မြန်မာနိုင်ငံမှာ အလေးထားရမည့် ရာသီဥတုပြောင်းလဲမှု

မြန်မာလူထုသည် ရာသီဥတုပြောင်းလဲမှုကို သိပ်အလေးမထားကြပေရာ စဉ်ဆက်မပြတ် ရှင်သန်နိုင်ရေးအတွက် လုပ်ဆောင်ကြရမည့် မဟာဗျူဟာများမှာ အလွန်ခက်ခဲကြမ်းတမ်းမည်ဖြစ်ရာ မြန်မာတို့ကြုံရမည့် အနာဂတ်ကို ပုံကြမ်းဆွဲကြည့်လိုက်ရပေသည်။

အက်ရှ်လေ ဆောက်သ် ရေးသားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမှာ အလွန်ပင်ကြီးမားဖွယ်ရှိနေရာ ဘက်စုံထောင့်စုံမှ ထိခိုက်နစ်နာဖွယ်ရာရှိနေသည်။ ထိုမျှမက ထိုသက်ရောက်မှုကို ကြိုတင်ဟောကိန်းထုတ်ဖို့ကလည်း အလွန်ခက်ပါသည်။ အလွန်ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအမျိုးမျိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး လားရာလမ်းကြောင်းမှာ မြန်မာ့အခြားဒေသများနှင့် ခြားနားဖွယ်ရာရှိသည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ World Wildlife Fund ၏ အဆိုအရ မုတ်သုန်ရာသီမှာ မြန်မာနိုင်ငံအချို့ဒေသများတွင် ရက် ၃၀ အောက်အထိပင် လျော့နည်းသွားပြီဟုဆိုသည်။ မြန်မာလူထု ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းကို အမှီပြုနေကြရပြီး စိုက်ပျိုးရေးအတွက် မှီခိုအားထားရသော မိုးကို မုတ်သုန်က သယ်ဆောင်လာခြင်းဖြစ်သည်။ အမြင့်ပိုင်းဒေသများ၌ ပျမ်းမျှအပူချိန် အထူးတလည် မြင့်တက်လာဖွယ်ရှိရာ သီးနှံအထွက်ထိခိုက်ပြီး လူအချို့၏ဘဝနေရေးပင် အတော်ခက်ခဲကြရလိမ့်မည်။ အနိမ့်ပိုင်း ပင်လယ်ကမ်းရိုးတန်းတို့က ခံစားကြရမည့် ပင်လယ်ရေ မြင့်တက်လာမှုကြောင့် ရေအောက်နစ်မြုပ်သည့် အန္တရာယ်ကို ကုန်းမြေမြင့်ဒေသတို့က ထိခိုက်မှုနည်းပါးစွာသာ ခံစားရပေမည်။

ပင်လယ်ရေမြင့်တက်မှုကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်ခံကြရမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကဲ့သို့ အနိမ့်ပိုင်းလယ်မြေဒေသများတွင် ရေလွှမ်းမိုးခြင်း၊ ဆားငန်ရေ ဝင်ခြင်းများအပြင် ၂၀၀၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်ကလုံးလို မုန်တိုင်းအန္တရာယ်ဘေးများလည်း ကြုံတွေ့လာရနိုင်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း အလားတူအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

သိပ်မဝေးတော့သည့် အနာဂတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန်းပေါင်းများစွာသည် ရာသီဥတုပြောင်းလဲမှု၏ ဒုက္ခသည်များ ဖြစ်လာကြတော့မည်။ သူတို့အဖို့ ဆက်လက်အသက်ရှင်သန်ရန် အခြားရွေးစရာလမ်း မရှိကြတော့ဘဲ အရှေ့ဘက် မြန်မာနိုင်ငံထဲ ဝင်ပြေး၊ သို့မဟုတ် မြောက်ဘက်နှင့် အနောက်ဘက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံကြရန်မှတပါး အခြားမရှိကြတော့ပြီ။ ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်တွင်းရှိ ပြဿနာများကို ထပ်ဆင့်ပိုးကာ ပြည်ပမှ ဝင်ရောက်လာသော အန္တရာယ်များပါ တိုးလာသဖြင့် နိုင်ငံ၏ တည်ငြိမ်မှုပင် ပျက်ပြားပြီး နိုင်ငံတော်၏ရှင်သန်နိုင်မှုကိုပင် ခြိမ်းခြောက်လာနိုင်ပေသည်။

