မုဒိမ်းမှု၊ ကလဲ့စားနှင့် ဖောက်ပြန်ရေးဇာတ်လမ်းများ

မကြာသေးခင်က ဖြန့်ချိလိုက်သည့် ထိတ်လန့်ချောက်ချားဖွယ် ရုပ်ရှင်က လိင်အကြမ်းဖက်မှုကိုပြသကာ အကြင်နာကင်းသည့် မိန်းမမုန်းဇာတ်ကွက်မျိုးသာဖြစ်သည်။

မြင့်မြတ်သူ ရေးသားသည်။

ဖေဖော်ဝါရီ ၆ ရက်က ရုံတင်ခဲ့သည့် အဓိကသရုပ်ဆောင်အမည်လည်းဖြစ်၊ ဇာတ်ကားအမည်လည်းဖြစ်သည့် မြမြက သူ့အား အုပ်စုလိုက်မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားများကို အထီးကျန်တစ္ဆေတစ်ကောင်အဖြစ် လိုက်လံခြောက်လှန့်ကာ ကလဲ့စားချေမည့်အစား ဇွဲကြီးသည့် ရှင်သန်သူတစ်ဦးအဖြစ် ကျားကုတ်ကျားခဲ ကြိုးစား၍ တရားမျှတမှုရရှိအောင်အားထုတ်မည်ဆိုက မည်သို့ရှိမည်နည်း။

လောလောဆယ် ယင်းဇာတ်ကွက်မျိုးက မြန်မာရုပ်ရှင်ထုတ်လုပ်သူများ၏စိတ်ကူးတွင် ရှိနေဟန်မတူ။ ထုတ်လုပ်သူများမှာ အမျိုးသားများသာဖြစ်ပြီး မုဒိမ်းကျင့်ခံအမျိုးသမီးများကို အသတ်ခံလိုက်ရသူ၊ သို့မဟုတ် ရှက်၍ကိုယ်ကိုယ်ကိုယ်သတ်သေလိုက်သူပုံစံမျိုး တင်ဆက်ရန်သာ ပိုမိုသဘောကျနေကြသည်။ တကယ်တော့ ထိုနည်းထိုပုံ သေဆုံးမှုကသာ အမျိုးသားအဓိကသရုပ်ဆောင်များအတွက် သူရဲကောင်းဆန်ဆန် သည်းထိတ်ရင်ဖို လှုပ်ရှားမှုများဖြင့် ကလဲ့စားချေရန် အဆင်ပြေသောစိတ်ကူးဖြစ်နေသည်။

မသေမီက ရန်ကုန်စက်ရုံတစ်ရုံမှ တက်ကြွသည့်အလုပ်သမနှင့် သပိတ်စီစဉ်သူ မြမြဆိုသည့်ဇာတ်ကောင်ကို အရှက်ထပ်မရစေဖို့ ကယ်တင်ချက်မှာ အုပ်စုလိုက်မုဒိမ်းကျင့်ကာ သူ့ကိုသတ်ဖြတ်ခဲ့သည့် အမျိုးသားများအား ခြောက်လှန့်စဉ် ပိုစတာထဲကကဲ့သို့ ရာဂနိုးဆွသည့် မပေါ့တပေါ်အဝတ်အစားမျိုးဖြင့် ခြောက်လှန့်ခဲ့ခြင်း မဟုတ်သည့်အချက်ဖြစ်သည်။ သို့သော်လည်း ရုပ်ရှင်အောင်မြင်မှုလမ်းကိုက လိင်အမြတ်ထုတ်သည့်လုပ်ရပ် ဖြစ်နေရာ ယင်းပြကွက်မှာ မဆိုစလောက် နှစ်သိမ့်မှုမျိုးသာဖြစ်သည်။

