မျိုးဆက်သစ် အားကစားသမားတွေကို ပိုမိုထောက်ပံ့ပေးဖို့ လိုအပ်နေပြီ

နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ အောင်ပန်းဆင်နိုင်ဖို့ ကြိုးစားနေကြတဲ့ မြန်မာအားကစားအဖွဲ့တွေအတွက် မျိုးဆက်သစ် အားကစားသမားသစ်တွေ ရှားပါးလာမှုက စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်

ထွန်းခိုင် ရေးသားသည်။

၁၉၉၈ အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်းလုံးအသင်းဟာ ပြိုင်ဘက် ဗီယက်နမ်ကို အနိုင်ကစားပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

အဲဒီရွှေတံဆိပ်ဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း အာရှအားကစားပြိုင်ပွဲတွေမှာ ၂၄ နှစ်အတွင်း မြန်မာတွေ ပထမဆုံးပြန်လည်း ဆွတ်ခူးရရှိခဲ့တဲ့ ရွှေတံဆိပ်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၉၉၈ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားတွေ ရရှိခဲ့တဲ့ တစ်ခုတည်းသော ရွှေတံဆိပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာပိုက်ကျော်ခြင်းလုံးအသင်းဟာ အာရှအားကစားပြိုင်ပွဲတွေမှာ အောင်မြင်လေ့ရှိတဲ့ အနည်းငယ်သော မြန်မာအားကစားအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ၁၉၉၈ ကနေ ၂၀၁၄ ခုနှစ်အထိ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ ငါးကြိမ်မှာ ဆုတံဆိပ် ၂၃ ခုအထိ ရရှိထားပါတယ်။

ဒါပေမဲ့ ဒီလိုအောင်မြင်မှုတွေ ရရှိနေတဲ့ အားကစားနည်းရဲ့ လက်ရွေးစင်အသင်း ဆက်ခံဖို့ မျိုးဆက်သစ် အားကစားသမားအသစ်တွေကို ရှာဖွေဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်အများစုက အားကစားသမားတစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားမှု မရှိကြတော့လို့ပါ။

“ပိုက်ကျော်ခြင်းက မြန်မာနိုင်ငံမှာ ဘောလုံးပြီးရင် လူအများဆုံးကစားတဲ့ အားကစားပဲ။ ဒါပေမဲ့ လက်ရွေးစင်အဆင့် ကစားသမားတွေရဖို့ တော်တော်ရှာရတယ်”လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးခိုင်ထွဋ်နွယ်က ပြောပါတယ်။

000_aph1238180.jpg

 title=

title=

လူငယ်အများစုက အားကစားနဲ့ အသက်မွေးဝမ်းကြောင်းဖို့ သိပ်ပြီး စိတ်မဝင်စားကြတော့တာကြောင့် မြန်မာ့လက်ရွေးစင် အသင်းတွေအတွက် အားကစားသမားသစ်တွေ ရှာဖွေဖို့ အတော်ခက်ခဲလာတာဖြစ်တယ်လို့ အားကစားအဖွဲ့ချုပ်တွေက ပြောပါတယ်။

“မျိုးဆက်သစ်ကစားသမားတယောက်ရဖို့ တော်တော်ခဲယဉ်းတယ်”လို့ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အားကစားသမားတွေဟာ ဝင်ငွေနည်းပြီး ဘဝရပ်တည်ရေး ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်လည်း လူငယ်တွေက အားကစားသမားတယောက်အဖြစ် အသက်မွေးဝမ်းကြောင်းဖို့ စိတ်မဝင်စားကြတော့တာဖြစ်ပါတယ်။

အထူးသဖြင့် လူလတ်တန်းစားတွေဟာ စိတ်ပါဝင်စားမှု သိပ်မရှိတော့ဘဲ ငွေကြေးချမ်းသာတဲ့သူတွေ၊ ဒါမှမဟုတ် ဆင်းရဲချို့တဲ့သူတွေကသာ အားကစားသမား ဖြစ်လာကြတာ များလာတယ်လို့ ဦးခိုင်ထွဋ်နွယ်က ပြောပါတယ်။

