မုဒိန်းမှု၊ ငြင်းဆိုချေပချက်နှင့် စစ်သားကောင်းကြီးများ

ဂျက်ဖရီဂေါ့ဒတ် ရေးသားသည်။

ရန်ကုန် – ကမ္ဘာတွင် မြန်မာ့ပုံရိပ်အပေါ် သွယ်ဝိုက်၍ ရိုက်ခတ်စေနိုင်သော လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ပြုလုပ်ပါသည်ဟူသော မတရားစွပ်စွဲချက်များကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခုခံကာကွယ် ပြောဆိုမည်ဖြစ်သည်။

အစ္စလာမ္မစ်နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၊ ရက်စက်ကြမ်းတမ်းမှုများကျူးလွန်နေသည်ကို ချက်ချင်းရပ်ဆိုင်းရန် မြန်မာနိုင်ငံအပေါ်ယာယီအရေးယူဆောင်ရွက်မှုများကို တရားရုံးက ထုတ်ပြန်ပေးပါရန် နိုဝင်ဘာ ၁၁ ရက်တွင် တရားရုံး၌ စွဲဆိုခဲ့သည်။

လူထုကြားနာမှုကို ဂမ်ဘီယာက နှုတ်ဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် တင်ပြမည်။ မြန်မာက ၁၁ ရက်တွင် တင်ပြမည်။ နှစ်နိုင်ငံစလုံးက ဒီဇင်ဘာ ၁၂ ရက်တွင် ရုံးတော်၌ မိန့်ခွန်းပြောကြမည်ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်သွေးကြွအကြမ်းဖက်အုပ်စု အာဆာအဖွဲ့က မြန်မာရဲစခန်း ၂၀ ကျော်ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြသည်။ တပ်မတော်က တုန့်ပြန်သောအားဖြင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှ ယခုအမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ကြသည်။ ထွက်ပြေးသွားသူများက ၎င်းတို့ကိုသတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ရွာများကို မီးရှို့ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်ဟု ပြောဆိုခဲ့ကြသည်။

ထိုပြောဆိုချက်များကို အစိုးရနှင့် တပ်မတော်အကြား ငြင်းဆိုခဲ့ကြပြီး ရိုက်တာနှင့် အေပီသတင်းဌာနတို့မှ ဖော်ထုတ်ခဲ့သော အင်းဒင်ရွာနှင့် ဂူတာပြင်ကျေးရွာတို့၌ ဖြစ်ပေါ်ခဲ့သော အစုလိုက်လူသတ်မှုများကိုသာ ငြင်းဆိုခြင်းမပြုခဲ့ပေ။

အိုင်စီဂျေ၌ ဂမ်ဘီယာ၏ စွပ်စွဲချက်များတွင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၌ အဓမ္မပြုကျင့်မှု၊ လိင်အကြမ်းဖက်မှုများလည်း ပါဝင်သည်ဟု ဆိုသည်။

တပ်မတော်က တိုင်းရင်းသားလူနည်းစုများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုလုပ်သည်ဟူသော စွပ်စွဲချက်များမှာ အသစ်အဆန်းမဟုတ်ပါ။ ငြင်းဆိုထားခြင်းလည်းမရှိပါ။ ၂၀၀၁ ဇွန်လတွင် ရှမ်းအဖွဲ့ နှစ်ဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ၁၉၉၆ – ၂၀၀၁ ခုနှစ်အတွင်း မိန်းကလေးနှင့် အမျိုးသမီး ၆၅၂ ဦးတို့အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ခဲ့ပြီး အဓမ္မပြုကျင့်မှု ၁၇၃ မှု ဖြစ်ခဲ့သည်ဟု ပါရှိခဲ့သည်။

ရှမ်းအမျိုးသမီးများကွန်ရက်နှင့် ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းတို့၏ ‘အဓမ္မပြုခွင့်လိုင်စင်’ ‘Licence to Rape’ ဟူသော အစီရင်ခံစာတွင် ရှမ်းအရပ်သားများအပေါ် အဓမ္မပြုကျင့်မှုကို စစ်ပွဲ၏လက်နက်သဖွယ် တပ်မတော်က တရားဝင်ခွင့်ပြုထားကြောင်း ထင်ရှားသည့်သက်သေပင်ဖြစ်သည်ဟု ဆိုပါသည်။