မုဒိမ်းသမားသုံးယောက်နေရာအတွက် သရုပ်ဆောင်လိုသူများကို ပြီးခဲ့သည့်ဇူလိုင်လက ဖေ့စ်ဘွတ်မှတဆင့် ခေါ်ယူခဲ့ရာ ဖေ့စ်ဘွတ်သုံးသူများက သူတို့မိတ်ဆွေများထံ မုဒိမ်းသမားကောင်းဖြစ်နိုင်ကြောင်း ရိုင်းစိုင်းသည့် ဟာသများပြောကာ သရုပ်ဆောင်လျှောက်ကြရန်ပြောသည့်စကားများကို တက်တွဲတင်ကြသည်။ ဆန်ခါတင်စာရင်းအတွက် စိစစ်ရွေးချယ်မှုများကို မီဒီယာနှင့် အများပြည်သူများရှေ့မှောက် ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံတွင် စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်။

Myanmar Online News က ဖေ့စ်ဘွတ်သို့တင်ခဲ့သည့် ထိုပွဲဗီဒီယိုမှတ်တမ်းတစ်ခု၌ အရွေးခံသူတစ်ဦးက စင်ပေါ်တွင် မုဒိမ်းကျင့်ဟန်သရုပ်ဆောင်ကာ မိုက်ကရိုဖုန်းထဲကို မာန်ပါပါ ထက်သန်သည့်အော်ဟစ်သံများ မြည်ကြွေးခဲ့သည်။ မြမြအဖြစ်သရုပ်ဆောင်သည့် နာမည်ကြီးမော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုလည်း ပရိသတ်ထဲ ရယ်ကာမောကာတွေ့ကြရသည်။

၎င်းရုပ်ရှင် တရားဝင်ရုံမတင်မီ သီတင်းပတ်အနည်းငယ်အလိုက သင်ဇာဝင့်ကျော်မှန်းသိသာသည့် အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးတီး မထင်မရှားဓာတ်ပုံတစ်ပုံကို ထုတ်လုပ်ရေးက ဖေ့စ်ဘွတ်တွင် တင်ခဲ့သည်။ သရုပ်ဆောင်၏ကိုယ်လုံးအရွယ်အစားကို မှန်းဆရန် ဖေ့စ်ဘွတ်သုံးသူများအား ပုံစာထိုး၍မေးမြန်းခဲ့သည်။ မှန်ကန်အောင်မှန်းနိုင်သူများအား JCGV ရုပ်ရှင်ရုံများအတွက် လက်ဆောင်ကတ်များပါဝင်သည့် ဆုများပေးသည်။

သို့တစေ ယင်းရိုင်းစိုင်းသည့်အရာအားလုံးနောက်ကွယ်တွင် သံသယဖြစ်ဖွယ်မူရင်းဇာတ်လမ်းရှိနေသည်။ မုဒိမ်းကျင့် ကလဲ့စားချေ မြမြဇာတ်လမ်းကျောရိုးကို လွန်ခဲ့သည့်နှစ် ဧပြီလက တင်ခဲ့ပြီး ဖေ့စ်ဘွတ်တွင် ပျံ့နှံ့နေခဲ့သည့် ဗီဒီယိုတစ်ခုမှ စိတ်ကူးရလာခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အလုပ်သမ မြမြတစ္ဆေ ဝင်ပူးခံရသည့် ရန်ကုန်စက်ရုံတစ်ရုံမှ အလုပ်သမငယ်တစ်ဦးပါဝင်သည်။

ဖုန်းကင်မရာဖြင့်ရိုက်ထားသော လေးမိနစ်ကြာ ထိုခပ်ဝါးဝါးဗီဒီယိုတွင် ပူးဝင်သောအမျိုးသမီးမှတဆင့် စကားပြောလိုဟန်ရှိပြီး မုဒိမ်းကျင့်သတ်ဖြတ်ခံရသော်လည်း တစုံတရာအရေးယူမှုမရှိသည့်အတွက် စုံစမ်းစစ်ဆေးပေးရန် ဘေးကလူအုပ်ကို တောင်းပန်ခဲ့သည်။

