Laukkai is already home to around 30 casinos and 50 hotels, none of which are licensed by Nay Pyi Taw. (Photo | Fully Light Golden Triangle Media)
Laukkai is already home to around 30 casinos and 50 hotels, none of which are licensed by Nay Pyi Taw. (Photo | Fully Light Golden Triangle Media)

မာလီပါးအိမ်မက်

တိုက်ပွဲများမကြာခဏဖြစ်လေ့ရှိပြီး ညမထွက်ရအမိန့်ထုတ်ခံထားရသည့်မြို့သည် မြန်မာပြည်၏ထိပ်တန်း ဆယ်မြို့စာရင်းဝင်ရန်အိမ်မက်မက်လျက်ရှိသည်။ ပြည်ထောင်စုအစိုးရက အချက်နှစ်ချက်ကိုသာ လိုက်လျောပေးပါက သူတို့အိမ်မက်တွေအမှန်တကယ်ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်နေသည်။
နန္ဒ
ဟိုတယ် သုံးလုံး ကို ဓားပြဝင်တိုက်ကာ ဝန်ထမ်းသုံးရာကျော်ကို ပြန်ပေးဆွဲသွားပြီး ဟိုတယ်ရှေ့တွင်ကားအစီးနှစ်ဆယ်ခန့်ကိုမီးရှို့ပြခဲ့ခြင်းက နာမည်ကျော်တရုတ်ဇာတ်ကား Line Walker ထဲက ဇာတ်ဝင်ခန်းတချို့မဟုတ်ပါ။
လွန်ခဲ့သော ၃ နှစ်က လောက်ကိုင်မြို့ရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ်တို့တွင်ဖြစ်သွားသော ဖြစ်ရပ်ဖြစ်သည်။
သို့သော် မာလီပါးဟုတစ်ချိန်ကခေါ်ဝေါ်ခဲ့ကြသည့် မြန်မာပြည်အရှေ့မြောက်ခြမ်းက လောက်ကိုင်သည် အတိတ်ကိုအလွယ်တကူမေ့ပစ်ပြီး ကမ္ဘာကျော် ကာစီနိုဝိုင်းများပိုင်ဆိုင်ထားသည့် မကာအိုကို အားကျနေသည်။
ဘိန်းစိုက်ပျိုးဖြစ်ထွန်းမှုနှင့်နာမည်ကျော်ခဲ့သော ကိုးကန့်ဒေသသည် ဘိန်းခေတ်အလွန်တွင် ကာစီနိုတစ်ခေတ်ကိုထူထောင်လိုနေခြင်းဖြစ်သည်။
တရုတ်ပြည်ထဲက ကာစီနိုမိတ်သစ်များအား လောက်ကိုင်သို့ ရွှေလမ်းငွေလမ်းဖောက်ရန် နိုင်ငံကူးလက်မှတ်ဖြင့်ဝင်ထွက်ခွင့်နှင့် လေကြောင်းဆင်းသက်ခွင့်ကို ကိုးကန့်အုပ်ချုပ်ရေးပိုင်းက အလိုရှိနေခြင်းဖြစ်သည်။
“ဒီနှစ်ခုပဲခွင့်ပြု။လောက်ကိုင်က မြန်မာပြည်မှာ ထိပ်တန်းဆယ်မြို့စာရင်းဝင်လာရမယ်”ဟု လောက်ကိုင်အမတ် ဦးကျော်နီနိုင်က Frontier သို့ပြောသည်။
လောက်ကိုင်၌ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ခရီးသည် ၁၀ ဦးနှင့်အထက် စီးနင်းလိုက်ပါနိုင်မည့် အသေးစားလေယာဉ်များဆင်းသက်နိုင်မည့် လေယာဉ်ကွင်းငယ် ဖြစ်မြောက်ရေးနှင့်လေယာဉ်ခရီးစဉ်ပုံမှန်ပျံသန်းခွင့်ပြုရန် ပြည်ထောင်စုအစိုးရထံ တောင်းဆိုထားသည်။
ချင်းပြည်နယ်၊ လိုင်လင်းပီ ကဲ့သို့အသေးစားလေယာဉ်ကွင်းကိုတောင်းဆိုခြင်းဖြစ်သည်။
လက်ရှိတွင်တော့ တရုတ်နယ်စပ်မှလောက်ကိုင်ကာစီနိုများမှာ အနီးအနားမြို့နားမှ ကစားသမားများကို အားပြုနေရခြင်းဖြစ်သည်။
တရုတ်ပြည်နှင့်မိုင်သုံးဆယ်ကျော်ထိစပ်နေသောကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် တရားဝင်နယ်စပ်ဂိတ်ပေါက်နှစ်ခုရှိသည်။

