ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာနိုင်ဦးမလား

စစ်တွေက အကြမ်းဖက်မှု၊ အစိုးရရဲ့အရေးယူမှုကို မဘသက မာမာတင်းတင်း တုန့်ပြန်လာမှုတွေက ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာနိုင်မလား စိုးရိမ်စရာ ကောင်းလှပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားတာ မရှိဘဲ အချိန်ကာလ တစ်ခု တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အကြမ်းဖက် သတ်ဖြတ်မှု တစ်ခု ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ ကားတစ်စီးပေါ်က မူဆလင် အုပ်စု တစ်စု လူစုလူဝေးနဲ့ ဝိုင်းဝန်း တိုက်ခိုက်တာ ခံရလို့ တစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရတဲ့ အကြမ်းဖက်မှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒဏ်ရာရတဲ့ ခြောက်ယောက်ထဲမှာ နှစ်ယောက်က အတွင်းလူနာအဖြစ် ဆေးကုရပါတယ်။ လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ငြိမ်သက်နေခဲ့တာ ကာလ အတော်ကြာပြီးနောက် အခု ဖြစ်ပေါ်လာတဲ့ ပြဿနာဟာ ပထမဦးဆုံးသော ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က တာဝန်ရှိသူတွေ ဘယ်လို ကိုင်တွယ်နေကြပါသလဲ၊ ရခိုင်ပြည်နယ်တင်မက မြန်မာနိုင်ငံ ပြည်တွင်းမှာရော အလားတူ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ နောက်ထပ် ပေါ်ပေါက်လာနိုင်သေးလား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်က စစ်တွေ ဒါးပိုင် ကယ်ဆယ်ရေးစခန်းက ဦးမြင့်နိုင်အပါအဝင် မူဆလင် ၁၀ ယောက်ဟာ သက်သေ ထွက်ဆိုဖို့အတွက် စစ်တွေမြို့ တရားရုံးကို ရဲတပ်ဖွဲ့ဝင် အစောင့်အရှောက်တွေပါပြီး ကားတစ်စီးနဲ့ သွားပါတယ်။

သူတို့ရဲ့ကားနောက်ကနေ ဦးလှမြင့်ခေါ် နူရူမာမောက်၊ ယာဉ်မောင်း အပါအဝင် မူဆလင် ၇ ယောက်ကလည်း ကားတစ်စီးနဲ့ လိုက်ပါသွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ ၇ ယောက်ဟာ တရားရုံးကနေ စစ်တွေ အမှတ်(၂) ရဲစခန်းကို သွားပြီး မီးခြစ်စက်လမ်း၊ ရောင်နီဦး ဆိပ်ကမ်းကို သွားဖို့ လုံခြုံရေး တောင်းပါတယ်။

အဲဒီနောက် စခန်းက လုံခြုံရေး တပ်သားတစ်ယောက် ထည့်ပေးလိုက်ပြီး ရောင်နီဦး ဆိပ်ကမ်းကို အရောက်မှာ အခုလို လူအုပ်နဲ့ အကြမ်းဖက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ လူအုပ်ကြီးက အုတ်ခဲတွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတဲ့အတွက် ပါသွားတဲ့ကား ပျက်စီးသွားသလို တစ်ယောက်သေ၊ ၆ ယောက် ဒဏ်ရာရ အားလုံး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြီးနောက်ပိုင်း စစ်တွေဧရိယာက မူဆလင် အားလုံးနီးပါးလောက်ဟာ အစိုးရက သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်း ဧရိယာတွေမှာပဲ နေထိုင်ကြရပါတယ်။ စခန်းဝင်ပေါက်ထွက်ပေါက်တွေမှာ ရဲကင်းနဲ့ ရဲစခန်းတွေရှိပြီး စခန်းအပြင်ဘက် ထွက်ချင်ရင် ရဲတပ်ဖွဲ့ဆီက ခွင့်ပြုချက်တောင်း၊ တချို့အခြေအနေတွေမှာ ရဲတပ်သားတွေရဲ့ လုံခြုံရေး အစောင့်အရှောက်နဲ့ ထွက်ကြရပါတယ်။ ခွင့်ပြုချက်တစုံတရာ မရဘဲ အပြင်ထွက်ခွင့် မရှိကြပါဘူး။

