မိန်းမလှကျွန်းကို အနာဂတ်မှာဘယ်သူပိုင်မလဲ

မိန်းမလှကျွန်းရဲ့ ဂေဟစနစ်ပျက်ယွင်းလာတဲ့အကျိုးဆက်အဖြစ် လူနဲ့မိကျောင်းပဋိပက္ခတွေဖြစ်လာပြီး မိကျောင်းကြောင့် ဘဝ ပျက်သွားတဲ့ လူတွေရှိသလို လူကြောင့် ဘဝပျက်နေတဲ့ မိကျောင်းတွေလည်း ရှိနေပါတယ်။

ဟိန်းသာ ရေးသည်။
ဓာတ်ပုံ-ခွန်လတ်

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်မှာ ချောင်းရိုးတလျှောက် စက်လှေသံတစ်ခုပဲ ကြားနေရပါတယ်။ မှောင်မဲလွန်း လို့ စက်လှေပေါ်က လူလေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်တောင် သေချာ မမြင်ရပါဘူး။ ဒါပေမယ့် မီးထွန်းဖို့မကြိုးစားသလို တစ်ယောက်နဲ့ တစ်ယောက် စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြပါတယ်။
လမသာပေမဲ့ ကောင်းကင်မှာ ကြယ်တွေမှိတ်တုပ်မှိတ်တုပ်ဖြစ်နေတာကို လှလှပပ မြင်နေရပါတယ်။ ဒါပေမယ့် စက်လှေပေါ်က လူတစ်စုကတော့ ချောင်းထဲက မှိတ်တုပ်မှိတ်တုပ်ဖြစ်နေတဲ့ အရာတွေကို စိတ်လှုပ်ရှားစွာနဲ့ လိုက်ရှာနေတာပါ။ မှောင်မဲနေတဲ့ မိန်းမလှချောင်းထဲက ရေပြင်ကျယ်ကြီးထဲမှာ အနီရောင် မျက်လုံးတစ်စုံ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေပြီ ဆိုရင်တော့ သေချာပါတယ် ဒါမိကျောင်းတွေပါပဲ။
ရုတ်တရက် လှေထိပ်မှာ ဆေးလိပ်ဖွာနေတဲ့ ကိုသက်က လှေကိုရပ်ဖို့ လက်ထောင်အချက်ပြလိုက်ပါတယ်။
” ကိုအေးနိုင် စက်ကိုရပ်ပြီး လှော်တံနဲ့ ဖြည်းဖြည်းချင်းကပ်မယ်” ။ ကိုသက်ကပြောပြီးပြီးချင်းပဲ ဓါတ်မီးနဲ့ လှမ်းထိုးလိုက်ချိန်မှာတော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဆယ်ပေကျော်လောက်ရှိတဲ့ မိကျောင်းတစ်ကောင် ဟာ ခေါင်းလေးပဲ ဖော်ထားပြီး ရေထဲမှာ မျောနေတာကိုတွေ့လိုက်ရပါတယ်။
ကိုသက်က မိကျောင်းဖမ်းသမားတစ်ယောက်ဖြစ်ပြီး ကိုအေးနိုင်ကတော့ စက်လှေသမားပါ။ သူတို့နှစ်ဦးက ကျွမ်းကျွမ်းကျင်ကျင်ပဲ စက်လှေကို မိကျောင်းရှိတဲ့ဆီဖြည်းဖြည်းကပ်သွားပါတယ်။ ချောင်းကျယ်ထဲမှာ ဘာသံမှ မကြားရအောင်တိတ်ဆိတ်လွန်းနေပါတယ်။
