ဒေသန္တရအမိန့်များ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို အနှောင့်အယှက်ဖြစ်ပါကပယ်ဖျက်ပေးရန် လျှောက်ထားခွင့်ရှိ

ရန်ကုန်

ငြိမ်းစုစီ ဥပဒေအရထုတ်ပြန်သော ဒေသန္တရအမိန့်များသည် ငြိမ်းစုစီ ပြုလုပ်လိုသူများအတွက် နှောင့်ယှက်ဟန့်တားမှုရှိသည်ဟုယူဆပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်ထုတ်ဆင့် ပယ်ဖျက်ပေးရန် လျှောက်ထားခွင့်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ပြည်သူ့လွှတ်တော်တွင်ပြောကြားသည်။

ပျော်ဘွယ်အမတ်ဦးသောင်းအေး၏ ငြိမ်းစုစီ ဥပဒေအရ မန္တလေးတိုင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထား ကွဲလွဲနေမှုများကို ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းကို ကောင်စီဝင်ကပြန်ဖြေကြားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်ရေးပုဒ်မ ၂၉၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့အရထိုသို့လျှောက်ထားခွင့်ရှိသည်။

သို့သော် ယခုအချိန်ထိ စာချွန်တော် ထုတ်ဆင့်ပေးရန် လျှောက်ထားဆောင်ရွက်ခြင်း မရှိသေးကြောင်း ဦးအေးမောင်စိန်ကပြောသည်။

“ဒါကို စာချွန်လွှာတင်ပြီးမှ လုပ်နေရမည်ဆိုပါက အချိန်တော်တော်ယူရမည့် သဘော ”ဟု ဦးသောင်းအေးကဆိုသည်။

အခါကြီးရက်ကြီး ဆန္ဒမပြရ

ပျော်ဘွယ်အမတ်ဦးသောင်းအေးက မန္တလေးတိုင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များကိုပြည်သူ့လွှတ်တော်သို့တင်ပြခဲ့ရာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်လိုပါက ဒေသန္တရလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းသဘောတူညီရမည့်အချက်မှာ အနည်းဆုံး ၁၃ ချက်မှ အများဆုံး ၆၆ ချက် ထိရှိနေသည်။

အဆိုပါစည်းကမ်းချက်များထဲမှဖွဲ့စည်းပုံအခြေခံဥပဒေ ငြိမ်းစုစီ ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိ ဆန့်ကျင်ကွဲလွဲသည့်အချက်များကို ၎င်းကတင်ပြသည်။

ပထမဆုံးအချက်မှာ စုဝေး ဟောပြောသည့်အချိန်တွင် စင်မြင့်မသုံးရဘဲ မြေပြင်တွင် ဟောပြောရမည်ဆိုသည့် အချက်ဖြစ်သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လူထုသည် ထောင်ကျော်ထိရှိလာနိုင်သည့်အတွက် ၎င်းလူစုလူဝေးကို မြေပြင်မှ ဟောပြောရမည်ဆိုသည့် သတ်မှတ်ချက်သည် သင့်တော်ပါရဲ့လားဟု ၎င်းကမေးခွန်းထုတ်သည်။

နောက်တစ်ချက်မှာ ရုံးတက် ရုံးဆင်း၊ အလုပ်သွား အလုပ်ပြန်ချိန် မလုပ်ရ၊ နေ့ကြီး ရက်ကြီး (ပြန်တမ်းဝင် ရုံးပိတ်ရက်)လည်း မလုပ်ရဟု ကန့်သတ်ထားသည်ဟုဆိုသည်။

ထို့ပြင် ယာဉ်သွားလာမှုပိတ်ဆို့ခြင်းမဖြစ်စေရန် ငြိမ်းစုစီပြုလုပ်သူမှ တာဝန်ယူဆောင်ရွက်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူသည် ပိုက်ဆံပေးငှားရသည့် အငှားယာဉ်ဖြစ်ပါက ကိုယ်လက်တားတိုင်း ရပ်သည်မဟုတ်သည့်အတွက် ယာဉ်သွားလာမှုကို ထိန်းပေးရန် ဆိုသည့် အချက်သည် အင်မတန်ခက်ခဲကြောင်းအဆိုပါကိစ္စသည် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်သာ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း ဦးသောင်းအေးကထောက်ပြသည်။

