ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည်မှာ မဟနကို မလှိမ့်တစ်ပတ်လုပ်ခြင်းဟု သာသနာရေးဝန်ကြီးဆို

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည်မှာ နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ ညွန်ကြားချက်များကို မလိမ့်တစ်ပတ် လုပ်ထားသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး လိုအပ်လာပါက နိုင်ငံတော် သံဃမဟာနယကအဖွဲ့က အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနယက ၄၇ ပါး စုံညီ စုဒ္ဒသမ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“တကယ်တော့ နိုင်ငံတော် သံဃမဟာနယကနာယက အဖွဲ့ကြီးက မဘသ အဖွဲ့ကို ဖျက်သိမ်းလိုက်တာပါ။ မဘသအမည်နဲ့ ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရဆိုတာ ဖျက်သိမ်းလိုက်တာပါပဲ။ အဲဒီတော့ ဖျက်သိမ်းပါမယ်၊ ဆက်မလုပ်တော့ပါဘူးဆိုပြီးတော့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်နဲ့ လူမှုရေးလုပ်ငန်းတွေ ဆက်လုပ်ပါမယ်ဆိုပြီးတော့ မဘသကနေပြီး ဗုဒ္ဓဓမ္မပရဟိတဆိုပြီး ဖြစ်သွားတယ်”ဟု သူက Myanmar Now ကို ပြောကြားသည်။

“ဒါတွေက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွန်ကြားလွှာတွေ အပေါ်မှာ မလိမ့်တစ်ပတ်လုပ်တာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကနေပြီးတော့ အခြေအနေ စောင့်ကြည့်ပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်ကို ဖျက်သိမ်းပြီး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အမည်သုံးစွဲသွားရန် မဘသ ဦးဆောင်ဆရာတော်များက ဆုံးဖြတ်ကြောင်း ကြေညာချက်ကို အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် မေ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များက ပြုလုပ်သည့် မဘသ ဗဟို အဖွဲ့ဝင်များကို အထူးအသိပေးရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

သာသနာရေးဝန်ကြီးက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှာ မြန်မာနိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းကျော် ကိုးကွယ်သည့် ဘာသာကြီးတစ်ခု၏ ဦးဆောင် အဖွဲ့အစည်း ဖြစ်ပြီး ရဟန်းသံဃာပေါင်း ငါးသိန်းကျော်က ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်တင်မြောက်ထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

“ဘယ်အဖွဲ့ကမှ သူနဲ့သွားပြီး ပခုံးချင်းယှဉ်လို့ မရပါဘူး။ ကျန်တဲ့ အဖွဲ့စည်းတွေက တရားမဝင် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ မဟနရဲ့ ဆုံးဖြတ်ချက် ညွန်ကြားချက်မှန်သမျှသည် မြန်မာနိုင်ငံသား သန်း ၅ဝ ကျော်ရဲ့ ၈ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် မြန်မာနိုင်ငံ တစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ လှုပ်ရှားမှုကို ကြည့်ပြီးတော့ နောက်ပိုင်းမှ လိုအပ်တဲ့ အမိန့်ညွန်ကြားချက်တွေ ဆက်ပြီးမှ ထွက်နေဦးမှာကို စောင့်ကြည့်ပါတော့” ဟု ၎င်းက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

သတင်း-ဖြိုးသီဟချို (Myanmar Now)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.