ပင်မမီဒီယာများတွင်  ဆွေးနွေးဖော်ပြမှု သိပ်မရှိလှသော်လည်း လက်ရှိလူမှုရေးနှင့် စီးပွားရေးဘဝ၏ ကန့်သတ်ချက်ဘောင်ကို ရာသီဥတု ပြောင်းလဲမှုရိုက်ချက်ကြောင့် ကသောင်းကနင်း ဖြစ်သွားနိုင်ခြေရှိသည် ဆိုသည့် အလားအလာကို ထည့်မတွက်၍ မဖြစ်တော့ပေ။ ယင်းအခြေအနေဆိုက်လာလျှင် တိုင်းရင်းသား လက်နက်ကိုင်တို့အဖို့ နောက်ထပ်အနေချောင်သွားတော့မည်ဖြစ်သည်။

စစ်အေးကာလပြီးဆုံးသွားချိန်မှစ၍ အရှေ့တောင်အာရှဒေသတွင် နိုင်ငံရေးရည်ရွယ်ချက်အတွက် လှုပ်ရှားနေကြသော လက်နက်ကိုင် သောင်းကျန်းမှုများ ကျဆင်းသွားခဲ့ကြသည်။ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်သာ အစိုးရမဟုတ်သော လက်နက်ကိုင်အုပ်စုများ၊ သောင်းကျန်းမှုများ ထင်ထင်ရှားရှား ကျန်ရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း မအောင်မမြင်ဖြစ်နေချိန်တွင် ပဋိပက္ခဒဏ်ခံ တိုင်းရင်းသားတို့သည် နိုင်ငံရေးအရ တရားဝင်ရှိနေငြားလည်း နိုင်ငံရေးအကျုံးဝင် ရပ်တည်မှုကို ထုတ်ဖော်ပြသနိုင်ရန် ကြိုးပမ်းနေကြရဆဲဖြစ်သည်။ သို့တစေ ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာအစိုးရ အင်အားချည့်နဲ့သွားခဲ့လျှင် လက်နက်ကိုင်တိုင်းရင်းသားများ တဖန်ပြန်၍ ကံဇာတာ တက်လာနိုင်ပေသည်။

ကိုလိုနီခေတ်အတွင်းနှင့် ကိုလိုနီလက်အောက် မကျရောက်မီကတည်းကပင် ဝေးလံသီခေါင်သော နယ်စွန်နယ်ဖျားဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် နယ်မြေပိုင်နက်အချို့နှင့် လူဦးရေအနည်းငယ်အပေါ် ဆက်လက်ထိန်းချုပ်လာခဲ့ကြသည်။ ရာသီဥတုအပြောင်းအလဲဒဏ် ပြင်းထန်လာလျှင် ဤလူမျိုးစုလေးများ ဆက်လက်ရှင်သန်နေနိုင်ကြဦးမည်လော။ နယ်စပ်ဒေသမှ ဤတိုင်းရင်းသားအုပ်စုများ၊ လက်နက်ကိုင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တွန်းလှန်နိုင်ရန် မည်မျှအဆင်သင့် ရှိကြပါသနည်း။

ဘေးကျပ်နံကျပ်အခြေအနေရောက်နေခြင်း၊ လက်နက်နှင့် တောတောင်ထဲ အသက်ရှင်ရပ်တည်နိုင်စွမ်းရှိခြင်း စသည်တို့သည် သဘာဝရင်းမြစ်နှင့် အမြင့်ပိုင်းဒေသများကို ထိန်းချုပ်ထားနိုင်ခြင်းတို့နှင့် ပေါင်းစပ်မိသည့်အခါ အနည်းဆုံး ဆိုလာပြားများ၊ ဘက်ထရီအိုးများအလား အသုံးတည့်သွားနိုင်ပေသည်။ ယင်းက (လက်နက်ကိုင် ခေါင်းဆောင်တို့အတွက်မျှသာမဟုတ်) ဒေသခံလူ့အဖွဲ့အစည်း၏အကျိုးအတွက် အလားအလာကောင်းသည့် အနာဂတ်ကာလတစ်ရပ်ရစေဖို့ လက်နက်ကိုင်အဖွဲ့များအပါအဝင် အစိုးရမဟုတ်သော အာဏာပိုင်များနှင့် (အစိုးရအာဏာပိုင်များလည်း ပါဝင်လာမည်ကို မျှော်လင့်ထားလျက်) မည်သို့ချိတ်ဆက်မည်နည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်လာစေသည်။

