ပထမဆုံးတုံ့ပြန်ဆောင်ရွက်သူတွေကို အခွင့်အာဏာပိုပေးရမည့်အချိန်

အကျပ်အတည်းများအပေါ် ဒေသခံများ၏တုံ့ပြန်မှုများက ပြင်ပမှဇာတ်ကောင်များ၏တုံ့ပြန်မှုထက် ပို၍ထိရောက်၊ ပို၍သက်ဆိုင်သည့်အပြင် ပို၍လည်း အချိန်မီသည်။ လွန်ခဲ့သည့်နှစ်သြဂုတ်လက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများဖြစ်ပေါ်စဉ်အတွင်း ဒေသခံတို့က သူတို့ ၏တုံ့ပြန်နိုင်စွမ်းကို ပြသခဲ့ကြသည်။

မက်ဝေါ့ရှ် ရေးသားသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းနှင့်မန္တလေးတိုင်းရှိ အစိုးရပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် သတင်းကြောင့် မြန်မာသည် နိုးကြားလာခဲ့သည်။
တိုက်ခိုက်ခံရသည့် ပစ်မှတ်များတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဓိကအခြေခံအဆောက်အအုံပစ်မှတ်များပါဝင်ခဲ့ပြီး ယင်းသို့ရွေးချယ်တိုက်ခိုက်မှုအတွက် တပ်မတော်၏ ပြင်းထန်သည့် တုံ့ပြန်မှုများဖြစ်လာမည်ဟု ခန့်မှန်းခဲ့သည်။
နောက် ၁၀ ရက်အတွင်း ပြင်းထန်သည့်တိုက်ခိုက်မှုများ ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအများအပြားတွင် ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် TNLA, AAနှင့် MNDAA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် အဓိကကျသည့် အဝေးပြေးလမ်းများ၊ တံတားများနှင့် မြို့နယ်များကြားစစ်ဆေးရေးဂိတ်များကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများဆင်နွှဲခဲ့ကြသည်။
တိုက်ခိုက်မှုအများစုမှာ ကွတ်ခိုင်၊ သိန္နီနှင့် လားရှိုးတို့ကဲ့သို့ လူအများအဓိကနေထိုင်သည့်နေရာများအနီး ဖြစ်ပွားခဲ့ရာ အရပ်သားများမှာ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်ခိုလှုံခဲ့ရသည်။ ယင်းသို့အခြေအနေမျိုးတွင် ထုံးစံအတိုင်း ဒေသခံရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပNGO များ၊ ကုလအေဂျင်စီများ၊ ဘုရားရှိခိုးကျောင်းနှင့် လူမှုရေးအဖွဲ့အစည်းများက နေရပ်စွန့်ခွာသူများကို အပြေးအလွှားသွားရောက် ကူညီခဲ့ရသည်။
မြန်မာနိုင်ငံ၏ ရှည်လျားလှသောဝမ်းနည်းဖွယ် ပြည်တွင်းစစ်သမိုင်းတွင် သြဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်း တိုက်ခိုက်မှုများ၊ နေရပ်စွန့်ခွာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများမှာ သိပ်ပြီးထူးခြားဟန်မရှိပေ။ သို့သော်လည်း သင်ခန်းစာထုတ်ယူရန်နှင့် အနာဂါတ်တွင် တုံ့ပြန်ဆောင်ရွက်မှုများတိုးတက်လာစေရန် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုကို ပို၍အသေးစိတ်ကျကျ စစ်ဆေးထိုက်သည်။