နောက်တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ရာတွင် ရုန်းရင်းဆန်ခတ်မှုအသွင် မဖြစ်စေရေး၊ မသက်ဆိုင် သူများ ဝင်ရောက်မှုမရှိစေရေး၊ တင်ပြထားသူမှ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်း အချက်သည် ငြိမ်းစုစီ ဥပဒေ အခန်း (၆) ပုဒ်မ ၁၃ နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း၊ ဘေးအန္တရာယ် မဖြစ်စေရန် ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှောက်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ၎င်းကဆိုသည်။

ပြည်သူ့ကိုယ်စားလှယ်ပင် မိမိမဲဆန္ဒနယ်တွင် ဟောပြောခွင့်မရသည့်သဘော

ထို့ပြင် ကြိုတင်သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် မြို့နယ်တိုင်းပါဝင်နေသည့် အဓိကနှစ်ချက် ရှိကြောင်း၊ တစ်ချက်သည် ငြိမ်းစုစီပြုလုပ်ခွင့်ကို အခြား ပြည်နယ်/တိုင်းဒေသကြီးတွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် ငြိမ်းစုစီ လုပ်ခွင့်မပြုဆိုသည့်အချက်ဖြစ်သည်။

နောက်တစ်ချက်မှာ ဟောပြောမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်/ခရိုင်အတွင်းရှိ မှတ်ပုံတင်ရှိသူသာ ဆောင်ရွက် ခွင့်ပြုမည်ဆိုသည့်အချက် ဖြစ်သည်။

၎င်းသတ်မှတ်ချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးသလို ဖြစ်နေကြောင်း၎င်းကပြောသည်။

“အခုကပေးကားပေး၏မရဆိုသလိုပါပဲ”ဟု ၎င်းကပြောသည်။

မိမိသည် နိုင်ငံသားစိစစ်ရေးကတ်လဲချိန်တွင် ရှေ့တန်းစစ်ဆင်ရေးတွင် ဖြစ်သည့်အတွက် ရှမ်းပြည်နယ်၊ လဲချားတွင် လုပ်ရကြောင်း၊ ၁၃/လခန(နိုင်) ဖြစ်ကြောင်း၊ ညွှန်ကြားချက်အရဆိုပါက ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် မိမိသည်မိမိ၏မဲဆန္ဒနယ် ပျော်ဘွယ် တွင် ဟောပြောခွင့်မရသည့်သဘောမျိုး ဖြစ်နေကြောင်းဦးသောင်းအေးကပြောသည်။

နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည်ဆက်သွယ်ပြီး ပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

75412188_3127639157310879_531625099074207744_n.jpg

 /></div></div></div><h4> <strong>၄၈ နာရီကြိုတင်အသိပေးရန်</strong></h4><p>လက်ရှိဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာ ဟောပြောခွင့် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများထံ အနည်းဆုံး ၄၈ နာရီကြိုတင်၍ စာဖြင့်ပေးပို့တင်ပြရမည်ဖြစ်သည်။</p><p>စီတန်းလှည့်လည်ရာတွင် ဖြတ်သန်းလိုသည့် မြို့နယ်များရှိပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ၄၈ နာရီကြိုတင်၍ အသိပေးတင်ပြချက်မိတ္တူကို ပေးပို့ရမည်ဖြစ်သည်။</p><p>ငြိမ်းချမ်းစွာစုဝေးပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ အချိန်အပိုင်းအခြား၊ ငြိမ်းချမ်းစွာ စုဝေးခြင်းပြုရာတွင် ဟောပြောလိုသည့် အဓိကအကြောင်းအရာနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများ၊ ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ လမ်းကြောင်း၊ နေ့ရက်၊ ဖြတ်သန်းလိုသည့် မြို့နယ်များ၊ အချိန်အပိုင်းအခြားနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများကိုလည်းပေးပို့ရသည်။<br /> </p><p>ထို့အပြင် ဦးဆောင်မည့် ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏ အမည်နှင့် ဆက်သွယ်ရမည့် လိပ်စာ အပြည့်အစုံ၊ ပြုလုပ်မည့် အစီအစဉ်နှင့် ခန့်မှန်းလူဦးရေ၊ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ပါက ယင်းအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်မှတ်တမ်း သို့မဟုတ် အထောက်အထား၊ဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက်တို့ကိုရယူရမည်လည်းဖြစ်သည်။</p><p>ဒေသဆိုင်ရာ စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းမှာ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးကို သုံးစွဲဆောင်ရွက်သူများ ကြောင့် အများပြည်သူအား အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက်နစ်နာ စေခြင်းနှင့် အဟန့်အတား ဖြစ်စေခြင်းတို့မှ ကာကွယ်ရန်ဟု ဖော်ပြထားသည်။</p><p> </p><p> </p></body>

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.