“အားကစားကို ချစ်လွန်းတဲ့စိတ်နဲ့ ဆက်ကစားကြတာ များတယ်။ ဝင်ငွေနည်းတော့ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ ဒီလူတန်းစားနှစ်မျိုးက ကစားကြတာ များတယ်။ ချမ်းသာတဲ့သူတွေကျတော့ အားကစားသမားအဖြစ်ရတဲ့ ဝင်ငွေကြောင့် မဟုတ်ဘဲ ဝါသနာအရ ကစားကြတယ်။ ဆင်းရဲတဲ့သူတွေကျတော့ ဘဝရပ်တည်ရေးအတွက် ကစားကြတယ်”လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အားကစားသမားတယောက်အဖြစ် ရပ်တည်ရတာ မလွယ်လှပါဘူး။

nswks-_sports-12.jpg

 title=

title=

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဇော်ဇော်အောင်ဟာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကနေ စတင်ပြီး အာရှအားကစားပြိုင်ပွဲတွေနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်နှစ်ခု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အောင်မြင်မှုက သူ့အတွက် ငွေကြေးဆုလာဘ်တွေကို ဆောင်ယူ မပေးနိုင်ပါဘူး။

“များသောအားဖြင့် ကျွန်တော်တို့ဝင်ငွေက နည်းပါးပါတယ်။ အရှေ့တောင်အာရှပွဲမှာ ရွှေတံဆိပ်ရတော့ ကျပ်သိန်း ၁၀၀ ရတယ်။ ဒါပေမယ့် ကစားသမား ငါးယောက်ခွဲယူရတာပါ။ ဥပမာအားဖြင့် ထိုင်းနဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး နည်းပါးပါတယ်။ ထိုင်းမှာ ကစားသမားတစ်ယောက်က အနည်းဆုံး ဘတ်တစ်သန်း (ကျပ် ၄၂ ဒသမ ၄ သန်း)လောက် ရကြတယ်” လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံက အားကစားသမားတွေရဲ့ ဘဝက အရမ်းကို ခက်ခဲကြမ်းတမ်းပါတယ်။ မိသားစုရှိလာပြီဆိုရင် ကစားသမားတိုင်းက အနာဂတ်အတွက် စဉ်းစားလာရပြီ။ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ကစားသမားတွေ အတော်များများက ဝင်ငွေနည်းတာကြောင့် အားကစားလောကကနေ ထွက်သွားကြတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလက်ရွေးစင် အားကစားအသင်းတွေက ကစားသမားအတော်များများဟာ ရန်ကုန်မြို့မှာ ၁၉၉၇ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အားကစားနဲ့ ကာယပညာသိပ္ပံကနေ ရောက်လာကြတာဖြစ်ပါတယ်။ အဲဒီကျောင်းဆင်းတွေက နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ် ၁၀၀ ကျော်အထိ ရရှိထားကြပါတယ်။

nswks-_potrait-4_0.jpg

 title=

title=

ဒါပေမယ့် မိဘအများစုက သူတို့သားသမီးတွေ အားကစားနဲ့ အသက်မွေးဝမ်းကျောင်းကြမှာကို မလိုလားကြဘူးလို့ ရန်ကုန်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဦးစိုးအောင်က ပြောပါတယ်။

“ကလေးတွေက ကစားချင်ကြတယ်။ အားကစားသမား ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူ့တို့မိဘတွေက ခွင့်မပြုကြဘူး။ မိဘတွေက သားသမီးတွေကို ပညာတတ်တွေပဲ ဖြစ်စေချင်ကြတယ်” လို့ သူကပြောပါတယ်။

တိုင်းပြည်ရဲ့ လူကြိုက်အများဆုံးအားကစားဖြစ်တဲ့ ဘောလုံးကလွဲပြီး ကျန်တဲ့ အားကစားသမားတွေဟာ ဝင်ငွေနည်းနည်းလေးနဲ့ ရပ်တည်နေကြရတာပါ။

၂၀၀၉ ခုနှစ် မတိုင်မီကဆိုရင် ဘောလုံးသမားတွေကိုယ်တိုင်လည်း အခြားအားကစားသမားတွေ ကြုံတွေ့ခဲ့ရတဲ့သလို နည်းပါးလှတဲ့ဝင်ငွေနဲ့ ဘဝရပ်တည်ခဲ့ကြရပါတယ်။

