မြန်နှုန်းမြင့် အင်တာနက် ကွန်ယက်သစ်ကို SEANET က လွှင့်တင်

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြန်နှုန်းမြင့် Broadband အင်တာနက်စနစ်အား အသုံးပြုနိုင်မည့် VSAT(Very Small Aperture Terminal) ကွန်ယက်သစ်ကို SEANET Myanmar က ဇူလိုင် ၂ ရက်နေ့က စတင်လွှင့်တင်လိုက်သည်။

“မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ(ICT) အခြေခံ အဆောက်အအုံ ဖံ့ွဖြိုးရေး ဆောင်ရွက်ရာမှာ VSAT ဟာ အလွန်အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတယ်လို့ ယုံကြည်ပါတယ်” ဟု SEANET Myanmar ၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးပြုံးမောင်မောင်က ပြောကြားသည်။

အဆိုပါ ဆက်သွယ်ရေး ကွန်ယက်သစ်မှာ အများပြည်သူများ သာမန် အင်တာနက် သုံးစွဲရန်သာမပဲ စီးပွားရေးလုပ်ငန်းကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဘဏ်များ၊ အစိုးရနှင့် ပုဂ္ဂလိက ဖုန်းအော်ပရေတာများအတွက် မြန်နှုန်းမြင့်ပြီး ယုံကြည်စိတ်ချရသည့်အပြင် ဈေးနှုန်းလည်း မ ျှတမှုရှိစွာဖြင့် SEANET က ယခုလအတွင်း စတင်ကာ ဝန်ဆောင်မှု ပေးသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“SEANET ဟာ မြန်မာ့အိုင်တီနယ်ပယ်က လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့  လုပ်ငန်းတွေအတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ မြန်နှုန်းလည်းမြင့်ပြီး ယုံကြည်စိတ်ချရတဲ့ အင်တာနက်ဝန်ဆောင်တွေပေးဖို့ အသင့်ဖြစ်နေပါပြီ” ဟု SEANET ၏ အရောင်းနှင့် ဈေးကွက်ဌာန အကြီးအကဲဖြစ်သူ ဂျက်ဆီဂေ့ဂျ်က ပြောသည်။

အဆိုပါ VSAT စနစ်ကို အမေရိကန်နိုင်ငံမှ Hughes Network Systems နှင့် ဟောင်ကောင်အခြေစိုက် Asia Satellite Telecommunications Company Ltd တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ Broadband အင်တာနက်၊ Cloud and Colocation၊ Disaster Recovery၊ ERP and Enterprise၊ Content Distribution စသည့် ဝန်ဆောင်မှုများအပြင် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေသော ဒေသများအတွက်လည်း အလွယ်တကူ ပြောင်းရွှေ့ချထားနိုင်သည့် Mobile Units များဖြင့်ပါ ဝန်ဆောင်မှုများ ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SEANET ၏ Yangon Network Operations Center တွင် Hughes Network Systems   ထုတ်လုပ်ပြီး ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အကောင်းဆုံးနှင့် အကျယ်ပြန့်ဆုံး အသုံးပြုနေသည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်ဖြစ်သည့် JUPITER စနစ်ကို တပ်ဆင်ထားသည်ဟု ဆိုသည်။

“မြန်မာဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အတန်းအစား အသီးသီးမှာရှိတဲ့ လူ့အသိုင်းအဝိုင်းများအတွင်း အင်တာနက်သုံးစွဲမှု တိုးချဲ့ရာမှာ ခြေလှမ်း ကျဲကျဲနဲ့ သွားနေပါတယ်” ဟု Hughes ၏ အကြီးတန်း ဒုဥက္ကဋ္ဌ Mr Ramesh Romaswamy ကပြောသည်။

သတင်း- Frontier 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.