ယင်းဗီဒီယိုကြောင့် ရဲက အမှန်တကယ်အမှုဖွင့်ခဲ့သည်။ သို့ရာတွင် မြမြရှိခဲ့သည်ကို သက်သေပြရန် အထောက်အထားမပေါ်သေးပေ။ မြမြအကြောင်းကို Night School ဆိုသည့် ထုတ်လုပ်ရေးကုမ္ပဏီက လူမှုမီဒီယာမှာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ဖြစ်ရပ်တစ်ခုကို အမှန်အတိုင်းသိမြင်စေရန် ရုပ်ရှင်အသွင်ဖြင့် မြမြ၏ စိတ်ကူးအိပ်မက်ကို ကမ်းလှမ်းရန် ရည်ရွယ်ခဲ့သည်။

မုဒိမ်းမှုကို ယင်းရုပ်ရှင်၏တင်ဆက်ပုံမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ဝမ်းနည်းဖွယ်ပုံစံကျပြသမှုဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်က ပြသခဲ့သည့် မြန်မာရုပ်ရှင် ၉၆ ကားအနက် ခြောက်ကားတွင် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခန်းပါပြီး ထင်ရှားသည့်ဇာတ်ကွက်ဖန်တီးမှုတစ်ခုအဖြစ် အသုံးပြုထားသည်။ ဖြစ်ရပ်အားလုံးတွင် မုဒိမ်းကျင့်ခံရသူအမျိုးသမီးမှာ သတ်ဖြတ်ခံရခြင်း၊ ရှက်၍သတ်သေခြင်း၊ သို့မဟုတ် တသက်တာအထီးကျန်ခြင်း စသည်တို့ဖြင့် ရှေးနည်းအတိုင်းဖျောက်ဖျက်ခံရသည်။

အမျိုးသားများကသာရိုက်ကူးသည့် ယင်းရုပ်ရှင်အားလုံးက မုဒိမ်းကျင့်မှုနှင့်ပတ်သက်၍ အများပြည်သူ၏ သိမြင်မှုကို မြှင့်တင်သည်ဟု ထင်ရသော်လည်း အမှန်မှာ မုဒိမ်းကျင့်ခံအမျိုးသမီးများကို ဂုဏ်သိက္ခာကျစေပြီး ဖျော်ဖြေရေးအတွက် တလွဲအသုံးချနေခြင်းသာဖြစ်သည်။

ရုပ်ရှင်သုံးသပ်ဝေဖန်သူ ဒေါ်ဆွေဇင်နေမင်း။ ဓာတ်ပုံ - သူရဇော်

ရုပ်ရှင်သုံးသပ်ဝေဖန်သူ ဒေါ်ဆွေဇင်နေမင်း။ ဓာတ်ပုံ – သူရဇော်

“မုဒိမ်းကျင့်ခန်းတွေပါတဲ့ ဒီရုပ်ရှင်တွေအားလုံးမှာ သိသိသာသာပျောက်နေတဲ့အရာကတော့ ပြဿနာရဲ့အဖြေပါ” ဟု အွန်လိုင်းမှရုပ်ရှင်သုံးသပ်သူတစ်ဦးလည်းဖြစ်၊ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ ရူပဗေဒသင် ဆရာမ တစ်ဦးလည်းဖြစ်သူ ဒေါ်ဆွေဇင်နေမင်းက Frontier ကိုပြောသည်။

“မုဒိမ်းကျင့်တာပါတဲ့ နိုင်ငံခြားရုပ်ရှင်တချို့ ကျွန်မကြည့်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီကားတွေက များသောအားဖြင့် ဆိုးဝါးတဲ့အတွေ့အကြုံကို ကျော်လွှားဖို့ နည်းလမ်းရှာတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကျတော့ ဇာတ်ကားတွေမှာ ဒီလိုမုဒိမ်းကျင့်တာ ပါလာပြီဆို အဓိကသရုပ်ဖော်လေ့ရှိတာက မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးဟာ ပြည့်တန်ဆာဖြစ်အောင် တွန်းပို့ခံရတယ်။ ဒီစိတ်ဒဏ်ရာကနေ ဘယ်တော့မှ မလွတ်မြောက်တော့ဘူး။ ဒါမျိုးတွေ ကြည့်ရတိုင်း မွန်းကျပ်တယ်” ဟုလည်း သူကပြောသည်။