မြန်မာနှင့် အခြားနေရာများတွင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်လုပ်ဆောင်ချက်များမှာ ယခုထိ အများအားဖြင့် ဟိုတစ်စ ဒီတစ်စသာရှိနေသေးပြီး အထူးသဖြင့် နိုင်ငံရေးအုပ်ချုပ်မှု အနာဂတ်နည်းလမ်းနှင့် ဆက်စပ်နေသည်။ ကြီးစိုးနေသည့် နိုင်ငံရေးနှင့် စီးပွားရေးပုံစံများကို တကမ္ဘာလုံးအတိုင်းအတာအရရော ပြည်တွင်းအတိုင်းအတာအရပါ စိန်ခေါ်လိုမှုမရှိသေးပေ။

သို့ရာတွင် လက်ရှိအခြေအနေများအောက်၌ နှောင်းပိုင်းအရင်းရှင်စီးပွားရေး ဆက်လက်ကြီးထွားမှုက အလားအလာမရှိပေ။ စီးပွားရေးတိုးတက်မှုကို ရှေးရှုသည့် အရင်းအမြစ်သုံးစွဲမှုနှင့်ပတ်သက်၍ အင်အားကြီးမားပြီး ပျက်စီးစေသည့် စံနမူနာများမှာ ရေရှည်ရှိနေသည်မဟုတ်ပေ။ သို့သော်လည်း မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် အလှူရှင်များနှင့် အကူအညီပေးသည့် အေဂျင်စီများကမူ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာများအပါအဝင် ဖွံ့ဖြိုးရေးပုံစံတစ်ရပ်အဖြစ် အရင်းအမြစ်ထိန်းသိမ်းခြင်းကို ဆက်လက်မြှင့်တင်လျက်ရှိသည်။

လက်ရှိ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ ကြံ့ကြံ့ခံတည်ရှိနေခြင်းမှာ လှည့်စားမှု၊ သို့မဟုတ် အတွေးအမြင်မှားမှုသာဖြစ်ပြီး အများအားဖြင့် ကိုယ်ကျိုးစီးပွားနှင့် ယှဉ်တွဲနေသည်။ အကယ်၍ ဆက်လက်ရပ်တည်မှုက အလားအလာမရှိလျှင် ကြီးမားသည့် ရှေ့လာမည့် ပြောင်းလဲမှုများကို တုံ့ပြန်ဆောင်ရွက်မှုမှာ အကြောင်းပြချက်အားဖြင့် အခြေခံကျရန်လိုပေသည်။ ဘာတွေကို ကယ်တင်နိုင်မလဲ၊ ဘာတွေကို ကျွန်တော်တို့ လက်လျှော့ဖို့ လိုသလဲ၊ နောက်ပြီး ဘယ်သူတွေက ဘယ်လိုရွေးချယ်ကြမှာလဲ။

ထိန်းထားနိုင်ခြင်းစိတ်ကူးထက် ပိုပြီးအလားအလာရှိသည်မှာ ကြံ့ကြံ့ခံခြင်းကို နားလည်မှု၊ သို့တည်းမဟုတ် အကျပ်အတည်းကို ကိုင်တွယ်နိုင်စွမ်းဖြစ်သည်။ ယင်းသို့ နားလည်သဘောပေါက်မှုက ရုတ်တရက်ဖြစ်ပေါ်လာသည့် ကပ်ဘေးကိုတုံ့ပြန်ရာတွင် မည်သည့်လူ့အဖွဲ့အစည်း၏ ရှုထောင့်က အကောင်းဆုံးရှိသလဲဆိုသည်ကို စဉ်းစားစေသည်။

ယင်းအဓိကလိုအပ်ချက် အများအပြားကို မြန်မာနိုင်ငံ၏ အမြင့်ပိုင်းဒေသ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးစနစ်များတွင် တွေ့ရနိုင်ပြီး ယင်းတို့ကို ခေတ်နောက်ပြန်ဆွဲခြင်းအဖြစ် နိုင်ငံတွင်းနှင့် ကမ္ဘာ့အထက်တန်းလွှာတို့က ဝေဖန်ပြစ်တင်လေ့ရှိသည်။

သိပ်မဝေးတော့သည့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ တောင်ပေါ်လူ့အသိုင်းအဝိုင်းများနှင့် ဒေသခံတိုင်းရင်းသား နိုင်ငံရေးအာဏာပိုင်များသည် ယခင်ကနှင့်နှိုင်းစာလျှင် မြေနိမ့်ပိုင်းနိုင်ငံရေးအာဏာပိုင်များထက်ပို၍ အားကောင်းလာပေမည်။ သို့သော်လည်း အဓိကကျသည့် ဘုံစိန်ခေါ်မှုမှာ စားစရာလုံလောက်စွာ ရှိထားရမည့်အရေးဖြစ်သည်။

