နှောင်တည်းအမြတ်ထုတ်ခံရသူများ၊ သို့မဟုတ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်များ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အပတ်စဉ်ပြုလုပ်နေကျ တိရစ္ဆာန်စွမ်းရည်ပြပွဲတွင် မျောက်များ၊ မြွေများနှင့် ဆင်များက အသီးသီးစွမ်းရည်ပြကြပြီး ယင်းကြောင့် လာရောက်ကြည့်ရှုသူများအတွက် ဓာတ်ပုံရိုက်ခွင့်များ ရရှိခဲ့သည်။ ယင်းသို့သောစွမ်းရည်ပြပွဲများကြောင့် လူသားများအကျိုးရှိမရှိ မသိနိုင်သော်လည်း တိရစ္ဆာန်များအတွက်မူ ထိခိုက်နစ်နာမှုများရှိနေပြီဖြစ်သည်။

စာသားနှင့်ဓာတ်ပုံ – အဘီဂေးအပ်တွန်၊ အိမ့်သက်ဆု အားဖြည့်ရေးသားသည်။

ရုံးပိတ်ရက်များနှင့် အများပြည်သူအားလပ်ရက်များတွင် မွန်းလွဲ ၁ နာရီခွဲ၌ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်စွမ်းရည်ပြပွဲကို ပြုလုပ်လေ့ရှိသည်။ တိရစ္ဆာန်ရုံဝင်ခွင့် ကျပ် ၁၀၀၀ ပေးခဲ့ရသူများသည် အဆိုပါစွမ်းရည်ပြပွဲများကို ကြည့်ရှုလိုပါက နောက်ထပ် ကျပ် ၂၀၀ ထပ်ဆောင်းပေးအပ်ရမည်ဖြစ်သည်။ ဘောလုံးအင်္ကျီ ဘောင်းဘီဝတ်ဆင်ထားသည့် မျောက်များက အမျိုးမျိုးစွမ်းရည်ပြမည်၊ မြွေများက ကပြမည်။ ဆင်များက တစ်ကောင်၏အမြီးကို အခြားတစ်ကောင်က နှာမောင်းဖြင့် ဆွဲထားပြီး စက်ဝိုင်းပုံစံ လမ်းလျှောက်ပြမည်ဖြစ်သည်။ ဆင်များက ခွေးခြေများပေါ်တက်ပြ၊ ကပြ ဘောလုံးကန်ပြခြင်းတို့ကိုလည်း ပြုလုပ်မည်ဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက် စနေနေ့တွင် ယင်းစွမ်းရည်ပြပွဲသို့ လူ ၁၀၀ ခန့်လာရောက်ကြည့်ရှုခဲ့သည်။ တိရစ္ဆာန်များ၏စွမ်းရည်ပြမှုများကိုလည်း လက်ခုတ်သံတဖြောင်းဖြောင်းပေးခဲ့ကြသည်။ မြန်မာနိုင်ငံရှိ သက်တမ်းအရှည်ဆုံးနှင့် ဒုတိယအကြီးဆုံးဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အဝင်ဝတွင် ချိတ်ဆွဲထားသည့် တိရစ္ဆာန်အခွင့်အရေး တိုးတက်ကောင်းမွန်ရေးနှင့် ကျန်းမာချမ်းသာရေးလုပ်ဆောင်ကြပါဟု ရေးထားသော ဆိုင်းဘုတ်နှင့် ယင်းပြပွဲများက ပြောင်ပြောင်ကြီးဆန့်ကျင်နေပုံရသည်။

abigail_upton_yangonzoo_16.jpg

 title= 

ဓာတ်ပုံ – အဘီဂေး အပ်တွန်

မည်သို့ပင်ဆိုစေ ယင်းစွမ်းရည်ပြပွဲများကြောင့်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လူဝင်များနေကာ ကလေးငယ်များရှိသော မိသားစုများအတွက်လည်း ယင်းပြပွဲများသည် မသွားမဖြစ်သွားရမည့် အစီအစဉ်များဖြစ်လာခဲ့သည်။ တိရစ္ဆာန်ရုံသို့ တစ်နှစ်လျှင် လူ ၁ ဒသမ ၄ သန်းခန့်လာရောက်လေ့ရှိကြောင်း လာရောက်သူများအား ဝေငှသည့် လက်ကမ်းစာစောင်တစ်စောင်တွင် ဖော်ပြထားသည်။ တိရစ္ဆာန်ရုံသို့ လာရောက်သူများသည် ယင်းပြပွဲများအတွက်သာမကဘဲ လှောင်အိမ်များ၊ အလုံပိတ်ရုံများထဲတွင် နေထိုင်နေရသည့် ဝက်ဝံများ၊ ဆင်များ၊ ကျားများ၊ ခြင်္သေ့များနှင့် မျောက်များကို ကြည့်ရှုရန်လည်း လာရောက်ကြခြင်းဖြစ်သည်။

