆေးခြောက် (marijuana) အား ဆေးဝါးကိစ္စအတွက် အသုံးချမှုကို အိမ်နီးချင်းထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် တရားဝင်ခွင့်ပြုထားသည်။ ထိုင်းသည် marijuana ကို တရားဝင်ခွင့်ပြုသည့် ပထမဆုံးအရှေ့တောင်အာရှနိုင်ငံဖြစ်သည်။ မကြာမီနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုတွင် cannabidiol (CBD) ဝယ်လိုအား မြင့်တက်လာသည်။ CBD ကို ဆေးခြောက်ပင်တစ်မျိုး (hemp) မှ ထုတ်ယူရရှိပြီး ကျန်းမာရေး၊ အလှကုန်ဆီ၊ Spray များ ပရုတ်ဆီ Balm များ ထုတ်ရာတွင် သုံးသည်။ ပြည်တွင်း၌ CBD ရောင်းဝယ်မှုကို တားမြစ်ထားသော တရုတ်ပြည်တွင် ဝေးလံခေါင်သီသောဒေသများ၌ စိုက်ပျိုးမှုကြီးထွားနေသည်။
ထိုအခြေအနေများအပေါ်အခြေခံ၍ သိသာစွာ အားကောင်းလာသည်ကတော့ Hemp တရားဝင်စိုက်ခွင့်ရရေး လှုပ်ရှားမှုများဖြစ်သည်။ ပြည်တွင်းတွင် နဂိုတည်းက အားကောင်းသော ဆေးခြောက် လော်ဘီ အဖွဲ့များရှိနေခဲ့ပြီး Hemp ကြောင့် ဖမ်းဆီးမှုများဖြစ်လာချိန်တွင် ၎င်းတို့ကလည်းအချိန်ကိုက် အရှိန် မြှင့်ပေးနိုင်ခဲ့သည်။
ဆေးခြောက်လော်ဘီများ သယ်လာသည့်သတင်းစကား
ဦးအောင်စေတိုး မှာ Mahar Legalization Movement Myanmar အဖွဲ့ကိုဖွဲ့စည်းထားပြီး ဆေးခြောက်တရား ဝင်ရရေး လှုပ်ရှားနေသည့် ပြည်တွင်းဆေးခြောက်လော်ဘီ တစ်ယောက်ဖြစ်သည်။ ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဆေးခြောက်နင့်ပတ်သတ်သည့်သတင်းများ၊ဗဟုသတများပေါ်ကို ပေါ်ပေါ်တင်တင်မျှဝေ ပြီးအားပေးသူအများအပြားရှိသည်။
III M ဖမ်းဆီးခံရပြီး နောက်တွင် Aung Say Toe က Myanmar Hemp Association ကိုဦးဆောင်ဖွဲ့စည်းခဲ့ပြီး Hemp စိုက်ပျိုးမှု တရားဝင်ဖြစ်ရေးကို အကြီးအကျယ် မဲဆွယ်ဟောပြောမှုများပြုလုပ်ခဲ့သည်။ ထိုအဖွဲ့မှာ တရားဝင်အသင်းအဖွဲ့အဖြစ်မှတ်ပုံမတင်ထားသေးပေ။ သို့သော် အဖွဲ့ဝင်များမှာ ၇၀၀၀ ခန့်ရှိနေပြီး တောင်သူများအများဆုံးဖြစ်သည်ဟု ဦးအောင်စေတိုးကပြောသည်။
” ကျွန်တော်က ဆေးခြောက်ကိုတရားဝင်သုံးလို့ရတဲ့အထိ တိုက်ပွဲဝင်သွားမှာ။ အခု Hemp ပြီးရင် Marijuna တရားဝင်ရဖို့လှုပ်ရှားဦးမှာ ” ဟု၎င်းက ပြောသည်။
ထို့ပြင် ၎င်းက စိုက်ပျိုးရေးကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ခဲ့ပြီး Hemp စိုက်ပျိုးရန် အသင့်ပြင်ထားသည်။
တရားမဝင် ဆေးခြောက်ကို Online မှ လော်ဘီလုပ်နေခြင်းထက် MHA ဖွဲ့စည်းပြီးချိန် ဦးအောင်စေတိုးမှာ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလာခဲ့သည်။ ၎င်း၏ခြေလှမ်းများက လည်း ပါးနပ်သည်။ ထို့အပြင် ၎င်းနှင့်အတူပါလာသည်ကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင့်hemp စိုက်ပျိုးရန် စိုက်ဝင်စားသည် ဆိုသည့် သတင်းစကားပင်ဖြစ်သည်။