စက်လှေဟာ မိကျောင်းနဲ့ တော်တော်နီးနီးကိုရောက်ချိန်မှာတော့ မိကျောင်း ကချက်ချင်းပဲ ရေထဲ ကိုငုပ်သွား ပါတယ်။ ရုတ်တရက်ဆိုတော့ ပြန်ပြီး တိုက်ခိုက်တော့မလားလို့ စိုးရိမ်မိပါသေးတယ်။ ဒါပေမယ့် မိကျောင်းဖမ်း သူ ကိုသက်က မိကျောင်းတွေဟာ လှေအကြီးတွေကို မတိုက်ခိုက်ကြောင်းပြောပါတယ်။ ဒါပေမယ့် လှေ ငယ်လေး တွေကို တော့မိကျောင်းက တိုက်ခိုက်လေ့ရှိတယ် လို့ သူက ဆက်ပြောပါတယ်။
” လှေငယ်လေးတွေ ဘေးချင်းယှဉ်ရင်တော့ လှမ်းဆွဲမှာပဲ။ခန္ဓာကိုယ်နဲ့ တိုက်ချပစ်ချင်ပစ်မှာ ” လို့ ကိုသက်က ပြောပါတယ်။
ဒီမိကျောင်းတွေဟာ လူကို အမြှီးနဲ့ရိုက်ပြီး ကိုက်ပစ်လိုက်ဖို့ တွန့်ဆုတ်နေမယ့် အကောင်တွေမဟုတ်ပါဘူး။ သဘာဝထဲမှာနေတဲ့ တကယ့် အရိုင်းကောင်တွေဖြစ်သလို မကြာခဏလည်း လူကိုကိုက်တတ်ပါတယ်။ လူ့အသားက ဘယ်လိုအရသာရှိသလဲဆိုတာ သေချာသိနေတဲ့ အကောင်တွေပါပဲ။
Frontier အဖွဲ့က ရက်စက်တဲ့ မိကျောင်းရိုင်းတွေကြောင့် နာမည်ကျော်တဲ့ မိန်းမလှကျွန်းဆီကို ဖေဖော်ဝါရီလက ခရီးထွက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့ကနေ ၃ နာရီလောက် စက်လှေစီးပြီး သွားနိုင်တဲ့ ကျွန်းတစ်ခုပါ။
ဧက ၃၃၇၇၉ ကျယ်တဲ့ ဒီမိန်းမလှကျွန်းဟာ မိကျောင်းတွေနဲ့ပတ်သတ်ပြီး နံမည်ကျော်လို့ ၂၀၀၃ ခုနှစ်မှာ အာဆီယံ အမွေအနှစ်စာရင်းဝင်ထားတဲ့ နေရာဖြစ်ပါတယ်။ ဒီ မိန်းမလှကျွန်းကို သစ်တောဝန်ကြီးဌာနက သဘာဝ သစ်တောကြိုးဝိုင်းဧရိယာ အဖြစ် သတ်မှတ်ပြီး ထိမ်းသိန်းထားပါတယ်။ ကျွန်းအနီးမှာ တည်းခိုစရာ စခန်းတစ်ခု ရှိပြီး နိုင်ငံခြားသားခရီးသွားတွေကို ဖိတ်ခေါ်တဲ့ နေရာပါ။ ဒါပေမယ့် ခရီးသွား အသွားအလာအတော် နည်းပါသေးတယ်။
မိန်းမလှကျွန်းကို လာလေ့လာတဲ့အခါ သစ်ကြောင်၊တောကြာင်၊ မြွှေတွေ နဲ့ ဆောင်းခိုငှက်တွေကိုလည်းကြည့် နိုင်ပါတယ်။ အဓိက ကတော့ ဧရာဝတီ လင်းပိုင်များ နဲ့ ရေငန်စပ် မိကျောင်းတွေကိုသဘာဝအတိုင်း မြင်နိုင်ပါ တယ်။
ဒါပေမယ့် ကျွန်းပေါ်လေ့လာရုံနဲ့ မမြင်နိုင်တာတွေရှိပါသေးတယ်။ ဒါတွေကတော့ ဖြေရှင်းဖို့ ခက်ခဲတဲ့ လူနဲ့မိကျောင်းပဋိပက္ခတွေ၊ မိကျောင်းတိုက်ခိုက်ခံရမှုကြောင့် ဘဝ ပျက်သွားတဲ့ လူတွေနဲ့ လူကြောင့် ဘဝပျက်နေတဲ့ မိကျောင်းတွေ ကိုပါပဲ။

