မြန်မာနဲ့ ဂျာမန်ကို ပေါင်းကူးပေးမယ့်နေရာ

ပြီးခဲ့သည့်လပိုင်းကမှ ဖွင့်လှစ်လိုက်သော Goethe Villa သည် ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှု မြှင့်တင်ရေးသာမက မြန်မာနိုင်ငံသားများအား နိုင်ငံတကာနှင့် ပတ်သက်ပြီး လေ့လာနိုင်စေရန်ပါ အထောက်အကူပြုစေမည်ဖြစ်သည်။

ရှာရွန်ပန်း ရေးသားသည်။

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ခန့်ခန့်ငြားငြားနှင့် ရှေးအမွေ အဆောက်အဦးတစ်ခုမှာ ဟိုတယ်တစ်ခုဟုပင် အထင်မှားစရာပင် ဖြစ်သည်။ သို့သော် ထိုအဆောက်အဦးက ဟိုတယ်တစ်ခု မဟုတ်ပေ။ မကြာသေးမီကမှ အသစ်မွမ်းမံ ဖွင့်လှစ်လိုက်သော ဂျာမန်ယဉ်ကျေးမှုစင်တာ Goethe Villa ဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာမှ လေ့လာလိုသူများ အားလုံးအား ကြိုဆိုနေသည်။

ကြွယ်ဝသော သမိုင်းအမွေနှင့် ဂျာမန်အနုပညာ အငွေ့အသက်များရှိသော ထို နှစ်ထပ်အဆောက်အဦးကို ၁၈ လကြာ ပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြီးသည့်လပိုင်းကမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ Goethe-Institut သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်ထားသည့် ထိုအဆောက်အဦးကို ဇွန်လအစောပိုင်းတွင် အများပြည်သူတို့အတွက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး အင်္ဂလိပ်လက်အောက် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးနေချိန် ၁၉၂၀ ပြည့်လွန်နှစ်များတွင် ဤအဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်- မြန်မာကပြား သူဋ္ဌေးမိသားစုတစ်ခု၏ နေအိမ်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ထိုမိသားစု စစ်ပြေးကြရသောအခါ ထိုအိမ်ကို စွန့်ပစ်ထားခဲ့ကြရသည်။ နောက်ပိုင်းတွင် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်) ၏ ဋ္ဌာနချုပ်အဖြစ် အသုံးပြုခဲ့သေးသည်။ မြန်မာနိုင်ငံအား ဗြိတိသျှကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကာ ဖဆပလအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖဆပလ အဖွဲ့ချုပ်ရုံးအဖြစ် အသုံးပြုနေချိန်အတွင်း လွတ်လပ်ရေးလှုပ်ရှားမှုအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို ဤအဆောက်အဦးတွင် ချမှတ်ခဲ့ကြသည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီးနောက် ဤအိမ်ကြီးမှာ အနှစ် ၂၀ လုံးလုံး စောင့်ရှောက်သူမရှိ ဖြစ်နေခဲ့ပြီး အစိုးရက ပန်းချီအတတ်သင်ကျောင်းကို ထိုနေရာတွင် ၂၀၀၆ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ဖြစ်သည်။ ဤကျောင်းတွင် ညွှန်ကြားရေးမှူးအဖြစ် အကြာဆုံး တာဝန်ဆောင်ခဲ့သူ ဦးစိုးတင့်မှာ နာမည်ကျော် ပန်းပုဆရာတစ်ဦးဖြစ်သည်။ သူက  ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ထိုစဉ်က အရှေ့ဂျာမနီနိုင်ငံ၊ Dresden မြို့ရှိ အနုပညာအကယ်ဒမီတွင် ပညာသင်ယူခဲ့သူဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ ပွင့်လင်းစပြုလာသောအခါ Goethe- Institut ကလည်း မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ရန် လမ်းစကို ရှာဖွေလာခဲ့သည်။ အရှေ့တောင်အာရှ၏ ပထမဆုံး Goethe- Institut ကို ရန်ကုန်မြို့တွင် ၁၉၅၉ ခုနှစ်က ဖွင့်လှစ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ ရန်ကုန်တွင် ဖွင့်လှစ်ထားကြသည့် ဗြိတိသျှကောင်စီ (British Council)၊ ပြင်သစ်ယဉ်ကျေးမှုဌာန (Alliance Francaise) နှင့် အမေရိကန်စင်တာ (American Center) တို့နှင့်အတူ Goethe Institut လည်း အပိတ်ခံလိုက်ရသည်။