၂၀၁၉ ဇူလိုင်လထဲတွင် စင်ကာပူတွင် Register လုပ်ထားသော Yishan Biotechnology Pte. Ltdက မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးထံသို့ လာရောက်တွေ့ဆုံးပြီး Medical Hemp များစိုက်ပျိုးလိုကြောင်း လာရောက်ခွင့်တောင်းခဲ့သည်။ ၎င်းတို့မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ရင်းနှီးမြုပ်နှံ မှုများ ပြုလုပ်ပြီး ဆေးဝါးထုတ်လုပ်သည့် စက်ရုံများတည်လိုကြောင်း လာရောက်ကမ်းလှမ်းခဲ့သည်ဟု အဆိုပါ တွေ့ဆုံပွဲတွင် ရှိနေခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ပြောသည်။
၂၀၁၉ အောက်တိုဘာလဆန်းတွင် တော့ MHAက မြန်မာနိုင်ငံတွင် Hemp စိုက်ပျိုးလိုသူများကို ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးရန်လင်းနှင့် တွေ့ဆုံစေခဲ့သည်။ ထိုတွေ့ဆုံရာတွင် လာအို၊ ပြင်သစ်၊အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ စိုက်ပျိုးရန် စိတ်ဝင်စားသူများပါဝင်ခဲ့သည်ဟု ဦးရန်လင်းကပြောသည်။
တရုတ်လုပ်ငန်းရှင်များမှာ Hemp စိုက်ခွင့်ရရေးကိုလိုလားနေပြီး မြေဧကရသမျှကို စိုက်မည်ဟု ပြောဆိုထားကြောင်း ဦးရန်လင်းကပြောသည်။
” တရုတ်ကတော့ ဒီနေ့ရရင် ဒီနေ့စိုက်ချင်တယ်တောင်ပြောပါတယ် ” ဟု ၎င်းကဆိုသည်။
ဦးရန်လင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး သြစတေးလျနိုင်ငံမှ စိုက်ပျိုးရေး မာစတာ ဘွဲ့ရရှိခဲ့သူဖြစ်သည်။ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် Head of Department လုပ်ကိုင်ခဲ့ဖူးသူ လည်း ဖြစ်၏။
ကမ်းလှမ်းသူများ ရှိလာသည့် နည်းတူ ဥက္ကဌ ဦးရန်လင်းကိုယ်တိုင်က လည်း မြန်မာပြည်တွင် ဆေးခြောက်လျှော်စိုက်ပျိုးရန်ကို သဘောကျခဲ့သည်။ ထို့ကြောင့်လည်း ၎င်း၏ ကော်မတီက ဦးဆောင်ပြီး Hemp ကို တရားဝင်စိုက်ပျိုးခွင့်ရရန် လွှတ်တော်တွင် မူးယစ်ဥပဒေကို ပြင်ဆင်မည်ဟု ပြီးခဲ့သည့်နိုဝင်ဘာလမှစ၍ ပြည်တွင်းမီဒီယာများတွင် တောက်လျှောက် ကတိပေးပြောဆိုခဲ့သည်။
Hemp တရားဝင်ဖြစ်လာမလား
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး ကော်မတီတွင် Hemp တရားဝင်စိုက်ပျိုးခွင့်ရရေး အတွက်အကြံအစည်တစ်ခုရှိနေသည်။ ထိုအကြံအစည်မှာ ပါးနပ်ရာကျသလို စွန့်စားရာလည်း ကျမည်ဖြစ်သည်။
၁၉၉၃ ခုတည်းက ပြဌာန်း၍ ကျင့်သုံးလာသော မြန်မာနိုင်ငံ၏ မူးယစ်ဥပဒေတွင် Hemp နှင့် Marijuna ကို ခွဲခြားပြဌာန်းထားခြင်းမရှိပေ။ ထိုဥပဒေဟောင်းကို ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်။ သို့သော် ပြင်ဆင်ပြီး ဖြစ်သည့် ၂၀၁၈ ခုနှစ်မူးယစ်ဥပဒေအတွက် နည်းဥပဒေမှာ လက်ရှိအချိန်အထိ ထွက်မလာသေးဘဲ။ ယခု ၂၀၂၀ ထဲတွင် ထွက်ရှိနိုင်ရန်ဥပဒေပြုအမတ်များက လှုပ်ရှားနေကြဆဲဖြစ်သည်။
