နဂါးမယ်တော်ကို ဦးညွှတ်ခြင်း

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားပြခန်းတစ်ခုသို့ ငယ်စဉ်ဘဝကရောက်ရှိကာ ပြသထားသော လက်ရာမြောက် ကြွေထည်မြေထည် အနုလက်ရာများကို မြင်မိရာမှ စိတ်ကူးဉာဏ်ရရှိခဲ့ခြင်း ဖြစ်သည်။

မင်းပြည့်စုံ ရေးသားသည်။

ကြွေထည်မြေထည် အနုပညာရှင် စိုးယုနွယ် ငယ်စဉ်ဘဝ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်စဉ်က အနီးအနားရှိ ဗိုလ်တထောင်ဘုရားသို့ မကြာမကြာ ဘုရားဖူးသွားသည်။ ရောက်တိုင်းလည်း အမေ ‘မြနန်းနွယ်’ ၏ နတ်ကွန်းကို သွားရောက်ကြည့်ရှုသဘောကျခဲ့သည်။ မြနန်းနွယ်သည် နဂါးမယ်တော် ဝင်စားကာ ဗိုလ်တထောင်ဘုရားကို စောင့်ရှောက်သောနတ်ဟု ယုံကြည်ကြသည်။

“မြနန်းနွယ်ကို စိတ်ဝင်စားသွားရာက နဂါးမယ်တော်ကိုပါ စိတ်ဝင်စားသွားခဲ့ပါတယ်” ဟု စိုးယုနွယ်က Frontier ကို ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ်ရှိ Myanm/art ပြခန်းတွင် ဖေဖော်ဝါရီ ၂၈ မှ မတ် ၁၅ ရက်အထိ ပြသနေသော သူ၏ ‘နှစ်မျိုးစပ် သက်ရှိဖြစ်တည်မှုများ’ ‘Hybridized Beings’ အနုပညာလက်ရာပြခန်းတွင် ပြောပြသည်။

အနုပညာရှင် စိုးယုနွယ် (အသက် ၃၀) သည် အမေရိကန်ပြည်ထောင်စု ဆီးတဲလ် Seattle တွင် နေထိုင်ရာမှ မကြာမီက ရန်ကုန်သို့ ပြန်ရောက်လာသူဖြစ်သည်။ ဆီးတဲလ်တွင် နေထိုင်စဉ်ကလည်း ခေတ်ပြိုင်အရှေ့တောင်အာရှ ကြွေထည်မြေထည်အနုပညာပြပွဲတွင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

သူသည် အမေရိကန်ပြည်ထောင်စု Rhode Island School of Design မှ Masters of Fine Arts ဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ အမေရိကန်တွင် ကြွေထည်မြေထည်အနုပညာရှင်တစ်ယောက်ဖြစ်လာအောင် ဆည်းပူးလေ့ကျင့်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်က ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ အသက် ၃၀ အောက် အနုပညာရှင် ၃၀ “30 Under 30 list for Art & Style တွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။

စိုးယုနွယ်၏ အနုပညာလက်ရာများကို သူ့ဇာတိမြန်မာနိုင်ငံတွင် သုံးကြိမ်သာ ပြပွဲပြုလုပ်ခဲ့ဖူးသော်လည်း နိုင်ငံရပ်ခြားပြပွဲများတွင်မူ မကြာခဏပါဝင်ပြသခဲ့သူဖြစ်သည်။ ယင်းတို့ထဲတွင် New York’s artsy Chelsea district မှ ZieherSmith ၊ မြန်မာအနုပညာရှင်များဖြစ်သည့် ပိုပိုနှင့် ထိန်လင်းတို့ ပါဝင်ပြသခဲ့သော စင်ကာပူနိုင်ငံ Yavuz Gallery နှင့် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး ခေတ်ပြိုင်အနုပညာပြတိုက် Brisbane at the Queensland Art Gallery/ Gallery of Modern Art တို့တွင် ပါဝင်ပြသခဲ့သူဖြစ်သည်။ ငယ်စဉ်က မြောက်ပိုင်းရှမ်းပြည်၊ လားရှိုးတွင် နေထိုင်ခဲ့ပြီး တရုတ်သွေးပါသူဖြစ်ရာ တရုတ်နာမည် မရှုဝါ (ပန်းပွင့်) ဟု ခေါ်ခဲ့ကြသည်။

