မက်ထရို (မြန်မာ) ကHACCP လက်မှတ်ပထမဆုံးရရှိ

ရန်ကုန်
မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် လက်ကား ဖြန့်ချိရေး ကဏ္ဍအတွင်း အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေသော မက်ထရို (မြန်မာ) METRO Wholesale Myanmar သည် Hazard Analysis and Critical Control Point (HACCP)လက်မှတ်ရရှိသည့် ပထမဆုံးသော အဖွဲ့အစည်းဖြစ်လာသည်။

“မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝနေထိုင်မှုအရည်အသွေးကို မြှင့်တင်ပေးဖို့က METRO Wholesale Myanmar ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဒီလက်မှတ်ကိုရရှိခြင်းအားဖြင့် ဝယ်ယူသူတွေအတွက် အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကိုပဲ ပေးနိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက်အား ထုတ်ကြိုးစားထားတယ် ဆိုတာကို မြင်သာစေပြီး ယုံကြည်နိုင်ကြောင်း သက်သေလည်းဖြစ်ပါတယ်။” METRO Wholesale Myanmar ၏ CEO ဖြစ်သူ Mr. Jens Michel က ပြောသည်။
စစ်ဆေးမှုလုပ်ငန်းစဉ်များကို ပြင်သစ်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာထိပ်တန်းအသိအမှတ်ပြုလက်မှတ်ပေးသည့်လုပ်ငန်း၏ လုပ်ငန်းခွဲဖြစ်သည့်  Myanmar Bureau Veritas Ltd., က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 
HACCP လက်မှတ်ရရန် စစ်ဆေးမှုလုပ်ငန်းစဉ်များ လုပ်ဆောင်နေသည့် ပြီးခဲ့သည့်သြဂုတ်လနှောင်းပိုင်းကာလများ အတွင်း ဖြတ်ကျော်ရသည့် အဆင့် ၂ ခု ရှိသည့်အနက် ပထမတစ်ဆင့် စစ်ဆေး မှုများကို အောင်မြင်ပြီးချိန်တွင်၊ဒုတိယ အဆင့်အဖြစ် စစ်ဆေးသူအဖွဲ့အစည်းမှ သီလဝါအထူးစီးပွားရေးဇုန်ရှိ METRO ကုန်ပစ္စည်း သိုလှောင်ရုံ၏ အခြေခံပစ္စည်းများနှင့် လုပ်ငန်းလုပ်ဆောင်မှု အဆင့်တိုင်းကို စစ်ဆေးခဲ့ကြသည်။
“HACCP ရဲ့ အသိအမှတ်ပြုလက်ကားရောင်းချသူဆိုတဲ့ သဘောကတော့ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေဟာ လတ်ဆတ်တယ်၊ အကောင်းဆုံး အရည်အသွေးမှီဖြစ်တယ်၊ ဘေးအန္တရာယ် ကင်းရှင်းတယ်ဆိုတဲ့သဘောတွေကို ဖော်ဆောင်ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး စံညွှန်းတွေကို ဒီထက်ပိုပြီး မြှင့်တင်သွားဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု METRO Wholesale Myanmar ၏ Quality Assurance ဌာနမှူးဖြစ်သူ Mr. Ajay Pohare က  ပြောသည်။ 

