မီးရထားရုံးချုပ်နေရာတွင် တည်ဆောက်မည့် စီမံကိန်းစတင်ရန်အတွက် ပန္နက်တင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်းနေရာတွင် Yoma Streatigic Holiding က အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ တည်ဆောက်မည့် ဘက်စုံစီမံကိန်းအတွက် ပန္နက်တင်ပွဲကို အဆိုပါနေရာတွင် ယခုလ ၁၆ ရက်နေ့က ကျင်းပခဲ့သည်။

“ဒီလိုမျိုးအခမ်းအနားက မြန်မာနိုင်ငံအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ လမ်းစတစ်ခု ဖြစ်ပါတယ်” ဟု Yoma Streatgic နှင့် First Myanmar Investment တို့၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေက အခမ်းအနားတွင် ပြောကြားသည်။

“ယခုလိုမျိုး စီမံကိန်းသည် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်ဝန်းကျင်အရ ရေရှည်တည်တံ့မှုရှိသော လူမှုဘဝ တိုးတက်မှုကို ယူဆောင်လာမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

အဆိုပါစီမံကိန်းကို FMI Central ဟု ခေါ်ဆိုမည်ဖြစ်ကာ ရုံးခန်းအဆောက်အအုံများ၊ အဆင့်မြင့် လူနေအိမ်ခန်းများ၊ ဈေးဆိုင်ခန်းနေရာများနှင့် ဟိုတယ်နှစ်လုံး ပါရှိမည်ဖြစ်ရာ ကိုလိုနီခေတ်လက်ရာဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းအား အဆင့်မြင့် Peninsula Yangon ဟိုတယ်အဖြစ် အသွင်ပြောင်းလဲမည် ဖြစ်သည်။

စီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအနက် အများဆုံးရင်းနှီးမြှုပ်နှံသည့် စီမံကိန်းဖြစ်သည်ဟု ဦးသိမ်းဝေက ပြောကြားသည်။

မီးရထားအဆောက်အဦးရုံးဟောင်းကို Peninsula Yangon အဖြစ် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံ၏ ထင်ရှားသော အဆောက်အဦးအဖြစ် တည်ရှိလိမ့်မည်ဖြစ်ပြီး ရန်ကုန်၏ အခြေအနေက နိုင်ငံတကာ ခရီးသွားများအတွက် ပိုမို နေချင်စရာဖြစ်လာမည်ဟု အခမ်းအနားတက်ရောက်လာသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအနေဖြင့်လည်း ယခုလို ထင်ရှားသောအဆောက်အဦးအဖြစ် ဗိုလ်ချုပ်ဈေးရဲ့ နောက်မှာ တည်ရှိခြင်းအတွက် ပျော်ရွင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် Landmart စီမံကိန်းအဖြစ် စတင်ကြေညာခဲ့ပြီးနောက် ယခုအခြေအနေသို့ ရောက်ရှိလာရန် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။

စီမံကိန်းတစ်ခုလုံးတွင် Yoma Strategic က ရှယ်ယာ ၄၈ ရာခိုင်နှုန်း၊ Mitsubishi Companies က ၃၀ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင်နှုန်း၊ International Finance Corporation က ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်က ၅ ရာခိုင်နှုန်း ထည့်ဝင်ကြမည်ဖြစ်သည်။ Hong Kong and Shanghai Hotels က Peninsula Yangon ဟိုတယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်သွားမည်ဖြစ်ကာ Yoma Strategic က ၂၄ ရာခိုင်နှုန်းနှင့် FMI က ခြောက်ရာခိုင်နှုန်း ဖြစ်သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.