နောက်ခံ

 ရှမ်းပြည်နယ်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုရေးသဘောတရားကို အကျဉ်းချုပ်ပြော၍မရပါ။ သို့သော်လည်း ၂၀၁၉ သြဂုတ်က ဖြစ်ခဲ့သည့် ပဋိပက္ခများနှင့် နေရပ်စွန့်ခွာမှုများကို ထင်ရှားစေသည့် အဓိကအချက်အလက်အချို့ကို မီးမောင်းထိုးပြခြင်းက အသုံးဝင်နိုင်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးသော ပဋိပက္ခဖြစ်ပွားရာနေရာဖြစ်ပြီး အနည်းဆုံးတိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့လောက်က လှုပ်ရှားနေသည်။
အစိုးရနှင့်မဟာမိတ်ဖွဲ့ထားသည့် ပြည်သူ့စစ်အဖွဲ့၏ စစ်ဆေးရေးဂိတ် ၃၀ကျော်က တရားဝင်ရောတရားမဝင်ပါ စီးပွားရေးလုပ်နေသည်။ တပ်မတော်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ကြီးကြီးမားမားတည်ရှိနေပြီး အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ရှိကာ ခြေလျင်တပ်၊ သံချပ်ကာတပ်နှင့် လေတပ်များပါပါဝင်သော စစ်ဆင်ရေးများကို ကြီးကြပ်လျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှည်လျားသည့် ပဋိပက္ခသမိုင်းကြောင်းရှိသော်လည်း နောက်ပိုင်းအကျဆုံးအဆင့်မှာ  ၂၀၁၁ခုနှစ်ဇူလိုင်လတွင် ကေအိုင်အေနှင့် တပ်မတော်ကြား ၁၇ နှစ်ကြာရှိနေခဲ့သည့် အပစ်အခတ်ရပ်စဲရေးကျိုးပျက်ပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယင်း၏အကျိုးဆက်က ကချင်ပြည်နယ်ရော ရှမ်းပြည်နယ်မှာပါ ကြီးမားသည့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး များပြားလှသည့် လူအများလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။မဆုံးနိုင်သော အသေးစားတိုက်ပွဲများနှင့် အသေးစားနေရပ်စွန့်ခွာမှုများက နောက်မှ ကပ်လိုက်လာခဲ့ပြီး ၂၀၁၉ သြဂုတ်လတွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၈,၀၀၀ ကျော်ရှိလာကာ စခန်း ၃၀ကျော်တွင် နေထိုင်နေရသည်။ နောက်ထပ်အများအပြားမှာ နေရပ်စွန့်ခွာခဲ့ရသော်လည်း အချိန်တိုအတွင်း အိမ်ပြန်နိုင်ခဲ့သည်။
မိမိတို့နေအိမ်များမှ ထွက်ပြေးရသူတို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားအမျိုးမျိုးဘာသာစကားအမျိုးမျိုးရှိနေခြင်းကို ပြသလျက်ရှိကာ ကချင်၊ တအန်း၊ ကိုးကန့်၊ လီဆူး၊ မြောင်ဇီ(မှုန်)နှင့် အခြားတိုင်းရင်းသားများနေထိုင်လျက်ရှိသည်။ အများအပြားမှာ တိုက်ပွဲများကို ရှောင်ရှားရန် ကြိမ်ဖန်များစွာ ထွက်ပြေးခဲ့ရသည်။

Children displaced by recent fighting in northern Shan State eat at a monastery in Kutkai Township. (Steve Tickner | Frontier)

Children displaced by recent fighting in northern Shan State eat at a monastery in Kutkai Township. (Steve Tickner | Frontier)