ဓာတ်ပုံ-ရှာရွန်ပန်း

ဓာတ်ပုံ-ရှာရွန်ပန်း

၂၀၁၂ ခုနှစ်တွင် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အသုံးမပြုဘဲ စွန့်ပစ်ထားသော ဤအိမ်ကြီးကို Goethe- Institut ထံ နှစ်ရှည်အငှားချပေးရန် ၂၀၁၅ ခုနှစ်တွင် အစိုးရက သဘောတူခွင့်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် Goethe- Institut သည် ပြည်လမ်းပေါ်ရှိ ပြင်သစ်ယဉ်ကျေးမှုစင်တာတွင် ယာယီဖွင့်လှစ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာတွင် ဘာလင်မြို့ရှိ နိုင်ငံခြားရေးရုံးမှ ထောက်ပံ့ငွေဖြင့် အဆောက်အဦးကို စတင်မွန်းမံ ပြင်ဆင်ခဲ့သည်။ ထိုစီမံကိန်းတွင် စာကြည့်တိုက်၊ ပွဲကြည့်စင်နှင့် ကဖေးတစ်ခု ဆောက်လုပ်ရန်လည်း ပါဝင်သည်။ Goethe Villa ကို ဇွန် ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ ရန်ကုန်မြို့တွင် ၅၆ နှစ်အတွင်း ပထမဆုံး နေရာအတည်တကျ ရရှိသည့် Goethe Institut ဖြစ်လာသည်။

ဖွင့်ပွဲမတိုင်မီ ဇွန် ၈ ရက်နေ့တွင် တေးဂီတဖျော်ဖြေပွဲ The Re-Vibrating Goethe Villa နှင့် ရုပ်ရှင်ပွဲများ ကျင်းပခဲ့ကြသည်။ အသံတိပ်ခေတ်မှ တစ်ခုတည်းသော လက်ကျန် မြန်မာရုပ်ရှင်ဖြစ်သည့် မြဂနိုင်ကိုလည်း ပြသခဲ့သည်။ ထိုအသံတိပ်ရုပ်ရှင်ကို ၁၉၃၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

မြန်မာလူငယ်များအား ဂျာမန်ဘာသာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ပေးနေယုံသာမက မြန်မာ့အနုပညာရှင်များနှင့် ဂျာမဏီနှင့် ဥရောပမှပညာရှင်များအကြား ယဉ်ကျေးမှု၊ တီထွင်ဖန်တီးမှုများ အပြန်အလှန် အလဲအလှယ်ပြုလုပ်ရာတွင် Goethe Institut Myanmar က အထောက်အကူပေးနေသည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ယဉ်ကျေးမှုချင်း အပြန်အလှန် လဲလှယ်မှုသည် အပြန်အလှန် နားလည်မှုနှင့် လေးစားမှုရှိလာစေနိုင်သည့်  သင်ယူမှု နည်းလမ်းတစ်ခုပင် ဖြစ်သည်ဟု Goethe-Institut Myanmar ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Franz Xaver Augustin က ယုံကြည်ထားသည်။

စစ်အုပ်ချုပ်ရေးလက်အောက်တွင် မြန်မာနိုင်ငံ နေထိုင်ခဲ့ရစဉ်က အသိပညာရရှိရေးတွင် ကန့်သတ်ချုပ်ချယ်မှုများ ခံစားခဲ့ကြရသဖြင့် အသိပညာ၏ အရေးကြီးပုံကို Frontier နှင့် အင်တာဗျူးတွင် Augustin က အလေးထားပြောဆိုခဲ့သည်။

Goethe Institut က မြန်မာနိုင်ငံတွင် အမြဲတမ်းနေရာ ဌာနတစ်ခုရရှိအောင် ကြိုးပမ်းရခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်မှုကို မြှင့်တင်လိုခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ  စတင် ပြုလုပ်နေသော်လည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွင် အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်း၊ သို့သော် Goethe Villa တွင် ပြုလုပ်သော ပြပွဲများမှာမူ အစိုးရ၏ ဆင်ဆာဖြတ်တောက်မှုမှ ကင်းလွတ်ခွင့်ရခဲ့ကြောင်း၊ အခြားသော အများပြည်သူ ပြပွဲနေရာများတွင်မူ ဆင်ဆာဖြတ်တောက်မှုများ ရှိနေနိုင်သေးကြောင်း Augustin ကပြောကြားသည်။

Goethe Villa တွင် ဂျာမန်ဘာသာစကားနှင့် ယဉ်ကျေးမှုကို အဓိက ဦးစားပေး ပြသထားသော်လည်း နိုင်ငံတကာ ယဉ်ကျေးမှုများ အချင်းချင်း ဖလှယ်ရေးကိုလည်း အလေးအနက်ထား လုပ်ဆောင်နေသည်။

“ဒီနေရာက ကျွန်တော်တု့ိ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်ကြတဲ့နေရာပါ” ဟု Augustin က ပြောသည်။

Goethe Villa (info@goethe.Yangon.de) သည် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းဆုံအနီးတွင်ရှိပြီး စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မည်သူမဆို သွားရောက်ကြည့်ရှု လေ့လာနိုင်သည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.