မဘသနှစ်ပတ်လည်နေ့သို့ အထက်မြန်မာပြည်အဖွဲ့ဝင်များ အင်အားအပြည့်ဖြင့် တက်ရန်စီစဉ်နေ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရုံးချုပ်တွင် ကျင်းပမည့် နှစ်ပတ်လည်ညီလာခံအား အစားထိုးကျင်းပမည့် အခမ်းအနားသို့ အထက်မြန်မာပြည် မဘသ အဖွဲ့ဝင်များက အင်အားအပြည့်ဖြင့် တက်ရောက်ကြမည်ဟုဆိုသည်။

မဘသအဖွဲ့အား ဖျက်သိမ်းရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အရ မူလက မေ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည့် မဘသ လေးနှစ်ပြည့်၊ နှစ်ပတ်လည်ညီလာခံကို မဘသအဖွဲ့ဝင်များအား အသိပေးရှင်းလင်းပွဲအဖြစ် ပြောင်းလဲကျင်းပရန် စီစဉ်ထားသည်။

အဆိုပါရှင်းလင်းပွဲသို့ အထက်မြန်မာပြည် မဘသအဖွဲ့ဝင်များ တက်ရောက်နိုင်ရေးနှင့် အခြားဆက်စပ်လုပ်ငန်း နှင့် ပတ်သက်ပြီး ကြားဖြတ်အစည်းအဝေးတစ်ခုကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်၌ မေ ၂၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ကျင်းပခဲ့သည်။

“အထက်မြန်မာပြည် မဘသအဖွဲ့က သံဃာနဲ့ လူပုဂ္ဂိုလ်တွေ ယခင်ထက် အင်အားပြည့်တက်ရောက်ကြဖို့ရယ်၊ ဆုံးဖြတ်ချက် တစုံတရာ မချမီအတွင်း မိမိသဘောဆန္ဒတွေအလျောက် မလုပ်ကြဖို့ကို ဆရာတော်တွေက မိန့်ကြားတာပါ” ဟု မဘသ အထက်မြန်မာပြည်မှ ဦးတိုးအောင်က ဆိုသည်။

ဦးတိုးအောင်အပါအဝင် လူပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသည့် အထက်မြန်မာပြည် မဘသ၏ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီက သံဃာတော်များ လမ်းညွှန်ချက်ဖြင့် အစည်းအဝေး တက်ရောက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ သို့သော် အင်အားမည်မျှပါဝင်တက်ရောက်မည်ကိုမူ ၎င်းတို့က အတိအကျပြောကြားခြင်း မရှိသေးပေ။

မဘသနည်းတူ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့် မျိုးချစ်ရဟန်း တော်များသမဂ္ဂအဖွဲ့၊ အထက်မြန်မာပြည် အတွင်းရေးမှူး ဦးစန္ဒာသီရိကလည်း နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည်ဟု ဆိုသည်။

“မဘသကို ဖျက်သိမ်းမသိမ်း ရှင်းမယ်။ အမျိုးသားရေးကတော့ ရှေ့ဆက်လုပ်မှာပဲ။ ဘယ်ပုံစံနဲ့ ဆက်လုပ်မလဲ ဆိုတာကိုတော့ မသိရသေးဘူး။ တစ်ချို့ကလည်း အမျိုးသားရေးပါတီလုပ်ဖို့ ပြောကြတာရှိတယ်” ဟု ဦးစန္ဒာသီရိက မိန့်ကြားသည်။

အထက်မြန်မာပြည်မဘသအဖွဲ့၏ အဓိကဦးဆောင်သူဖြစ်သည့် မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကမူ အစည်းအဝေးသို့ တက်ရောက်ရန်ရှိမရှိကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ သို့သော် ကြားဖြတ်အစည်းအဝေး ပြုလုပ်သည့် အကြောင်းအရာကို မေလ ၂၄ ရက်နေ့၊ ညပိုင်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

“ဆရာတော်ဦးဝီရသူက တက်မယ်၊ မတက်ဘူးဆိုတာကို မမိန့်ထားဘူး။ အဲဒီလိုမျိုးကိုလည်း ပြောလို့ မရနိုင်ပါဘူး။ လုံခြုံရေးကိစ္စတွေ ရှိသေးတဲ့အတွက်ပါ” ဟု ဦးတိုးအောင်ကဆိုသည်။

မဘသဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ချက်ကို မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတ တိလောကာ ဘိဝံသနှင့် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသတို့က သဘောတူ လက်မှတ်ထိုးခဲ့ပြီဖြစ်သည့်အတွက် မဘသအဖွဲ့ကို ဖျက်သိမ်းရတော့မည်ဟု ဆိုသော်လည်း ဦးဆောင်ဆရာတော်အဖြစ်ပါဝင်သူ ဦးဝီရသူက “ဝီရသူတစ်ပါးတည်းရဲ့ သဘောထားအရ ပြောရရင်တော့ ဆိုင်းဘုတ်လည်း မဖြုတ်နိုင်ပါ၊ လိုဂိုအမှတ်တံဆိပ်လည်း မပြောင်းနိုင်ပါ၊ ပုံမှန်လုပ်ငန်းလည်း မရပ်နိုင်ပါ၊ ပုံမှန်အတိုင်းပဲ ဆက်လက် ဆောင်ရွက်နေပါမယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

သံဃမဟာနယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို မဘသအဖွဲ့အနေဖြင့် “တိကျစွာလိုက်နာမည် ဖြစ်ကြောင်းနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကျန်အဖွဲ့ဝင် ဆရာတော်များအားလည်း အသိပေး ပြောကြားမည်ဖြစ်ကြောင်း” ဘဒ္ဒန္တတ တိလောကာ ဘိဝံသနှင့် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသတို့က သဘောတူ ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ထားသည်ကို မဟန၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

မဘသ အဖွဲ့ကြီး ဖျက်သိမ်းရတော့မည်ဖြစ်သော်လည်း ပြီးခဲ့သည့် မေ ၁၆ ရက်နေ့က ကျင်းပသည့် မဘသ သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ထားသည့် ဓမ္မဝံသာနုရက္ခတ အသင်းဟူသည့် မဘသ၏ ကိုယ်ပွားအဖွဲ့တဖွဲ့ ကျန်ရှိနေသေးသည်။

အဆိုပါ အဖွဲ့ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က အတွင်းရေးမှူးရာထူး ရယူထားပြီး စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည်။

မေ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည့် မဘသအစည်းအဝေးအား အဆိုပါအဖွဲ့သစ်၏ ညီလာခံအဖြစ် ကျင်းပမည်ဟူသည့် သတင်းများလည်း ပေါ်ထွက်နေသလို အချို့သော မဘသအဖွဲ့ခွဲများကလည်း ဓမ္မဝံသာနုရက္ခတအသင်းဟု အမည်များ ပြောင်းလဲနေကြသည်ကို ကြားသိနေရသည်။

သတင်း- ဟိန်းကိုစိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.