လူသားဆန်သောတုန့်ပြန်မှု

သြဂုတ်လ ၁၆ရက်မှ ၂၃ ရက်အတွင်း အရပ်သားထောင်ပေါင်းများစွာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း နေအိမ်များမှ နေရာသစ်များဆီသို့ ထွက်ပြေးခဲ့ရသည်။
လားရှိုး သို့မဟုတ် ကွတ်ခိုင် ထိရောက်အောင်သွားနိုင်သူတို့မှာ ကံကောင်းခဲ့ကြပြီး ၎င်းတို့၏လိုအပ်ချက်များကို ထောင့်ပေါင်းစုံမှ ဖြည့်ဆည်းခံရကာ အစိုးရ၏ ကပ်ဘေးစီမံခန့်ခွဲမှုဋ္ဌာန၊ ကုလအေဂျင်စီများ၊ ပြည်တွင်းပြည်ပNGO များ၊ပြည်တွင်းလူနာတင်ယာဉ်အသင်းများ။ ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်သည့် ဘာသာရေးစီးပွားရေးအုပ်စုများက လိုအပ်သည့်စားဝတ်နေရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။
သို့သော်လည်း နေရပ်စွန့်ခွာများ၏ အစိတ်အပိုင်းတစ်ခုသာ အဓိက မြို့ကြီးများသို့ရောက်ရှိကာ ယင်းနှင့် ဆက်စပ်သည့် အန္တရာယ်ကင်းရှင်းမှုကို ခံစားရသည်။ အဓိကလမ်းမကြီးများနှင့် တံတားများပေါ်တွင် တိုက်ပွဲများကြောင့် အန္တရာယ်ကင်းရှင်းမှုမရှိခဲ့သည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (အိုင်ဒီပီ)များ ဘာဖြစ်ခဲ့ပါသလဲ။ ထိုကာလအတွင်း ယင်းအိုင်ဒီပီများ မည်သို့ရှင်သန်ပြီး ကိုယ့်ကိုယ်ကိုယ်မည်သို့ကာကွယ်ခဲ့ရသလဲ။
သိန္နီမြို့၏အရှေ့ဘက် မြို့ငယ်လေးတစ်မြို့ဖြစ်သည့် နန့်ဆလတ်အဖြစ်က ထင်ရှားသည်။နန့်ဆလတ်သည် ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်မြို့များဖြစ်သည့် လောက်ကိုင်နှင့်ချင်းရွှေဟော်၊ကွမ်းလုံနှင့်ဟိုပန်မြို့များသို့သွားလျှင် ခရီးတစ်ထောက်နားသည့်မြို့ဖြစ်သည်။  သြဂုတ်လ ၁၇ ရက်နေ့က အများအားဖြင့် အမျိုးသမီးများနှင့် ကလေးများပါဝင်ကာ အဓိကအားဖြင့် တရုတ်၊ ကချင်နှင့် မြောင်ဇီတို့ဖြစ်သည့် အိုင်ဒီပီ ၅၀၀ ကျော်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားသည့် အဓိကလမ်းမကြီးပေါ်မှ တိုက်ပွဲများကို ရှောင်ရန် အရှေ့ဘက်ရွာသုံးရွာမှတဆင့် ၎င်းမြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
တိုက်ပွဲများ သိန္နီမြို့နှင့် နီးကပ်လာသည့်အခါ အိုင်ဒီပီများမှာ နန့်ဆလတ်တွင် ပိတ်မိနေခဲ့ပြီး ကချင်ဘက်ပတစ်ဘုရားကျောင်းတစ်ခု၊ ရိုမင်ကက်သလစ်ဘုရားကျောင်းတစ်ခု၊ လီးဆူးဘက်ပတစ်ဘုရားကျောင်းတစ်ခုနှင့် မြို့ခံတို့၏ နေအိမ်များတွင် ခိုလှုံရန် ကြိုးစားခဲ့ရသည်။