ယဉ်ကျေးမှုများစွာတွင် ပါဝင်နေတတ်သော နဂါးအပေါ်စွဲလမ်းမှုကိုကျော်၍ သူ့အနုပညာများသည် မြန်မာ့ရိုးရာ သင်္ကေတအမှတ်သညာတွင် နှစ်မြှုပ်ထားသည်။ ဒဏ္ဍာရီနှင့် ရိုးရာဓလေ့ပုံပြင်များ၊ တိရစ္ဆာန်များဖြင့် မြန်မာ့ကုတ္ထိယရိုးရာ အတွေးအခေါ်အယူအဆကို စူးစမ်းသည်။ ဟင်းလင်းပြင်တွင် ထီးထီးကြီးနေဟန် သူ့ဖန်တီးမှုမှာ မြန်မာ့ရှေးရိုးစွဲ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏အထီးကျန်မှုကို ဖော်ပြလိုပုံရသည်။

ဗိုလ်တထောင်မြို့နယ်ရှိ Myanm/art gallery အပြင်ဘက်၌တွေ့ရသည့် စိုးယုနွယ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဗိုလ်တထောင်မြို့နယ်ရှိ Myanm/art gallery အပြင်ဘက်၌တွေ့ရသည့် စိုးယုနွယ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ကြွေထည်မြေထည်တွေ ကိုင်တွယ်ရတာ ကျွမ်းကျင်မှုသိပ်လိုတယ်။ အလွန်လေးပြီး ကွဲလွယ်တော့ ဂရုစိုက်ရတယ်။ ကြွေမြေထည်က ကန့်သတ်ချက်တွေရှိသလို အကျိုးရလဒ်ကောင်းတွေလည်းရှိတယ်။ လုပ်ရတာ ဈေးကြီးတယ်။ သယ်ယူပို့ဆောင်ရတာ အကုန်အကျများတယ်၊။ သိပ်စွန့်စားရတယ်။ ကျွန်မ ဒါတွေဖြစ်လာဖို့ အများကြီးစွန့်စားလုပ်ခဲ့ရပါတယ်” ဟု Frontier ကို ပြောသည်။

“နောက်ဆုံးတော့ ကျွန်မလုပ်ထိုက်တယ်လို့ ယူဆလာတယ်။ ဒါက ပရိသတ်အပေါ် မူတည်တာပဲ။ လူအမျိုးမျိုးက ကြားခံအမျိုးမျိုးအပေါ်မှာ အမျိုးမျိုးတုံ့ပြန်နေကြတာပဲ၊။ကိုင်တွယ်ရတာ ကြမ်းတမ်းတယ်၊ ဒါပေမဲ့ တဖက်မှာ အနုပညာပစ္စည်းတွေကို ရင်းနှီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုမျိုးကို နှစ်သက်တဲ့လူတွေရှိတယ်၊ သူတို့က ဒါကို တန်ဖိုးထားလက်ခံကြတယ်”

“လူတွေအနေနဲ့ ဗီဒီယို၊ ဒါမှမဟုတ် ပန်းချီကားတစ်ချပ်ထက် သုံးဖက်မြင်ကြွေထည်မြေထည် အနုပညာလက်ရာ တစ်ခုကို ထိတွေ့ဆက်ဆံရတာ ပိုပြီးလွယ်ကူလိမ့်မယ်” ဟု စိုးယုနွယ်က ယုံကြည်ထားသည်။