ထိုနည်းဥပဒေထဲတွင် တွင်ဆေးခြောက်လျှော် Hemp စိုက်ပျိုးမှု ကို ကင်းလွတ်ခွင့် ပေးသည့် အချက်တစ်ချက်ထည့်သွင်းအတည်ပြုလိုက်ပါက Hemp ကို တရားဝင်စိုက်ပျိုးခွင့်ရရှိသွားမည်ဖြစ်သည်။ မူးယစ်စေသော THC ပမာဏ 0.3 ရာခိုင်နှုှုန်းနှင့်အောက်ပါဝင်သည့် ဆေးခြောက်လျှော်ပင်ကို မူးယစ်ဆေးဝါးဟု မသတ်မှတ်ဟု စာတစ်ကြောင်းဖြည့်စွတ်ရုံနှင့် Hemp စိုက်ပျိုးရန် လမ်းပွင့်ပြီဖြစ်သည်ဟု ဦးရန်လင်းကပြောသည်။
အကယ်၍ နည်းဥပဒေတွင် ထည့်သွင်း၍ အတည်မပြုနိုင်လျှင်လည်း မူရင်းဥပဒေတစ်ခုလုံး ကို ပြင်ဆင်ရန်ကြိုး စားမည်ဟု ဦးရန်လင်းကပြောသည်။
သို့သော် ကော်မတီဥက္ကဌ ဦးရန်လင်းမှာ အမတ်များကြားတွင်လည်း ထိုဖြည့်စွက်မှု အတည်ဖြစ်ရန် စည်းရုံးမှုများပြုလုပ်ထား၏။ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးအပါအဝင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီတို့နှင့်လည်း တွေ့ဆုံ၍ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။
” ဒါက ကျွန်တော်တို့ တောင်သူလယ်သမားတွေ အကျိုးရှိမယ့်လို့ ကျွန်တော်က မြင်တယ်။ ကျွန်တော်တို့ အမြန်ဆုံးလုပ်ဖို့ ဆန္ဒရှိပါတယ် “ဟု ၎င်းကပြောသည်။
သို့သော် Hemp စိုက်ပျိုးခြင်းကို ထို့သို့ နည်းဥပဒေ အဖြစ်သာထည့်သွင်းထားပြီး သီးခြားထိန်းချုပ်ဖို့ ဥပဒေမရှိဘဲ ထားမည်ဆိုပါက နောင်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်ဖြစ်ပြီး ရွှေမြေဝါ စိုက်ပျိုးရေးကုမ္ပဏီပိုင်ရှင် ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးကြွယ်က သုံးသပ်သည်။
Hemp စီးပွားရေးသည် ကမ္ဘာတွင် ခေတ်စားနေသည်မှာ မှန်သော်လည်း ခိုင်မာသော သီးခြား ဥပဒေမရှိဘဲ လုပ်ကိုင်ဖို့မှာ စွန့်စားရာရောက်ကြောင်း ဦးဌေးကြွယ်က သုံးသပ်သည်။
” Hemp တရားဝင်စိုက်မယ်ဆိုရင် ဒီ့အတွက် ဥပဒေကန့်သတ်မှုတွေ၊လမ်းညွှန်မှုတွေအတိအကျ ရှိဖို့ လိုတယ်။ Medical Hemp ကို ခေတ်မှီတဲ့ တချို့နိုင်ငံတွေမှာတောင် under control ထားတဲ့အချိန်မှာ ကျွန်တော်တို့က ခိုင်မာမှုမရှိဘဲ မလုပ်သင့်ဘူးထင်တယ်” ဟု ၎င်းကပြောသည်။
စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက်တော့ Hemp စိုက်ပျိုးရန် မြေနေရာ များစွာရှိနေသည်။မြေပြန့်ဒေ သနှင့် နေရောင်ခြည်ကို ကြိုက်သော Hemp ကို မြန်မာပြည်အလယ်ပိုင်းနှင့် ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့ တွင် ဧက ပေါင်းများစွာစိုက်နိုင်မည်ဖြစ်သည်။ Hemp မှာ စိုက်ပျိုးစရိတ်နှင့် မြေသြ ဇာကုန်ကျစရိတ်နည်းပြီး လေးလတစ်ကြိမ်အကျိုးအမြတ်ရနိုင် မည်ဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင်လည်း ဖြစ်သည့် ဦးရန်လင်း ကပြောသည်။