တိရစ္ဆာန်စွမ်းရည်ပြပွဲကြည့်ရန် နောက်ထပ် ကျပ် ၂၀၀ ပေးရသည်မှာ ထိုက်တန်ကြောင်း သာကေတမြို့နယ်မှ ဒေါ်အေးမြင့်ကပြောသည်။ ဒေါ်အေးမြင့်နှင့်အတူ သူ၏အသက်လေးနှစ်အရွယ် မြေးမလေးလည်းပါလာခဲ့သည်။ “ကျွန်မတို့ နှစ်လတစ်ခါလောက် ဒီကိုလာလေ့ရှိတယ်၊တိရစ္ဆာန်တွေ စွမ်းရည်မပြမီမှာ မျက်လှည့်ပွဲကို ကြည့်လေ့ရှိတယ်” ဟု သူက Frontier ကိုပြောသည်။ “မြေးမလေးကတော့ အဲ့ဒါတွေကို ကြိုက်မှကြိုက်ပဲ” ဟု သူကပြောသည်။

တိရစ္ဆာန်ရုံတွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၂၂ ခုကျော်ရှိသည်။ ထို့ပြင် သစ်ပင်မျိုးစိတ် ၂၀၀ ကျော်နှင့် သဘာဝသမိုင်းပြတိုက်တစ်ခုလည်းရှိနေသည်။ တိရစ္ဆာန်ရုံက လာရောက်ကြည့်ရှုသူများအတွက် ပညာတိုးစေရမည်ဖြစ်ကြောင်း ကတိပြုထားသော်လည်း တိရစ္ဆာန်များကိုထားရှိသည့် လှောင်အိမ်များ၊ အလုံပိတ်ရုံများအပြင်တွင်ထားရှိသည့် သာမန်ရှင်းပြချက်များ၊ ပြသထားသည့် ပစ္စည်းအနည်းငယ်သာရှိသည့် ပြတိုက်တစ်ခုတို့ကလွဲ၍ တိရစ္ဆာန်ရုံကို ကြီးကြပ်နေသူများသည် ပညာပေးရေးနှင့် တိရစ္ဆာန်အခွင့်အရေး တိုးတက်ရေးဆိုသည့် ကိစ္စရပ်များအတွက် အရင်းအမြစ်များကို လျာထားထားကြောင်း သက်သေအထောက်အထား များစွာမပြနိုင်ခဲ့ချေ။

ဓာတ်ပုံ - အဘီဂေး အပ်တွန်

ဓာတ်ပုံ – အဘီဂေး အပ်တွန်

တိရစ္ဆာန်ဥယျာဉ်ကို သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဌာနက ပိုင်ဆိုင်သည်။ တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ်ကတည်းက ထူးကုမ္ပဏီလုပ်ငန်းစုက စီမံခန့်ခွဲနေခြင်းဖြစ်သည်။ ထူးလုပ်ငန်းစုသည် မန္တလေးနှင့် နေပြည်တော်တို့ရှိ တိရစ္ဆာန်ဥယျာဉ်များကိုလည်း စီမံခန့်ခွဲနေသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စီမံခန့်ခွဲခွင့်စာချုပ်သည် ယခုနှစ်အကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထူးလုပ်ငန်းစုက တိရစ္ဆာန်ဥယျာဉ် စီမံခန့်ခွဲခွင့်ကို လွှဲမပြောင်းမယူမီကတည်းက တိရစ္ဆာန်စွမ်းရည်ပြပွဲ ရှိခဲ့ခြင်းဖြစ်ကြောင်း ဆင်ထိန်းတစ်ဦးဖြစ်သည့် ဦးအောင်ကိုကပြောသည်။

“တိရစ္ဆာန်ရုံက အစိုးရပိုင်ဖြစ်ကတည်းက တိရစ္ဆာန်စွမ်းရည်ပြပွဲရှိခဲ့တာပါ၊ ရုံးပိတ်ရက်ပြပွဲတွေအတွက် တိရစ္ဆာန်တွေကို ဆက်လက်လေ့ကျင့်ပေးနေဦးမှာပါ” ဟု ဝန်ကြီးဌာနတွင်အလုပ်လုပ်သော်လည်း ပြပွဲများအတွက် ရုံးပိတ်ရက်တွင် တိရစ္ဆာန်ရုံသို့လာရောက်နေသည့် ဦးအောင်ကိုက ပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ တစ်နှစ်လူ လေးသန်းလာရောက်ကြည့်ရှုသည်။ ဓာတ်ပုံ - အဘီဂေး အပ်တွန်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ တစ်နှစ်လူ လေးသန်းလာရောက်ကြည့်ရှုသည်။ ဓာတ်ပုံ – အဘီဂေး အပ်တွန်