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က ဦးဆောင်ပြီး လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ဘောလုံးကလပ်တွေ တည်ထောင်ခဲ့ကာ ပရောဖက်ရှင်နယ် ဘောလုံးလောကအဖြစ် တည်ထောင်ခဲ့ပြီးနောက် မြန်မာဘောလုံးသမားတွေဟာ ဘဝရပ်တည်ရေးအတွက် လုံလောက်တဲ့ဝင်ငွေ ရရှိလာကြပါတယ်။

nswks-_sports-24.jpg

 title=

title=

ပရော်ဖက်ရှင်နယ်လိဂ်ကနေ ပြည်ပကို ထွက်ကစားခွင့်ရကြတဲ့ ဘောလုံးသမားတွေဆိုရင် တစ်လကို အများဆုံး အမေရိကန်ဒေါ်လာ ၇,၀၀၀ လောက်အထိ ဝင်ငွေရနေကြပြီဖြစ်ပါတယ်။

ပရောဖက်ရှင်နယ်အဖြစ် မကူးပြောင်းနိုင်တဲ့ အခြားသော အားကစားနည်းတွေကတော့ အားကစားသမားတွေရရှိဖို့အတွက် အစိုးရ ဝန်ထမ်းတွေကို အဓိကထား ဆွဲဆောင်နေကြရပါတယ်။

မြန်မာ့လက်ရွေးစင် ဟော်ကီအားကစားသမား ၉၀ ရာခိုင်နှုန်းဟာ တပ်မတော်သားတွေဖြစ်ပြီး မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမား ၉၀ ရာခိုင်နှုန်းဟာလည်း အစိုးရဝန်ထမ်းတွေဖြစ်တယ်လို့ အားကစားအဖွဲ့ချုပ်တွေက ပြောပါတယ်။

အစိုးရဝန်ထမ်းလည်းဖြစ်တဲ့ အားကစားသမားတွေကတော့ ဝန်ထမ်းလစာ ရရှိနေတဲ့အတွက် သာမန်အားကစားသမားတွေထက် ဘဝရပ်တည်ဖို့ အာမခံချက် ပိုရှိနေပါတယ်။ နိုင်ငံ့လက်ရွေးစင် အားကစားသမားဖြစ်လာတဲ့ လူသစ်ကစားသမားတွေကိုလည်း အားကစားအဖွဲ့ချုပ်တွေက အစိုးရဝန်ကြီးဌာနတွေမှာ အလုပ်ရဖို့ ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် လက်ရွေးစင်ကစားသမားတွေကို ထိန်းသိမ်းထားရပါတယ်။

nswks-_sports-5.jpg

 title=

title=

ဒါပေမယ့်လည်း အစိုးရဝန်ထမ်းလစာက နည်းပါးလွန်းတာကြောင့် လူငယ်အနည်းငယ်ကပဲ အားကစားဘက် ခြေဦးလှည့်လာပါတော့တယ်။

“ဘောလုံးကလွဲလို့ ကျန်တဲ့အားကစားတွေက (ဘဝရပ်တည်ရေးအတွက်) တော်တော်ခက်ပါတယ်။ ဘောလုံးတောင်မှ သိတဲ့အတိုင်းပဲ။ နာမည်ကြီး ကစားသမားလောက်သာ ဘဝရပ်တည်ဖို့ အဆင်ပြေတာ”လို့ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောပါတယ်။

သူဦးဆောင်နေတဲ့ မြန်မာ့ဟော်ကီအားကစားအသင်းရဲ့ အဆင့်အတန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တိုးတက်မှု ရှိလာခဲ့ပါတယ်။

လူ ၅၁ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ဟော်ကီအားကစားကွင်း တစ်ခုတည်းရှိပေမယ့် မြန်မာ့ဟော်ကီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကွာလာလမ်ပူမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲမှာ ငွေတံဆိပ်ဆုရခဲ့ပါတယ်။

ဒါပေမဲ့ ဟော်ကီကစားသမားတွေအတွက် ဝင်ငွေကတော့ လုံလုံလောက်လောက် တိုးမလာခဲ့ပါဘူး။

အဲဒါရဲ့ အကျိုးဆက်အဖြစ် ဟော်ကီကစားပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ လူငယ်တွေက စဉ်းစားလာတဲ့အတွက် မျိုးဆက်သစ်တွေ ရှာဖွေဖို့ ခက်ခဲလာပါတယ်။