တရုတ်ရဲ့ကမ်းလှမ်းမှုကို မြန်မာ လိုလားနေ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ယူနန်ပြည်နယ် ရွှေလီမြို့တွင် China-Myanmar Economic Cooperation and Development Forum & China-Myanmar Fair for Investment and Trade ပွဲပြုလုပ်ခဲ့ပြီး အဆိုပါ ပွဲကို MHA မှ ဥက္ကဌ ဦးအောင်စေတိုးကို ဖိတ်ကြားခဲ့သည်။ ထိုပွဲတွင် ဟောင်ကောင်နှင့် ယူနန်မှ Hemp စိုက်ပျိုးသည့် လုပ်ငန်းရှင်များစွာပါဝင်ခဲ့ပြီး မြန်မာနိုင်ငံတွင် Hemp စိုက်ပျိုးခွင့်ရရေးကို ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ကြသည်ဟု ဦးအောင်စေတိုးက ပြောသည်။ ထိုပွဲကို တရုတ်နှင့်မြန်မာနိုင်ငံမှ သံအရာရှိများအသီးသီးတက်ရောက်ခဲ့သလို NLD ၏ ဗဟိုစီးပွားရေးအကြံပေး ဦးအေးလွင်လည်းတက်ရောက်ခဲ့သည်။
တရုတ်ပြည်ရှိ Hanma Investment Group, ALD Hemp Industry ,Boyalife, Hemp Industry, CannAcubed Group, စသည့် တရုတ် ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် Hemp စိုက်ရန်စိတ်ဝင်စားကြောင်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု ဦးအောင်စေတိုးကပြောသည်။
” ကျွန်တော်တို့ နိုင်ငံဈေးကွက်အနေအထားနဲ့ကတော့ တရုတ်နဲ့ကင်းပြီးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူ ဆတယ်” ဟု ၎င်းကဆိုသည်။
သို့သော် မြန်မာနိုင်ငံရှိစိုက်ပျိုးရေးလုပ်ငန်းများနှင့် တောင်သူအများစုမှာ တရုတ်ပြည်ဈေးကွက်ကို မှီနေသောကြောင့် ဒုက္ခရောက်ခြင်းများလည်းရှိနေသောကြောင့် တရုတ်ကို သတိထားပြီး ဆက်ဆံရန် တော့ လိုအပ်ကြောင်း အောင်စေတိုးက ပြောသည်။ ဥပမာအားဖြင့် အလယ်ပိုင်းဒေသတွင် တောင်သူများစိုက်ပျိုး နေသော ဖရဲသီးများ၊ လျှော်ဖြူများနှင့် အခြားသီးနှံများကို တရုတ်နိုင်ငံက ဈေးကစားခြင်းကြောင့် နှစ်စဉ်အမြတ်ပုံမှန်မရှိသည့် အခြေအနေများရှိကြောင်း ၎င်းကထောက်ပြသည်။
” ကျွန်တော်တို့နိုင်ငံကလည်း Industary hemp ကို ကုန်ချောအထိထုတ်လုပ်နိုင်အောင်လုပ်ဖို့၊ ဥပဒေ ခိုင်မာအောင်လုပ်ဖို့လိုတယ်လို့မြင်တယ်။ မဟုတ်ရင် တရုတ်က မြန်မာပြည်မှာ Hemp စိုက်ဖို့ကို လက်ဝါးကြီးအုပ်ပြီး သူပဲအကျိုးအမြတ်ယူသွားနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့က မြေကိုအလကားပေးစိုက်။လုပ်အားခ စိုက်ပြီး သူ့အတွက်အလုပ်လုပ်သလိုဖြစ်နေမှာပဲ” ဟု ဦးဌေးကြွယ်က သုံးသပ်သည်။
ဦးရန်လင်း ကတော့ ဈေးကွက်လည်းအသင့်ရှိနေပြီး စိုက်ဝင်တစားကမ်းလှမ်းနေသည့် တရုတ်ကုမ္မဏီများကို လိုလားကြောင်း ပြောဆိုထားသည်။ မူးယစ်ဥပဒေ ပြင်ဆင်ရေးကို ယခု ၂၀၂၀ နှစ်စပိုင်းမှာပင်ပြုလုပ်နိုင်ပြီး Hemp စိုက်ပျိုးခွင့်ရရန် သူကမျှော်လင့်နေသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ရှိ ၂၄ ဧကရှိ ဆေးခြောက်စိုက်ခင်းကို ၂၀၁၉၊ ဧပြီ ၂၂ ရက်တွင် ရဲများဝင်ရောက်ဖျက်ဆီးအပြီး နှစ်ရက်အကြာတွင် မြင်တွေ့ရစဉ်။ ဓာတ်ပုံ-AFP

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.