ဒုက္ခသည်များ ပြန်ခေါ်ရေးအတွက် ဘင်္ဂလားဒေရှ့်က မြန်မာထံ လူစာရင်း ပေးအပ်

အေအက်ဖ်ပီ

ကြိုတင်ပြင်ဆင်မှု မရှိခြင်းကြောင့် ရက်သတ္တပတ်ပေါင်းများစွာ နှောင့်နှေးနေရသည့် ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် ရိုဟင်ဂျာ ၈,၀၀၀ ကျော်၏ အမည်စာရင်းကို ဘင်္ဂလားရှေ့်က မြန်မာထံ ပြီးခဲ့သည့် သောကြာနေ့တွင် ပေးအပ်ခဲ့သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံမြို့တော် ဒါကာတွင် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလားဒေရှ့်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က အဆိုပါစာရင်းကို မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံ တရားဝင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“မိသားစု ၁,၆၇၃ စုက လူပေါင်း ၈,၀၃၂ ဦးရဲ့ အမည်စာရင်းကို ကျွန်တော်တို့ သူတို့ထံ ဒီနေ့ လွှဲပြောင်းပေးခဲ့ပါတယ်။ (မြန်မာ) ကိုယ်စားလှယ်အဖွဲ့က လှိုက်လဲှဲစွာ လက်ခံရယူခဲ့ပြီး ပြန်လည်ခေါ်ယူရေး စတင်ဖို့ ဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက စစ်ဆင်ရေးများ စတင်ခဲ့သည့်အချိန်မှ စတင်ကာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာ ၇၀၀,၀၀၀ နီးပါးအား ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံတို့ ပြီးခဲ့သည့်နှစ်က သဘောတူညီခဲ့ကြသည်။

ထိုသဘောတူညီချက်အရ ပြီးခဲ့သည့်လတွင် စတင်ရန်ဖြစ်သော်လည်း ကြိုတင်ပြင်ဆင်မှုများ မရှိခြင်းနှင့် ရိုဟင်ဂျာဒုက္ခသည်များက ကန့်ကွက်ခြင်းတို့ကြောင့် နှောင့်နှေးနေခဲ့ရသည်။ ၎င်းတို့ လုံခြုံရေးအတွက် အာမခံချက်မရှိပဲ ပြန်ရန်ဆန္ဒမရှိကြောင်း ဒုက္ခသည်အများစုက ပြောကြားကြသည်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်မှာ ဘင်္ဂလားဒေရှ့် အရှေ့တောင်ပိုင်းရှိ ကြပ်ညပ်နေသည့် စခန်းများတွင် နေထိုင်နေကြပြီး ၎င်းတို့အားလုံးအား မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရန် မျှော်လင့်ထားသည်ဟု Khan က ပြောကြားသည်။

“ဒီလူတွေကို ဘယ်လို့ ပြန်ပို့နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က လှိုက်လှိုက်လှဲလှဲရှိပြီး သူတို့ တဆင့်ချင်း ပြန်ခေါ်သွားမယ်လို့ ပြောပါတယ်” ဟု ၎င်းကပြောသည်။

ရိုဟင်ဂျာများ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်အစိုးရက ကြားစခန်းတစ်ခု တည်ဆောက်ပြီးဖြစ်ကာ နောက်ထပ်စခန်းတစ်ခုကို လာမည့်ရက်သတ္တပတ်တွင် တည်ဆောက်လိမ့်မည်ဟု ဘင်္ဂလားဒေရှ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Abul Kalam က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်လာရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ ပါဝင်ရေးအတွက် သဘောတူညီချက်ကို ၎င်းတို့ လက်မှတ်ရေးထိုးခဲ့သည်ဟု ဘင်္ဂလားဒေရှ့် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။

နိုင်ငံမဲ့နေသည့် မူဆလင်များအား ၎င်းတို့ ဆန္ဒမပါပဲ ပြန်ပို့နေသည်ဟု တစ်ဦးတစ်ယောက်က စွပ်စွဲလာမှု မရှိစေရန် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီအား အစိုးရက ပါဝင်လာစေခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

အသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ ၎င်းက ပြောကြားခဲ့သော်လည်း ဒုက္ခသည်များအနေဖြင့် ကုလသမဂ္ဂ တာဝန်ရှိသူများရှေ့မှောက်တွင် ဖောင်များ ဖြည့်သွင်းရမည်ဖြစ်သည်။

သို့သော် ရိုဟင်ဂျာဒုက္ခသည်များမှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်သို့ ဝင်ရောက်နေကြဆဲ ဖြစ်သည်။

နယ်စပ်ကို လူအများ ဖြတ်ကျော်နေကြဆဲဖြစ်သည်ကို ပြည်ထဲရေးဝန်ကြီး Khan ကလည်း သိရှိထားသည်။

“(မြန်မာ)ကိုယ်စားလှယ်အဖွဲ့ကလည်း ဒါကို ဝန်ခံပြီးတော့ အမြန်ဆုံးရပ်တန့်သွားအောင် သူတို့ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်ရှိ Zero Zone တွင် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ပိတ်မိနေသည့် ရိုဟင်ဂျာဒုက္ခသည် ၆,၀၀၀ အရေးနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။

“(နယ်စပ်) zero line မှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ ပြန်ခေါ်ရေးအတွက် စတင်ဆောင်ရွက်မယ်လို့ သူတို့က ပြောပါတယ်” ဟု Khan က ပြောသည်။ ထို့ပြင် ၎င်းတို့အား ပြန်ခေါ်ယူနေရးအတွက် ပူးတွဲအစည်းအဝေးတစ်ခုအား ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ကျင်းပရန်လည်း မြန်မာဘက်က တောင်းဆိုခဲ့သည်ဟု ၎င်းကပြောသည်။

ပြန်လာရေးအတွက် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံရန် မြန်မာဝန်ကြီးက နယ်စပ်မျဉ်းပေါ်ရှိ ဒုက္ခသည်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့ပြီး ဆက်လက်နေထိုင်ပါက ၎င်းတို့အနေဖြင့် “အကျိုးဆက်များကို” ရင်ဆိုင်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.