အခြားတစ်ဖက်မှာလည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို သူတို့ရဲ့ရန်သူအဖြစ် မြင်လာတဲ့ အစွန်းရောက်တွေဟာ ဝန်ကြီးကို မမှန်မကန် စွပ်စွဲပုတ်ခတ်ပြီး ဝန်ကြီးကို ဖြုတ်ချပေးဖို့ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် လုပ်လာကြပါတယ်။ အဲလိုဆန္ဒပြပွဲမှာ နည်းပေါင်းစုံနဲ့ မမှန်မကန် စွပ်စွဲပုတ်ခတ်တာတွေကိုလည်း တချို့သော မြို့နယ်အာဏာပိုင်တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ခွင့်ပြုပေးနေတာကိုလည်း ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။

အခုကိစ္စမှာ ဦးလှမြင့်ခေါ် နူရူမာမောက်ပါ ၇ ယောက် စခန်းပြင် တရားရုံးကိုထွက်တာ ခွင့်ပြုချက်ရလို့ ထွက်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ရောင်နီဦး ဆိပ်ကမ်းသွားဖို့ အမှတ်(၂) ရဲစခန်းမှာ ခွင့်ပြုချက်တောင်း၊ ခွင့်ပြုချက်ရလို့လည်း ရဲလုံခြုံရေး တစ်ယောက် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

တကယ့်ပြဿနာက ရဲလုံခြုံရေး တစ်ယောက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို ရောက်သွားတဲ့ အဲဒီမူဆလင်အဖွဲ့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ပစ်ပေါက် ဝိုင်းဝန်း အကြမ်းဖက် တိုက်ခိုက်ကြတာပါ။ ရဲတပ်သားရဲ့ အကူအညီကိုလည်း ရခဲ့ကြပုံ မပေါ်ပါဘူး။ ဒီပြဿနာကို အသေအချာ လေ့လာဆန်းစစ်ကြည့်ရင် နှစ်ဖက် ပဋိပက္ခဖြစ်လို့ ပြဿနာပေါ်ရတာပါလို့ ပုံဖော်ရ ခက်ခဲပါတယ်။ ရဲအစောင့်အရှောက်နဲ့သွားတဲ့ မူဆလင်တွေ တဖက်သတ် အကြမ်းဖက် တိုက်ခိုက်ခံရတာမျိုးသာ ဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ အမုန်းတရား၊ အကြမ်းဖက်ဖို့ လှှုံ့ဆော်မှုနဲ့ တကယ်လက်တွေ့ အကြမ်းဖက်မှုဆိုပြီး အဆင့်တွေ ရှိပါတယ်။ ပဋိပက္ခပြဿနာတွေ လျော့နည်းပြေငြိမ်းစေတယ်ဆိုရင် နှစ်ဖက်အသိုင်းအဝိုင်းကြား ပေါ်ပေါက်နေတဲ့ အမုန်းတရားတွေ ပြေပျောက်သွားအောင် ရေရှည်စီမံကိန်းချ အကောင်အထည်ဖော်ပေးရမှာဖြစ်ပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်မှုကိုတော့ အရေးယူရမှာ ဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာက ကာယကံမြောက် အကြမ်းဖက်သူတွေကို ထိထိရောက်ရောက် အရေးယူပြီး ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အဲဒီအလုပ်တွေ ကောင်းကောင်း လုပ်နေတာ မတွေ့မမြင်ရပါဘူး။ အခု လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာလည်း ဘယ်သူ တဦးတယောက်ကိုမှ အရေးယူ ဖမ်းဆီးထားတယ်ဆိုတာ မတွေ့ရသေးပါဘူး။ ဒီအတွက် ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပ ပျောက်သွားဖို့ဆိုတာကတော့ မျှော်မှန်းရ ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။