မုဒိမ်းကျင့်ခန်းများမှာ ရုပ်ရှင်ကားများတွင် တားမြစ်သင့်သည့်အရာဟူ၍တော့ ဒေါ်ဆွေဇင်နေမင်းက မယူဆပေ။ မုဒိမ်းကျင့်ခံရသူက မိမိဘဝကို ပဲ့ကိုင်သွားနိုင်သူ၊ ရှင်သန်သူတစ်ဦးအဖြစ် ကောင်းမွန်သင့်လျော်စွာ စီစဉ်ထားသည်ကိုသာ သူ ကြည့်ချင်ကြောင်းဆိုသည်။ လောလောဆယ် ထိုဇာတ်ကောင်များမှာ သိသိသာသာ စတေးခံနေရပြီး သူတို့အားဖျက်ဆီးလိုက်ခြင်းက ဖျက်ဆီးသူကို သူတို့ကိုယ်စား သွေးထွက်သံယို ဂလဲ့စားချေပေးကာ ယင်းသို့ဖြင့်သူရဲကောင်းဖြစ်လာမည့် ဟီးရိုးတစ်ဦးဖြစ်ပေါ်လာရေးကိုသာ စေ့ဆော်ပေးလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်က ပြသခဲ့သည့် နိုင်ငံကြီးသားဇာတ်ကားတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံရသော စူပါမော်ဒယ် တစ်ဦး၏အလောင်းကို တွေ့ရှိမှုက တာဝန်သိရဲအရာရှိတစ်ဦးအား သူရဲကောင်းဆန်သည့် လုပ်ဆောင်ချက်များ ဖြစ်ပေါ်စေရန် စေ့ဆော်ပေးသည်။

ပြီးခဲ့သည့်နှစ်က သမီးကလေးရဲ့ရွာ ဇာတ်ကားတွင်လည်း မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရသည့်အခန်းပါပြီး မိန်းကလေးဖခင်က ကျူးလွန်သူ၏မွေးစားသမီးကို လက်စားချေကျူးလွန်ရန် ဇာတ်ကွက်ဖန်တီးထားခဲ့သည်။

အလားတူဇာတ်လမ်းမျိုးကို လွန်ခဲ့သည့်နှစ်မှ Box No.88 နှင့် ဟစ်တိုင်ကဲ့သို့ရုပ်ရှင်ကားများတွင်လည်း ထပ်မံတွေ့ရပြီး ဟစ်တိုင်တွင်မူ မိခင်တစ်ဦး၏ လက်စားချေပြသည့်မေတ္တာကို အမွှန်းတင်ထားသည်။ တခါတရံ လွန်ခဲ့သည့်နှစ်က သခင်ကြီးနှင့် ငပိတို့စရာ ဇာတ်ကားထဲကကဲ့သို့ ညီအစ်မတော် တစ်ဦး၏ ကလဲ့စားချေပြီး မေတ္တာတရားပြသမှုကို အဓိကထားခဲ့သည်။ သို့တစေ ယင်းဇာတ်လမ်းများ၏ ဟီးရိုးဇာတ်ကောင်အများစုမှာ အမျိုးသားများသာဖြစ်သည်။

တိမ်တွေပေါ်ကပန်း ဇာတ်ကားတွင်မူ မုဒိမ်းကျင့်ခံရမှုမှ ရှင်သန်သူတစ်ဦးအကြောင်းပြသသည်မှာ ပိုမိုကောင်းမွန်သည်။ ယင်းဇာတ်ကားက မိန်းကလေးငယ်ဘဝက မုဒိမ်းကျင့်ခံခဲ့ရသော်လည်း ဘိတ်ဆုံးမှ ထိပ်ဆုံးရောက်လာခဲ့သည့် အမျိုးသမီးတစ်ဦးအကြောင်းဖြစ်သည်။ သူကလေးမှာ ခရစ်ယာန်သီလရှင်ကျောင်း တစ်ကျောင်းတွင် နှစ်များစွာ အထီးကျန်စွာနေခဲ့ရပြီး နောက်ဆုံး၌ ကျော်ကြားသည့်အဆိုတော်ဖြစ်လာခဲ့သည်။ သို့သော် ယင်းသို့ရုပ်ရှင်ကအားကောင်းစွာ ပို့ပေးလိုက်သော အဆိုပါမြင့်မားလာမှုမှာလည်း အဓိကအားဖြင့် အမျိုးသားဇာတ်ဆောင်၏ ပံ့ပိုးမှုမပါဘဲ ဖြစ်လာမည်တော့မဟုတ်ပေ။