ရပ်ရွာနေပြည်သူများ၊ ရပ်ရွာနေပြည်သူအခြေပြုအဖွဲ့များနှင့် အိုင်ဒီပီများသည် လိုအပ်သည့် စည်းရုံးမှုများပြလုပ်ကာ အလှည့်ကျချက်ပြုတ်ရေးအဖွဲ့များဖွဲ့စည်းခြင်း၊အစားအစာလုံလောက်စွာရရှိနိုင်ရေးအတွက် ဆန်ရောင်းသူများ ဒေသခံလယ်သမားများအပါအဝင် ပုဂ္ဂလိကကဏ္ဍနှင့် ညိနှိုင်းမှုပြုလုပ်ရန် သင့်တော်မည့်သူများကို တာဝန်ပေးခြင်း၊ အလှူငွေများဖြင့် ဝယ်ယူခြင်း သို့မဟုတ် အကြွေးဝယ်ယူခြင်းတို့ ပြုလုပ်ခဲ့ရသည်။
အချို့သူများကလည်း ဒေသထွက် ဆန်များရရှိနိုင်ရေး ကပ်ဘေးစီမံခန့်ခွဲမှုအရာရှိများနှင့် ညိနှိုင်းကြပြီး ရပ်ရွာအခြေပြုအဖွဲ့ခေါင်းဆောင်များကလည်း အခြေခံလိုအပ်ချက်များနှင့် အနာဂတ်တွင် အိမ်ပြန်နိုင်ရေးအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုများကို အိမ်ထောင်စုများသို့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သည်။
တိုက်ပွဲများကြောင့် အဓိကလမ်းများမှာ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ပြင်ပမှ လူသားချင်းစာနာမှုအထောက်အကူပေးသူများမှာ မဝင်ရောက်နိုင်သောကြောင့် ဘုရားကျောင်းခေါင်းဆောင်များမှာ လိုအပ်ချက်အကဲဖြတ်မှုများအပါအဝင် အချိန်နှင့်တစ်ပြေးညီနောက်ဆုံးအခြေအနေများကို ကရုဏာလူမူစည်းလုံးညီညွတ်ရေးအသင်း ကဲ့သို့ ပြည်တွင်း NGO များထံသို့ ပေးအပ်ကြသည်။
လမ်းများကို သြဂုတ်လ ၂၂ ရက်ကပြန်ဖွင့်ပြီးနောက် ပြည်တွင်းပြည်ပမှ NGO များမှ ဝန်ထမ်းများနှင့် အကူအညီပစ္စည်းများတင်လာသော ယာဉ်တန်းတစ်ခုသည် အမိုးအကာများ၊ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနှင့် မြေမြုပ်မိုင်းအန္တရာယ်ပညာပေးခြင်းတို့အတွက် ပစ္စည်းများအပါအဝင် နောက်ထပ်ထောက်ပံံ့ရေးပစ္စည်းများပေးရန် စခန်းသို့ရောက်ရှိလာခဲ့သည်။
နောက်ထပ်သာဓကတစ်ခုမှာ ကွတ်ခိုင်နှင့် မူဆယ်ကြား လမ်းမကြီးပေါ် မဟာဗျူဟာအရ အရေးပါသည့်နေရာတစ်ခုဖြစ်သည့် နန့်ဖက်ကာ ဆီမှဖြစ်ပြီး ယင်းက ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့ကိုလည်း ချိတ်ဆက်ပေးသည်။ နန့်ဖက်ကာတွင် ရပ်ရွာအခြေပြုအဖွဲ့အစည်းနှင့် ဘာသာရေးခေါင်းဆောင်များသည် သြဂုတ် ၂၁ ရက်က ချဉ်းကပ်လာသည့် တိုက်ပွဲများကို စိုးရိမ်ပူပန်မှုနှင့် စောင့်ကြည့်နေခဲ့သည်။ အဆက်အသွယ်ဖြတ်တောက်ခံရခြင်းနှင့် ထွက်မပြေးနိုင်သည်ကို သိရှိသောကြောင့် ရပ်ရွာအဖွဲ့အစည်းခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များသည် တတ်နိုင်သမျှ ၎င်းတို့၏အသိုင်းအဝိုင်းများအတွက် အကောင်းဆုံးပြင်ဆင်ခဲ့ကြသည်။
ကတုတ်ကျင်းများကို ခြံနောက်ဖက်တွင် တူးထားခဲ့ကြပြီး သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် ကိုယ်ဝန်စောင်များအပါအဝင် အားနည်းသည့်ဒေသခံများကို ဘုရားရှိခိုးကျောင်းပရဝုဏ်များကဲ့သို့ ပို၍အန္တရာယ်ကင်းသည်ဟု ယုံကြည်ရသော နေရာများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