typeof=

မြန်မာနိုင်ငံတွင် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် လက်ကားကုမ္ပဏီတစ်ခုဖြစ်သောကြောင့် METRO Wholesale Myanmar အနေဖြင့် ရောင်းချသော ကုန်ပစ္စည်းများ၏ ၇၅% ကို ပြည်တွင်းမှ ဖြည့်သွင်းဝယ်ယူရမည်ဖြစ်သည်။ 
၂၀၁၈ ခုနှစ်တွင် METRO Wholesale Myanmar ၏ QA ဌာနသည် ၎င်းတို့၏ ပင်လယ်စာ တင်သွင်းပေးပို့သူများနှင့် ကြက်အသားထုတ်လုပ်ငန်းတို့အား HACCP နှင့် GMP (Good Manufacturing Practices) အခြေခံသင်တန်းတို့ကို ပေးခဲ့သည်။
တစ်ဆက်ထဲမှာပင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မကွေးတိုင်း ပွင့်ဖြူမြို့တို့မှ ကုန်ကြမ်း တင်သွင်းပေးပို့မည့် အလားအလာရှိသူများလည်းဖြစ်ကြသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ လယ်သမား ၂၀၀ ဦး ကို Good Agricultural Practices (G.A.P) ခေါ် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ မွမ်းမံ သင်တန်းများ ကို ပို့ချသင်ကြားပေးခဲ့သည်။
 ယင်းတို့အနက် ၆၂ ဦး သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဌာနမှ ပေးအပ်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ လက်မှတ် (Myanmar GAP Certifications) ကို ရရှိခဲ့သည်။
မက်ထရို မြန်မာ သည် စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူသူများအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများမှတစ်ဆင့် တိုက်ရိုက်ရယူဖြန့်ဖြူးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး ပံ့ပိုးကူညီလျက် ရှိသည်။ ထိုနည်းအားဖြင့် စိုက်ပျိုးမွေးမြူသူများသည် ထိရောက်မှုရှိပြီး ပိုမိုကောင်းမွန်သည့် ကုန်စည်စီးဆင်းမှုစနစ်ထံမှ အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်သလို စီးပွားရေးလုပ်ငန်းများမှ ဝယ်ယူသူများမှာလည်း ထိပ်တန်းအဆင့် သန့်ရှင်းလတ်ဆတ်မှုရှိသော ထုတ်ကုန်ပစ္စည်းများကို ရယူ အသုံးပြုနိုင်ကြမည် ဖြစ်သည်။
METRO ၏ ဆောင်ပုဒ်မှာ – “စိုက်ခင်းမှသည် ထမင်းစားပွဲမှတစ်ဆင့် စားသုံးသူများ ခက်ရင်းဖျားဆီသို့ စားသောက်ကုန်များ တိုက်ရိုက်ပို့ဆောင်ပေးနိုင်ရေး” ဖြစ်သည်။
 METRO Wholesale Myanmar ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ပြီး METRO နှင့် စင်ကာပူနိုင်ငံစာရင်းဝင် Yoma Strategic Holdings တို့အကြား အကျိုးတူပူးပေါင်းတည်ထောင်ခြင်းဖြစ်သည်။ METRO Wholesale Myanmar အကြောင်း အသေးစိတ်သိလိုပါက https://metro-wholesale.com ကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
METRO သည် အစားအသောက်နှင့် အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက် တည်ခင်းဧည့်ခံပေးသော ဝန်ဆောင်မှုလုပ်ငန်းများအပြင် တစ်ဦးချင်း လက်လီရောင်းချလိုသူ စတိုးဆိုင်များအား အထူးဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံတကာ ထိပ်တန်း လက်ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် MRTEO သည် ဝယ်ယူသူပေါင်း (၂၄) သန်းရှိပြီး စတိုးဆိုင်ကြီးများရှိ  ဈေးဆိုင်များတွင် သွားရောက်ရွေးချယ်ဝယ်ယူခြင်း၊ စတိုးဆိုင်များနှင့် အွန်လိုင်းမှတစ်ဆင့် ရွေးချယ် ဝယ်ယူခြင်း သို့မဟုတ် ကုန်ပစ္စည်းမှာယူခြင်း စသည်ဖြင့် မိမိနှစ်သက်သလို ဝယ်ယူလျက်ရှိကြသည်။ ထို့အပြင် METRO သည် ၎င်း၏ ခေတ်မီ ဒစ်ဂျစ်တယ် လုပ်ဆောင်ချက်များဖြင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများ ဈေးကွက်အတွင်းထိုးဖောက်ရာတွင် တွေ့ကြုံရမည့် ယှဉ်ပြိုင်မှုများအတွက် ပံ့ပိုးပေးလျက်ရှိပြီး လက်လီဈေးကွက်နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုးတွင်လည်း အလားတူ ဝန်ဆောင်မှုမျိုး ပေးအပ်လျက်ရှိသည်။ 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.