လွန်ခဲ့သော နှစ်အနည်းငယ်တွင် တိရစ္ဆာန်စာရောင်းသည့် ဈေးဆိုင်အများစုကို ပိတ်သိမ်းခြင်းနှင့် တိရစ္ဆာန်များအား လာရောက်ကြည့်ရှုသူများ အစာမကျွေးရဆိုသည့် ဆိုင်းဘုတ်များကို စိုက်ထူခြင်းတို့အပါအဝင် တိရစ္ဆာန်အခွင့်အရေးအတွက် လုပ်ဆောင်မှုအနည်းငယ်တော့ရှိခဲ့သည်။ တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်သူများက တစ်ရက်လျှင် အစာနှစ်ကြိမ်ကျွေးနေသည်။ သို့သော် ဧည့်သည်များသည် ဘီစကစ်နှင့် နို့ပါသော ဖျော်ရည်များ၊ ပေါင်မုန့်နှင့် တိရစ္ဆာန်ဥယျာဉ်ထဲသို့ ပလတ်စတစ်အိတ်များဖြင့် ထည့်ယူလာသည့် ဟင်းသီးဟင်းရွက်များကဲ့သို့ လူသားများစားသုံးရန်ရည်ရွယ်ထားသော အစားအစာများကို တိရစ္ဆာန်များအား ကျွေးနေဆဲဖြစ်သည်။ တိရစ္ဆာန်များထားရှိသည့် ရုံများနှင့် လှောင်အိမ်များထဲတွင် ပလတ်စတစ်အမှိုက်များ အပြည့်ပင်။

တချိန်တည်းမှာပင် ဆင်ရုံနားရှိ ကြံအရောင်းဆိုင်များကိုမူ ဆက်လက်ထားရှိခဲ့သည်။ တိရစ္ဆာန်များ အစားအသောက်ပျက်သည့်ကိစ္စအတွက် မစိုးရိမ်မိကြောင်း တိရစ္ဆာန်ဥယျာဉ်တွင်း ကြံရောင်းသည့် အမျိုးသမီးတစ်ဦးကပြောသည်။ “လူတွေက သူတို့ကိုနေ့တိုင်းပုံမှန်လာကျွေးနေကျလေ” ဟု သူက Frontier ကိုပြောသည်။

ဓာတ်ပုံ - အဘီဂေး အပ်တွန်

ဓာတ်ပုံ – အဘီဂေး အပ်တွန်

ဖမ်းဆီးခံထားရသည့် တိရစ္ဆာန်များတွင် ပျင်းရိခြင်းနှင့် စိတ်ဖိစီးသည့် လက္ခဏာများတွေ့နေရသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ၅၈ ဧကကျယ်ဝန်းသော်လည်း တိရစ္ဆာန်များအတွက်ထားရှိသည့်နေရာမှာ ကျဉ်းလွန်းနေသည်။ တိရစ္ဆာန်ဥယျာဉ်တွင်းရှိ နေရာအများစုကို လူသားများဖျော်ဖြေရေးနှင့် စားသုံးရေးတို့အတွက် ဖယ်ထားခဲ့သည်။ ယင်းတို့တွင် ကလေးကစားကွင်း၊ စားသောက်ဆိုင်များ၊ ခြေနင်းလှေများ၊ လွန်ခဲ့သော တစ်နှစ်ခန့်က တပ်ဆင်ခဲ့သည့် ကောင်းကင်ကြိုးကစားနည်းနှင့် အပျော်တက်စရာနံရံတစ်ခုတို့ရှိနေသည်။ လမ်းများတလျှောက်တွင် သီချင်းအကျယ်ကြီးဖွင့်ထားသည့် အစားအစာနှင့် လက်ဆောင်ရောင်းသည့် ဆိုင်ငယ်လေးများလည်း အစီအရီပင်။

တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်များထားရာနေရာများသည် တိရစ္ဆာန်များနှင့် မသင့်လျော်သည့်နေရာများ ဖြစ်ကြောင်း နိုင်ငံတကာတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပရဟိတအဖွဲ့ Born Free မှ တိရစ္ဆာန်များ ကျန်းမာချမ်းသာရေးနှင့် ဖမ်းဆီးခံထားရမှုဆိုင်ရာ ဌာနအကြီးအကဲ ဒေါက်တာ ခရစ်ဒရေပါက ပြောသည်။