ရန်လုံကျိုင်းနယ်စပ်ဂိတ်/ဓာတ်ပုံ-နန္ဒ
မြန်မာဘက်ခြမ်း လောက်ကိုင်မှတရုတ်ဘက်အခြမ်းနမ်ဆန်မြို့ သို့ဝင်ထွက်နိုင်သော ရန်လုံကျိုင်းနယ်စပ်ဂိတ် နှင့် မြန်မာဘက်ခြမ်း ချင်းရွှေဟော်မြို့မှတရုတ်ဘက် မိန်းတိန်မြို့သို့ ဝင်ထွက်နိုင်သော နမ့်ဖာဟော်နယ်စပ်ဂိတ်တို့ဖြစ်သည်။
အဆိုပါဂိတ်နှစ်ခုမှ နမ်ဆန်နှင့်မိန်းတိန်မှဒေသခံတရုတ်များအား နယ်နိမိတ်ကန့်သတ်ချက်ဖြင့် ၇ ရက်သက်တမ်းသတ်မှတ်ကာ နယ်စပ်ဖြတ်သန်းသွားလာခွင့် ပြုထားသည်။
အနီးအနားမှ မြို့ခံတရုတ်များမှာ အဆိုပါဂိတ်နှစ်ခုမှ ဝင်ရောက်ပြီး လောက်ကိုင်ရှိကာစီနိုများသို့ လာကစားကြသည်။
လောက်ကိုင်သည် နိုင်ငံခြားသားများအတွက်ကန့်သတ်နယ်မြေတစ်ခုအဖြစ်ရှိ နေသေးပြီး အစိုးရခွင့်ပြုချက်ဖြင့်သာ သွားရောက်နိုင်သည်။
အဆိုပါ နယ်စပ်ဂိတ်နှစ်ခုမှ နိုင်ငံကူးလက်မှတ်ဖြင့် ဖြတ်သန်းခွင့်ကိုလည်း ကိုးကန့်တို့ကအလိုရှိနေခြင်းဖြစ်သည်။
“တရုတ်ပြည်အတွင်းပိုင်းကလူတွေကတော့ ခိုးလမ်းကနေလာဆော့ကြတာ။ ၇ ရက်သက်တမ်းစာအုပ်နဲ့ဝင်လာတဲ့သူတွေလည်း ကစားရင်း ခုနှစ်ရက်ကျော်သွားရင် ခိုးလမ်းကပြန်တာပါပဲ” ဟု ကာစီနိုဝန်ထမ်းတစ်ဦးကပြောသည်။
သူက ခိုးလမ်းကဝင်ရောက်လာသူများကိုသွားကြိုပေးဖူးသူဖြစ်ပြီး တရုတ်ပြည်နှင့်မိုင် သုံးဆယ်ကျော်ထိစပ်နေသောကိုးကန့်ဒေသအတွက်ခိုးဝင်ရသည်မှာမခက်ခဲကြောင်း ပြောပြသည်။
Frontier က ပြီးခဲ့သည့် မတ်လတွင် လောက်ကိုင်သို့ ရောက်ခဲ့ရာ နယ်ခြားမှတ်တိုင် BP 125အနီးရှိခိုးဝင်ပေါက်တစ်ခုသို့သွားရောက်ခဲ့သည်။၂၀၁၅တိုက်ပွဲများမတိုင်မီက စည်ကားခဲ့သောထိုနေရာသည် လက်ရှိအချိန်တွင် မြက်ပင်ရှည်များနှင့်ကြံခင်းများသာရှိပြီး လူသူကင်းမဲ့နေလေသည်။
နယ်စပ်နှင့် တစ်မိုင်ကျော်အကွာမှသာကင်းစခန်းတစ်ခုရှိပြီး ကိုးကန့်ပြည်သူ့စစ်တစ်ဦး လုံခြုံရေးယူလျက်ရှိကာ ကားကိုပင်မစစ်ဆေးဘဲဖြတ်သန်းခွင့်ပြုခဲ့သည်။