တိုက်ပွဲများကြောင့် အနီးရှိ မြို့ကြီးများရှိ ဘဏ်များမှာ ပိတ်ထားသော်လည်း ဘုရားရှိခိုးကျောင်းခေါင်းဆောင်များသည် ချက်ခြင်းလိုအပ်ချက်များနှင့် တိုက်ပွဲများစဲပြီးနောက်ပိုင်းကာလများအတွက် ဒုက္ခသည်များ၏ လက်ထဲသို့ငွေပေးရန် ပုံစံတကျမဟုတ်သော ငွေလွှဲယန္တရားကို အသုံးပြုခဲ့ကြသည်။
နန့်ဆလတ်ကဲ့သို့ ရပ်ရွာအသိုင်းအဝိုင်းခေါင်းဆောင်များသည် အထောက်အပံ့ပေးသော ပို၍ကြီးမားသော ပြည်တွင်းပြည်ပNGO များနှင့် အမြဲတမ်းဆက်သွယ်မှုကို ပြုလုပ်ခဲ့ကြပြီး လမ်းများပြန်ဖွင့်ချိန်တွင် အိုင်ဒီပီများ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် ချက်ချင်းတုံ့ပြန်နိုင်ခဲ့သည်။
အဆိုးဝါးဆုံးသာဓကမှာ ကွတ်ခိုင်၏ အနောက်တောင်ဘက် ပါဂျိုဧရိယာရှိ လူ့အသိုင်းအဝိုင်းများတွင် ဖြစ်ပွားခဲ့သည်။ သြဂုတ် ၂၀ ညနေခင်းက တောင်နှင့်မြောက်က တိုက်ပွဲများ ၎င်းတို့၏ ရွာများသို့ နီးကပ်လာစဉ် ၎င်းတို့အတွက် လွတ်မြောက်ရေးရွေးချယ်စရာများမှာ လျင်မြန်စွာမှေးမှိန်ခဲ့သည်။ လမ်းအသုံးပြု၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုလုပ်ဆောင်နိုင်လျင်ပင် ယာဉ်ကမလုံလောက်ပေ။
နို့စို့ကလေး ၁၃ ယောက်အပါအဝင် ကလေး ၁၃၆ဦး ပါဝင်သော အုပ်စုတစ်ခုနှင့် နာမကျန်းသော သက်ကြီးရွယ်အိုအချို့တို့သည် အနောက်ဖက်ဆီ ၁၅ ကီလိုမီတာဝေးသော ဂါလန်းဧရိယာရှိ ဘုရားရှိခိုးကျောင်းများသို့ သစ်တောကို ဖြတ်ကာ ခြေလျင်ထွက်ပြေးရန် ဆုံးဖြတ်ချက်ချခဲ့ရသည်။
ဒေသခံရပ်ရွာအခြေပြုအဖွဲ့အစည်းဝန်ထမ်းများဦးဆောင်ကာ ၎င်းတို့သည် သည်းထန်သောမိုးထဲ တောင်များကိုဖြတ်ကာ ခက်ခဲသော ညနေခရီးကိုနှင်၍ အန္တရာယ်ကင်းစွာရောက်ရှိခဲ့သော်လည်း ည ၁၁နာရီ ဂါလန်းဧရိယာတွင် ခြေကုန်လက်ပန်းကျခဲ့ကြသည်။
၎င်းတို့သည် ဒေသခံ ရပ်ရွာအခြေပြုအဖွဲ့အစည်းများညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့အပြင် Metta နှင့် TSYU တို့ကဲ့သို့ ပိုမိုကြီးမားသော NGO များထံမှ ထောက်ပံ့မှုများရရှိခဲ့ပြီး အမိုးအကာများနှင့် အိမ်သာများဆောက်လုပ်ပေးခြင်း၊ အစားအစာနှင့်ငွေသားများပေးအပ်ခြင်းအပြင် မိုင်းအန္တရာယ်ပညာပေးခြင်းကဲ့သို့ အကာအကွယ်အတွက် ကြားဝင်ဆောင်ရွက်ပေးခြင်းတို့အတွက် အကူအညီများပေးအပ်ခဲ့သည်။ ယင်းသို့ကူညီမှုများက ရွာသားအားလုံးအိမ်ပြန်နိုင်သည့် စက်တင်ဘာ ၃ ရက် မတိုင်မီအချိန်ထိဖြစ်သည်။