“ဒီဇာတ်ကားကို ကျွန်တော်ကြိုက်တယ်။ အပြုသဘောဆောင်တာတွေ့ရတယ်” ဟု ရုပ်ရှင်ထုတ်လုပ်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုစိန်လျှံက ပြောသည်။ “ဒါပေမဲ့ ဒီလိုမျိုးရုပ်ရှင်တွေက ပရိသတ်ကို သတင်းမှားပေးမိမှာ စိုးရိမ်တယ်။ ဒါကဘာလဲဆိုတော့ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လောက်ပဲပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေရနေပါစေ၊ အမျိုးသားတစ်ဦးကို တွေ့တာနဲ့ ဒါတွေအားလုံးပျောက်သွားမှာပဲဆိုတာကိုပါ” ဟု သူကပြောသည်။

လိင်မှုအတွေ့အကြုံကြောင့် စိတ်ဒဏ်ရာရသည့် အမျိုးသမီးများအကြောင်း မြန်မာရုပ်ရှင်များတွင် ရိုက်ကူးပြသမှု ပိုမိုခွင့်ပြုရန် လူ့အဖွဲ့အစည်း၏လိုအပ်ချက် တစ်ခုရှိနေကြောင်း စင်ကာပူရှိ College of Allied Educators တွင် နှစ်သိမ့်ဆွေးနွေးအကြံပေးစိတ်ပညာ ဒီပလိုမာ Diploma in Counselling Psychology ရရှိခဲ့သော ကိုစိန်လျှံက ပြောသည်။

“ဒီကရုပ်ရှင်တွေမှာ ကျွန်တော် သတိပြုမိတာကတော့ စိတ်ဒဏ်ရာရတဲ့ အမျိုးသမီးတစ်ဦးကို ကူညီသူတွေက အများအားဖြင့် အမျိုးသားတွေဖြစ်နေတာပဲ။ ဒီနေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုဖြစ်သင့်ပါတယ်။ အပြင်မှာတကယ်မရှိရင်တောင် ရုပ်ရှင်တွေထဲမှာ ဖန်တီးပြဖို့လိုအပ်ပါတယ်” ဟု သူကဆိုသည်။

သို့သော်လည်း ယင်းသို့ယူဆချက်များမှာ သူ့ရုပ်ရှင်နှင့်မသက်ဆိုင်ဟု မြမြကိုရိုက်ကူးသည့် ဒါရိုက်တာ ညိုမင်းလွင်က ပြောသည်။ မြမြသည် မုဒိမ်းမှုအကြောင်းရုပ်ရှင်မဟုတ်ဘဲ တစ္ဆေဇာတ်ကားသာဖြစ်သည်ဟု ဖေဖော်ဝါရီ ၇ ရက်က MRTV 4 ၏ Let’s Talk အစီအစဉ်တွင် သူကပြောသည်။ သို့သော်လည်း သူ့တစ္ဆေကား၏အဓိကအကြောင်းအရာက လိင်မှုသဘောသာ လွန်လွန်ကဲကဲစိုးမိုးနေသည်။ အမျိုးသားသုံးဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တစ္ဆေဖြစ်လာမှ တကယ့်ကိုကြောက်စရာကောင်းသည်လား။