ပိုမိုတိုတောင်း၍ ပိုမိုပြင်းထန်သည့် မုတ်သုန်ရာသီဥတုများ၊ အပူချိန်မြင့်မားလာခြင်းများအပါအဝင် ရာသီဥတုပုံစံပြောင်းလဲခြင်းက သီးနှံထွက်နှုန်းများအပေါ် သက်ရောက်လျက်ရှိသည်။ ၎င်းတို့လယ်မြေကို ရိတ်သိမ်းမီးရှို့စိုက်သောလယ်မှ စပါးသီးနှံအထွက်နှုန်းမှာ တမြန်နှစ်ကထက်နည်းသည့် မနှစ်ကအထွက်နှုန်းအောက် ထပ်မံလျော့နည်းသွားကြောင်း တနင်္သာရီတိုင်းမှ ကရင်လယ်သမားများက ဇွန်လက ပြောကြားသည်။

ယင်းသို့ဆက်စပ်မှုအရ မြေမြင့်ပိုင်းနေ လူ့အသိုင်းအဝိုင်းများနှင့် ယင်းတို့၏ခေါင်းဆောင်များသည် ပြောင်းလဲနေသော ရာသီဥတုနှင့်လျော်ညီစွာ ပိုမိုကောင်းမွန်သောသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းအပါအဝင် အသက်မွေးမှုပုံစံသစ်များအကြောင်း စဉ်းစားရန်လိုအပ်လာသည်။ ယင်းမှာ ၎င်းတို့ရေရှည်ရပ်တည်ရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်နိုင်သည်။

အနောက်နိုင်ငံမှ အကူအညီပေးဇာတ်ကောင်များအတွက် အခန်းကဏ္ဍ ဤနိုင်ငံ၌ရှိပါသလား။ ဖြစ်နိုင်သည်မှာ ရာသီဥတုပြောင်းလဲမှုနှင့် ယင်းနှင့်အတူလိုက်ပါလာသည့် အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများက အသုံးစရိတ်လျှော့ချမှုကြောင့် ဆက်စပ်ကမ္ဘာလုံးဆိုင်ရာပြိုလဲမှုက အကူအညီပေးရေး အေဂျင်စီများ၏ ဘတ်ဂျက်ကို ခွာချမည်ဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံများမှာ အလှူရှင်များအတွက် မဟာဗျူဟာအရ အရေးမပါသည့် မြန်မာကဲ့သို့ နိုင်ငံများအတွက် ဘတ်ဂျက်လျှော့ချပစ်မည်ဖြစ်သည်။ ဒီမိုကရေစီနှင့် ကြွယ်ဝသောနိုင်ငံများမှ လူထုကောင်းစားရေးဝါဒီများက ဖောက်သည်လုပ်ငန်းအုပ်စုများထံ လျော့ပါးနေသော အရင်းအမြစ်များ ပြည်တွင်းသို့လမ်းကြောင်းပြောင်းရန် တောင်းဆိုနေပြီဖြစ်သည်။

အချိန်ရှိခိုက်တွင် ဘာသာရေးအခြေပြုကွန်ရက်များနှင့် တိုင်းရင်းဘာသာစကားအခြေပြုအုပ်စုများ အပါအဝင် ပြည်တွင်းက ဇာတ်ကောင်များနှင့် ပူးတွဲဆောင်ရွက်ရန် အရေးကြီးသည်။ ထို့အပြင် ဒေသခံလယ်သမားများ၏ အသိဉာဏ်ကို ဆရာတင်သော်လည်း ၎င်းတို့၏လုပ်ကိုင်နိုင်စွမ်းကို ကူပံ့ပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နက်ရှိုင်းသည့် တုံ့ပြန်ဆောင်ရွက်ချက်အတွက် ချဉ်းကပ်သည့်နည်းလမ်းများကို အားအနည်းဆုံး လူ့အသိုင်းအဝိုင်းများနှင့်စတင်သင့်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် အနာဂတ်တွင် ကြီးမားသည့် ကသောင်းကနင်းဖြစ်မှုများမှ ဂယက်ရိုက်မှုများကို လေးလေးနက်နက် စဉ်းစားထားသင့်သည်။

အထောက်အကူပေးနိုင်သည့် အရေးကြီးဆုံးအရာများထဲတွင် အသက်မွေးမှုလုပ်ငန်းများ တိုးတက်စေရန် တောင်ပေါ်လူ့အသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်ခြင်း၊ ခံနိုင်ရည်ရှိ သီးနှံများထောက်ပံ့ပေးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို နက်ရှိုင်းစွာတုံ့ပြန်မှုတို့ ပါဝင်ပေသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.