ရန်လုံကျိုင်းနယ်စပ်ဂိတ်/ဓာတ်ပုံ-နန္ဒ

နဂါးမြို့၏ ကာစီနိုအိမ်မက်
လောက်ကိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အစည်ကားဆုံးမြို့လားရှိုးနှင့်မိုင်တစ်ရာကျော်သာကွာဝေးပြီး နေ့စဉ်ပြေးဆွဲလျက်ရှိသောယာဉ်ငယ်များရှိသည်။
လောက်ကိုင် လမ်းပေါ်ကလူများကိုကြည့်လိုက်လျှင် တရုတ်လူမျိုးများကိုတွေ့ရမည်ဖြစ်ပြီး ကြားရသည့်စကားသံမှာလည်း တရုတ်စကား၊သုံးစွဲသည့်ငွေမှာလည်း ယွမ်ငွေဖြစ်ကာ အဆောက်အအုံ များမှာလည်း တရုတ်ဟန်သာဖုံးလွှမ်းထားသည်။
တစ်ခေတ်တစ်ခါက ဘိန်းခင်းများလှိုင်လှိုင်ပေါခဲ့ပြီး လားနှင့်ကုန်ကူးခဲ့သော မာလီပါး၏ လမ်းမများထက်တွင် ကမ္ဘာကျော်အမှတ်တံဆိပ်များဖြစ်သည့် မာစီဒီး၊လင်ခရူဇာနှင့် ဖိုးဝှီးတောင်တက်ကားများ ကို အလွယ်တကူတွေ့မြင်နိုင်သည်။
တုံချိန်အပိုင်းသည် လောက်ကိုင်၏ဗဟိုချက်ဖြစ်လာပြီး ခေတ်မီအဆောက်အအုံနှင့်ဝန်ဆောင်မှုများက တရုတ်မြို့တစ်မြို့သို့ရောက်နေသည့်ခံစားမှုကိုပေးသည်။
အစိုးရရုံးအချို့၊လုံချည်ဝတ်ထားသောမြန်မာအချို့နှင့်သတ်ပုံမှား နေသော ဈေးဆိုင်ဆိုင်းဘုတ်များကသာ မြန်မာပြည်ထဲမှာရှိနေသေးသည်ဟူသော ရှားပါးသက်သေအချို့ဖြစ်သည်။
မြန်မာများများစားစားကိုတွေ့လိုပါက “ဗမာတန်း” ဟုအမည်တွင်နေသော “မြန်မာကိုးကန့်ငြိမ်းချမ်းရေးမော်ကွန်းကျောက်တိုင်” ရှေ့ရှိ ပေါင်ဖုန်းလမ်းကိုသွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ လောက်ကိုင်တွင် ဗမာကလူနည်းစုဖြစ်သည်။
မြို့လူဦးရေ ခုနှစ်သောင်းခွဲကျော်တွင် ဗမာက ကိုးထောင်ကျော်သာရှိပြီး အများစုမှာ ကာစီနိုတွင်အလုပ်လုပ်ကြသည်။ ကာစီနိုပြီးလျှင် ဗမာများ၏အဓိကလုပ်ကြသည်မှာ ကြံခုတ်သည့်အလုပ်ဖြစ်သည်။
အစိုးရဝန်ထမ်း နှင့် ဗမာတန်းတွင် ဈေးရောင်းသူအချို့မှာ အနည်းစုဖြစ်သည်။
ရန်ကုန်၊မန္တလေးနှင့်အညာဒေသမှလာကြပြီးဟိုတယ်နှင့်ကာစီနိုများတွင်အလုပ်လုပ်နေသည့် ဗမာများသည် တရုတ်စကားကိုကြိုးစားသင်ယူလျက်ရှိသည်။
“တရုတ်စကားမပေါက်ရင် ဒီမှာကဘယ်လိုမှအဆင်မပြေဘူး” ဟု ကာစီနိုတစ်ခုတွင် ရန်ကုန်မှလာရောက်အလုပ်လုပ်နေသည့် မမေသူလှိုင်ကပြောသည်။
လစာ၊ရက်မှန်ကြေး၊ဆုကြေးနှင့်နှစ်သစ်ကူးမုန့်ဖိုးတို့စုလိုက်လျှင် သူ၏ဝင်ငွေမှာ တစ်လ ဆယ်သိန်း ဝန်းကျင်ရှိသည်။