Hkun Lat | Frontier

Hkun Lat | Frontier

မြန်မာပြည်ဖွား မိကျောင်းများ

မြန်မာပြည်က မိကျောင်းပညာရှင်တွေရဲ့ အဆိုအရ မြန်မာပြည်မှာ မိကျောင်းလေးမျိုးရှိခဲ့ပါတယ်။ Crocodylus Palustris၊ Crocodylus porosus ၊ Garvialis gangeticus နဲ့ Crocodylus siamemsis ဆိုတဲ့ လေးမျိုး ပါ။လက်ရှိမှာတော့ ရေငန်မိကျောင်း လို့ခေါ်တဲ့ Crocodylus porosus မိကျောင်း တစ်မျိုးထဲ သာရှိတော့ ပါတယ်။ ဒီမျိုးစိတ်တွေဟာ ရန်အမူတတ်ဆုံးမျိုးစိတ်တွေဖြစ်သလို သားရေဈေးအကောင်းရနိုင်တဲ့ မိကျောင်းတွေဖြစ်ပါတယ်။ အဲ့ဒီ့အကောင်တွေကို တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်း မိန်းမလှကျွန်းမှာ အများဆုံးတွေ့နိုင်ပါတယ်။
မြန်မာလူမျိုးတွေမှာ မိကျောင်းနဲ့ပတ်သက်ပြီး ရှေးကျတဲ့ယုံကြည်မှုတွေရှိနေပါတယ်။ မိကျောင်းတွေဟာ နတ်တွေနဲ့ဆက်စပ်နေတယ်လို့ ယုံကြည်ကြပြီး မိကျောင်းတွေကို ထိန်းချုပ်တဲ့ ” အဘိုး”(ဦးရှင်ကြီး) ဆိုတဲ့ နတ် ကို ဧရာဝတီတိုင်းတင်မက တစ်နိုင်ငံလုံးမှာ ယုံကြည်ပြီးကိုးကွယ်တဲ့ သူတွေရှိပါတယ်။ အဲ့ အဘိုး” နတ် ဟာ မိန်းမလှကျွန်းမှာနေတယ်လို့ မြန်မာတွေက ယုံကြည်ကြပါတယ်။
ဟိုးနှစ်ပေါင်းများစွာ ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်းဟာ လူသူအရောက်အပေါက်နည်းပြီး ပင်လယ်အဝမှာ သီးခြားဖြစ်နေတဲ့ မိကျောင်းအန္တရာယ်အပြည့် နဲ့ကျွန်းပါ။
ဒါပေမယ့် ဦးနေဝင်းရဲ့စစ်အစိုးရခေတ်မှာ ပြည်သူ ပုလဲနဲ့ငါးလုပ်ငန်း ကော်ပိုးရေးရှင်းဟာ အဲ့ဒီ့ ပင်လယ် ပြင် ထဲက မိကျောင်းတွေကို ဖမ်းဆီးပြီး တရားဝင်ရောင်းဝယ်ဖောက်ကားခဲ့ပါသေးတယ်။