၂၀၀၂ သြဂုတ်လအတွင်း ထုတ်ဝေခဲ့သော Myanmar Times ဂျာနယ်၏ National Affairs ကော်လံတွင် အထက်ပါ ရှမ်းအဖွဲ့၏ စွပ်စွဲချက်များကို တုံ့ပြန်ရေးသားခဲ့ပါသည်။ တပ်မတော်ထောက်လှမ်းရေးက ဤကော်လံတွင် အထည့်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ထုတ်ဝေသမျှ စာနယ်ဇင်းအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးတွင် ကြိုတင်၍ တင်ပြစိစစ်ခံရသည်။

Myanmar Times ကမူ ထိုအချိန်က စာပေစိစစ်ရေးလက်အောက်မှ ကင်းလွတ်နေသဖြင့် တပ်မတော်ထောက်လှမ်းရေးက တိုက်ရိုက်ကြိုတင် စိစစ်တည်းဖြတ်သည်။ တပ်မတော်၏ ဝေဖန်သုံးသပ်ချက်၌ ဤရှမ်းအုပ်စုနှစ်ခုမှာ အတုအယောင် အင်န်ဂျီအိုများဖြစ်ကြောင်း၊ မြန်မာတပ်မတော်သားများ (အထူးသဖြင့် တပ်မတော်အရာရှိများ) အပေါ် မမှန်မကန် အထောက်အထားမဲ့သော စွပ်စွဲချက်များသာဖြစ်ကြောင်းဆိုသည်။

“ဤကျူးလွန်မှုများမှာ ၁၉၉၆ ကတည်းက ဖြစ်ပျက်ခဲ့သည်ဆိုပါလျှင် ရှမ်းအဖွဲ့များက ဘာ့ကြောင့် ဒါလောက် အချိန်ကြာအောင် စောင့်ဆိုင်းပြီး ယခုမှ ထုတ်ပြန်ရပါသနည်း” ဟုလည်း မေးခွန်းထုတ်ထားသည်။

“စဉ်းစားတတ်သူတိုင်းအတွက် အဖြေကတော့ ရှင်းပါသည်၊ ဤစွပ်စွဲချက်များမှာ တကယ်ဖြစ်ပျက်ခဲ့ခြင်းမရှိဘဲ စာရွက်ပေါ်မှာသာ ရှိနေခြင်းကြောင့်ဖြစ်သည်”ဟုဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန် ဦးလင်းမောင်၏ ကုလသမဂ္ဂ၌ပြောကြားချက်များကိုလည်း ထိုကော်လံတွင် ထုတ်နှုတ်ဖော်ပြထားပါသည်။ “မြန်မာ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုကပင် အမျိုးသမီးများအား ဦးစားအမြဲပေးပါသည်။ အမျိုးသမီးများအပေါ် မည်သည့်ပုံစံဖြင့် အကြမ်းဖက်မှုကိုမျှ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းက လက်မခံပါ။ ကျူးလွန်သူများအပေါ် အရေးယူရန် ဥပဒေများ လုပ်ထုံးလုပ်နည်းများ ရှိပါသည်။ မြန်မာ့လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဥပဒေချိုးဖောက်သူအား ဥပဒေအရအမြဲအရေးယူပါသည်” ဟု ဦးလင်းမောင်က ပြောကြားခဲ့သည်။

မြန်မာတိုင်းမ်သုံးသပ်ချက်တွင် ဤသို့ ဆက်ရေးခဲ့ပါသည်။

“ဒီလောက်ယုတ်မာပြီး စက်ဆုပ်ရွံ့ရှာစရာအမှုမျိုးကို ကျွန်ုပ်တို့ တပ်မတော်အရာရှိတွေ ကျူးလွန်ပါ့မလား၊ ဘယ်အဆင့် ဘယ်ရာထူးဖြစ်ဖြစ် မြန်မာ့တပ်မတော်အရာရှိတစ်ဦးဦးနှင့် တွေ့ဆုံသိကျွမ်းဖူးတဲ့ နိုင်ငံခြားသား တစ်ဦးဦးကို မေးကြည့်စမ်းပါ၊ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ဘယ်လောက်ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်ဆိုတာ ပြောပြကြပါလိမ့်မယ်၊ မြန်မာ ယောကျ်ား တွေဟာ ထုံးတမ်းအစဉ်အလာအရရော၊ လေ့ကျင့်သင်ကြားခဲ့မှုအရရော အမျိုးသမီးများအပေါ် အကူအညီပေးတတ်သူ၊ ကြင်နာတတ်သူတွေ ဖြစ်ကြပါတယ်၊ ဒါက မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာပါ၊ အမျိုးသမီးဆိုတာဟာ ကိုယ့်မိခင်နဲ့ လိင်အမျိုးအစားအတူတူပါပဲ၊ မြန်မာ့ယဉ်ကျေးမှုလေ့လာသင်ယူဖူးသူတိုင်း သိပါတယ်၊ မိဘဆိုတာ အထူးသဖြင့် မိခင်ဆိုတာ ဘုရား၊ တရား၊ သံဃာနဲ့ တဂိုဏ်းတည်းထား ရိုသေလေးစားထိုက်သူပါ”