လောက်ကိုင်ရှိအထပ်မြင့်ဟိုတယ်တစ်လုံး/ဓာတ်ပုံ-နန္ဒ
လောက်ကိုင်ရှိ ခမ်းနားလှသည့် ဟိုတယ်ထဲမှ ကစားပွဲကြမ်းပြင်တွင် ဆေးလိပ်ငွေ့များဖုံးလွှမ်းနေပြီး ကစားဝိုင်းများတွင် တရုတ်များက တိုကင်ပြားများ၊တရုတ်ငွေ တစ်ရာတန်များဖြင့်ကစားကြပြီး လောင်းကစားဝါသနာထုံသည့် မြန်မာအချို့က တရုတ်ငွေတစ်ဆယ်နှစ်ဆယ်ခန့်ဖြင့် ကြားထိုးကြသည်။ ကြေးအများဆုံးလောင်းထားသူကသာဖဲကိုင်ခွင့်ရပြီး ကျန်ထိုးသားမှာ စိတ်ဝင်တစားဖြင့် အနောက်မှရပ်ကြည့်နေကြရသည်။
မြန်မာအများစုမှာ ကာစီနိုများကို ဖဲဝိုင်းဟုသာခေါ်ကြသည်။
ဟိုတယ်များက ခမ်းနားသလောက် အိမ်သာများကညစ်ပတ်လှသည်။ အိမ်သာထဲတွင် ပြည့်တန်ဆာများခေါ်နိုင်ရန် ဖုန်းနံပါတ်များအလွယ်တကူတွေ့နိုင်သည်။
ပြီးခဲ့သည့်နှစ်ကမှ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်သည့် လောင်းကစားဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ကခွင့်ပြုလျှင် ကာစီနိုဖွင့်ခွင့်ရမည်ဖြစ်သည်။
သို့သော် နိုင်ငံခြားသားများအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံသားများကို ကစားခွင့်ပိတ်ပင်ထားသည်။ နိုင်ငံသားတစ်ဦး ကစားပါက ခြောက်လမှတစ်နှစ်အထိထောင်ဒဏ်ချမှတ်နိုင်ပြီး ထပ်မံကျူးလွန်ပါက တစ်နှစ်မှ သုံးနှစ်အထိထောင်ဒဏ်ချမှတ်နိုင်သည်။
သို့သော် လောက်ကိုင်တွင်တော့ ကာစီနိုများရှိနေသည်မှာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်သည်။
“ကိုးကန့်ဒေသကို ဘိန်းကင်းစင်စေချင်တော့ လောင်းကစားကို နားလည်မှုနဲ့ခွင့်ပြုပေးခဲ့တာ။ ”ဟု ဦးကျော်နီနိုင်ကပြောသည်။
ဘိန်းခင်းများ၊နယ်မြေလုပွဲများ နှင့် တိုက်ပွဲများကြားဖြတ်သန်းခဲ့ရသော လောက်ကိုင်သည် အမြဲငွေရွှင်နေသည့်မြို့ဖြစ်သည်။
၁၉၈၉ ခုနှစ်၌ ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုးကန့်ဒေသမှ စတင်တော်လှန်ခဲ့ပြီးနောက် ဦးဖုန်ကြားရှင် နှင့် သူ၏ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်ဒေသ၏ အုပ်စိုးသူဖြစ်လာခဲ့သည်။
နဝတ အစိုးရ နှင့် ငြိမ်းချမ်းရေးယူပြီးနောက် ဗိုလ်ချုပ်ခင်ညွန့် နှင့် ဦးဖုန်ကြားရှင်တို့ ဆက်ဆံရေးအလွန်အဆင်ပြေခဲ့ကြပြီး ကိုးကန့်အထူးဒေသ(၁) အဖြစ် သတ်မှတ်ပေးခဲ့သည်။
၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှဖယ်ရှားခံရပြီးနောက် တပ်မတော်အစိုးရနှင့် MNDAA တို့ကြားဆက်ဆံရေးအေးခဲခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၀၉ ခုနှစ် တွင် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် (လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ဦးဆောင်သောစစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး ဦးဖုန်ကြားရှင်ကို ကိုးကန့်ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခဲ့သည်။
ဦးဖုန်ကြားရှင်၏ (MNDAA) သည် အချိန်ယူပြင်ဆင်ခဲ့ပြီး ၂၀၁၅ တရုတ်နှစ်သစ်ကူးကာလတွင် “အိမ်ပြန်လာပြီ”ဟု ကြွေးကြော်ကာ တကျော့ပြန် တိုက်ပွဲများဆင်နွှဲခဲ့သည်။ တပ်မတော်သည် အကျအဆုံးများစွာဖြင့် တိုက်ပွဲ တစ်ရာကျော်အထိတိုက်ခဲ့ပြီး ကိုးကန့်ဒေသလည်း စစ်အုပ်ချုပ်ရေးအောက်ကျရောက်ခဲ့သည်။
သို့သော် လောက်ကိုင်တွင် အခြေအနေတည်ငြိမ်သည်နှင့် လောင်းကစားသမားများနှင့်မြန်မာပြည်က အလုပ်သမားများပြန်ရောက်လာမြဲဖြစ်သည်။
“လိမ္မာအောင်သာနေ။ဒီမြို့ကပိုက်ဆံရှာလို့ကောင်းတယ်။လောင်းကစားနဲ့မူးယစ်ဆေးဝါးတော့ရှောင်ဖို့လိုတယ်”ဟု လောက်ကိုင်ရှိ ကားဝပ်ရှော့ခ်တစ်ခုတွင် အလုပ်လုပ်နေသည့် မန္တလေးသား ကိုအောင်လင်းက ပြောသည်။
လောက်ကိုင်တွင် လောင်းကစားနှင့်မူးယစ်ဆေးဝါးကလည်း အလွယ်တကူရနိုင်သည်။
Frontier ၏ ခရီးစဉ်အတွင်း ကာစီနိုဝိုင်းများရှိသည့် အထပ် နှစ်ဆယ်ကျော် မြင့်သည့် ဟိုတယ်ဝန်းကြီးများကို တွေ့ခဲ့ရသည်။
ကာစီနိုထုံးစံအတိုင်း ဟိုတယ်တွင်တွဲဖွင့်ထားခြင်းဖြစ်ပြီးဝန်ထမ်းများကကုမ္ပဏီဟုသာ သုံးနှုန်းကြသည်။
ဟိုတယ်ဝန်းတစ်ခုတစ်ခုမှာ ဧကနှင့်ချီကျယ်ပြီး ဈေးဝယ်လျှောက်လမ်းနှင့်ရင်ပြင်များ၊ပန်းခြံများပါ ရှိသည်။

