မီဒီယာနဲ့ အထိအတွေ့ နည်းခဲ့တဲ့ အင်န်အယ်လ်ဒီ

အင်န်အယ်လ်ဒီအနေနဲ့ မီဒီယာနဲ့ ထိတွေ့ဆက်ဆံတာဟာ ဦးသိန်းစိန်ခေတ်က အစိုးရရဲ့ မီဒီယာဆက်ဆံပုံတွေနဲ့ ထူးမခြားနား ဖြစ်တယ်လို့လည်း ဝေဖန်သံတွေ ထွက်ရှိနေပါတယ်။

မတ်လ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ် တင်မြောက်လိုက်တဲ့အခါမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြည်သူတွေ မျှော်လင့်နေတဲ့ အစိုးရတစ်ရပ်ကို တည်ဆောက်မယ်ဆိုတဲ့ ကတိတွေ တည်နိုင်ခဲ့တဲ့နေ့ ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့ဥသျှောင် ဖြစ်မလာဖို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တားဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြောက်တာက အကောင်းမြင်သဘော ဖြစ်ပေမဲ့ အလုံးစုံ ပျော်ရွှင် ဝမ်းမြောက်ခဲ့တယ်လို့တော့ မပြောနိုင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ နှစ် ၅၀ အတွင်း ပထမဆုံး အရပ်သား အစိုးရကို ရရှိခဲ့တယ်ဆိုပေမဲ့ ဦးထင်ကျော်ဟာ မဲပေးခဲ့သူတွေရဲ့  ဦးစားပေး ရွေးချယ်မှု မဟုတ်ခဲ့တာ အမှန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသမိုင်းဝင်အောင်ပွဲအတွက် ဝမ်းမြောက်ခဲ့တယ် ဆိုပေမဲ့ အများကို ထုတ်ဖော် ပြသခဲ့ခြင်း မရှိခဲ့ပါဘူး။ မဲပေးမှုအပြီး သူ လွှတ်တော်ထဲက ထွက်လာတဲ့အချိန်မှာ မီဒီယာတွေက တစ်ခုခုပြောမယ် ထင်ခဲ့ပေမယ့် သူက တစ်စုံတစ်ရာ ပြောခဲ့ခြင်း မရှိခဲ့ပါဘူး။ ဦးထင်ကျော် တစ်ဦးတည်းကသာ မီဒီယာနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး “ဒါဟာ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲ”ပါလို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အင်န်အယ်လ်ဒီအနေနဲ့ မီဒီယာနဲ့ ထိတွေ့ဆက်ဆံတာဟာ ဦးသိန်းစိန်ခေတ်က အစိုးရရဲ့ မီဒီယာဆက်ဆံပုံတွေနဲ့ ထူးမခြားနား ဖြစ်တယ်လို့လည်း ဝေဖန်သံတွေ ထွက်ရှိနေပါတယ်။

Jared Downing / Frontier

Jared Downing / Frontier

နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ အင်န်အယ်လ်ဒီ အမတ်တွေက မီဒီယာနဲ့ ထိတွေ့ဆက်ဆံခွင့် မရခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရဲ့  ရှေ့ဆက်ရမယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စကားအနည်းငယ်သာ ပြောဆိုခဲ့သလို သူဟာ သမ္မတအထက်က နေမယ်ဆိုတာပဲ ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ အစောပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်သစ် အစည်းအဝေးမှာ မီဒီယာတွေ သတင်းယူရမယ့်ပုံစံဟာ အရင်ကထက် ပိုဆိုးနေခဲ့တယ်လို့ ဂျာနယ်လစ် တော်တော်များများက အထွန့်တက်ခဲ့ကြတယ်။ ဒါဟာ အင်န်အယ်လ်ဒီအနေနဲ့ ထိလွယ်ရှလွယ် နိုင်ငံရေးပြောင်းလဲမှုတွေကို စစ်တပ်နဲ့ ပူးတွဲ လုပ်ဆောင်နေရတဲ့အတွက် အခုလို မီဒီယာနဲ့ ထိတွေ့ဆက်ဆံတာတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ရှင်းပြခဲ့ပါတယ်။

အင်န်အယ်လ်ဒီ အမတ်အချို့ရဲ့ လုပ်ပုံကိုင်ပုံတွေက နားလည်လို့ ရပေးနိုင်တယ် ဆိုပေမဲ့ မြန်မာနိုင်ငံဟာ နောက်ထပ် နိုင်ငံရေး ပြောင်းလဲမှုတစ်ခုကို သွားနေတဲ့အတွက် မီဒီယာတွေအပေါ်မှာ ပွင့်လင်းမြင်သာစွာ ထိတွေ့ဆက်ဆံခြင်းက မရှိမဖြစ်ကို လိုအပ်တယ်လို့ ဆိုရမှာပါ။

ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်ထီးယူုတို့ကို ပါတီကနေ သမ္မတနဲ့ ဒုတိယသမ္မတတွေအဖြစ် မတ် ၁၁ ရက်က ရွေးချယ်တင်မြောက်ခဲ့တဲ့အချိန်မှာ သူတို့လို လူသိမများတဲ့ သူတွေအကြောင်းကို ဖော်ပြဖို့ နိုင်ငံတကာ မီဒီယာတွေက သတင်းအချက်အလက်တွေကို အတော်လေး လိုက်လံရှာဖွေခဲ့ကြရပါတယ်။

ဒီလို ဖော်ပြတဲ့နေရာမှာ နာမည်တွေ လွဲတာရှိခဲ့ပြီး ဦးထင်ကျော်ကိုလည်း အောက်စဖို့တက္ကသိုလ် ကျောင်းဆင်းအဖြစ် မှားယွင်းဖော်ပြခဲ့ကြတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်မောင်းလို့ ဖော်ပြခဲ့တဲ့အတွက် အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ မကျေမနပ် ဖြစ်ခဲ့ကြတာတွေ ရှိတယ်လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။

အင်န်အယ်လ်ဒီကနေ ဦးထင်ကျော်အကြောင်း သတင်းထုတ်ပြန်အပြီးမှာတော့ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ယာဉ်မောင်းဆိုတာထက်ထက် ပိုတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာ အားလုံးက သိခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ရင်းနှီးမှုက နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နေစဉ်ကတည်းက ဦးထင်ကျော်က ကူညီလာခဲ့တာ ဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးထင်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ကဗျာဆရာတစ်ဦးနဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်ဟောင်း ဆရာကြီး မင်းသုဝဏ်ရဲ့သား ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ခေတ္တရပ်ဆိုင်းဖို့ တပ်မတော်နဲ့ သဘောတူညီမှု မရနိုင်တာကို သဲသဲကွဲကွဲ သိလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သမ္မတ မဖြစ်နိုင်ဘူးဆိုတာ သေချာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဦးထင်ကျော်ဟာ နိုင်ငံရဲ့ သမ္မတ ဖြစ်လာဖို့ နာမည်ထွက်လာခဲ့ပါတယ်။

နိုင်ငံတော် သမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ်တင်မြောက်မယ့်ကိစ္စကို အင်န်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းတွေက ရက်သတ္တပတ်ပေါင်း များစွာကတည်းက ကြိုသိခဲ့ကြပါတယ်။ ဒါပေမဲ့ အန်အယ်လ်ဒီအနေနဲ့ ဦးထင်ကျော်အကြောင်းကို သူ့ကို ရွေးချယ်ပြီး နာရီပိုင်းအကြာမှ သတင်းအချက်အလက် ထုတ်ပြန်နိုင်ခဲ့တာကတော့ အင်န်အယ်လ်ဒီဟာ မီဒီယာနဲ့ ထိတွေ့ဆက်ဆံမှု ညံ့ဖျဉ်းတဲ့အကြောင်းကို သက်သေပြလိုက်သလိုပါပဲ။

မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတစ်ရပ်ကို ရရှိလိမ့်မယ်လို့ အင်န်အယ်လ်ဒီက ကတိပေး ပြောကြားထားပြီး ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်တင်ပြရမှာ ဖြစ်ပြီး အရင်ရှိခဲ့တဲ့ ဝန်ကြီးဌာန ၃၆ ခုကိုလည်း ၂၁ ခုအဖြစ် လျှော့ချကာ ဘဏ္ဍာငွေ သုံးစွဲမှုနှုန်းကို လျှော့ပြီး အလုပ်တွင်ကျယ်မှုကို တွန်းအားပေးခဲ့ပါတယ်။

တကယ်လို့ အင်န်အယ်လ်ဒီအနေနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီအစိုးရ တစ်ရပ်ကို ဖန်တီးချင်တယ် ဆိုရင်တော့ အစိုးရ၊ ဝန်ကြီးဌာနများနဲ့ နိုင်ငံရေးသမားများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ဖို့ အရေးကြီးတယ်လို့ အကြံပေးချင်ပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.