“မုဒိန်းကျင့်တယ်ဆိုတဲ့စကား ကြားရယုံနဲ့ မြန်မာတွေဟာ အော့နှလုံးနာ၊ စက်ဆုပ်ရွံ့ရှာတတ်ပါတယ်။ ကျူးလွန်သူကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်။ လူ့အသိုက်အဝန်းကလည်း ဝိုင်းပယ်ကြပါတယ်။ ကြဉ်ကြပါတယ်”

“မြန်မာပြည်မှာ နေခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေ၊ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုကို တစ်စွန်းတစ်စ ကြားဖူးနားဝရှိသူတွေ သိကြပါတယ်။ မြန်မာပြည်မှာ လက်မထပ်ဘဲ အတူနေတယ်ဆိုတာမျိုး မရှိပါဘူး။ မိန်းကလေးတွေဟာ လက်မထပ်မချင်း အပျိုစင်အဖြစ်ပဲ ရှိကြပါတယ်။ ဘယ်အမျိုးသားကမှ မိန်းကလေးက ခွင့်မပြုဘဲ အဓမ္မပြုကျင့်လို့ မရပါဘူး။ မြန်မာပြည်မှာ ချောချောလှလှ ပညာတတ်အမျိုးသမီးတွေ တပုံတပင် အဆင့်မျိုးစုံမှာ အလုပ်လုပ်နေကြပါတယ်။ အစိုးရရုံးမှာ၊ ကုမ္ပဏီတွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဆိုတာ မရှိပါဘူး၊ နောက်ပြီး အမျိုးသမီးတွေ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့ မလုံ့တလုံတွေ ဝတ်ပြီး လမ်းပေါ်လျှောက်သွားတာမျိုးကိုလည်း မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံပါဘူး။ ဒါဟာ မြန်မာမိန်းကလေးတွေရော၊ အိန္ဒြေရပြီး ရှက်တတ်ကြတဲ့ ရှမ်းမလေးတွေရော အတူတူပါပဲ”

သတင်းမှားဟူသော မျောနေသည့် ရေခဲစိုင်ကြီး

ရခိုင်ပြည်နယ်တွင် ကျူးလွန်မှုများနှင့်ပတ်သက်သည့် စွပ်စွဲချက်များထွက်ပေါ်ပြီးနောက် အကျပ်အတည်းကို ပေါ်ပေါက်စေရာတွင် အာဆာ၏ကဏ္ဍကို ဇောင်းမပေးဘဲ တပ်မတော်၏စစ်ဆင်ရေးကိုသာ နိုင်ငံတကာသတင်း ဖော်ပြချက်များတွင် ဇောင်းပေးနေသည်ဆိုကာ မြန်မာပြည်သူတို့ ဒေါသပြင်းစွာ ထွက်နေကြသည်။

၂၀၁၇ စက်တင်ဘာလအစောပိုင်းက စစ်ဆင်ရေးဆိုင်ရာ သတင်းအစီရင်ခံစာများကို သူ၏ပထမဆုံးတုံ့ပြန်မှုတွင် သတင်းမှားဆိုသော မျောနေသည့် ဧရာမရေခဲစိုင်ကြီးက အကျပ်အတည်းသတင်းဖော်ပြချက်ကို ပုံဖျက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သတင်းမှားပေးခြင်းမှာ လူ့အသိုင်းအဝိုင်းများကြား ပြဿနာများစွာ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အကြမ်းဖက်မှုသည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်သော်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့မသွားရေး အစိုးရက အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သတင်းတုနှင့်ပတ်သက်သည့် သုံးသပ်ချက်များ၌ ကျိုးကြောင်းဆီလျော်မှု အချို့တော့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လူမှုမီဒီယာတွင် ပျံ့နှံ့နေသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော  ရိုဟင်ဂျာများဆိုသည့် ပုံရိပ်များမှာ ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အခြားဖြစ်ရပ်များမှ ပုံများဖြစ်နေကြသည်။