မိကျောင်းတွေကို အရှင်လည်းရောင်းသလို သားရေထုတ်ပြီးတော့ နိုင်ငံခြားကိုလည်းရောင်းခဲ့ပါတယ် ။ဈေးကွက်နဲ့အတူထုံးစံအတိုင်း ပေါ်လာတာကတော့ မိကျောင်းမှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေပါ။ မှောင်ခိုသမားတွေဆီက မိကျောင်းအရှင်တွေကို အစိုးရက ဖမ်းဆီးမိပြီး ရန်ကုန်မြို့က ကုန်သွယ်ရေးရုံးထဲမှာ ထိန်းသိမ်းခဲ့ပါတယ်။
၁၉၇၇ ခုနှစ်မှာ ဦးနေဝင်းဟာ ကမ္ဘောဒီယား နိုင်ငံကို သွားရောက်ခဲ့ပါတယ် ။ ဒီခရီးစဉ်က မြန်မာပြည်က မိကျောင်းတွေအတွက် အပြောင်းအလဲ တစ်ခုဖြစ်ခဲ့တဲ့ ခရီးစဉ်ပါပဲ။
ဒီခရီးစဉ်မှာ ကမ္ဘောဒီယား အာဏာရှင် ပိုပေါ့က ဦးနေဝင်းကို အိမ်ပြန်လက်ဆောင်အဖြစ် မိကျောင်း သုံးကောင်ထည့် ပေးလိုက်ပါတယ်။ ဦးနေဝင်းဟာ ဒီမိကျောင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် အတော်ထားတဲ့ ပုံပါပဲ။ ၁၉၇၈ ခုနှစ်မှာ ဦးနေဝင်းဟာ သာကေတမြို့နယ်အတွင်းမှာ မိကျောင်းမွေးမြူရေး စခန်း ကို တည်ဆောက်စေခဲ့ပြီး ပိုပေါ့ရဲ့လက်ဆောင်တွေကို သေချာမွေးမြူခဲ့ပါတယ်။
ဒါပေမယ့် ကံဆိုးတာကတော့ မှောင်ခိုသမားတွေဆီက မိထားတဲ့ မြန်မာ့ရေငန်မိကျောင်းတွေနဲ့ ရောပြီး မွေးမိတာ ကြောင့် ပိုပေါ့ ရဲ့ မိကျောင်းတွေဟာ အကိုက်ခံရပြီး သေ သွားပါတော့တယ်။ (သာကေတမိကျောင်းမွေးမြူရေး စခန်းကို ၁၉၉၇ ခုနှစ်ကနေ ယခုအချိန်အထိ ပြည်သူများလာရောက်ကြည့်ရှုခွင့်ပေးထားပါတယ်။)
ဒီအကြောင်းတွေကို အဲ့ဒီကာလက သာကေတစခန်းမှာ မိကျောင်းမွေးမြူရေးအရာရှိတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက ပြောပြခဲ့တာပါ။ သူက ပြည်သူ့ပုလဲနဲ့ငါးလုပ်ငန်းမှာကတည်းက လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းတဲ့ NGO တစ်ခုမှာ အဆင့်မြင့်အရာရှိ အဖြစ် လုပ်ကိုင်နေပါတယ်။
ဦးနေဝင်းက အကြီးအကျယ်စိတ်ဆိုးခဲ့ပြီး ဝန်ထမ်းတွေကို ဆူပူကြိမ်းမောင်းပြီး ရာထူးလျှော့ပစ်ခဲ့တယ် လို့ သူကပြောပါတယ်။

