ဗဟိုဘဏ်ထံမှ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ခွင့်ပြုချက်ကို OK Dollar ရရှိ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က OK Dollar အား မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် ခွင့်ပြုပေးလိုက်ရာ နည်းပညာအခြေပြု ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသည့် ၎င်း၏ လုပ်ငန်းများ တရားဝင်၊ မဝင်နှင့် ဆိုသည်နှင့် ပတ်သက်သည့် မရေရာမှုများ အဆုံးသတ်သွားပြီဖြစ်သည်။ သို့သော်လည်း  လိုင်စင်ထုတ်ပေးမှုလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နောက်ထပ် မေးခွန်းများလည်း ပေါ်ထွက်လာသည်။

၂၀၀၆ ခုနှစ်၊ မတ်လက ထုတ်ပြန်ထားသည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းဥပဒေအရ သြဂုတ် ၃၁ ရက်နေ့က လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ ဘဏ္ဍာရေးအဖွဲ့အစည်း၊ စည်းမျဉ်းဥပဒေနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက Frontier ကို အတည်ပြု ပြောကြားခဲ့သည်။

လိုင်စင်ကို OK Dollar အား ၂၀၁၆ ခုနှစ်၊ ဇွန်လက စတင်လုပ်ဆောင်ခဲ့သည့် Internet Wallet Limited ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်သည်။ “ဒါဟာ ဗဟိုဘဏ်က တတိယမြောက် လိုင်စင်ချပေးခဲ့တဲ့ ဘဏ်မဟုတ်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ဒေါ်မေတိုးဝင်းက ပြောသည်။ နောက်ထပ် သုံးသပ်ချက်ပေးရန်ကိုမူ ၎င်းကငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ငွေရေးကြေးရေး အလုံးစုံပါဝင်မှုလုပ်ငန်းစဉ်ကို ချဲ့ထွင်ရန်အတွက် OK Dollar ကို  မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဗဟိုဘဏ်က ပြောကြားထားသည်။

ကုမ္ပဏီသည် စတင်ကတည်းက မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မရှိဘဲ လည်ပတ်နေခဲ့ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ ဥပဒေကို ချိုးဖောက်ရာရောက်နေသည်ဟု လွန်ခဲ့သည့်လက Frontier ၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။ သို့သော်လည်း OK Dollar ၏ လိုင်စင်လျှောက်ထားမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်နေဆဲဖြစ်သည်ဆိုကာ ဗဟိုဘဏ်က တစ်စုံတစ်ရာ အရေးယူမှုမရှိခဲ့ပေ။

OK Dollar ၏ ဝန်ဆောင်မှုစည်းကမ်းချက်များမှာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု စည်းမျဉ်းဥပဒေက ချမှတ်ထားသည့် စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိမနေသော်လည်း လိုင်စင်ကို ချပေးလိုက်ခြင်းဖြစ်ဖွယ်ရှိသည်။

စက်တင်ဘာ ၅ ရက်နေ့အထိ ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရှိနေသေးသည့် အသုံးပြုသူအသစ်များအတွက် စည်းကမ်းချက်များမှာ ပြောင်းလဲခြင်းမရှိသေးပေ။ သို့သော် အင်္ဂလိပ်ဘာသာဖြင့်သာ ဖော်ပြထားသည့် အဆိုပါစည်းမျဉ်းများအား ဝက်ဘ်ဆိုက်မှ ဖယ်ရှားလိုက်သည်ဟု ယူဆရသည်။

စည်းကမ်းချက်များ မပြောင်းလဲရသေးခြင်းမှာ လိုင်စင်ဖြင့် လုပ်ဆောင်ချက်များအပေါ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာစည်းမျဉ်းက ပြဋ္ဌာန်းသည့် တာဝန်အများအပြားမှ သက်သာစေရန်ဖြစ်ကြောင်း OK Dollar မှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက Frontie ကို ပြောကြားသည်။

သာဓကအနေဖြင့် OK Dollar သည် ၎င်းတို့ကိုပေးသည့် သတင်းအချက်အလက်၊ သို့မဟုတ် အထောက်အထား စာရွက်စာတမ်းများတွင် ကွာခြားချက်များ၊ ချွတ်ယွင်းချက်များ ရှိနေပါက ၎င်း၏ဝန်ဆောင်မှုကို ရပ်ဆိုင်းရန်၊ ငွေစာရင်းကို အဆုံးသတ်ရန်နှင့် လက်ကျန်ငွေတို့ကို ထိန်းသိမ်းထားခွင့်အား စွဲကိုင်ထားသည်။