အိုင်စီဂျေတွင် ရင်ဆိုင်မည့် ၎င်း၏အမှု၌ စစ်တပ်၏စစ်ဆင်ရေးသည် အကြမ်းဖက်မှုကို တုံ့ပြန်ရာတွင် တရားမျှတသည့်တုံ့ပြန်မှု တစ်ခုဖြစ်ကြောင်း အစိုးရက စောဒကတက်ဖွယ်ရှိသည်။ သို့သော်လည်း ၂၀၁၇ သြဂုတ်လက ပေါင်းစည်းတိုက်ခိုက်မှုများတွင် အာဆာက လေ့ကျင့်ပေးထားသည့် ရွာသားများ အဓိကပါဝင်ပြီး လုံခြုံရေးစခန်းများကို ဝင်တိုက်ရာ၌ တုတ်ဓားကဲ့သို့ အဆင့်နိမ့်လက်နက်များနှင့်သာ ဝင်တိုက်ခြင်းဖြစ်ရာ အသေခံတိုက်သည့်သဘောဆောင်နေခဲ့ပြီး စစ်သွေးကြွ ၄၀၀ သေဆုံးခဲ့သည်ဟု တရားဝင်စာရင်းများက ဖော်ပြခဲ့သည်။

မဖွံ့ဖြိုးသော ရခိုင်ပြည်နယ်တွင် စီးပွားရေးနှင့် လူမှုရေးဝန်းကျင်တိုးတက်ရန် ၎င်း၏ဆုံးဖြတ်ချက်ကိုလည်း ရည်ညွှန်းနိုင်ပြီး ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းကိုဖီအန်နန်ဦးဆောင်သော ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင်ကို ကိုဖွဲ့စည်းရန် ၂၀၁၆က ဆုံးဖြတ်ချက်ချခဲ့သည်။

အန်နန်အစီရင်ခံစာပါ အကြံပြုချက် ၈၈ ချက်ထဲမှ ၈၁ ချက်ကို အကောင်အထည်ဖော်ပြီးပြီဟု ၂၀၁၈ သြဂုတ်လက စင်ကာပူတွင်ပြောသော မိန့်ခွန်းတစ်ခု၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သို့သော်လည်း အကျယ်တဝင့် ပြောကြားခြင်းမပြုခဲ့ပါ။

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဦးတည်စေခဲ့သည့် ဖြစ်ရပ်များထဲမှ ကနဦးအကြောင်းရင်းဖြစ်သော အကြမ်းဖက်မှုများ၏ အန္တရာယ်မှာ အမှန်တကယ် ယနေ့ထိ ရှိနေဆဲဖြစ်ကြောင်း ၎င်းက စင်ကာပူပရိသတ်ကို ပြောကြားခဲ့သည်။

အကြမ်းဖက်မှုကို ဘယ်လိုပုံစံ ဘယ်လိုအကြောင်းနဲ့မှ ခွင့်မလွတ်သင့်ပါဘူး ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျူးလွန်သည့်ဆိုသည့် စွပ်စွဲချက်မှ ကာကွယ်ရာတွင် ၂၀၁၇ သြဂုတ်လက အာဆာ၏တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် တပ်မတော်က ပြုလုပ်သည့်နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးသည် အကြမ်းဖက်မှုတစ်ခုအပေါ် တရားဝင်တုံ့ပြန်မှုဖြစ်သည်ဆိုသည့် စောဒကအပေါ် ဒေါ်အောင်ဆန်းစုကြည်က အလွန်အားထားလိုဟန်ရှိသည်။

၎င်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုတစ်ခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးနှင့် အစိုးရအရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့သော တိုက်ခိုက်မှုများကို တုံ့ပြန်ရာတွင် စစ်တပ်၏ စစ်ဆင်ရေးက တရားမျှတကြောင်း အိုင်စီဂျေကို ဆွဲဆောင်စည်းရုံးရန်ဖြစ်လိမ့်မည်။ ယင်းစစ်ဆင်ရေးကြောင့် အရေအတွက်မသိရသည့် လူများစွာသေဆုံးခဲ့ပြီး လူ ၇၄၀,၀၀၀ ကျော်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.