လောက်ကိုင်ရှိအထပ်မြင့်ဟိုတယ်တစ်လုံး/ဓာတ်ပုံ-နန္ဒ

 class=
ကာစီနိုများသည် ၂၄ နာရီဖွင့်ပြီးပိတ်ရက်မရှိပေ။ လောက်ကိုင်တွင် ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ကာစီနို သို့မဟုတ် ဟိုတယ်ဝန်းထဲနေလျှင်အဖမ်းခံရမည်မဟုတ်ပေ။
ကုမ္ပဏီဝန်ထမ်းများ၏ပြောပြချက်အရ အနည်းဆုံး ကာစီနိုအခုသုံးဆယ်ကျော်နှင့်ဟိုတယ်အလုံးပေါင်း ၅၀ကျော် ရှိသည်။
သို့သော် အစိုးရ၏ဟိုတယ်စာရင်းများတွင် လောက်ကိုင်၌ ဖူလီလိုက် ဟိုတယ်တစ်လုံးသာ စာရင်းရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန၏ခွင့်ပြုချက်ရထားသည့် ဟိုတယ်ကိုသာစာရင်းသွင်းထားခြင်းဖြစ်ကြောင်း လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနဝန်ထမ်းတစ်ဦးကပြောသည်။
အသစ်ဆောက်လုပ်နေသည့်ဟိုတယ်အချို့နှင့် လက်ရှိဟိုတယ်ကိုတိုးချဲ့ဆောက်လုပ်နေသည့် လုပ်ငန်းခွင်များကိုတွေ့ခဲ့ရသည်။
COVID-19 ကြောင့် ဧည့်သည်အဝင်ပါးနေချိန်တွင် လောက်ကိုင်ရှိ ကုမ္ပဏီများသည် အခြေခံအဆောက်အအုံများကိုတိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်ရာ လောက်ကိုင် လမ်းမများမှာ ဖုန်တထောင်းထောင်းထနေသည်။
လောက်ကိုင်၏ထင်ရှားသောနေရာတစ်ခုဖြစ်သည့် စီအော တွင်လည်း စားသောက်ဆိုင်များထပ်မံတိုးချဲ့လျက်ရှိသည်။ စီအောသည် ဦးဖုန်ကြားရှင်၏ဇာတိဖြစ်ပြီးလက်ရှိတွင်စားသောက်ဆိုင်များစုဝေးရာနေရာဖြစ်လာသည်။