ရေငန်မိချောင်းတစ်ကောင်အားတွေ့ရစဉ်။(ဓာတ်ပုံ- Supplied)

ရေငန်မိချောင်းတစ်ကောင်အားတွေ့ရစဉ်။(ဓာတ်ပုံ- Supplied)

တိုက်ဆိုင်စွာနဲ့ပဲ ၁၉၆၀ လောက်ကတည်းက ပြည်သူ့ ပုလဲနဲ့ငါး ကော်ပိုရေးရှင်းက တရစပ်ဖမ်းပြီး ရောင်းစားနေခဲ့တဲ့ မိကျောင်းကောင်ရေဟာ မြန်မာ့ပင်လယ်ပြင်မှာ တော်တော်လျော့ကျလာခဲ့ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ မိကျောင်းမျိုးစိတ် လေးမျိုးထဲက သုံးမျိုးဟာ လုံးဝမျိုးသုဉ်းသွားခဲ့ပြီး မိကျောင်းပေါပါတယ်ဆိုတဲ့ ဘိုကလေးမြို့နယ် တစ်ဝိုက်ပင်လယ်ပြင်မှာတောင် ရေငန်မိကျောင်းတွေ အနည်းငယ်သာ ကျန်ခဲ့တော့တယ်လို့ အဆိုပါ အရာရှိဟောင်းက ပြောပါတယ်။
ဒီလိုနဲ့ပဲ ဦးနေဝင်းအစိုးရက ပို့ပေါ့ရဲ့လက်ဆောင် မိကျောင်းတွေကို ကိုက်သတ်ခဲ့တဲ့ မှောင်ခို မိကျောင်းတွေနဲ့အတူ ပြစ်ဒဏ်သင့်တဲ့ ဝန်ထမ်းအချို့ကို မိန်းမလှကျွန်းဆီကို ပို့လိုက်ပြီး မိကျောင်းကောင် ရေ ပြန်လည်များပြားဖို့ အတွက် ထိန်းသိမ်းရေးတွေလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ ပိုပေါ့ရဲ့ လက်ဆောင်တွေကို ကိုက်သတ်ခဲ့တဲ့ မိကျောင်းတွေနဲ့ဝန်ထမ်းတွေကို မြို့နဲ့ ဝေးကွာတဲ့ မိန်းမလှကျွန်းဆီကို နယ်နှင်လိုက်သလိုမျိုးပါပဲ။

မိန်းမလှကျွန်းမှာ ကြီးထွားလာတဲ့ သတ္တဝါဆိုးများ

ဦးနေဝင်း ညွှန်ကြားချက်နဲ့ အတူ ဝန်ထမ်းတွေဟာ မိကျောင်းတွေကို မိန်းမလှကျွန်းမှာ သားဖောက်မွေးမြူရေးလုပ်ကိုင်ခဲ့ပြီး အကောင်ရေတိုးပွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ မိကျောင်းအသိုက် တွေကို စောင့်ရှောက်တာတွေ၊ ဥတွေကို ထိန်းသိမ်းတာတွေ ၊ အကောင်ပေါက်တွေကို အစာကျွေးမွေးတာတွေ ပြုလုပ်ခဲ့ပြီး မိန်းမလှကျွန်းဧရိယာထဲမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီကျွန်းကနေပြီး မိကျောင်းရောင်းဝယ်ရေးတွေကိုဆက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်မှာတော့ နဝတ အစိုးရက Wild Life Law (1994) ကို ပြဌာန်းပြီး မိကျောင်းကို ကာကွယ်ရမယ့် တိရစ္ဆာန်အဖြစ် သတ်မှတ်ပြီး ရောင်းဝယ်ရေးကို တားမြစ်လိုက်ပါတယ်။ ပြီးတော့ ဧက ၃ သောင်းကျော် ကျယ်ဝန်းတဲ့ မိန်းမလှကျွန်းကို သဘာဝထိန်းသိမ်းရေးဧရိယာ အဖြစ်သတ်မှတ်ပြီး အပြင်လူတွေကိုဝင်ခွင့် မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီလိုနဲ့ပဲ ရာနဲ့ချီ ထိန်းသိမ်းမွေးမြူထားပြီး ရောင်းလို့မရတော့တဲ့ အခါ မိကျောင်းအကောင်ရေ တဖြည်းဖြည်း တိုးပွားလာပြီး မိန်းမလှကျွန်းကို မင်းမူတော့တာပါပဲ။

ဆယ်စုနှစ် တစ်ခုအတွင်းမှာ အကောင်ရေတိုးလာတဲ့ မိကျောင်းတွေဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းက စလို့ ပြဿနာကတစ်ဖြည်းဖြည်းရှိလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ဧရာဝတီတိုင်းထဲက အိမ်ပေါင်းလယ်ပေါင်းများစွာကို ပျက်ဆီးဆုံးရှုံးစေခဲ့ပြီး ကသောင်းကနင်းဖြစ်စေခဲ့ပါတယ်။ နာဂစ်အပြီး နောက်မှာတော့ စားကျက်ချဲ့လာတဲ့ အိုးမဲ့ အိမ်မဲ့ ရွာသားတွေဟာ ဘဝကိုပြန်အသစ်စပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဖို့ အတွက် သားငါးပေါတဲ့ မိန်းမလှကျွန်းနဲ့ အနီးတစ်ဝိုက် ကို ရောက်လာကြ ပါတော့တယ်။