 

Volunteers help residents sheltering at a monastery in Mong Tin village, Kutkai Township, after they were displaced from neighbouring Kone Sar village by Tatmadaw mortar fire on August 17, 2019. (Steve Tickner | Frontier)

Volunteers help residents sheltering at a monastery in Mong Tin village, Kutkai Township, after they were displaced from neighbouring Kone Sar village by Tatmadaw mortar fire on August 17, 2019. (Steve Tickner | Frontier)

မပျက်လျှင် မပြင်နဲ့

အထက်ပါတုံ့ပြန်မှုအားလုံး၏ အဓိက ထူးခြားသည့်လက္ခဏာမှာ ဒေသခံပြည်သူများနှင့် ကိစ္စအများစုတွင် အမျိုးသမီးများသည် ၎င်းတို့၏ပြင်ပရှိဇာတ်ကောင်များ၏ ပုံစံကျထောက်ပံ့မှုမရှိဘဲ အကျပ်အတည်းကို အလိုက်သင့်တုံ့ပြန်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းကို အသုံးချခဲ့ခြင်းဖြစ်သည်။ လယ်သမားများ၊ ခရစ်ယာဘုန်းကြီးများ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ကုန်သည်များ၊ ကျေးရွာအကြီးအကဲများ၊ အဘိုးအဖွားများနှင့် မိခင်များအားလုံးသည် ညိနှိုင်းခဲ့ကြသည်။ စည်းရုံးခဲ့ကြသည်။ ထွက်ပြေးခဲ့ကြသည်။ ပုန်းရှောင်ခဲ့ကြသည်။ ကျွမ်းကျင်စွာကိုင်တွယ်ခဲ့ကြသည်။ ၎င်းတို့၏ကိုယ်ပိုင်စုပေါင်းအစီစဉ်ဖြင့် ရှင်သန်ရေးအတွက် လိုအပ်ချက်မှန်သမျှ ဆောင်ရွက်ခဲ့ကြသည်။
ယင်းမှာ သာမာန်ထက်လွန်ကဲသည်တော့မဟုတ်ပေ။ ရှမ်းမြောက်ရှိ မည်သည့်အကျပ်အတည်းမဆို သို့မဟုတ် မြန်မာနိုင်ငံရှိ မည်သည့်နေရာမဆို ပထမဆုံးတုံ့ပြန်အရေးယူဆောင်ရွက်သူများမှာ ဒေသခံပြည်သူများသာဖြစ်သည်။
လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများကို အနောက်တိုင်းမီဒီယာများတွင် ပုံဖော်မှုတွင် တွေ့မြင်ရလေ့ရှိသော လူထုပုံရိပ်တွင် အပြာရောင်ဝတ်ကယ်ဆယ်ရေးသမားများ၏ ပုံရိပ်မှာ အများအားဖြင့် မှားသည်။ ရှမ်းမြောက်တွင် ထင်ရှားစွာပြသခဲ့သကဲ့သို့ ပထမဆုံးအရေးယူဆောင်ရွက်သူများမှာ ဒေသခံလူ့အသိုင်းအဝိုင်းများသာဖြစ်သည်။
ယင်းကဲ့သို့ ဒေသခံတို့၏ အရေးပေါ်တုံ့ပြန်ဆောင်ရွက်များကို လေ့လာခြင်းဖြင့် ပြင်ပဇာတ်ကောင်များအနေဖြင့် ဒေသခံတို့နှင့် မည်သို့ ထိတွေ့ကာ ၎င်းတို့၏လုပ်ငန်းစဉ်များကို မည်သို့ ပံ့ပိုးရမည်ဆိုသည်တို့နှင့်ပတ်သက်၍ အဓိကအချက်များကို နားလည်နိုင်မည်ဖြစ်သည်။
 ယင်းကဲ့သို့အတူညီဆုံးအခြေအနေများနှင့်အတူ ရှမ်းမြောက်ရှိ ပြည်သူများတွင်၎င်းတို့နေထိုင်သည့် ပဋိပက္ခဖြစ်နေသော ဆင်းရဲမွဲတေသော၊ စိန်ခေါ်မှုရှိနေသော နေရာများကို ခိုင်မာစေသည့် လှုပ်ရှားမှုများကို ပြိုင်ဘက်မရှိနားလည်ကြသည်။
ရွှေ့ပြောင်းမှုနှင့် မကြာခဏကွဲလွဲသည့် ဦးစားမှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ တပ်မတော်၊ ပြည်သူ့စစ်၊ အစိုးရအာဏာပိုင်များ၊ ကုန်သည်များ၊ ရပ်ရွာအသိုင်းအဝိုင်းနှင့် ဘာသာရေးခေါင်းဆောင်များ၊ ငွေချေးပေးသူများနှင့် အခြားသူများထံမှ တောင်းဆိုမှုများကို ကိုင်တွယ်ရာတွင် ခြိမ်းခြောက်မှုများနှင့် အကျပ်အတည်းများကို တုံ့ပြန်နိုင်ရေးအတွက် များပြားသည့် အသိသုတနှင့် နားလည်မှုကို အသုံးပြုရသည်။