class=

လောက်ကိုင်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု/ဓာတ်ပုံ-နန္ဒ
အိမ်မက်နှင့်လက်တွေ့
လေယာဉ်သာဆင်းသက်ခွင့်ရပါက တစ်ရက်လျှင်ဧည့်သည် ငါးထောင်အထက်ဝင်လိမ့်မည်ဟု ကိုးကန့်ဦးစီးအဖွဲ့ကခန့်မှန်းထားသည်။
တစ်နှစ်လျှင် ခရီးသည် ၁ ဒသမ ၈ သန်းဝင်ရန်မှန်းထားခြင်းဖြစ်သည်။လေယာဉ်ကွင်းတည်ဆောက်ရန်မြေနေရာလည်းအဆင်သင့်ရှိနေပြီး ကုန်ကျစရိတ်အတွက်အလှူရှင်နှင့်အဖွဲ့အစည်းများလည်းရှိကြသည်။ ကိုးကန့်ဒေသသည် နယ်စပ်ဒေသတွင်ရှိ၍သွားလာရေးဝေးလံခက်ခဲသဖြင့် လေကြောင်းခွင့်ပြုချက်ရရှိပါက ဒေသခံပြည်သူများ၏ လူမှုရေး၊စီးပွားရေးနှင့်ကျန်းမာရေးကိစ္စများလည်း ပိုမိုအဆင်ပြေကောင်းမွန်လာမည်ဟု ဦးကျော်နီနိုင်ကပြောသည်။

လောက်ကိုင်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု/ဓာတ်ပုံ-နန္ဒ

လေယာဉ်ကွင်းကိုလည်း လောက်ကိုင်မြို့အပြင်ဘက်က တာရွှေထန်ဒေသတွင် လုပ်လိုနေပြီး မြို့တွင်းနှင့်မြို့ပြင်ဖွံ့ဖြိုးတိုးတက်မှုကိုဟန်ချက်ညီလာစေရန် ကိုးကန့်တို့ကရည်မှန်းထားသည်။
ထိုမှတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းတကြော ရှိဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ကိုးကန့်တို့ကရည်မှန်းထားသည်။
သို့သော် ဒါက အိမ်မက်ဖြစ်သည်။ လက်တွေ့တွင် ကိုးကန့်ဒေသအတွက်စိန်ခေါ်မှုများစွာရှိနေသည်။
ပထမဆုံးစိန်ခေါ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်။

၂၀၁၅ခုနှစ်တိုက်ပွဲကာလက လောက်ကိုင်မြို့အတွင်းတပ်မတော်စစ်ကြောင်းလှည့်လည်နေစဉ်/ဓာတ်ပုံ- အေအက်ဖ်ပီ
၂၀၁၅ ခုနှစ်က တပ်မတော်သည်အကျအဆုံးများစွာဖြင့် ကိုးကန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း MNDAA က ရှောက်တခင်ဝင်ရောက်တိုက်ခိုက်တတ်သဖြင့် လက်ရှိလည်း ညမထွက်ရအမိန့်ထုတ်ထားသည်။ မြို့၏အုပ်ချုပ်ရေးတွင်ဝင်ရောက်ပါဝင်ခြင်းမရှိသော်လည်း လောက်ကိုင်၏လုံခြုံရေးကို တပ်မတော်ကအဓိကထိန်းချုပ်ထားသည်။
၂၀၁၇ ခုနှစ်တွင် MNDAA က ဟိုတယ် သုံးလုံးကိုတိုက်ခိုက်ပြီးပြန်ပေးဆွဲမှုတွင် ကာစီနိုဆော့နေသူ တရုတ်နိုင်ငံသားဆယ်ဦးပါသွားသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း လောက်ကိုင်မြို့ရှိ ပြည်သူ့စစ်တစ်ဦးကပြောသည်။
ထို့အပြင် အစိုးရကိုသစ္စာခံသည့် ဟိုတယ်အချို့ကိုလည်း MNDAA က RPG နှင့်ပစ်ခဲ့ဖူးကြောင်း ၎င်းကပြောသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဦးကျော?

၂၀၁၅ခုနှစ်တိုက်ပွဲကာလက လောက်ကိုင်မြို့အတွင်းတပ်မတော်စစ်ကြောင်းလှည့်လည်နေစဉ်/ဓာတ်ပုံ- အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.