“ရှင်သိနေတဲ့ အရာတစ်ခုက ဒီလောက (ဒီကမ္ဘာပေါ်မှာ) တကယ်ရှိနေတယ်လေ။ စိတ်ကူးထဲမှာ မဟုတ်ဘူး။ တကယ်ရှိနေတာ။ ရုပ်ဝတ္ထုကြီး တကယ်ရှိနေတာ”

“ကြွေထည်မြေထည်နဲ့ အလုပ်လုပ်တဲ့အခါ လက်နဲ့ကိုင်တွယ်ထိတွေ့ပြီး ဖန်တီးရတယ်၊ ပန်းချီဆွဲသလို ဇောက်အနက်ကို ဖန်တီးယူရတာမဟုတ်ဘူး။ ဇောက်အနက်က သူဟာသူ ရှိပြီးသား”

“ကျွန်က သူတို့ကို အသစ်အဆန်းတစ်ခု မြင်တွေ့နေရသလို ခံစားစေချင်တာ။ ကျွန်မကိုယ်ပိုင်စိတ်ကူးနဲ့ ဖန်တီးထားတဲ့အရာ တစ်ခုပေါ့၊ ကျွန်မခေါင်းထဲမှာ အတော်ကြီးရင်းနှီးနေပြီးသား အရာတစ်ခုကို သူတို့နဲ့ မျှဝေခံစားနေတာမျိုးပေါ့” ဟု သူကပြောပြသည်။

ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးလမ်းပေါ်ရှိ Myanm/art အနုပညာပြခန်းတွင် သူ နောက်ဆုံးပြသခဲ့သော မြွေလိမ်မြွေကောက် Serpentine အမည်ပေးထားသောလက်ရာတွင် မြန်မာ့ယဉ်ကျေးမှု၌ အမျိုးသမီးများ၏ ဝိရောဓိဆန်သော အတွေးအခေါ်များကို သိမ်မွေ့ရှုပ်ထွေးသော ကြွေမြေထည် မြွေရုပ်များဖြင့် ဖော်ပြထားသည်။ ရိုးရာပုံပြင်များတွင် နဂါးဟု ဖော်ပြလေ့ရှိသောသတ္တဝါ၌ အန္တရာယ်ပေးတတ်ပြီး မလိုမုန်းထားမှု ရှိတတ်သလို ကာကွယ်ပေးပြီး ပြစုယုယတတ်သော သဘောလည်းရှိသည်။ ဤမြွေများသည် ပိုမိုဆန်းသစ်ခန့်ညားသော ပုံစံဖြင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သော နှစ်မျိုးစပ်သတ္တဝါပုံ နဂါးမယ်တော်ကို အလင်းပေါက်ကြွေထည်အဖြူတွင် သစ်ပင်များဖြင့် တန်ဆာဆင်ထားသည်။

ငြိမ်းဆုဝေကျော်စိုး

ငြိမ်းဆုဝေကျော်စိုး

နဂါးမယ်တော်သည် စိုးယုနွယ်အတွက် ရောမဒဏ္ဍာရီနတ်သမီးတစ်ပါးဖြစ်သကဲ့သို့ ပဟေဠိပုစ္ဆာတစ်ခုလည်း ဖြစ်သည်။ မြန်မာ့ဒဏ္ဍာရီပုံပြင်များစွာထဲကနှယ်ပင် အဓိပ္ပာယ်များစွာရှိပြီး ရေးချရန်ခက်ခဲလှသည်။ ပဟေဠိတစ်ခုလိုပင် သူက စဉ်းစားနေပြီး ခုထက်ထိအဖြေရှာနေဆဲပင်ဖြစ်သည်။