သို့သော်လည်း ရှမ်းမြောက်တွင် ပြင်ပက ဦးဆောင်သည့် အကူအညီနှင့် ဖွံ့ဖြိုးရေး၏ ပိုမိုကျယ်ပြန့်သည့် အခြေခံအဆောက်အအုံက ဒေသခံတို့၏ ကြီးမားသည့် အသိနှင့် နားလည်မှုကို အများအားဖြင့် သိရှိဟန်မရှိပေ။
နှစ်ဖက်အပေးအယူအရကတိကဝတ်များနှင့် ဒေသတွင်းပိုမိုအသုံးပြုနိုင်အောင်ဖန်တီးပေးရန် ဝန်ခံထားသည့် ပန်းတိုင်တစ်ခုရှိသော်လည်း များပြားသည့် အဖွဲ့အစည်းများနှင့် အလှူရှင်များသည် တင်းကျပ်၍ဝါစဉ်ဆန်သော ဗျူရိုကရက်စနစ်များကို စွဲမြဲစွာလိုက်နာနေသေးသည်။ ယင်းစနစ်များသည် သဘောတရားရေးအရ ၎င်းတို့၏ကိုယ်ပိုင်အသိနှင့် ကျွမ်းကျင်မှုကိုအထူးဦးစားပေးပြီး မကြာခဏ သင့်လျော်မှုမရှိသောအခြေအနေများအပေါ် အနောက်တိုင်းဗဟိုပြုဖွဲ့စည်းမှုများကို ပြဋ္ဌာန်းလေ့ရှိသည်။
သာဓကတစ်ခုအဖြစ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ညိနှိုင်းဆောင်ရွက်မှုကို စဉ်းစားကြည့်ပါ။ ပြင်ပကဦးဆောင်သော လူသားချင်းစာနာမှုဆိုင်ရာယန္တရားများသည် အဓိကညှိနှိုင်းဆောင်ရွက်မှုယန္တရားအဖြစ် ထိုဇာတ်ကောင်များက သတ်မှတ်ပြဋ္ဌာန်းသမျှ၏ အာဏာပိုင်မှုကို အထူးအခွင့်အရေးပေးသည်။
ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်နှင့် ဆက်စပ်အခြေအနေထက် စနစ်ဖွဲ့စည်းမှုကို မူတည်ကာ ညိနှိုင်းဆောင်ရွက်မှုကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး သို့မဟုတ် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာမဟာမင်းကြီးရုံးက ဦးဆောင်ပြီး ယင်းအေဂျင်စီများက ထိရောက်မှုရှိနိုင်မရှိနိုင် ဂရုမစိုက်ဘဲ ဒေသခံတိုင်းရင်းသားတို့၏ ညိနှိုင်းမှုပုံစံများကို တန်ဘိုးထားလေ့မရှိပေ။
အထက်ပါသာဓကများက ထင်ရှားစွာပြသနေသည့်တိုင် လွန်စွာရှုပ်ထွေးကာ ဒေသခံတို့နှင့် သက်ဆိုင်သည့် ညိနှိုင်းဆောင်ရွက်မှုယန္တရားများက ရှိနှင့်ပြီးဖြစ်ကာ ဒေသအဆင့်တွင် ထိရောက်မှုရှိသည်။ အပြန်အလှန်အားဖြင့် ဝင်ရောက်နိုင်ရေးအတွက် စိန်ခေါ်မှုများရှိနေသည့် လွန်စွာရှုပ်ထွေးသည့် ပဋိပက္ခတစ်ခုတွင် အထက်တန်းလွှာအဆင့် ဖွဲ့စည်းမှုများက ထိထိရောက်ရောက် သို့မဟုတ် အချိန်မီတုံ့ပြန်ဆောင်ရွက်မှုကို မလုပ်နိုင်ပါ။
လမ်းများဖြတ်တောက်ထားမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်း ရှမ်းမြောက်တွင် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း လားရှိုးအခြေစိုက် ညိနှိုင်းဆောင်ရွက်မှုပုံစံများက မတတ်နိုင်သည်ကိုမူ နားလည်နိုင်သည်။
အကယ်၍ ထိုအခြေအနေက မြန်မာရှိ အကျပ်အတည်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအများအပြား၏ အဖြစ်မှန်ဆိုလျင် အကျပ်အတည်းကာလများတွင် တုံ့ပြန်ဆောင်ရွက်မှုမလုပ်နိုင်သော ပြင်ပယန္တရားများထက် ဒေသခံတို့ဦးဆောင်သောယန္တရားများထံမှ သင်ယူခြင်းနှင့် ၎င်းတို့ကို အားကောင်းစေရေး နောက်ထပ်အချိန်နှင့် အရင်းအမြစ်များ အသုံးပြုခြင်းက သဘာဝမကျပေဘူးလား။