မန္တလေးရှိမိခင်မျောက်မကြီးနှင့် ခွဲနေရရှာသည့် မျောက်ကလေးမှာ သူ့ခေါင်းသူ လက်သီးနှင့်ထုထုနေတတ်သည်။ ဓာတ်ပုံ - အဘီဂေး အပ်တွန်

မန္တလေးရှိမိခင်မျောက်မကြီးနှင့် ခွဲနေရရှာသည့် မျောက်ကလေးမှာ သူ့ခေါင်းသူ လက်သီးနှင့်ထုထုနေတတ်သည်။ ဓာတ်ပုံ – အဘီဂေး အပ်တွန်

ရန်ကုန်နှင့် မန္တလေးတို့ရှိ တိရစ္ဆာန်ရုံများသည် စိတ်မကောင်းစရာကောင်းလှအောင် ခေတ်နောက်ကျနေပြီး တိရစ္ဆာန်များသည် ရက်စက်ခံရသည်ဟုမဆိုနိုင်သည့်တိုင်အောင် အတော်ကိုဆိုးရွားသည့် အခြေအနေများနှင့်ရင်ဆိုင်နေရကြောင်း၊ အမြန်ဆုံးပြောင်းလဲရန်လိုအပ်နေပြီး မြန်မာအစိုးရသည် တိရစ္ဆာန်များညှဉ်းပန်းနှိပ်စက်ခံနေရမှု အဆုံးသတ်သွားရေးအတွက် အမြန်ဆုံးတာဝန်ယူလုပ်ဆောင်ရန် တာဝန်ရှိနေကြောင်း သူကပြောသည်။

တိရစ္ဆာန်အချို့၊ အထူးသဖြင့် ဝက်ဝံများတွင် ပုံမှန်မဟုတ်ဘဲ အကြိမ်ကြိမ်အထပ်ထပ် ပြုမူနေသည့် အပြုအမူများကို တွေ့ရှိနေကြောင်း ဒရေပါကပြောသည်။ ယင်းမှာ မပြည့်မစုံနေထိုင်နေရသည့် အခြေအနေ၏ဆိုးကျိုးများဖြစ်ကြောင်း သူကပြောသည်။

သံကြိုးဖြင့် တုပ်နှောင်ခံထားရသည့် ဆင်များ၊ ကကွက်မျိုးစုံလုပ်ပြရသည့် မျောက်များ၊ လှောင်အိမ်ငယ်များထဲတွင် တစ်ကောင်တည်း ထားရှိခံရသည့် ဉာဏ်ရည်မြင့်သော မျောက်ဝံငယ်များ၊ မနားမနေလှည့်ပတ်သွားလာနေပြီး ကိုယ့်ခြေထောက်ကိုယ် လျှာဖြင့်လျက်နေသည့် ဝက်ဝံများသည် သမိုင်းတွင် ချန်ထားခဲ့သင့်သည့် ဆိုးရွားသောပုံရိပ်များဖြစ်ကြကြောင်း သူကပြောသည်။

ထူးလုပ်ငန်းစုကို ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။

တိရစ္ဆာန်ပြပွဲများကို ယခင်ကတည်းက ပြသလာခဲ့သည်။ ဓာတ်ပုံ - အဘီဂေး အပ်တွန်

တိရစ္ဆာန်ပြပွဲများကို ယခင်ကတည်းက ပြသလာခဲ့သည်။ ဓာတ်ပုံ – အဘီဂေး အပ်တွန်

တိရစ္ဆာန်စွမ်းရည်ပြပွဲကို ဆက်လုပ်နေဦးမည်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်သည် ပြပွဲများတိုးတက်လာအောင် လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း ဦးအောင်ကိုကပြောသည်။

“ဆင်တွေကို ပြပွဲအတွက် တစ်ရက် နှစ်ကြိမ်လေ့ကျင့်ပေးပြီး ဆင်ပေါက်လေးတစ်ကောင် ပန်းစည်းကိုင်တတ်ဖို့ လေ့ကျင့်ပေးရေးကိစ္စ စီစဉ်နေပါတယ်” ဟု သူကပြောသည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အရှေ့တောင်အာရှသစ်တောစိမ်းထဲမှ မလေးဝက်ဝံခေါ် ပသျှူးဝက်ဝံကို ကွန်ကရစ်လှောင်အိမ်ထဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ – အဘီဂေး အပ်တွန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.