“လက်ရွေးစင်တယောက်ရဖို့အတွက်က တော်တော်ကြီးကို ခက်ပါတယ်။ ကလေးတွေက လာကစားချင်တယ်။ မိဘတွေက ပြန်လာခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တာမှ ပိုက်ဆံရဦးမယ်ဆိုပြီး ပြန်သွားကြတာတွေ ရှိတယ်”လို့ ဦးစောလုလုထော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှုနည်းပါးတဲ့ ဟော်ကီလို အားကစားနည်းအတွက် လူသစ်စုဆောင်းဖို့ ခက်ခဲတယ်ဆိုတာ သိပ်မထူးခြားလှပေမယ့် လူစိတ်ဝင်စားမှုများလှတဲ့ အားကစားနည်းတွေမှာတောင် လူသစ်ကစားသမားတွေကို စွဲဆောင်နိုင်ဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်နေရပါတယ်။

nswks-_sports-4.jpg

 title=

title=

၁၉၉၈ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကျော်ကြာ ရွှေတံဆိပ်နဲ့ ကင်းဝေးနေတာကို အဆုံးသတ်ပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးပိုက်ကျော်ခြင်းအားကစားမှာတောင် လူသစ်ကစားသမားတွေရဖို့ ရုန်းကန်နေရတယ်လို့ ဦးခိုင်ထွဋ်နွယ်က ပြောပါတယ်။

“အမျိုးသမီးအသင်းက မျိုးဆက်ပြတ်သလောက် ဖြစ်နေတယ်”လို့ ဦးခိုင်ထွဋ်နွယ်က ပြောပါတယ်။

ပိုက်ကျော်ခြင်းကစားသမားတယောက်အတွက် အရှေ့တောင်အာရှနဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရခဲ့ရင် ကျပ် ၂၅ သိန်းကနေ ကျပ်သိန်း ၁၀၀ အထိ ဆုကြေးငွေတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆုတံဆိပ်မရခင် လူသစ်တန်းဘဝမှာတော့ ဝင်ငွေနည်းနည်းနဲ့ ကြပ်ကြပ်တည်းတည်း ရုန်းကန်ရမှာဖြစ်ပါတယ်။

ကစားသမားတယောက်ကို ပြိုင်ပွဲဝင်ဖို့အတွက် စခန်းသွင်းလေ့ကျင့်ထားချိန်တွေမှာ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ထောက်ပံ့ငွေကတော့ အများကြီး မဟုတ်လှပါဘူး။ ရွှေတံဆိပ် ရထားဖူးတဲ့ ကစားသမားဆိုရင် တစ်လကို ကျပ်တစ်သိန်း၊ ငွေနဲ့ ကြေးတံဆိပ်ရထားတဲ့ ကစားသမားဆိုရင် တစ်လကို ကျပ် ၈၀,၀၀၀ နဲ့ နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲမှာ ကစားနိုင်တဲ့ကစားသမားဆိုရင် တလကို ကျပ် ၅၀,၀၀၀ ထောက်ပံ့ပေးပါတယ်။

လူသစ် ကစားသမားတစ်ယောက်ဆိုရင်တော့ တစ်လကို ကျပ် ၃၀,၀၀၀ ပဲ ထောက်ပံ့ကြေး ရရှိကြပါတယ်။

“လူသစ်ကစားသမားတွေက ပထမတစ်နှစ်၊ နှစ်နှစ်မှာတော့ ခက်ခဲကြတယ်။ သူတို့က အစိုးရဝန်ထမ်းလဲ မဖြစ်သေးဘူးဆိုရင် တစ်လသုံးသောင်းလောက်နဲ့ ရုန်းကန်ကြရတယ်”လို့ ဦးခိုင်ထွဋ်နွယ်က ပြောပါတယ်။

ဒီကုန်ကျစားရိတ်ကိုတော့ အားကစားအဖွဲ့ချုပ်တွေမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အများဆုံး စိုက်ထုတ်ပေးနေကြရတာ ဖြစ်ပါတယ်။

“တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လက်နက်နဲ့ စစ်တိုက်တာ သိပ်မရှိကြတော့ဘူး။ အားကစားနဲ့ ပြိုင်ကြတာများတာပေါ့။ အားကစားကိုတော့ အောက်တန်းနောက်တန်းကျတဲ့ အဖြစ်မျိုး မဖြစ်စေချင်ဘူး”လို့ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်က ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.