Fishers haul in nets at the edge of the Meinmahla Kyun Wildlife Sanctuary, where entry is prohibited. (Hkun Lat | Frontier)

Fishers haul in nets at the edge of the Meinmahla Kyun Wildlife Sanctuary, where entry is prohibited. (Hkun Lat | Frontier)

” မိကျောင်း နေရာတွေကို လူတွေရောက်လာတယ်။ အဲ့တော့ မိကျောင်းက ဘာလုပ်နိုင်လဲ။ ကိုက်ပြီပေါ့ ” လို့ ကိုလှစိုးဝင်းက ပြောပါတယ်။သူက မိန်းမလှကျွန်းရဲ့တောခေါင်းတစ်ယောက် အဖြစ် ၁၉၉၄ ခုနှစ်တည်းက လုပ်ကိုင်ခဲ့သူပါ။ ၂၀၁၈ ခုနှစ်ကတည်းက ကောက်ယူခဲ့တဲ့ စာရင်းအရ မိန်းမလှကျွန်းမှာ မိကျောင်း အကောင်ရေ ၂၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းပြောဆိုနိုင်ပါတယ်။အတိအကျတော့ မသိရပါဘူး။
ဒီလို အကောင်ရေရာဂဏန်းရှိတဲ့ မိကျောင်းတွေကျက်စားရာ မိန်းမလှကျွန်းဧရိယာနဲ့ ဘယ်လောက်မှမဝေးတဲ့ ရေပြင်ကျယ်ထဲမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ရွာပေါင်း ၄၁ ရွာရှိနေတယ်လို့ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှုးရုံးက စုံစမ်းသိရပါတယ် ။ ဒီရွာတွေဟာ မိန်းမလှကျွန်းရဲ့ကန့်သတ်ထားတဲ့ သဘာဝထိန်းသိမ်းရေးဧရိယာ ၃ သောင်းကျော်ထဲမှာမပါဝင်ပါဘူး။ ဒါပေမယ့် ကျွန်းကနေ မိနစ် ၃၀ လောက်ဝန်းကျင် သွားရင်ရောက်နိုင်တဲ့ ရွာတွေဖြစ်ကြပါတယ်။
အဲ့ဒီ့ရွာနီးချုပ်စပ်က တံငါသမားတွေဟာ မိကျောင်းတွေရဲ့တိုက်ခိုက်မှုကို အများဆုံးခံရတော့တာပါပဲ။ များသော အားဖြင့် ရေထဲဆင်းပြီး ဘဝင်းပိုက် လို့ခေါ်တဲ့ ပုဇွန်ဖမ်းပိုက် ထောင်တဲ့ လူတွေဟာ ကံမကောင်းအကြောင်း မလှတဲ့အခါ မိကျောင်းစာ ဖြစ်သွားလေ့ရှိပါတယ်။ မိကျောင်းတိုက်ခိုက်ခံရမှုဟာ နှစ်စဉ်လိုလိုဖြစ်ပွားနေပြီး အသက်သေ သူတွေရှိသလို ဒုက္ခိတဖြစ်သွားသူတွေလည်းရှိပါတယ်။ ၂၀၁၂ က ၂၀၁၉ ခုနှစ်ထိ မိကျောင်း တိုက်ခိုက်မှု ၁၆ မှု ဖြစ်ပွားခဲ့ပါတယ်။