ကူညီထောက်ပံ့မှုများ၏စွမ်းအား

ယင်းဖွဲ့စည်းမှုပုံစံများကိုအသွင် ပြောင်းလဲရာတွင် လူသားချင်းစာနာမှုဆိုင်ရာကဏ္ဍတွင် အာဏာခွဲဝေပေးခြင်းက ထိရောက်မှုမရှိသော တုံ့ပြန်မှုစနစ်များကို ပြန်လာဖြစ်ပေါ်စေမှုကို လွယ်ကူချောမောစေသည်ကို ဝန်ခံရန်လိုအပ်သည်။ မဝင်ရောက်နိုင်သော ငွေကြေးထောက်ပံ့မှုယန္တရားများမှတဆင့်ဖြစ်စေ ရှုပ်ထွေးသော အင်္ဂလိပ်ဘန်းစကားမှတဆင့်ဖြစ်စေ ပါဝါ ယခုကိစ္စတွင် အရင်းမြစ်များကို ဝင်ရောက်ဖြန့်ဖြူးနိုင်မှုကို ဆိုလိုသော ပါဝါသည် ဒေသခံလူ့အသိုင်းအဝိုင်းပြင်ပဇာတ်ကောင်များ၏ အဆင့်တွင် အလွန်အဓိကထားနေသည်။
ယင်းသို့ဖြစ်ရန်မလိုအပ်ပေ။ ခိုင်မာသည့် စာတမ်းသုံးသပ်ချက်တစ်ခုက မြန်မာနိုင်ငံမှ ယခင်သာဓကများအပါအဝင် အကျပ်အတည်းများကို ကွက်၍ဖြစ်နေသည့် တုံ့ပြန်ဆောင်ရွက်မှုများကို ပြင်ပဇာတ်ကောင်များက ပံ့ပိုးနိုင်သော နည်းလမ်းအမျိုးမျိုးကို မီးမောင်းထိုးပြလျက်ရှိသည်။
ကွက်၍ဖြစ်နေသော တနည်းအားဖြင့် ဒေသခံတို့၏ တုံ့ပြန်ဆောင်ရွက်များမှာ ပို၍ထိရောက်၊ ပို၍သက်ဆိုင်ပြီး ပို၍လည်း အချိန်မီဖြစ်နိုင်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်အားကိုးခြင်း၊ မှီခိုမှုကို လျှော့ချခြင်း၊ စည်းလုံးမှုကို တည်ဆောက်နိုင်ခြင်းနှင့် လူ့အသိုင်းအဝိုင်းများကြား ကြံ့ကြံ့ခိုင်နိုင်မှုကို မြင့်မားစေခြင်းတို့ ဖြစ်စေနိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ သာဓကများက ပြသလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အကျပ်အတည်းအပေါ် ဒေသခံတို့၏ တုံ့ပြန်မှုများကို ပြင်ပဇာတ်ကောင်များက ချက်ခြင်းပံ့ပိုးနိုင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်။ ၎င်းတို့က ပေါင်းကူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့ သို့မဟုတ် KMSS တို့ကဲ့သို့ ဒေသဆိုင်ရာတုံ့ပြန်မှုနှင့် အေဂျင်စီတွင်  တိုက်ရိုက်အတွေ့အကြုံရှိသော အဖွဲ့အစည်းများထံမှ လုပ်ကိုင်နိုင်စွမ်းတည်ဆောက်မှုကို တောင်းခံနိုင်သည်။
နိုင်ငံတကာ NGO များကလည်း ယန္တရားများကို ငွေကြေးထောက်ပံ့ခြင်းသည် ဒေသဆိုင်ရာအရှိတရားများ၊ ဆက်စပ်အခြေအနေများနှင့် လိုက်လျောညီထွေရှိသင့်ပြီး ဒေသခံတို့၏တုံ့ပြန်ဆောင်ရွက်မှုများ၊ လက်တွေ့ကျမှုနှင့် မြန်ဆန်မှုတို့ကို ဦးစားပေးသင့်ကြောင်း ၎င်းတို့၏အလှူရှင်များကို ထောက်ခံပြောဆိုနိုင်သည်။ ညိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိသူတို့သည် အရှိတရားကို နားလည်ရန်၊ ခွဲခြမ်းစိတ်ဖြာလေ့လာရန်၊ သင်ယူရန်နှင့် သက်ဆိုင်သည့် သွင်းအားစုများနှင့်ပံ့ပိုးမှုနှင့်အတူယင်းကို ခိုင်မာစေရန်နှင့် လူ့အသိုင်းအဝိုင်းများကြား ကွန်ရက်တည်ဆောက်နိုင်စေရန် ရပ်ရွာအသိုင်းအဝိုင်းခေါင်းဆောင်များနှင့် လက်တွဲလုပ်ဆောင်နိုင်သည်။
မကြာသေးခင်က ရှမ်းမြောက်တွင် နေရပ်စွန့်ခွာမှုများက လုံးဝပုံဖော်နေသည်မှာ အကျပ်အတည်းကို တုံ့ပြန်ရာတွင် ဒေသခံလူ့အသိုင်းအဝိုင်းများကသာ အမြဲတမ်းပထမဖြစ်နေသည်။ ယင်းကို ဝန်မခံရန် မဖြစ်နိုင်တော့သကဲ့သို့ ဒေသခံတို့၏ တုံ့ပြန်ဆောင်ရွက်မှုများကို အဓိကထားရန်နှင့် ဖြည့်စွက်ပေးရေး အဓိပ္ပါယ်ရှိသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရေးမပျက်ကွက်ရန် လိုလာပြီဖြစ်သည်။
 ယင်းဦးတည်ချက်အတိုင်း ပြင်ပဇာတ်ကောင်အများအပြားက အပြုသဘောဆောင်သောလုပ်ဆောင်ချက်များ လုပ်ဆောင်နေပြီဖြစ်သော်လည်း နောက်ထပ်လုပ်စရာများရှိနေသေးသည်။ လုပ်ဆောင်နိုင်သည့်စွမ်းအားကို အသွင်ပြောင်းခြင်းနှင့် အခွင့်အာဏာကို ဒေသခံလူ့အသိုင်းအဝိုင်းများထံသို့ ပြန်လည်ဗဟိုပြုခြင်းတို့က ဖြစ်လာမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုတွင်ပြုလုပ်သော နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကြောင့်ဖြစ်သည်။
ပြန်လည်ဗဟိုပြုခြင်းက ဒေသခံအသိုင်းအဝိုင်းများနှင့် အတူထိုင်ကာ ၎င်းတို့၏အသံကို နားထောင်ခြင်း၊ သင်ယူခြင်းနှင့် အရှိတရားများနှင့် လိုက်လျောညီထွေရှိသည့် ချဉ်းကပ်မှုများ ပြုလုပ်ရန် အမှန်တကယ်ကတိပြုခြင်းတို့မှ တဆင့်သာ ဖြစ်လာမည်ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ: လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်သားအမိ ကို ယမန်နှစ်အတွင်းကတွေ့ရစဉ်။မန်ဆူဘုန်းကြီးကျောင်းသည် ရှမ်းပြည်မြောက်ပိုင်းတွင်တိုက်ပွဲများဖြစ်လျှင် တိုက်ပွဲရှောင်များကိုအဓိကလက်ခံသည့် ကျောင်းတိုက်ဖြစ်သည်။ ဓာတ်ပုံ- (Steve Tickner | Frontier)
 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.