“သူက ဇာတ်ကားရိုက်နေတုန်း ကျွန်တော့်ညွှန်ကြားချက်တွေကို ကောင်းကောင်းလုပ်နိုင်တယ်။ ဥပမာ ပထမတစ်ယောက်နဲ့မတူဘဲ ဒုတိယအမျိုးသားက မုဒိမ်းကျင့်နေစဉ်မှာ တအားအော်ခိုင်းတယ်။ (သုံးယောက် ဝိုင်းကျင့်တဲ့ဖြစ်စဉ်မှာ) ဒီနာကျင်မှုကို အကောင်းဆုံး သရုပ်ဆောင်နိုင်တယ်” ဟုသင်ဇာဝင့်ကျော်၏ သရုပ်ဆောင်စွမ်းရည်ကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က အွန်လိုင်းသတင်းဌာန Myanmar Celebrity နှင့် အင်တာဗျူးတွင် ဒါရိုက်တာက ချီးကျူးခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်သူနှင့် အနုပညာဒါရိုက်တာ ကိုစိန်လျှံ။ ဓာတ်ပုံ - သူရဇော်

ရုပ်ရှင်ထုတ်လုပ်သူနှင့် အနုပညာဒါရိုက်တာ ကိုစိန်လျှံ။ ဓာတ်ပုံ – သူရဇော်

တကယ်တော့ မြမြဇာတ်ကားမှာ မုဒိမ်းကားအဖြစ်သာ ပို၍သက်ဝင်နေသည်။ လိင်ပိုင်းအကြမ်းဖက်ခံရသည့် အမျိုးသမီးတစ်ဦး မည်ကဲ့သို့ရှင်သန်အောင်မြင်အောင် လုပ်ဆောင်သလဲဆိုသည်ထက် မုဒိမ်းမှုသရုပ်ပြမှုက ပို၍သရုပ်ပါနေသည်။ နောက်ဆုံးတော့ အဆိုပါဇာတ်ကောင်စရိုက်မှာလည်း ယခင်နှစ်များက မြန်မာရုပ်ရှင်များတွင် တွေ့ရသည့် မုဒိမ်းကျင့်ခံအခြားအမျိုးသမီးဇာတ်ကောင်များစွာကဲ့သို့ တူညီသည့် တင်စားမှုသင်္ချိုင်း၌ ပစ်ချခံရသည်သာဖြစ်သည်။

မြမြအသက်ရှင်စဉ်က ဉာဏ်ကောင်းပြီး သတိဝီရိယရှိသော အမျိုးသမီးတစ်ဦးအဖြစ်ပုံဖော်ခဲ့သည်။ သူက အလုပ်သမားများအခွင့်အရေးကို တောင်းဆိုသည့် ရုတ်တရက်ထမှောက်သောသပိတ်ကို ဦးဆောင်သည်။ ယင်းသို့လုပ်ဆောင်မှုမှာ စက်ရုံအကြီးအကဲကို ဒေါသထွက်စေသည့် အာခံသောအပြုအမူဖြစ်ပြီး နောက်ပိုင်းတွင် ထိုအကြီးအကဲက သူ့ကို တိုက်ခိုက်စော်ကားရန် အစီအစဉ်ချခဲ့သည်။

နောက်ပြီး ပထွေးဖြစ်သူရန်မှကာကွယ်ရန် ခေါင်းအုံးအောက်တွင် ဓားတစ်လက်ထားအိပ်သည့်အကျင့်ကို သူ့စိတ်ဓာတ်ကြံ့ခိုင်မှု လက္ခဏာတစ်ရပ်အဖြစ် ထပ်တွေ့လိုက်ရသည်။ အသက်မပါသည့် တစ္ဆေတစ်ကောင်ထက် နောက်ဆုံးတိုက်ခိုက်မှုမှ ရှင်သန်ကာ ကလဲ့စားချေပုံမျိုးက ပို၍ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းဖြစ်လာနိုင်ပေသည်။