အပ်နှံငွေများကိုလည်း ၁၈၅ ရက်အတွင်း အသုံးပြုရမည်ဖြစ်ကာ သို့မဟုတ်ပါက ကုမ္ပဏီ၏ ဆုံးဖြတ်ခွင့်အရ လက်လွှတ် ရနိုင်သည်။ အလားတူပင် ကုမ္ပဏီက အချိန်မရွေး အကြောင်းပြချက်ဖြင့်၊ သို့မဟုတ် အကြောင်းပြချက်မပေးဘဲ OK Dollar ၏ ဝန်ဆောင်မှုများကို ဆိုင်းငံ့၊ သို့မဟုတ် ရပ်ဆိုင်းပိုင်ခွင့်ရှိသည်။

သို့သော်လည်း မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းတွင်မူ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူသည် စာရင်းပိုင်ရှင်က ယင်း၏မိုဘိုင်းငွေစာရင်းရှိ ငွေကြေးတစ်ရပ်ရပ်ကို တောင်းဆိုပါက မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ပေးရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် OK Dollar က ၎င်း၏ ကုန်သည်များနှင့် အေးဂျင့်များ၏ လုပ်ဆောင်မှုများက ၎င်းနှင့် ပတ်သက်မှုမရှိစေရန်လည်း ဆောင်ရွက်ထားသည်။

အကောင့်အသစ် ပြန်လည်ပြုလုပ်ခြင်း၊ သို့မဟုတ် ပြုလုပ်ရန် ကြိုးပမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ သို့မဟုတ် ပိတ်သိမ်းရန် ကြိုးပမ်းမှုတို့မှာ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများအတွက် အသုံးပြုသူတွင် တာဝန်ရှိသည်ဟု စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

OK Dollar ၏ ဝန်ဆောင်မှုများကို အသုံးပြုသော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ သို့မဟုတ် ကုန်သည်များ၊ အေးဂျင့်များ အပါအဝင် တတိယအဖွဲ့အစည်းတစ်ခုခု၏ မည်သည့်အပြုအမူများအတွက်မဆို တာဝန်မရှိဟုလည်း ဖော်ပြထားသည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းတွင် ဖော်ပြထားချက်အရ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူသည် မိမိတို့ခန့်အပ်ထားသည့် ကိုယ်စားလှယ်များ၏ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ယင်းလုပ်ငန်းနှင့် ဆက်နွယ်နေသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအားလုံးကို ဥပဒေအရ တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင်ပုဒ်မ ၂၀ အရ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူသည် ယင်း၏ကိုယ်စားလှယ်များအား စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းအရ တစ်ဦးချင်း ငွေစာရင်းဖွင့်ထားသူများသည် ကျပ်တစ်သန်းအထိ ငွေအပ်ထားနိုင်ပြီး တစ်ရက်လျှင် ကျပ် တစ်သိန်းနှင့် တစ်လအတွင်း ကျပ် ငါးသန်းအထိ ငွေလွှဲပြောင်းနိုင်သည်။

မိုဘိုင်းအခြေပြု ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဗဟိုဘဏ်က နှစ်မျိုးခွဲထားပြီး မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်သည်။

စည်းမျဉ်းအရ ဘဏ်မဟုတ်သည့် ဘဏ္ဍာရေးအဖွဲ့အစည်းများအား လိုင်စင်သုံးခုချထားပေးပြီး ဖြစ်သည်။ ထို့ပြင်  အခြားသော နည်းပညာအခြေပြု ငွေရေးကြေးရေးလုပ်ငန်းအများအပြားမှာ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာက ထုတ်ပြန်ခဲ့သည့် မိုဘိုင်ဘဏ်လုပ်ငန်းလမ်းညွှန်ချက်အရ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်။

ပထမဆုံး မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ Wave Money က တယ်လီနော၊ First Myanmar Investment၊ ရိုးမဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက လိုင်စင်ရရှိခဲ့သည်။ အူရီဒူး၏ M-Pitesan ကလည်း ဇူလိုင် ၂၆ ရက်နေ့က ခွင့်ပြုချက် ရရှိခဲ့သည်။

Internet Wallet သည် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ခွင့်ပြုချက် ရရှိထားသည်မှာ နှစ်အတန်ကြာပြီဖြစ်သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက Frontier ကို ပြောကြားချက်အရ အသေးစား ငွေကြေးအဖွဲ့အစည်း (MFI) ဖောက်သည်များမဟုတ်သည့် OK Dollar အသုံးပြုသူများနှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းလိုင်စင်ကို အသုံးမပြုနိုင်ပေ။

မေလက ၎င်း၏ MFI တွင် ဖောက်သည် ၅၂၄ ဦးရှိခဲ့ချိန်တွင် OK Dollar က ၎င်းကိုအသုံးပြုသူဦးရေမှာ ၁၀၀,၀၀၀ ကျော်ပြီဟု ပြောကြားခဲ့သည်။

သတင်း- သောမတ်စ်ကင်း(န်) နှင့် ကျော်ရဲလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.