ပြပွဲတွင် လူသား၊ တိရစ္ဆာန်နှင့် သစ်ပင်တို့ကို ရောမွှေပြီး ဒဏ္ဍာရီဆန်ဆန် သတ္တဝါများကို ကြွေမြေထည်ဖြင့် ဖန်တီးပုံဖော်ထားသော လက်ရာများကိုလည်း ပြသထားသည်။ သစ်ပင်အပြောက်အမွမ်းများသည် သဘာဝမှ မြောက်ကြွနေပြီး မြန်မာပြည်အနှံ့အပြားမှ ပုထိုးစေတီများပေါ်တွင်လည်း မြောက်ကြွနေသည်ဟု သူကပြောသည်။

“ကျွန်မရဲ့ အနုပညာအများစုကို နိုင်ငံခြားမှာလုပ်ခဲ့တာ မှန်ပေမဲ့ ကျွန်မရဲ့စိတ်ဝင်စားမှုကတော့ မြန်မာပြည်က လာတာပါ၊ စိတ်ကူးစိတ်သန်းတွေကို ဒီနိုင်ငံထဲမှာ မြင်တွေ့ခဲ့ရတာတွေကနေ ရလာတာပါ၊ မုတ်သုံရာသီအတွင်း ပုထိုးစေတီတွေပေါ်မှာ တွယ်ကပ်နေတဲ့ ရေညှိတွေ မြင်ရပါလိမ့်မယ်။ ဒီမှာက အာရုံယူစရာတွေ အလွန်များပါတယ်” ဟု စိုးယုနွယ်က ပြောသည်။ မြန်မာပြည်က သစ်ပင်သစ်တောများမှ သူ၏ ‘ရုက္ခဗေဒအမျိုးသမီး’ Botanical Woman ကို ပြပွဲတွင်ပြသခဲ့သည်။

အမျိုးသမီးနှင့် ဒဏ္ဍာရီပုံပြင်များ ပင်တိုင်ထားသော်လည်း သူ့လက်ရာများမှာ အခြေခံအားဖြင့် ကန့်သတ်ချက်မထားချေ။ “ကျွန်မအနုပညာလက်ရာတွေကို လူတွေက သူတို့သဘောအတိုင်း တွေးကြံ ယူဆကြစေချင်ပါတယ်။ သူတို့စိတ်ကြိုက် ထိတွေ့ခံစားပြီး အဓိပ္ပာယ်ကောက်နိုင်ပါတယ်”

မြန်မာပြည်တွင် ကြွေထည်မြေထည်ပန်းပုပညာ လိုက်စားသူ အနည်းငယ်သာရှိကြောင်း၊ ထိုပညာဖွံ့ဖြိုးလာအောင် သူ ပြုစုပျိုးထောင်လိုကြောင်းဆိုသည်။

မြန်မာ့အနုပညာမြင်ကွင်း၏အနေအထားကို မေးကြည့်တော့ စိုးယုနွယ်က ခံစားချက်ကိုဖော်ထုတ်ဖို့ ကြားခံနည်းလမ်းအသစ်တွေ ပေါ်ထွက်လာသည့်အတွက် အားတက်မိကြောင်း၊ ဗီဒီယိုများ၊ အသံဖြင့်တင်ဆက်မှု အနုပညာများ ဖော်ထုတ်ပြသသည့် ပြကွက်များမှာ ရန်ကုန်၏အနုပညာဖွံ့ဖြိုးလာမှုကို ဖော်ညွှန်းနေပါကြောင်း ပြောပြသည်။

“ဒါဟာ သိပ်ကောင်းတဲ့ ကိစ္စပါ၊ အနုပညာမြင်ကွင်းတွေ ဖွံ့ဖြိုးလာတာကို နိုင်ငံခြားဧည့်သည်တွေကလည်း စိတ်ဝင်စားကြတယ်။ ကျွန်မရဲ့ အနုပညာကို ခံစားကြည့်ရှုမယ့် ပရိသတ်လည်း တိုးလာတာပေါ့” ဟု စိုးယုနွယ်က ပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.