ပြည်မကြီးမှာကျတော့ အခြေအနေ တစ်မျိုးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ အစိုးရအဖွဲ့ တက်လာပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ သူရဦးအောင်ကို ကို သာသနာရေးဝန်ကြီး ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ သူရဦးအောင်ကို သာသနာရေးဝန်ကြီး တာဝန်ယူပြီးနောက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ကြီးနဲ့ တခြားအစွန်းရောက် မျိုးချစ်အဖွဲ့ တစ်ချို့ကို ထိန်းချုပ်ဖို့ လုပ်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မဘသအဖွဲ့ကြီး ပေါ်ပေါက်ပြီးနောက်ပိုင်းကျမှ မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတယ်၊ အမုန်းတရားတွေ ပိုပြီးပျံ့ပွားလာတယ်၊ ဘာသာရေးဘက်က နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုတွေ ရှိတယ်ဆိုပြီး သူရဦးအောင်ကိုက ယူဆထားလို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ သံဃာတွေနဲ့ပတ်သက်ပြီး နိုင်ငံမှာ တစ်ခုတည်းလည်းဖြစ်၊ အကြီးဆုံးလည်းဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက မဟန အဖွဲ့ကြီးကို တင်လျှောက်ပြီး မဘသ အဖွဲ့ကြီးကို ကိုင်တွယ်ဖို့လုပ်ခဲ့ပါတယ်။ မဟန အဖွဲ့ကနေ မဘသ အဖွဲ့ဆိုတာ တရားဝင် ဖွဲ့စည်းထားတဲ့အဖွဲ့မဟုတ်ကြောင်း ကြေညာချက် ထုတ်ပါတယ်။ တနိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေဖြုတ်ပြီး မဘသ နာမည်နဲ့ ဘာလှုပ်ရှားမှုမှ မလုပ်ဖို့ မဘသ ဥက္ကဋ္ဌဆရာတော်အပါအဝင် ခေါင်းဆောင်တွေကို လက်မှတ်ရေးထိုး ဝန်ခံကတိပြုစေပါတယ်။

ဒါပေမဲ့ ပြဿနာက ထင်သလောက် မလွယ်ကူပါဘူး။ ခုဆိုရင် အထက်မြန်မာပြည် မန္တလေးတိုင်း မဘသအဖွဲ့နဲ့ ကရင်ပြည်နယ်က မဘသအဖွဲ့တွေက မဟနအဖွဲ့ကြီးနဲ့ သာသနာရေးဝန်ကြီးဌာနကို အန်တုပြီး မဘသအဖွဲ့ကို မဖျက်သိမ်းဘူး၊ ဆိုင်းဘုတ်တွေ မဖြုတ်ဘူး၊ အာဏာပိုင်တွေလာဖြုတ်လို့ ပဋိပက္ခတွေဖြစ်ရင် အစိုးရကပဲ တာဝန်ယူရမယ်လို့ ရာဇသံ ပေးထားပါပြီ။

အခြားတစ်ဖက်မှာလည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို သူတို့ရဲ့ရန်သူအဖြစ် မြင်လာတဲ့ အစွန်းရောက်တွေဟာ ဝန်ကြီးကို မမှန်မကန် စွပ်စွဲပုတ်ခတ်ပြီး ဝန်ကြီးကို ဖြုတ်ချပေးဖို့ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် လုပ်လာကြပါတယ်။ အဲလိုဆန္ဒပြပွဲမှာ နည်းပေါင်းစုံနဲ့ မမှန်မကန် စွပ်စွဲပုတ်ခတ်တာတွေကိုလည်း တချို့သော မြို့နယ်အာဏာပိုင်တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ခွင့်ပြုပေးနေတာကိုလည်း ထင်ထင်ရှားရှား မြင်တွေ့နေရပါတယ်။ ဒီလို အခြေအနေတွေအောက် မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်ပါသေးကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.