Frontier က မိကျောင်းတိုက်ခိုက်မှုကြောင့် ခြေတစ်ဖက်ပြတ်သွားတဲ့ ဝဲချောင်းရွာက အမျိုးသားတစ်ဦးဆီ သွားခဲ့ပါတယ်။ ကိုထွန်းဝင်းလို့ ခေါ်တဲ့ ရေလုပ်သားတစ်ဦးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ရေထဲ ပိုက်ဆင်းထောင်ရင်း မိကျောင်းအကိုက်ခံခဲ့ရသူပါ။ ညဘက် အမှောင်ထဲမှာ ကိုထွန်းဝင်းနဲ့ သူ့အမျိုးသမီး ရေထဲဆင်းပြီး အလုပ်လုပ်နေစဉ် မိကျောင်းကဘယ်ဘက် ခြေထောက်ကို လှမ်းဆွဲထားလိုက်ပါတယ်။ သူ့အမျိုးသမီးက ကိုထွန်းဝင်းရဲ့ လက်တွေကို ပြန်ဆွဲထားပြီး လှေပေါ်ကို အတင်းဆွဲတင်ပါတယ်။ နာရီဝက် လောက်အချိန်ကြာ အောင် အပြန်အလှန် အကြာပြီးဆွဲပြီးတဲ့ အချိန်မှာ ကိုထွန်းဝင်းတစ်ယောက် အသက်မသေခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကတော့ မိကျောင်းပါးစပ်ထဲ ရောက်သွားခဲ့ပါပြီ။
” ဒုက္ခိတဖြစ်သွားတာပေါ့။ အလုပ်လုပ်လို့ မရတော့လို့ မိန်းမက ရှာကျွေးနေရတယ်” လို့ ကိုထွန်းဝင်း က ပြောပါတယ်။

ကိုထွန်းဝင်းဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ရေထဲ ပိုက်ဆင်းထောင်ရင်း မိကျောင်းအကိုက်ခံခဲ့ရသူပါ။ ဓာတ်ပုံ-ခွန်လတ်

ကိုထွန်းဝင်းဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ရေထဲ ပိုက်ဆင်းထောင်ရင်း မိကျောင်းအကိုက်ခံခဲ့ရသူပါ။ ဓာတ်ပုံ-ခွန်လတ်

ကိုထွန်းဝင်းရဲ့ ဘေးနားအိမ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာလည်း ၂၀၁၇ ခုနှစ်မှာ မိကျောင်းကိုက်ခံရသူပါ။ သူ့လည်းပဲ ရေထဲဆင်းနေချိန်မိကျောင်းက ခြေထောက်ကို အရင်ဆွဲပါတယ်။ ပြီးတော့ ဗိုက်ကိုအလယ်က ကိုက်ခံခဲ့ရပါတယ်။ ဗိုက်ကအပေါက်ကို ပိတ်သွားအောင် ဘေးနားကအရည်ပြားတွေကို စုပြီးချုပ်လိုက်ရတာမို့ အဲ့ဒီ့အမျိုးသားဟာ ခါးအမြဲတမ်းကုန်းနေပါတယ်။ ဒဏ်ရာက နှစ်ရှည်ဒုက္ခပေးနေပြီး အိပ်ယာထဲ အမြဲလှဲနေရသူတစ်ယောက်ပါ။
ဒီလူတွေက အသက်မသေဘဲ ကျန်ခဲ့သူတွေဖြစ်ပါတယ်။ ဒါ့အပြင် မိကျောင်းအစာဖြစ်ပြီး အလောင်းတောင် ပြန်မရတဲ့သူတွေလည်းနှစ်စဉ် ရှိပါသေးတယ်။
ဒီလိုတိုက်ခိုက်မှုနှစ်စဉ်ဆိုသလို ရှိလာချိန်မှာတော့ အနီးဝန်းကျင်မှာရှိနေတဲ့ ဒေသခံတွေဟာ မိကျောင်းတွေကို သတ္တဝါဆိုးအဖြစ် မြင်လာကြပါတယ်။ တချို့ရွာသားတွေဟာ မြစ်ဘေးမှာနေကြပေမယ့် ရေတောင်မကူး တတ်ကြတော့ ပါဘူး။ သူတို့ စိတ်အေးလက်အေး ရေထဲဆင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူးလို့ ဝဲချောင်းရွာက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းကပြ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.