ပြည်တွင်းထုတ် ကားအမျိုးအစားသစ်ကို ဆူဇူကီး မိတ်ဆက်

မြန်မာပြည်တွင်းက စက်ရုံမှာ ပထမဆုံး ထုတ်လုပ်ထားတယ်ဆိုတဲ့ Swift အမျိုးအစား လူစီးကားသစ်ကို ဆူဇူကီးက အောက်တိုဘာ ၁၅ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

“ဒီနေ့  မြန်မာနိုင်ငံမှာ ဆူဇူကီးရဲ့ All New Swift မော်တော်ကား အမျိုးအစားကို ထုတ်ဖော်ပြရတဲ့အတွက် ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်။ Swift ကားတွေကို ကျွန်တော်တို့ တခြားကား အမျိုးအစားတွေဖြစ်တဲ့ Ciaz နဲ့ Ertiga ကားတွေလိုမျိုးပဲ ရန်ကုန်၊ သီလဝါစက်မှုဇုန်က အသစ်တည်ဆောက်ထားတဲ့ ကျွန်တော်တို့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ ဆူဇူကီး(မြန်မာ) မော်တော်ယာဉ်ကုမ္ပဏီလီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ Keiichi Asano က မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

“ဒီအသစ် မိတ်ဆက်လိုက်တဲ့ All New Swift မော်တော်ကားဟာ ဆူဇူကီးရဲ့ ဆန်းသစ်ကွန့်မြူးတဲ့ မျိုးဆက်သစ် HEARTECT ပလက်ဖောင်းကို အခြေခံ ဆောက်လုပ်ထားတာဖြစ်ပြီး ဂျပန်နိုင်ငံ အဆင့်အတန်းအတိုင်း ပိုစွမ်းအင်ကောင်းတဲ့၊ ပိုစွမ်းဆောင်ရည် မြင့်မားပြီး လုံခြုံမှုအပိုင်းမှာလည်း ပိုအဆင့်မြင့်အောင် မြန်မာနိုင်ငံတွင်းမှာပဲ သေချာထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

အဲဒီ Swift ကားသစ်ကို GL နဲ့ GLX ဆိုပြီး အမျိုးအစားနှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အရောင်းပြခန်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က စတင်၍ ရောင်းချနေပါတယ်။

“ကျွန်တော်တို့ရဲ့ All New Swift မော်တော်ကားကို အသက် ၂၀ ကနေ ၃၅ နှစ်ဝန်းကျင် မော်တော်ကား ပထမဆုံး ဝယ်ယူကြဖို့ ရည်ရွယ်စိတ်ကူးရှိကြတဲ့ လူငယ်တွေအပါအဝင် ဝယ်ယူသူ အားလုံးအတွက် ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီ All New Swift ကားက မြန်မာနိုင်ငံ  မော်တော်ကား ဈေးကွက်ထဲမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာမှာပါ” လို့ Keiichi Asano က ဆက်လက်ပြောကြားပါတယ်။

ဆူဇူကီး(မြန်မာ)  မော်တော်ယာဉ် ကုမ္ပဏီလီမိတက်အနေနဲ့ ဧရာဝတီဘဏ်နဲ့ လက်တွဲပြီး မော်တော်ယာဉ် ဝယ်ယူသူတွေအတွက် ၇ နှစ် အရစ်ကျပေးချေ ဝယ်ယူနိုင်မယ့် အစီအစဉ်လည်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.