ခေတ်ပြိုင်မြန်မာ့ရုပ်ရှင်တွင် သွေးထက်သံယိုအကြမ်းဖက်မှု၌ အမျိုးသမီးများမပါဝင်အောင် တားမြစ်ထားသည့်သဘောမရှိပေ။ အမှန်မှာ အကြောင်းပြချက် မယ်မယ်ရရမရှိသည့်နည်းလမ်းများဖြင့် တင်ဆက်လေ့ရှိသည်။ ဟစ်တိုင်ဇာတ်ကားမှာ မုဒိမ်းကျင့်ခံသမီးအတွက် ဂလဲ့စားချေသော မိခင် ဒေါ်ဒေါင်းနီက မုဒိမ်းကောင်ကို ဓားဖြင့်အချက်ပေါင်းများစွာထိုးကာ သွေးထွက်နေသည့်အလောင်းကို နေ့ခင်းကြောင်တောင် လူစည်ကားရာလမ်းထဲသို့ ဆွဲသွားသည်။

သခင်ကြီးနှင့်ငပိတို့စရာဇာတ်ကားတွင် မုဒိမ်းကျင့်ခံရသူ၏အစ်မဖြစ်သူ ဂျိုးဂျိုးသည် မုဒိမ်းသမားကို အသေရိုက်နှက်သည်။ ထို့နောက်စောက်ထိုးဆွဲကာ ကြွက်များလှောင်ထည့်ထားသောအိတ်ကို လည်ပင်း၌ ပတ်ဆွဲကာ မိနစ်အနည်းငယ် ကြွက်ကိုက်ခံစေသေးသည်။

ရှင်သန်သူတစ်ဦးအဖြစ် မြမြက ထိုသို့အစွန်းရောက်မှုမျိုးသို့သွားရန်မလို။ ယင်းအစား တရားဥပဒေကို သူအားကိုးနိုင်ပြီး တရားရုံးတွင် တရားမျှတမှုကို ရှာဖွေနိုင်သည်။ သူ၏ယုံကြည်မှုရှိပြီး ပွင့်လင်းစွာပြောတတ်သည့်စရိုက်ကို ထောက်ဆလျှင် ယင်းမှာ သိသာသည့် ရွေးချယ်မှုတစ်ခုဖြစ်ပေလိမ့်မည်။ သူက သခင်ကြီးနှင့်ငပိတို့စရာဇာတ်ကားနှင့် ဟစ်တိုင်ဇာတ်ကားတို့မှ ဇာတ်ကောင်များကဲ့သို့ အရှက်ရ၍ အလွယ်တကူ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် ပုံစံမျိုးတော့ မဟုတ်ပေ။

တကယ်တော့ သူက အားကောင်းသည့်လက်နက် တစ်ခုကို အားကိုးရလိမ့်မည်။ အလုပ်သမအများစုရှိသည့် စက်ရုံမှသူ့လုပ်ဖော်ကိုင်ဖက်များနှင့် နှောင်ဖွဲ့ထားသည့် ညီအစ်မရင်းချာစိတ်ဓာတ်ကို အားကိုးရမည်ဖြစ်သည်။

သို့တစေ မုဒိမ်းကျင့်ခံရပြီး ရှင်သန်ကျန်ရစ်သူတစ်ဦး၏ တရားရုံးဇာတ်လမ်းဗဟိုပြုမှုက မြန်မာရုပ်ရှင်နယ်တွင် မစမ်းသပ်ရသေးသော နယ်ပယ်တစ်ခုဖြစ်သည်။ သို့ရာတွင် ယင်းကိုမပြင်နိုင်စရာအကြောင်းတော့မရှိ‌ချေ။

သို့သော် မုဒိမ်းမှုကို အဓိကဇာတ်ကွက်ဖော်ထားသော နိုင်ငံကြီးသား၊ သခင်ကြီးနှင့် ငပိတို့စရာဇာတ်ကားနှင့် သမီးလေးရဲ့ရွာဇာတ်ကားများ၏ ဒါရိုက်တာစတီးလ်က မြန်မာနိုင်ငံရှိ ရုပ်ရှင်ဆင်ဆာစနစ်ကြောင့် တရားရုံးခန်းဇာတ်လမ်းများရိုက်ကူးရန် ခက်ခဲစေသည်ဆိုသည်။

ရုပ်ရှင်တွင် ပြင်းထန်စွာဝေဖန်ခံရနိုင်ခြေကြောင့် ဆင်ဆာဘုတ်အဖွဲ့သည် တရားရုံးစနစ်န?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.